← Chapters

ရောက်ရှိခြင်း

Vol. 15 Ch. 220

ရောက်ရှိခြင်း

Vol. 15 Ch. 220

တိုက်ပွဲသည် ဆယ့်ငါးမိနစ်မျှသာ ကြာသည်။ သံမဏိလှိုင်းများသည် ပိုးကောင်အုပ်ကြီးတစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်ပြီး အဖြူရောင်အမှုန်အမွှားများသည် မြေပြင်တွင် ဖုံးလွှမ်းသွားသည်။ မြင့်မားသော အပူချိန်ကြောင့် အငွေ့ပျံသွားပြီး အနံ့အသက်ဆိုးကြီးကို ထုတ်လွှတ်ပေးနေသည်။

အဖွဲ့က လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။ လူတွေက စီးကရက်တစ်လိပ် တည်တည်ငြိမ်ငြိမ် သောက်နေသော ဟန်ရှောင်းကိုကြည့်ပြီး အရမ်းလုံခြုံတယ်လို့ ခံစားလိုက်ရသည်။ ရေပင်လယ်ဂြိုလ် တောကန္တာရမှာ အန္တရာယ်တွေ ပြည့်နှက်နေတာကြောင့် သူတို့ ခိုလှုံရေးစခန်းက ထွက်လာသောအခါ အတော်လေး ကြောက်လန့်ခဲ့ကြသော်လည်း အခု သူတို့ကြည့်တဲ့ ပုံစံအရ ဟန်ရှောင်းအနားမှာ ရှိနေသရွေ့ ဘာအန္တရာယ်မှ မရှိနိုင်ပေ။

လျှိုကျောင်းက သူဦးဆောင်တဲ့ အစောင့်အကြပ်အဖွဲ့သည် ပြန်၍ အစောင့်ရှောက်ခံလိုက်ရသည်ကို သတိပြုမိသွားပြီး ဟန်ရှောင်းအပေါ် လေးစားမှုမှာ သူ့နှလုံးသားထဲတွင် ပွင့်လန်းလာသည်။ သန်မာတဲ့သူကို အမြဲလေးစားကြ၏။

_____________________

သင်၏ စက်ယန္တရားများက သဲကန္တာရသွေးခွံကဏန်း (အဆင့် ၁၅) ကို သတ်ဖြတ်ပစ်လိုက်ပါသည်။ အတွေ့အကြုံအမှတ် ၁၀မှတ် ရရှိခဲ့သည်။

_____________________

လူတစ်‌ယောက်၏ အဆင့်သည် အသတ်ခံရသော မွန်းစတားထက် များစွာမြင့်မားသောအခါ ရရှိလာသော အတွေ့အကြုံအမှတ်သည် ကြီးမားစွာ လျော့ကျသွားမည်ဖြစ်သည်။ ပိုးကောင်တစ်ကောင်သည် အတွေ့အကြုံအမှတ် ၁၀ မှတ် သာပေးသော်လည်း ၎င်းတို့ထဲမှ အနည်းဆုံး ၁၀,၀၀၀ ရှိသည်။ ဟန်ရှောင်းသည် အင်တာဖေ့စ်ကိုကြည့်လိုက်ရာ အတွေ့အကြုံအမှတ် ၁၀၀,၀၀၀ ကျော် ရရှိခဲ့သည်။

လှည့်ပတ်နေသော ရဟတ်ယာဉ် ဆင်းသက်လာသည်။ ဟွမ်ယုသည် အစောပိုင်းက ရဟတ်ယာဉ်ပေါ်မှ ကြည့်နေခဲ့သည်။ ဂျုံစပါးအကွက်များ ခုတ်လှဲခံရသကဲ့သို့ဖြစ်နေသော ပိုးကောင်အုပ်စုကြီး၊ ပန်းပွင့်များ ဖူးပွင့်လာသကဲ့သို့ ကျဆင်းလာသော အဆုံးမဲ့ ကျည်ဆန်မိုးများ၊ လုံးဝ ထိခိုက်မှုမရှိဘဲ ကျန်ရှိနေသော စခန်းအား တွေ့လိုက်ရသောအခါတွင် သူ တုန်လှုပ်သွားသည်။

