မင်းက ဒီလို Black Phantom မှန်း မသိခဲ့ဘူး
Vol. 15 Ch. 218
Sky Territory Guild ‘ကောင်းကင်နယ်မြေအသင်းအဖွဲ့’ ၏ အဖွဲ့ဝင် Wild Boy ‘လူရိုင်းကောင်လေး’သည် Bun-hit-dog ၏ သစ္စာရှိပရိသတ်ဖြစ်သည်။
ဖိုရမ်တွင် Galaxy ဗီဒီယိုတင်ဆက်သူ အမျိုးအစားများစွာရှိသော်လည်း Bun-hit-dog သည် Black Phantom နှင့်ပတ်သက်သည့် ပထမဆုံးလက်တွေ့သတင်းအချက်အလတ်ရရှိသူဖြစ်ပြီး ၎င်းမှာအခြားဗီဒီယို တင်ဆက်သူ များထက် အမြဲတမ်းသာလွန်သည်ဟု ဆိုလိုသည်။ ‘လူရိုင်းကောင်လေး’သည် Black Phantom အကြောင်း ဗီဒီယိုများကို အလွန်နှစ်သက်သည်။ Black Phantom ပေးသော လျှို့ဝှက်ဖုံးကွယ်ထားပြီး ဆန်းကြယ်သော ခံစားချက်က သူ့ကို အမှန်တကယ် စွဲဆောင်သွား၏။
Bun-hit-dog အပ်ဒိတ် လုပ်ပြီးသည်နှင့် ‘လူရိုင်းကောင်လေး’ က အဲဒါကို မြင်သည်။ ဗီဒီယိုမစတင်မီ ၎င်းကို ချက်ချင်းနှိပ်ပြီး မှတ်ချက်ပေးခဲ့သည်။ "နိုင်ငံတကာ စည်းမျဉ်း၊ မကြည့်မီ အပ်ဒိတ်အသစ်များကို တောင်းဆိုပါ။"
ဗီဒီယို စတင်ပြီး Bun-hit-dog ၏ ရူးကြောင်ကြောင်အသံ ထွက်ပေါ်လာသည်။
"ဖြူစင်တဲ့ခြေထောက်တွေနဲ့ ချယ်ရီနီနှုတ်ခမ်းတွေ၊ မင်းရဲ့အရေပြားကို ဆုတ်ဖြဲပြီး မင်းရဲ့အရိုးတွေကို မာကျောစေတယ်၊ အဲဒီအဝတ်အစားတွေနဲ့ ဘောင်းဘီတွေကို ချွတ်ပစ်လိုက်တယ်၊ အရက်ကြောင့်မဟုတ်ဘဲ ရွေးချယ်မှုကြောင့် မူးဝေတယ်၊ Viagra တစ်ခွက်ပဲ ငါလိုတယ် - တစ်ညလုံး ငါနေမယ်။ အားလုံးပဲ မင်္ဂလာပါ Galaxy စူးစမ်းလေ့လာရေးဂျာနယ်မှ ကြိုဆိုပါတယ်။ ပရိသတ်တို့၊ ဒါက အမြဲတမ်း မတူကွဲပြားတဲ့ Bun-hit-dog ဖြစ်ပါတယ်။"
'ဖွီး...' Wild Boy မှာ ပါးစပ်ထဲရှိ ရေများပင် သီးသွား၏။ အပိုင်းတိုင်းကို ကဗျာတစ်ပုဒ်နဲ့ အမြဲစတင်သည့် စံလုပ်ထုံးလုပ်နည်းတစ်ခုပင်။ သုံးတဲ့စကားလုံးတွေက ပိုပိုပြီး အရှက်မဲ့လာသည်။ ခိုင်မာသော ID ရှိသည့် ‘လူရိုင်းကောင်လေး’ပင်လျှင် ၎င်းကို မခံနိုင်တော့ပေ။
ကဗျာတွေရောက်လာတဲ့အခါ မှတ်ချက်တွေ ပေါက်ကွဲထွက်လာတတ်တယ်။ အရမ်းများလွန်းသောကြောင့် မျက်နှာပြင်ပေါ်တွင်တောင် အဟန့်အတား ဖြစ်စေ၏။
“တစ်ချိန်က ကျွန်တော့်မှာ အသိပညာနဲ့ ပထမဆုရခဲ့ပေမယ့် အခုချိန်မှာတော့ 666 လို့ပဲ ပြောနိုင်တော့တယ်။
{TL Notes: တရုတ်ဂိမ်းသမားတွေက အရမ်းစကေးကောင်းတဲ့ဟာဆိုရင် 666 လို့ ပြောပြီး ချီးကျူးကြလေ့ရှိပါတယ်။}
“ရှင်းရှင်းလင်းလင်းနဲ့ ကဗျာကောင်းလေး”
"ငါ ရဲခေါ်နေတယ်!"
