နေရာတိုင်းမှ လူများ ရောက်ရှိလာခြင်း (၂)
Vol. 15 Ch. 223
ခိုလှုံရေးစခန်း ဆောက်လုပ်မှုသည် အလွန်ကြီးမားသည်၊ ဘာမှမရှိရာမှ အစပြုရန် အမြဲခက်ခဲနေသော်လည်း ကော်နီဖျူရီသည် သူလုပ်ဆောင်သည့်အရာတွင် အတော်လေး ကောင်းမွန်၏၊ အစီအစဉ်မှာ အသေးစိတ်ကျ၏၊ တည်ဆောက်မှုမှာ စနစ်တကျရှိပြီး ဌာနဆိုင်ရာများအကြား အလုပ်ခွဲဝေမှုမှာ ရှင်းလင်း၏။
ခိုလှုံရေးစခန်း ပင်မဇာတ်ကြောင်းသည် ဖိုရမ်များတွင် မုန်တိုင်းတစ်ခုဖန်တီးခဲ့ပြီး၊ ၎င်းသည် စစ်ဆင်ရေးခရီးကို ပြင်ဆင်နေချိန်မှစ၍ ပထမဆုံး ကြီးမားသော ပင်မဇာတ်ကြောင်းမစ်ရှင်ဖြစ်သည်။ ကစားသမားများ၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့ပြီး ပါဝင်ပြီးသား ကစားသမားထောင်ပေါင်းများစွာနှင့်အတူ ၎င်းသည် ယုံကြည်စိတ်ချရသော အချက်အလက်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။
ဤသည်မှာ ကြီးမားသော ပင်မဇာတ်ကြောင်းမစ်ရှင်တစ်ခု ဖြစ်သောကြောင့် ပါဝင်သည့် ကစားသမားအရေအတွက်သည် မည်သည့်အခါမျှ များပြားသည်ဟု ဆိုနိုင်မည်မဟုတ်ပေ။
ခိုလှုံရေးစခန်း ၃သည် ရုတ်တရက် အသက်ဝင်သွားသည်။ ကစားသမားများသည် ၎င်းတို့၏ သူငယ်ချင်းများကို ခေါ်ပြီး ခိုလှုံရေးစခန်း ၃သို့ အဖွဲ့လိုက်သွားကာ ကြီးမားသော ပွဲတော်တစ်ခု ဖြစ်လာ၏။ ဘေးမဲ့တောရှိ ကစားသမား အရေအတွက်သည် နှင်းဘောလုံးကဲ့သို့ တိုးများလာသည်။
ယခုအချိန်တွင် ရေပင်လယ်ဂြိုလ်တွင် ကစားသမားပေါင်း သိန်းနှင့်ချီ၍ရှိပြီး တောင်ပိုင်းတိုက်ကြီးတွင် တစ်သိန်းကျော်ရှိသည်။ နှစ်ရက်အကြာတွင် နေရာစုံမှ ကစားသမား ၂၀,၀၀၀ကျော်သည် ခိုလှုံရေးစခန်း ၃သို့ ရောက်လာကြသည်။ ဟန်ရှောင်းနှင့် ပင်မဇာတ်ကြောင်း မစ်ရှင်များ၏ ဆွဲဆောင်မှု သည် ကစားသမားများ၏ စိတ်အားထက်သန်မှုကို ပေါက်ကွဲစေခဲ့သည်။
အစကတည်းက ရှိနေခဲ့တဲ့ Dark Net လူ ၁,၀၀၀ အားလုံး အံ့အားသင့်သွားခဲ့ကြပြီး ဂြိုလ်သားများက အကူအညီပေးရန် အဆက်မပြတ် ရောက်လာကြသည်။ အားလုံးကို ဟန်ရှောင်းက ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဒါက အိပ်မက်တစ်ခုလိုပင်။
ကြောက်စရာကောင်းလောက်အောင် သြဇာညောင်းသည်။
ဂြိုလ်သားများသည် အိပ်စက်ခြင်းမရှိသောကြောင့် သူတို့၏ အလုပ်စွမ်းဆောင်ရည်သည် အလုပ်သမားများစွာနှင့် ကိုက်ညီနိုင်သည်။ ဤဂြိုလ်သား ၂၀,၀၀၀ ကျော်သည် အလုပ်သမား ၇၀,၀၀၀ မှ ၈၀,၀၀၀ ၏ လူအင်အားနှင့် ယှဉ်နိုင်ကာ ဂြိုလ်သားများကလည်း ဆက်တိုက်ပိုများလာ၏။