ဟွမ်ယုသည် ရဟတ်ယာဉ်ဖြင့် ထွက်ပြေးရန် အမှန်တကယ် စီစဉ်နေပြီး အခြားသူများကို ချန်ထားချင်ခဲ့သည်။ ယခုတော့ အန္တရာယ်ကို ရှောင်လွှဲလိုက်သည်နှင့် သူ့အမူအရာမှာ အတော်လေး အဆင်မပြေဖြစ်လာသည်။ ပတ်ဝန်းကျင်ကလူတွေအားလုံးက သူ့ကို ရွံရှာပြီး စိတ်မချမ်းသာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသလို ခံစားရ၏။

ယန္တရားပညာရှင် အတန်းအစားသည် အမှန်တကယ်ပင် ဤမျှလောက် သန်မာသည်... ဟောက်ထျန်းသည် ဝက်ဝံလေးကို ကိုင်ထားစဉ် တွေးတောနေသည်။ သူသည် ‘တိုက်ခိုက်သူ’တစ်ဦးဖြစ်ပြီး ယခုတွင် သူသည် ပရိုကဏ္ဍတွင် သူ၏ အနာဂတ်အတွက် စိုးရိမ်မှုကို မရှောင်လွှဲနိုင် ဖြစ်နေသည်။

အခြားတစ်ဖက်တွင်လည်း၊ ဟန်ရှောင်း၏ ယခင်ဘဝတွင် နတ်ဘုရားအဆင့် ‘တိုက်ခိုက်သူ’ကစားသမားတစ်ဦး ဖြစ်ခဲ့သော ဓါးရူးသည် ယန္တရားပညာရှင် အတန်းအစားကို ရွေးချယ်ခဲ့သည့်အတွက်ပင် ဝမ်းမြောက်နေ၏။

နောက်ထပ်ကုန်ကြမ်းတွေ။ Bun-hit-dog ၏ မျက်နှာသည် ပျော်ရွှင်ခြင်းများဖြင့် ပြည့်နေသည်။ Black Phantom နောက်ကနေလိုက်နေသရွေ့ သူ့ဗီဒီယိုတွေအတွက် အကြောင်းအရာတွေရှာဖို့ စိတ်ပူစရာမလိုတော့ပေ။

အသင်းကို ကာကွယ်ဖို့ မစ်ရှင်ကို စတင်ခဲ့ကြသော ကစားသမား သုံးဦးသည် ဘာမှလုပ်စရာမလိုဘဲ အတွေ့အကြုံကောင်းတွေ ရရှိခဲ့၏။ ဓါးရူးနှင့် Bun-hit-dog တို့သည် ဤထူးဆန်းသောဖြစ်ရပ်အတွက် အသားကျနေခဲ့ကြသော်လည်း ဟောက်ထျန်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

အတွေ့အကြုံဘားသည် အတော်လေး များပြားလာသည်ကို မြင်လိုက်ရတော့ ဟောက်ထျန်းခံစားချက်များ ရောထွေးသွားသည်။ မစ်ရှင်များ မမောမပန်းတမ်း လုပ်ဆောင်ခြင်းမှ ရရှိသော ဝင်ငွေပမာဏသည် ဟန်ရှောင်း နောက်လိုက်ကာ ဘာမှမလုပ်ဘဲနှင့် ယှဉ်လျှင်ပင် မထိုက်တန်ပေ။

လူများစွာသည် Black Phantom ၏လျှို့ဝှက်ဇာတ်လမ်းဇာတ်ကြောင်းကို အစပျိုးလိုကြသည်မှာ အံ့သြစရာမဟုတ်ပေ။ သူကဲ့သို့ နတ်ဘုရားအဆင့် ကစားသမားတစ်ဦးပင်လျှင် အလားတူ လုပ်ဆောင်လိုလုနီးပါး ဖြစ်သည်။