“ကျွန်မက မိန်းကလေးဆိုပေမယ့် ဆိုဖူးတယ်…”
"ထူးခြားသော ညစ်ပတ်မှုအဆင့်!"
"အဲ့ဒီသီချင်းကို ဆိုနေတာ ရပ်လို့မရတော့ဘူး!"
"အမျိုးသမီးပရိသတ်တွေရဲ့ ခံစားချက်ကို ကျေးဇူးပြုပြီး ထောက်ထားပေးပါ။"
"ရီပို့ထုထားလိုက်ပြီ!"
နောက်ဆုံးအပိုင်းကတော့ ဘလက်ပိုင်းမှာ ရှုပ်ယှက်ခတ်နေတဲ့ Bun-hit-dog and ဓါးရူးအကြောင်းဖြစ်သည်။ ဒီဇာတ်လမ်းတွဲက စဉ်ဆက်မပြတ်ဖြစ်ပြီး ပရိသတ်တွေက အရမ်းကြိုက်ကြ၏။ မစ်ရှင်ပြီးမြောက်ပြီးနောက် ရှိုးပွဲက ဒုတိယပိုင်းကို ဝင်ရောက်လာသောအခါ မြင်ကွင်းသည် ရုတ်တရက် တည်ဆောက်နေသော မြို့အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြီးမားသော 'Bennett ခိုလှုံရေးစခန်း ၁' သည် ပရိသတ်များရှေ့သို့ ရောက်ရှိလာသည်။
ထိုမြင်ကွင်းတွင် ဟန်ရှောင်းသည် အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့နောက်ကျောတွင် လက်နှစ်ဖက်ပစ်ကာ ရပ်နေသည်။
မှတ်ချက်များသည် ခဏရပ်သွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
"ဟေး၊ ငါ့ဦးလေး Black ကို ပြန်တွေ့ရပြီ!"
"ကြီးမြတ်သော ဗီဒီယိုအစီအစဉ်တင်ဆက်သူ၊ အကြံပြုချက်လက်မှတ်တစ်ခု ရယူပါ။"
ရက်များစွာကြာပြီးနောက်တွင်၊ Bun-hit-dog ၏ ဗီဒီယို၌ Black Phantom ကို နောက်ဆုံးတွင် တွေ့မြင်ကြရပြီး Bun-hit-dog သည် ၎င်းကိုလုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသောလူဖြစ်သည်။ ပရိသတ်သည် လှိုက်လှိုက်လှဲလှဲ ဖြစ်နေသလို ခံစားခဲ့ရသည်။ သူတို့နှင့် ရင်းနှီးနေသောလူတစ်ယောက်ကို တွေ့ရတာနှင့် တူ၏။
ဂိမ်းကို လူအများကစားနိုင်ရန် ထုတ်လွှင့်ပြီးကတည်းက ဟန်ရှောင်းသည် ကစားသမားများ၏ မြင်ကွင်းတွင် ရှိနေခဲ့ပြီး သူသည် ကစားသမားများ၏ နှလုံးသားထဲတွင် အထူးနေရာတစ်ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။
‘လူရိုင်းကောင်လေး’ မှာ သူ့မျက်လုံးများကို ပြူးကျယ်အောင် ဖွင့်လိုက်သည်။ သူတစ်စက္ကန့်တောင် မလွတ်ချင်ပေ။
“Black Phantom က ဆောက်လုပ်ရေးလုပ်နေစဉ်အတွင်း အထူးမြင်ကွင်းတစ်ခုထဲကို ကျွန်တော်တို့ကို ခေါ်ဆောင်လာခဲ့တယ်။ ဒီအတောအတွင်းမှာပဲ ကျွန်တော်က Black Phantom ရဲ့ ပင်မဇာတ်ကြောင်းမစ်ရှင်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်…”
မှတ်ချက်များအတွင်း ပရိသတ်အချင်းချင်း အပြန်အလှန် ဆွေးနွေးနေကြသည်။ ဟန်ရှောင်းသည် ပင်မဇာတ်ကြောင်းမစ်ရှင်များကို ထုတ်ပေးကြောင်း ကစားသမားများက သိကြပြီး လျှို့ဝှက်ဇာတ်ကြောင်းကို လက်ခံရန် လိုအပ်ချက်များမှာ အလွန်မြင့်မားသည်။ ဤအဓိကဇာတ်ကြောင်းမစ်ရှင်သည် ကွဲပြားနိုင်ပါသလား။
Bun-hit-dog သည် သူ၏မစ်ရှင်စာရင်းကို ပြသခဲ့ပြီး၊ အတွင်းတွင် မစ်ရှင်အသစ်တစ်ခု ပေါ်လာသည်။ [Black Phantom ခိုလှုံရေးစခန်း ၃]
"ဒါဘာလဲ?"