ခိုလှုံရေးစခန်း၏ အခြေခံအပြင်အဆင်ကို တစ်လအတွင်း ပြီးမြောက်ရန် မဖြစ်နိုင်ခြင်းမှာ မဟုတ်နိုင်တော့ဟု ထင်မြင်မိလာကြသည်။
ဆောက်လုပ်ရေးအဖွဲ့ တစ်ဖွဲ့လုံးက ဒါကိုသိလိုက်ရသောအခါ သူတို့အားလုံး အလွန်စိတ်အားထက်သန်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ရှိသမျှ အားစိုက်ထုတ်ကြတော့သည်။
အကယ်၍ ခိုလှုံရေးစခန်း ၃ကို ခိုလှုံရေးစခန်း ၁ မတိုင်မီကပင် ပြီးမြောက်နိုင်ခဲ့ပါက၊ ၎င်းသည် အဖွဲ့အစည်းတစ်ခုလုံးကို ထိတ်လန့်စေမည့် ကြီးမားသော အကျိုးဆောင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သုံးရက်သာကြာသောအချိန်တွင် စခန်းသည် အလုံးစုံပြုပြင်မွမ်းမံပြီးကာ အကြမ်းထည်အိမ်များဆောက်ပြီး Dark Net မှလူများအားလုံး အမိုးအကာများ ရရှိကုန်၏။
ဟွမ်ယုသည် ဟန်ရှောင်း၏ အိမ်အပြင်ဘက်တွင် အချိန်အတော်ကြာ ယောင်ပေပေလုပ်နေရင်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး တံခါးကိုခေါက်လိုက်သည်။
“ကျီ”
တံခါးပွင့်သွားပြီးနောက် စက်ပြင်ဝတ်စုံဝတ်ထားပြီး မျက်နှာပေါ်တွင် အကာအကွယ်မျက်မှန်များနှင့် ဟန်ရှောင်းသည် မြင်ကွင်းထဲပေါ်လာ၏။
"အင်း?" ဟန်ရှောင်းက အေးစက်စက်ပြောသည်။
ဟွမ်ယုသည် ထိုစကားကိုကြားသောအခါတွင် ရုတ်တရက် အလွန်ယုံကြည်မှုမရှိသလို ခံစားလာရပြီး သူက မရိုးမရွပြုံးကာ “လူကြီးမင်း၊ ကျွန်တော်…”
သူ စကားမဆုံးခင် ဟန်ရှောင်းက လှည့်ကာ အိမ်ထဲကို ပြန်ဝင်သွားပြီး “အထဲမှာ စကားပြောပါ”
ဟွမ်ယုသည် အလျင်အမြန်ဝင်လာသည်။ ဟန်ရှောင်းလက်ညိုးထိုးပြသည့် ထိုင်ခုံရှေ့တွင် တင်ပါးလေး တင်ရုံမျှသာ ထိုင်လိုက်ပြီး မျက်နှာလိုမျက်နှာရ အမူအရာဖြင့် သူပြောသည်မှာ "လူကြီးမင်း၊ ကျွန်တော် တစ်ချို့ကိစ္စတွေကို ဂရုစိုက် ကူညီပေးချင်ပါတယ်။ ပြောရရင် ကျွန်တော်က လူကြီးမင်းရဲ့ လက်ထောက်ပါ…”
ကစားသမားများ ပိုမိုများပြားလာသည်နှင့်အမျှ တစ်လအစီအစဥ်ကို အမှန်တကယ်အောင်မြင်ရန် အခွင့်အလမ်းရှိကြောင်း ဟွမ်ယုသည် အံ့အားသင့်စွာ သဘောပေါက်သွား၏။ ဤအချက်က ခိုလှုံရေးစခန်း ၃သည် ပထမဆုံးပြီးမြောက်သည့် နမူနာဖြစ်လာမည်ဖြစ်သည်။ ဤအကျိုးဆောင်မှုသည် အလွန်ကြီးမားမည်ဖြစ်ပြီး လက်ထောက်တစ်ဦးအနေဖြင့်ပင်၊ Dark Net ၏ အရည်အသွေးစာအုပ်တွင် မှတ်သားခံရနိုင်သည်။