တော၏အန္တရာယ်သည် သားရဲများ၊ ဓားပြများနှင့် ဓါတ်ရောင်ခြည်များမှ လာသော်လည်း ၎င်းတို့ကို ကာကွယ်သည့် သံမဏိစစ်တပ်များဖြင့် သူတို့လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော သားရဲတိုက်ခိုက်မှုပေါင်းများစွာကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ တကယ်ကြောက်စရာကောင်းတဲ့ ခရီးတစ်ခုဖြစ်ပေမယ့် တကယ့်အန္တရာယ်မရှိပေ။

…

သူတို့သည် ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’သို့ ရောက်ရန် တစ်ရက်သာ ဝေးသောအခါ ယာဉ်တန်းသည် စခန်းချခဲ့သည်။

ကြည်လင်သော ကောင်းကင်ရှိသော ညတစ်ညဖြစ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်လျှင် ကြယ်မြစ်ကြီးတစ်ခုလုံး မျက်စိထဲတွင် ရောင်ပြန်ဟပ်နေလိမ့်မည်။ ရေပင်လယ်ဂြိုလ်၏ နည်းပညာဆိုင်ရာ ပတ်ဝန်းကျင်သည် ကမ္ဘာနှင့် ဆင်တူသော်လည်း ၎င်း၏ သဘာဝက ပိုလှပသည်။

ဂါတွန်နဂါးငွေ့တန်း၏ ကြယ်ဇုန် ၉ တွင်၊ ကြယ်ဇုန်၏ လူမှုအဖွဲ့အစည်း သိပ်သည်းဆမှာ အလွန်နည်းပါးသော်လည်း ဂြိုဟ်များသည် အလွန်စုစည်းနေသည်။ သိပ်သည်းဆ ပိုမြင့်သော ဂြိုဟ်များက ဂြိုလ်လွတ်များကို ဖမ်းမိပြီး သူတို့ ပတ်လည်တွင် လမ်းကြောင်းဖြင့် စတင် လှည့်ပတ်စေ၏။ ရေပင်လယ်ဂြိုလ် သည် လူသားများနေထိုင်နိုင်ရန်အတွက် သင့်တော်သော အပူချိန်ရှိရန် သတ်မှတ်ထားသော ကြယ်တစ်လုံးကို အကွာအဝေးတစ်ခုတွင် လှည့်ပတ်နေသော ဂြိုလ်များထဲမှ တစ်ခုဖြစ်သည်။ ရေပင်လယ်ဂြိုလ် တစ်ဝိုက်တွင် လှည့်ပတ်နေသော သဘာဝဂြိုလ်အနည်းငယ်လည်း ရှိပြီး ၎င်းသည် သတ်မှတ်ထားသော ကြယ်မှ အလင်းရောင်ကို ရောင်ပြန်ဟပ်သည့် 'လ' များဖြစ်သည်။

ခေတ်ဟောင်းမတိုင်မီက သဘာဝဂြိုလ်များပေါ်သို့ ဆင်းသက်ရန် ဒုံးပျံသင်္ဘောတစ်စင်း တည်ဆောက်ခဲ့ကြသည့် နိုင်ငံများရှိခဲ့သော်လည်း ဆိတ်သုဉ်းခဲ့ရသည်။

ဂိုဒိုရန်လူမှုအဖွဲ့အစည်းကို ရေပင်လယ်ဂြိုလ် နှင့် ဆက်သွယ်နိုင်စေမည့် အခွင့်အလမ်းသည် ဂိုဒိုရာ၏ ကြယ်ခရီးသွား ရောင်စဉ်တိုင်းကိရိယာမှ ရေပင်လယ်ဂြိုလ်၏ ရှေးဦးဒုံးပျံသင်္ဘောမှ ဖန်တီးထားသော လှိုင်းများကို အာကာသအတွင်း ဖမ်းယူမိသောအခါတွင် ကြုံခဲ့ရသည်။