“မစ်ရှင်အမည်မှာ Black Phantom ရှိတယ်…”
"ခိုလှုံရေးစခန်း ဆိုတာ ဘာလဲ"
“ဒီနေရာက နာမည်နဲ့ တော်တော်တူတယ်။”
Bun-hit-dog က အတွင်းပိုင်းအချက်အလက်တွေကို စိတ်လှုပ်ရှားစွာ ရှင်းပြသည်။ Dark Net သည် ခိုလှုံရေးစခန်းများ ဆောက်လုပ်နေပြီး Black Phantom သည် လူထောင်ပေါင်းများစွာကို မြို့တည်ဆောက်ရန်အတွက် ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’သို့ ခေါ်ဆောင်သွားသည်။ ဤအချက်အလက်ကို ဟန်ရှောင်းဆီမှ ရရှိထားသည်။
ဤတစ်ကြိမ်တွင် ကြိုတင်လိုအပ်ချက်များ မရှိပေ။ မစ်ရှင်ကို အလွယ်တကူ အစပျိုးနိုင်သည်။
မစ်ရှင်မိတ်ဆက်ခြင်းပြီးဆုံးပြီးနောက်၊ မှတ်ချက်များကဏ္ဍသည် တုန်လှုပ်ချောက်ချားမှုတစ်ခုနှင့် ပြည့်နှက်သွား၏။
“ဒါက မြို့တည်ဆောက်ရေးပဲ။ ဘုရားရေ၊ အဲဒါက ပင်မဇာတ်လမ်း အကြီးကြီးတစ်ပုဒ်ပဲ။ စစ်ဆင်ရေးခရီးလောက်ကို ကြီးတယ်။”
"ဒါက ရေပင်လယ်ဂြိုလ်က ပင်မဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သင့်တယ်!"
‘လူရိုင်းကောင်လေး’သည် ဗီဒီယိုကို ခေတ္တရပ်လိုက်သည်။ သူသည် မစ်ရှင်လိုအပ်ချက်များကို သေသေချာချာ အထပ်ထပ်အခါခါဖတ်ပြီးနောက် သူ၏တံတွေးကို မျိုချကာ ဗီဒီယိုကိုဖွင့်လိုက်သည်။
ခိုလှုံရေးစခန်းက ဘာလဲဆိုတာ စဉ်းစားဖို့တောင် အချိန်မရဘဲ၊ ဟန်ရှောင်းက သူ့အောက်က လူတွေကို အော်ပြောနေတယ်ဆိုတာ ဗီဒီယိုထဲမှာ မြင်လိုက်ရသည်။
“စစ်ပွဲရဲ့ အုံ့မှိုင်းမှုက သေမင်းရဲ့ အတောင်ပံတွေလို ကောင်းကင်ပြာပြာကို ဖုံးကွယ်ထားပြီး ယခင်စစ်ပွဲရဲ့ အမာရွတ်တွေကိုတောင် မကုသနိုင်သေးဘဲ ဒဏ်ရာတွေ ပြန်ကွဲထွက်သွားတယ်။ ဆယ်စုနှစ်အနည်းငယ်သာ ဖြတ်သန်းခဲ့ရပေမယ့် စစ်ပွဲကြောင့် တိုင်းပြည်အပေါ် ကျရောက်ခဲ့သော နာကျင်မှုကို ဘယ်သူမှ မေ့ပျောက်နိုင်ခြင်း မရှိကြသေးဘူး။ ယနေ့ထိတိုင် ငါတို့အောက်မှာရှိတဲ့ မြေပြင်နှင့် အထက်ကောင်းကင်ယံကို သက်ရောက်မှုရှိနေဆဲ ဖြစ်တယ်။ ဓါတ်ရောင်ခြည်များ၊ ဖုန်မှုန့်များ၊ အမှိုက်များနှင့် နိုင်ငံသေများ။
"ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ! ခေတ်ဟောင်းပြီးတဲ့နောက် ငါတို့ရဲ့ အရပ်ဘက်နည်းပညာက နောက်ပြန်ဆုတ်သွားပေမယ့် ငါတို့ရဲ့ မျိုးရိုးကို ဆန့်ကျင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာနည်းပညာတွေက စဉ်ဆက်မပြတ် တိုးတက်နေတယ်။ သူတို့က သူတို့ရဲ့ စံနှုန်းတွေနဲ့ နိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ကြသည်။ သံမဏိနဲ့ မီးကိုသုံးပြီး သေခြင်းတရားကို ပြန့်ပွားစေတယ်။
“ဒီလို အချည်းနှီး လွဲမှားတဲ့ အကြောင်းပြချက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အစွမ်းအစမရှိသူတွေကို သတ်ဖြတ်ပစ်လိုက်ကြတယ်။ စစ်မီးကြောင့် မရေမတွက်နိုင်သော လူတွေ သေဆုံးခဲ့ရတယ်။ သူတို့ကြောင့် ကမ္ဘာကြီးဟာ ဒဏ်ရာတွေနဲ့ ပြိုကွဲသွားပြီး အဆုံးသတ်အထိ ရောက်ရှိနေပြီ။ ကမ္ဘာကြီးရဲ့ အဆုံးသတ်က တစ်နေ့မှာ ငါတို့အပေါ် တိတ်တဆိတ်နဲ့ ရောက်ရှိလာလိမ့်မယ်။ ခိုလှုံရေးစခန်းများ ဆောက်လုပ်ခြင်းသည် ငါတို့ရဲ့ လူမှုအဖွဲ့အစည်းကို ထိန်းသိမ်းဖို့ပဲဖြစ်တယ်။ မနက်ဖြန် ကမ္ဘာကြီး ကုန်ဆုံးသွားရင်တောင် လူ့ယဉ်ကျေးမှုအတွက် နောက်ဆုံး နိဒါန်းလေးကို ကယ်တင်ချင်ပါသေးတယ်။
“ကျွန်တော့်မှာ ကြီးကျယ်ခမ်းနားမှု မရှိပါဘူး၊ ဒါပေမယ့် အများစုကလည်း သေးငယ်ကြတယ်။"
"ဘယ်သူမှ မပေးဆပ်ချင်ဘူးဆိုရင် ငါက အရင်ဆုံး ပေးဆပ်မယ်။
"ဒါပေမယ့် ငါသိပါတယ်၊ ငါက နောက်ဆုံးဖြစ်မှာမဟုတ်ဘူး!"
ဟန်ရှောင်း၏ လေသံမှာ အရှိန်အဟုန်ဖြင့် ပြည့်နေသည်။ Wild Boy က အသက်ရှူမဝသလို ခံစားရတယ်။ ဗီဒီယိုကို ကြည့်နေသော်လည်း သူ့နှလုံးသားထဲတွင် သွေးများပူလာသည်။ ထိုခံစားချက်က အလွန်ကူးစက်သွားသည်!