ဟွမ်ယုမှာ ဒီတိုင်းမနေနိုင်တော့ပေ။ ဒီအကျိုးကျေးဇူးကို လက်လွှတ်လိုက်ရင် တစ်သက်လုံး နောင်တရနေလိမ့်မည်။ စောစောက သူ့အကျင့်ပျက်တဲ့ သဘောထားကြောင့် ဟန်ရှောင်းက သူ့အတွက် တာဝန်မပေးသည့်အတွက် ဟန်ရှောင်းက စိတ်ဆိုးနေပြီလို့ ခံစားရသည်။ ဟန်ရှောင်းက သူ့အကြောင်း Bennett ကို အနည်းငယ်တိုင်တန်းလိုက်သည်နှင့် ဒီအကျိုးကျေးဇူးက သူနှင့် ဘာမှမဆိုင်တော့ပေ။ သူ့မှာ ဘာမှလုပ်စရာမရှိလို့ မူလက ပျော်နေသော်လည်း အခုတော့ လုံးဝထိတ်လန့်နေ၏။ ဆောက်လုပ်ရေးကို ဝင်ဖို့ မစောင့်နိုင်တော့ဘဲ ဟန်ရှောင်းဆီသို့လာပြီး ယခင်က သူ၏ အရိုအသေမဲ့မှုအတွက် ဟန်ရှောင်းကို မျက်နှာလိုမျက်နှာရ လာလုပ်နေခြင်းဖြစ်သည်။
ဟန်ရှောင်းက ဟွမ်ယုကို ထားခဲ့ပြီး သူ့ကို စိတ်မ၀င်စားပေ။ ဟွမ်ယုက အရမ်းစိတ်လှုပ်ရှားပြီး တုန်လှုပ်ခြောက်ခြားနေတာကြောင့် နောက်ဆုံးတွင် သူက နှေးကွေးတဲ့လေသံနဲ့ "မင်းဘာမှမလုပ်ချင်ဘူး မဟုတ်လား၊ ငါအဲဒါကို နားလည်ပြီး မင်းကို အားလပ်ရက်ပေးထားတယ်။ မင်း မကျေနပ်ဘူးလား"
"လူ--လူကြီးမင်း၊ ကျွန်တော်က လူကြီးမင်းရဲ့ လက်ထောက်ပါ။ ကျွန်တော်လည်း တစ်ခုခု ပံ့ပိုးပေးနိုင်ပါတယ်။” ဟွမ်ယုက သူ့ချွေးတွေကို သုတ်ပြီး ရိုးသားစွာ ပြောလိုက်သည်။
ဟန်ရှောင်းက လက်ပိုက်ပြီး ဟွမ်ယုကို အဓိပ္ပါယ်ရှိစွာ ကြည့်နေသော်လည်း ဘာမှ မပြောပေ။ ဒါကိုမြင်တော့ ဟွမ်ယုမှာ မျှော်လင့်ချက်မဲ့သွားပြီး ဒီအကျိုးကျေးဇူးသည် သူနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးလို့ သူခံစားလိုက်ရသည်။
မမျှော်လင့်ဘဲ ဟန်ရှောင်းက လှည့်ကြည့်လိုက်ပြီး စာရွက်စာတမ်းတွေကိုယူပြီး သူ့ရှေ့သို့ ပစ်ချလိုက်သည်။ "ဒါတွေက ခိုလှုံရေးစခန်းရဲ့ တည်ဆောက်ရေးတိုးတက်မှုပဲ၊ အဲဒါတွေကို ကြည့်ပြီး စီစဉ်ပါ၊ တစ်ခုခုရှိရင် ငါ့ကို သတင်းပို့ပါ"
ဟွမ်ယုသည် စာရွက်စာတမ်းများကို ကိုင်ဆောင်ကာ ချက်ချင်းပင် အားတက်လာသလို ခံစားလိုက်ရသည်။ သူက လျှင်မြန်စွာ ထရပ်ကာ "ဒါတွေကို သေချာဂရုစိုက်ပေးပါ့မယ်။"
"သွားတော့" ဟန်ရှောင်းက သူ့လက်တွေကို ဝှေ့ယမ်းပြီး အလုပ်ပြန်ဝင်သွားသည်။
ဟွမ်ယုသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အိမ်ထဲမှ ထွက်လာကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ Black Phantom သည် ခိုလှုံရေးစခန်း ၃ ၏ အလားအလာကို သေချာသိသော်လည်း ဘာမှ အညှိုးမထားခဲ့ဘဲ၊ သူ့ကိုပါဝင်ပြီး အကျိုးကျေးဇူးကို မျှဝေနိုင်ဖို့ အခွင့်အရေးပေးခဲ့သည်။ ထိုအတွက် သူက Black Phantom ကို အလွန် ကျေးဇူးတင်နေ၏။။
သူ့အရင်က အကျင့်ပျက်သဘောထားနဲ့ ယှဉ်ရင် ဟွမ်ယုရှက်သလို ခံစားနေရသည်။ အခုတော့ ဟန်ရှောင်းကို သူ့က အပြည့်အဝ လေးစားသွား၏။
...