ဂိုဒိုရာသည် ဂါတွန်နဂါးငွေ့တန်းရှိ ကြယ်စင်စု လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့ စူးစမ်းလေ့လာခဲ့သည့် နေရာများတွင် ဂါတွန်နဂါးငွေ့တန်း ၏ ကြယ်ပွင့်ဇုန်များ အများအပြား ပါဝင်သော်လည်း ၎င်းတို့သည် လူမှုအဖွဲ့အစည်းများကို ဖော်ရွေသော ရည်ရွယ်ချက်များဖြင့် ဆက်သွယ်ကာ ဥပဒေကို လိုက်နာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မကြာသေးမီက၊ ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်ရှိ နိုင်ငံများ၏ နက္ခတ်ဗေဒင်နှင့် ပတ်သက်သည့် သုတေသနအကြောင်း အနည်းငယ်ဖတ်ခဲ့သည်။ ကစားသမားများသည် အမျိုးမျိုးသော ရင်းမြစ်များမှလည်း ဤအချက်အလက်များကို ရယူနိုင်ပြီး ၎င်းသည် မယုံနိုင်လောက်အောင် အသေးစိတ်ပြီး မှန်ကန်သောကြောင့် ကစားသမားများသည် လက်တွေ့ဘဝကဲ့သို့ ထိ‌မိသောခံစားချက်ကို ရစေနိုင်သည်။ NPC ၏ အမြင်ဖြင့် ဟန်ရှောင်းသည် ပို၍များသေ,အချက်အလက်များကို မြင်နိုင်သည်။

စခန်းများတွင် ဟန်ရှောင်းနှင့် ကော်နီဖျူရီတို့သည် အသေးစိတ်ပုံစံကို ဆွေးနွေးနေကြစဉ် အစောင့်တစ်ဦး ရောက်လာပြီး သတင်းပို့သည်။

“လူကြီးမင်းတို့၊ ကျွန်တော်တို့ လှည့်လည်သွားလာသူတစ်ယောက်ကို ဖမ်းမိထားပါတယ်။ သူက ကျွန်တော်တို့စခန်းနားမှာ တဝဲလည်လည် လုပ်နေပါတယ်။”

ဟောင်းနွမ်းနေသောအဝတ်အစားများဖြင့် ဆယ်ကျော်သက်အရွယ် လှည့်လည်သွားလာသူတစ်ယောက် ဖြစ်သည်။ သူ့မှာ နှစ်လုံးပြူး အမဲလိုက်သေနတ်တစ်လက်ပါပြီး အစောင့်များက သိမ်းယူထားသည်။ လက်နက်ကိုင်အစောင့်တွေနဲ့ ပြည့်နှက်နေတဲ့ စခန်းကိုမြင်သောအခါ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာပြီး တုန်လှုပ်နေ၏။

ဟန်ရှောင်းက အကြံတစ်ခုရပြီး "အနီးအနားမှာ အခြေချစခန်းရှိလား" လို့မေးတယ်။

လျှိုကျောင်းက မြေပုံကိုကြည့်ကာ "အလယ်အလတ်အရွယ်အစားရှိတဲ့ အခြေချစခန်းအချို့ရှိပါတယ်"

ဟန်ရှောင်းက ခေါင်းညိတ်ပြပြီး ဆယ်ကျော်သက်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံနှင့်

လူ၏ မျက်လုံးများက ဖိအားများလွန်းသဖြင့် ခြေထောက်တွေ ပျော့‌ခွေသွားသလို ဆယ်ကျော်သက်လေးမှာ ခံစားလာရသည်။ ဟန်ရှောင်းက မမေးခင်မှာ သူက တုန်တုန်ယင်ယင်နဲ့ ရှင်းပြပြီး "ကျွန်တော်က အနီးနားက အခြေချစခန်းက လှည့်လည်သွားလာသူပါ။ အမဲလိုက်ဖို့ထွက်တာလာ လမ်းမှာ ဖြတ်သွားရင်း အမှတ်မထင်တွေ့လိုက်ရလို့ အနီးကပ် ဝင်ကြည့်ကြည့်တာပါ။"

ဟန်ရှောင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး ခဏလောက် စဉ်းစားလိုက်တယ်။ ဒီဆယ်ကျော်သက်အရွယ်မှာ အာဟာရချို့တဲ့ပြီး ပိန်လှီနေတာကိုမြင်တော့ "လျှိုကျောင်း၊ သူ့ကို စားစရာသွားယူပေးလိုက်ပါ။"