ထိတ်လန့်တုန်လှုပ်သွားသောသူမှာ ‘လူရိုင်းကောင်လေး’တစ်ဦးတည်းသာ မဟုတ်ပေ။ “ကျွန်တော့်မှာ ကြီးကျယ်ခမ်းနားမှု မရှိပါဘူး၊ ဒါပေမယ့် အများစုကလည်း သေးငယ်ကြတယ်။" ဟူသော မှတ်ချက်သည် !!! ဖြင့် ဖန်သားပြင်မှ ဖြတ်သန်းသွား၏။ အလွန်အကျိုးသက်ရောက်မှု ရှိပုံရသည်။
"မင်းက ဒီလို Black Phantom မှန်း မသိခဲ့ဘူး!" အလားတူ မှတ်ချက်များစွာသည်လည်း ဖန်သားပြင်ပေါ်တွင် ပျံ့လွင့်သွား၏။ ကစားသမားများ၏ စိတ်ထဲတွင် Black Phantom သည် တိတ်ဆိတ်ပြီး စကားအများကြီး မပြောသော်လည်း သူပေးခဲ့တဲ့ ဒီမိန့်ခွန်းက ခံစားချက်ကို လုံးဝပြောင်းသွားစေသည်။ ကစားသမားအများစုသည် ဟန်ရှောင်းနှင့် ပိုမိုရင်းနှီးလာသည်ဟု ခံစားမိကြသည်။ Black Phantom ၏ စိတ်ကူးများသည် ဤမျှကြီးမြတ်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
‘လူရိုင်းကောင်လေး’သည် ဗီဒီယိုကို ကြည့်အပြီးတွင် အလွန်စိတ်လှုပ်ရှားသွားသည်။
ဒီတစ်ကြိမ်မှာတော့ Jade Green Sky ‘ကောင်းကင်ကျောက်စိမ်း’ က အဖွဲ့အစည်းချန်နယ်မှာ မက်ဆေ့ချ်တစ်ခု ကြေငြာနေတာကို တွေ့လိုက်ရ၏။
"အားလုံး အာရုံစိုက်ပါ၊ အဖွဲ့အစည်းသည် ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’၏ တည်နေရာနှင့် အချက်အလက်များကို စုဆောင်းလိမ့်မည်။ သတင်းပေးသူကို ဆုချီးမြှင့်မည်။”
…
ရှေ့တစ်ရက်က…
ဟန်ရှောင်းသည် မြို့တည်ဖို့ သူ့နောက်လိုက်လိုသော လူတစ်ထောင်ကို စုစည်းပြီး ဗီဒီယိုထဲမှာ မိန့်ခွန်းပြောခဲ့သည်။ Bennett က သူ့ကို ထိုအချိန်တွင် ပေါ့ပေါ့ပါးပါး တစ်ခုခုပြောရန် ဆန္ဒရှိသော်လည်း ဤမျှလောက်ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ Bennett သည် ကစားသမားများကဲ့သို့ပင် တုန်လှုပ်သွားသည်။
အနီးနားက အလုပ်သမားတွေက သူတို့လုပ်နေတာတွေကို ရပ်ပြီး စုရုံးကြတယ်။ လူအရေအတွက် ပိုများလာ၏။ သူတို့အားလုံးသည် မြင့်မားသော ပလက်ဖောင်းပေါ်တွင် ရပ်နေသော ဟန်ရှောင်းကို ကြည့်နေကြသည်။
လူအုပ်ကြီး စိတ်လှုပ်ရှားသွားသည်ကို မြင်လိုက်ရတော့ ဟန်ရှောင်းသည် အလွန်ထိရောက်ကြောင်း သိလိုက်သည်။ ဤစာပိုဒ်ကို Bennett ၏ အနာဂတ် မိန့်ခွန်းမှ ကူးယူထားပြီး ၎င်း၏ ရည်ရွယ်ချက်မှာ လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေရန်ဖြစ်သည်။ ထိုအချိန်တုန်းက Bennett သည် သူ့ရဲ့ မွန်မြတ်တဲ့ အတွေးအခေါ်တွေကြောင့် ကစားသမားတွေရဲ့ နှလုံးသားထဲမှာ နေရာယူနိုင်ခဲ့၏။ ယခု ဟန်ရှောင်းက ပထမဦးစွာ ပြောထားပြီး၊ အနာဂတ်တွင် မည်သို့ပင်ရှိစေကာမူ Bennett က ထပ်ပြောသည့်အခါတွင် ပို၍ထိရောက်မှု ရှိလိမ့်မည်။ သူ့အပေါ်ရှိသည့် ကစားသမားများ၏ အထင်ကြီးလေးစားမှုကို ပိုမိုအားကောင်းလာစေပြီး သူ့ကိုယ်သူ ပို၍တန်ဖိုးရှိစေမည် ဖြစ်သည်။