ဆယ်ကျော်သက်လေးသည် ခဏတာ အံ့အားသင့်သွားသည်။

"မင်းရဲ့ အခြေချစခန်းကို ပြန်သွားပြီး ငါ့အဖွဲ့က ‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’မှာ မြို့တစ်မြို့ ဆောက်မယ်လို့ မင်းရဲ့လူတွေကို ပြောလိုက်ပါ။ ငါတို့က အခကြေးငွေရသည့် အလုပ်တွေ ပံ့ပိုးပေးမယ်။ သူတို့ကိုလည်း ငါတို့နဲ့ ပူးပေါင်းဖို့ ကြိုဆိုပါတယ်။ ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်းရဲ့ အကြီးအကဲ သိအောင် ပြောလိုက်ပါ။ သူတို့ ဒီကို ပြောင်းရွှေ့နေထိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

လေးလံသော အစားအသောက်အိတ်ကြီးက ဆယ်ကျော်သက်‌လေးကို အသိပြန်ဝင်လာစေသည်။ သူ့မျက်နှာမှာ အံ့သြမှုတွေနဲ့ ပြည့်နှက်နေ၏။

သူသည် အခြေချစခန်း၏ မုဆိုးတစ်ဦးဖြစ်သည်။ မကြာသေးမီက သားကောင်အနည်းငယ်သာရှိသဖြင့် အခြေချစခန်းရှိလူများသည် အစာများများမစားရဘဲ ငတ်ပြတ်နေခဲ့ကြသည်။ ဤအစားအစာသည် ၎င်းတို့အား အစားအသောက်များစွာ ဖြည့်စွမ်းပေးနိုင်သည်။

ဆယ်ကျော်သက်လေးသည် အဖမ်းခံရသောအခါ အလွန်ကြောက်လန့်သွားသော်လည်း ယခုအခါ ဤလူများသည် မဟုတ်ကြောင်းကို တွေ့ရှိလိုက်ရသောကြောင့် ပို၍စိတ်သက်သာရာရသွားပြီး ဟန်ရှောင်း၏ အကြံပြုချက်ကို စတင်စဉ်းစားလာ၏။

လှည့်လည်သွားလာသူ အများစုသည် ဗိုက်ပြည့်စေရန်ပင် ဇိမ်မခံနိုင်ကြသောကြောင့် အစားအသောက်နှင့် လဲလှယ်လုပ်ကိုင်ရသည့် အလားအလာမှာ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသည်။

ဆယ်ကျော်သက်လေးကို တစ်ယောက်ယောက်နှင့် လွှတ်လိုက်ပြီးနောက် ဟန်ရှောင်းက မြေပုံကိုထုတ်ပြီး “‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’က တစ်သီးတစ်သန့်ရှိနေတယ်။ မိုင်သုံးဆယ်အတွင်း လူတွေ နေထိုင်ရာနေရာ မရှိပေမယ့် ပိုဝေးကွာတဲ့ နေရာမှာ အခြေချစခန်း တစ်ဒါဇင်ကျော်လောက် ရှိနေတယ်။ အများစုက သေးငယ်ပြီး လူပေါင်း နှစ်ထောင်မှ သုံးထောင်လောက်ရှိတယ်။ လျှိုကျောင်း၊ မင်းနဲ့အတူ လူတချို့နဲ့ အစားအသောက်တွေ ယူသွားပြီး ခိုလှုံရေးစခန်း တည်ဆောက်မယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ပါ။

ခိုလှုံရေးစခန်းတစ်ခု၏ မူလရည်ရွယ်ချက်မှာ တောထဲတွင် လှည့်လည်သွားလာသူများကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့်၊ လှည့်လည်သူများကို ဆွဲဆောင်ရန်မှာ ပုံမှန်ဖြစ်သည်။ ဟွမ်ယုသည် ဟန်ရှောင်း၏ အစီအစဉ်ကို နားလည်သည်ဟု သူ့ကိုယ်သူ ထင်မြင်ယူဆနေသည်။ သူသည် လှည့်လည်သွားလာသူများကို အလုပ်သမားများအဖြစ် အမှန်တကယ် ငှားရမ်းချင်သော်လည်း အလွန်နည်းပါးနေသေးသည်။

ဟန်ရှောင်းသည် တစ်လအတွင်း ခိုလှုံရေးစခန်း အသေးစိတ်ပုံစံကို အပြီးသတ်ချင်နေသည်။ ထိုအတွက်အနည်းဆုံး လူ ၁၀၀,၀၀၀ လိုအပ်နေပြီး လှည့်လည်သွားလာသူများမှာ နည်းလွန်းနေ၏။

ဟွမ်ယုခေါင်းယမ်းလိုက်သည်။ တစ်လအစီအစဉ်သည် မအောင်မြင်ဖွယ်ရှိသည်ဟု သူခံစားရသည်။ ၎င်းသည် အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေမည်မဟုတ်သော်လည်း Black Phantom ၏ ဂုဏ်သိက္ခာနှင့် မျက်နှာကို ထိခိုက်စေမည်မှာ သေချာပါသည်။ သူ့စကားအတိုင်း လိုက်လျောညီထွေ မဖြစ်လျှင် တခြားအဆင့်မြင့်အရာရှိတွေ၏ အထင်အမြင်က ပိုဆိုးလာမည်မှာ သေချာ၏။

ဘာပဲဖြစ်ဖြစ် တစ်လလောက်နေပြီးနောက် ဌာနချုပ်ကို ပြန်သွားဖို့ အယူခံဝင်မယ်လို့ ဟွမ်ယုက တွေးလိုက်တယ်။ ပံ့ပိုးရန် သို့မဟုတ် အကျိုးခံစားခွင့်များ ရရှိရန် အခွင့်အလမ်းမရှိသောကြောင့် ခိုလှုံရေးစခန်း ၃တွင် လက်ထောက်တစ်ဦးအဖြစ် အချိန်မဖြုန်းချင်ပေ။

ထိုအစီအစဉ်နှင့်ပတ်သက်၍ လျှိုကျောင်းက "ဒါပေမယ့် ငါတို့က အစောင့်တွေကို ဖြန့်ထားရင် အဖွဲ့ရဲ့ ခံစစ်စွမ်းအားက မလုံလောက်ဘူး"

ဟန်ရှောင်းသည် ပရိုဂရမ်တစ်ခုဖြင့်ဖြင့် စခန်းကို လှည့်ပတ်နေသော မျိုးဆက် ၂.၅ ရိန်းဂျားများဆီသို့ ညွှန်ပြပြီး ရယ်မောလိုက်သည်။

"ငါ မင်းကို တုံ့ပြန်ဖို့ နောက်ထပ် အခွင့်အရေး ပေးမယ်။"

"မစ်ရှင်ပြီးမြောက်မှာ သေချာပါတယ်။" လျှိုကျောင်းသည် ချက်ချင်းပင် စကားပြောင်းကာ မတ်တပ်ရပ်လိုက်သည်။

…

အဆုံးမဲ့လွင်ပြင်များသည် အရောင်တောက်ပြီး စေးပျစ်နေသောသွေးများကဲ့သို့ဖြစ်သည်။ ဟန်ရှောင်းသည် နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့သည်၊ အကျွမ်းတဝင်ရှိနေသော မြင်ကွင်းတစ်ခု ဖြစ်၏။

စဉ်းစားကြည့်တော့၊ ငါ့စခန်းကို ပြန်မရောက်တာ တော်တော်ကြာနေပြီ၊ ဟန်ရှောင်းတွေးမိသည်။ သူတကယ်အသုံးမပြုသောကြောင့် သူ၏စခန်းသည် အသင့်အနေအထားတွင်သာ ရှိနေသည်။

‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’၏ ကောက်ကြောင်းများ မြင်ကွင်းထဲပေါ်လာသည်။

လွင်ပြင်ပေါ်တွင် တစ်ချိန်က လမ်းကျယ်တစ်လမ်းရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံများ မရှိခဲ့သည့်အတွက် ယခုအခါ ပေါင်းမြက်များနှင့် ပြည့်နေသည်။ ကွန်ကရစ်သည် အက်ကွဲသွားပြီး အတွင်းတွင် အစိမ်းရောင်များ ပေါက်လာသည်။ သတင်းစာဟောင်းများသည် လမ်းများပေါ်တွင် ဖြည်းညှင်းစွာ ပျံသန်းလာပြီး ရှည်လျားသော လမ်းမီးများကို နွယ်ပင်များဖြင့် ဖုံးအုပ်ထားသည်။