ကစားသမားတွေက ဒီလိုအရာတွေကို မြင်ချင်ကြတယ်ဆိုတာ သူသိ၏။ မွန်မြတ်သော စိတ်ကူးများရှိသည့် ဇာတ်ကောင်သည် အများအားဖြင့် အလွန်ရေပန်းစားလေ့ရှိပြီး Bennett သည် ကစားသမားများ၏ အထင်ကြီးလေးစားမှုကို ဂရုမစိုက်ပေ၊ ထို့ကြောင့် ဟန်ရှောင်းသည် အခွင့်အရေးကို ရယူခဲ့သည်။
တစ်ချိန်တည်းမှာပင် Bennett လည်း ထိမိသွားမည်ဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် အကျိုးကျေးဇူး အများကြီးရရှိလိုက်သည်။
ကစားသူများသည် သူတို့ကိုယ်ရည်ကိုယ်သွေး၏ ထူးခြားပြောင်မြောက်သော အချက်များကို ပြသထားသော ဇာတ်ကောင်တစ်ခု၏ ဇာတ်လမ်းကို နှစ်သက်ကြသည်။ ဟန်ရှောင်းမသိမသာ ခေါင်းညိတ်လိုက်သည်။ သူဖန်တီးထားတဲ့ စိတ်ကူးစိတ်သန်းများကို ချပြပြီးနောက် သူ့ကို ကစားသမားတွေ လိုက်ရှာစေချင်ပြီး၊ အဲဒါတွေက သူ့ရဲ့ စိတ်ကူးအစစ်အမှန် ဟုတ်မဟုတ်ကိုတော့ သူမှမပြောလျှင် ဘယ်သူမှ သိမှာ မဟုတ်ပေ။
ဟန်ရှောင်းလှည့်ကြည့်လိုက်တော့ Bennett ၏အမူအရာကို မြင်လိုက်ရသည်။ စိတ်အားထက်သက်မှုများ ပြည့်နှက်နေ၏၊ ဒီစကားတွေက သူ့အတွင်းစိတ်ကို တကယ်ပင် ပေါ်လွင်စေသည်။။
ဘာကြောင့်လဲဆိုတော့ ဒီစကားတွေဟာ သူ့ဆီက ဆင်းသက်လာလို့ပင်ဖြစ်သည်။
Bennett အရမ်းထိမိသွားတယ်။ ဟန်ရှောင်းသည် သူ့စိတ်ထဲတွင် အနက်ရှိုင်းဆုံး အတွေးများကို ထုတ်ဖော်ခဲ့သည်။ ဟန်ရှောင်းကို ပိုပိုပြီး နှစ်သက်လာတယ်ဆိုတာ သူသဘောပေါက်သွား၏။
သူ့နှလုံးသားထဲက သဲကန္တာရပေါ်မှာ မိုးရွာလိုက်သလိုပင်၊ Bennett ဟာ သူတစ်ယောက်တည်း မဟုတ်တော့ဘူးဆိုတာ သိလိုက်ရသည်။ သူနဲ့တူတဲ့လမ်းအတိုင်း လျှောက်နေတဲ့သူတစ်ယောက်ကို တွေ့ခဲ့ရ၏။
ဒါတွေအားလုံးက လူမှုအဖွဲ့အစည်းကို ဆက်လက်ထိန်းသိမ်းဖို့ အတွက်ပဲ၊ သူက ငါ့ကို နားလည်တယ်။ Bennett က ဟန်ရှောင်းကို သဘောကျစွာ ကြည့်လိုက်သည်။
အပြောအဆိုသည် အလွန်ကြောက်စရာကောင်းသော စွမ်းရည်တစ်ခုဖြစ်သည်။ လူများ၏ နှလုံးသားကို အားပေးနိုင်၏။
မူလက ဤနေရာရှိ အလုပ်သမား တော်တော်များများက ပိုက်ဆံရှာဖို့သာ ဖြစ်ကြသော်လည်း အခုချိန်မှာတော့ သူတို့ရဲ့ နှလုံးသားထဲ တစ်စုံတစ်ခု ပြည့်နှက်လာနေသလို ခံစားလာရပြီး ပိုပိုပြီး စိတ်ဓါတ်တက်ကြွလာကြသည်။
ဒါရိုက်တာများလည်း အံ့သြသွား၏။ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သော Black Phantom သည် ထိုသို့သော စံနှုန်းများ ရှိသည်ဟု မထင်ခဲ့ကြပေ။ သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက် စိတ်ဆန္ဒများရှိသော်လည်း ချက်ချင်းပင် သဘောကျသွားကြသည်။
…
နောက်တစ်နေ့တွင် ခိုလှုံရေးစခန်း ၃ တည်ဆောက်ရေးအဖွဲ့သည် စုရုံးရောက်ရှိလာသည်။ ဧရာမယာဉ်တန်းသည် လူသူဆိတ်သုဉ်းသော တောကို ဖြတ်ကျော်ကာ မိုးကုပ်စက်ဝိုင်းပေါ်မှ ပျောက်ကွယ်သွား၏။ ဖုန်မှုန့်များသာကျန်ရစ်ခဲ့သည်။
သယ်ယူပို့ဆောင်ရာတွင် ခပ်နိမ့်နိမ့် ပျံသန်းနေသော ကင်းထောက် ရဟတ်ယာဉ်တစ်စီး ပါဝင်၏။ အရေးကြီးသော အမှုထမ်းများ လိုက်ပါစီးနင်းနိုင်ပြီး အန္တရာယ်ကြုံလျှင် လွတ်မြောက်နိုင်စေရန် ဖြစ်သည်။ သို့သော် ဟန်ရှောင်းက ကားကိုယူဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင် ဟွမ်ယုသည် မဆိုင်းမတွပင် ရဟတ်ယာဉ်ကို ယူလိုက်သည်။ သူက ဟန်ရှောင်းကို တွယ်ကပ်နေမှာ မဟုတ်ပေ။
ဟန်ရှောင်းနောက်ခုံမှာ ထိုင်လိုက်၏။ လမ်းကြမ်းထရပ်ကား၏ တုန်ခါမှုကို ခံစားခဲ့ရပြီး အဖွဲ့၏ အချက်အလက်များကို ရှာဖွေနေသည်။
ထိုအချိန်တွင် အင်တာဖေ့စ်ပေါ်တွင် အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။
_____________________
လက်ရှိမစ်ရှင် - ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’သို့ရောက်ရှိသည်အထိ ယာဉ်တန်းကို ကာကွယ်ပါ။
လက်ရှိလူဦးရေသည် - ၁,၀၃၄
ခရီးဆုံးသို့ ရောက်ရှိသောအခါ ပျက်စီးဆုံးရှုံးမှု ၂၀% အောက်ဖြစ်ပါက အတွေ့အကြုံအမှတ် ၂၅၀,၀၀၀ ဆုချီးမြှင့်ပါမည်။ မစ်ရှင်အဆင့်သတ်မှတ်ချက်ကိုလည်း တိုးမြှင့်ပေးမည်ဖြစ်သည်။
လက်ရှိ အဆင့်သတ်မှတ်ချက် - E
_____________________
မစ်ရှင်ပန်းတိုင်ကို ရုတ်တရက် အသိပေးခြင်း။ ဤသည်မှာ ရေရှည်မစ်ရှင်များ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ဟန်ရှောင်းမျက်ခုံးပင့်လိုက်သည်။ မကြာသေးမီက သူ့မျက်ခုံးတွေ အရမ်းလှုပ်နေမှန်း ရုတ်တရက် သတိပြုမိလိုက်၏။ အဲဒါက မကောင်းပေ။ သူပိုပြီး အလေးအနက် ထားဖို့လိုသည်။
[ခိုလှုံရေးစခန်း ၃] ၏ မစ်ရှင်အဆင့်သတ်မှတ်ချက်သည် အချိန်နှင့်တပြေးညီ ပြောင်းလဲသွားပြီး လိုအပ်ချက်တစ်ခု ပြည့်မီသောအခါတွင် အဆင့်သတ်မှတ်ခြင်း တိုးမြင့်လာသည်ကိုတွေ့မြင်နိုင်သည်။ မစ်ရှင်က အခုမှစပြီး ဘာမှ မပြီးသေးပေ။ ထို့ကြောင့် ၎င်းသည် အနိမ့်ဆုံးအဆင့် E ဖြစ်သည်။
အဖွဲ့တွင် လူ ၇၀၀ သည် အလုပ်သမားများနှင့် နည်းပညာရှင်များဖြစ်သည်။ ကျန်တဲ့ ၃၀၀ လောက်က စစ်သားတွေနဲ့ အစောင့်များဖြစ်သည်။ အစောင့်အဖွဲ ၂၀ ခွဲကာ ယာဉ်တန်း၏ အပြင်ဘက်တွင် စောင့်ကြပ်ထားသည်။
စစ်အင်အား မလုံလောက်ဘူး။ အသင်းကို အားကောင်းအောင် လုပ်ရမယ်။
လူတစ်ဦး၏ စွမ်းအားသည် အကန့်အသတ်ရှိ၏။ သို့သော် သူသည် ပိုင်ဆိုင်မှုများစွာရှိသည့် ယန္တရားပညာရှင်တစ်ဦးဖြစ်သည်။