စိတ်ပျက်အားလျော့စရာများနှင့် ပြည့်နေသော မြင်ကွင်းတစ်ခုပင်။

‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’၏ ဝင်ပေါက်သည် ကျယ်ပြန့်သော စွန့်ပစ်ထားသော လမ်းဖြစ်သည်။ ယာဉ်တန်းသည် လမ်းမတစ်လျှောက် ရှေ့သို့ ရွေ့လျားသွားပြီး တစ်ခုတည်းသော အသံမှာ အင်ဂျင်သံနှင့် လမ်းမများပေါ်တွင် ဘီးများပွတ်တိုက်နေသည့်အသံ ဖြစ်သည်။

ဤစွန့်ပစ်ထားသောမြို့ကို ခိုလှုံရေးစခန်းအဖြစ် ပြောင်းလဲရန် လိုအပ်သော အလုပ်ပမာဏများစွာသည် လူအများကို အကြီးအကျယ် ဖိအားပေးနေသည်ဟု ခံစားနေရသည်။

_____________________

‘ဂရေးမက်တယ် အပျက်အစီးနယ်မြေ’ ကို သင်ရောက်ရှိပါပြီ။

လက်ရှိလူဦးရေသည် - ၁,၀၃၄

ထိခိုက်ပျက်စီးမှု - ၀%

ပစ်မှတ် ပြီးဆုံးပါပြီ။

အတွေ့အကြုံအမှတ် ၂၅၀,၀၀၀ ရရှိထားသည်။

မစ်ရှင် အဆင့် - D- ဖြစ်လာပါသည်။

_____________________

ဟန်ရှောင်းရရှိခဲ့သော ပင်မဇာတ်ကြောင်းမစ်ရှင်မှာ [ခိုလှုံရေးစခန်း ၃ တည်ဆောက်ရေး] ဖြစ်သည်။ ၎င်းသည် လုပ်ငန်းစဉ်တစ်ခုလုံးကို ကြီးကြပ်သည့် ကြီးမားသောမစ်ရှင်တစ်ခုဖြစ်သည်။ ထို့ကြောင့် ခိုလှုံရေးစခန်းတစ်ခု လိုအပ်သည့် ၁၀ ခုကျော်ရှိသည့် အဆောက်အအုံ အမျိုးအစားများအရ ၎င်းကို ဆောက်လုပ်ရေးလိုအပ်ချက် ၁၀ခုကျော်ဖြင့် ခွဲခြားထားသည်။

လက်ရှိ မစ်ရှင်ပစ်မှတ်မှာ ပြောင်းလဲသွား၏။

_____________________

လက်ရှိပစ်မှတ် - သုံးလအတွင်း အသေးစိတ်ပုံစံကို အပြီးသတ်တည်ဆောက်ပါ။

လက်ရှိအချိန် - နေ့ ၁

သုံးလအတွင်း၊ အောက်ဖော်ပြပါအတိုင်း ဆောက်လုပ်ရေးလိုအပ်ချက် ၁၃ ချက်ကို ဖြည့်ဆည်းပါ။ - [တိုးချဲ့/ဖြိုဖျက်ခြင်း]

ဆုလာဘ်များ - အတွေ့အကြုံအမှတ် ၈၀၀,၀၀၀၊ +၁,၂၅၀ Dark Net နှင့် ရင်းနှီးမှု၊ တိုးမြှင့်ထားသော မစ်ရှင်အဆင့်သတ်မှတ်ချက်

အပိုလိုအပ်ချက် - ဆောက်လုပ်မှုကြိုတင်ပြီးစီးပါက၊ ရက်အရေအတွက်ပေါ် မူတည်၍ အပိုဆုကြေးများနှင့် အဆင့်သတ်မှတ်ခြင်းကို ချီးမြှင့်မည်ဖြစ်သည်။ အတွေ့အကြုံအမှတ်ဆုငွေ - တစ်ရက်လျှင် +၁၀%

All Chapters