ဟန်ရှောင်းက ဒါကို ရှင်းရှင်းလင်းလင်း တွေးထား၏။ သူ့လက်ထောက်နှင့် ဆက်ဆံရေး ညံ့ဖျင်းနေဖို့ မလိုပေ။ သူတို့ကြားတွင် သဘောထားကွဲလွဲမှုတောင် မရှိသလောက်ပင်။ ဟွမ်ယုက သူ့မာနကို နှိမ့်ချသွားတာကြောင့် ဟန်ရှောင်းက သူ့အနာဂတ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုချင်း မရှိပေ။ သူ့အနေဖြင့် ခိုလှုံရေးစခန်း၏ တည်ဆောက်ရေးကိစ္စများကို ဂရုစိုက်ရန် လက်ထောက်တစ်ဦး လိုအပ်နေသည်၊ ဤအရာများသည် ရှုပ်ထွေး၍ ခက်ခဲ၏၊ သူမကြိုက်သော အလုပ်များဖြစ်သည်။
အခုဆိုလျှင် အမှန်ပင် သူဘာမှ လုပ်စရာမရှိတော့ဘဲ၊ တစ်နေ့လုံး သူ့ကိုယ်ပိုင် အလုပ်ကို လုပ်နိုင်ပြီ ဖြစ်သည်။
တည်ဆောက်ရေးစတင်ပြီး သုံးရက်သာ ကြာမြင့်ခဲ့ပြီး ၎င်း၏တိုးတက်မှုသည် ကြိုးလွတ်သွားသော မြင်းတစ်ကောင်ကဲ့သို့ ဖြစ်နေပြီဖြစ်ပြီး ရပ်တန့်၍မရပေ။ ကစားသမားများ၏ စွမ်းအင်သည် ကြီးမြတ်သောနည်းပညာရှင်ဟန်၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်ခဲ့ပြီး ၎င်းတို့အားလုံးသည် ရွှေ့ပြောင်းအလုပ်သမားများထက်ပင် ပိုမိုကြိုးစားလုပ်ဆောင်နေပြီး အလုပ်သမားစံနမူနာအဖြစ် သတ်မှတ်နိုင်သည်။
ဟန်ရှောင်း၏ယခင်ဘဝတွင်၊ ကစားသမားများသည် ခိုလှုံရေးစခန်း၏ ပင်မဇာတ်ကြောင်းနှင့် ထိတွေ့လာသောအခါတွင် ဂိမ်း၏အစောပိုင်းအဆင့်များသည် ပြီးဆုံးသွားပြီးဖြစ်သည်။ Dark Net သည် ကစားသမားများထံချဉ်းကပ်ကာ သူတို့ကို ငှားရမ်းပြီး တစ်ချိန်တည်းတွင် ဘေးမဲ့တောများစွာကို တည်ဆောက်နေခဲ့ကြသည်။ ကစားသမားများသည် ရွေးချယ်စရာများရှိခဲ့ကြပြီး လူများကွဲသွားကြသည်။
ယခုအချိန်မှာတော့ ကစားသမားများသည် ဟန်ရှောင်းဟာ ခိုလှုံရေးစခန်း ၃မှာ ရှိနေတာကို သတိပြုမိကြသည်။ ဆိုလိုသည်မှာ အခြားဘေးမဲ့တောများ ဆောက်လုပ်ဖို့ လိုအပ်သော်လည်း ခိုလှုံရေးစခန်း ၁နှင့် ခိုလှုံရေးစခန်း ၂တို့နှင့် ပတ်သက်တဲ့ အချက်အလက်များမှာ အလွန်တရာ မရေမရာ ဖြစ်နေ၏။ ဆန့်ကျင်ဘက်တွင်၊ ခိုလှုံရေးစခန်း ၃ တွင် လူသိများသော “Black Phantom” သည် လွယ်ကူသော ရွေးချယ်မှုတစ်ခု ဖြစ်လာ၏။
ခိုလှုံရေးစခန်း ၃ရှိ ကစားသမားများ ပိုမိုများပြားလာသည်နှင့်အမျှ လူအများစုသည် ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျှောက်ခဲ့ကြသည်။ အခြားကစားသမားများလည်း ဆွဲဆောင်ခံခဲ့ရပြီး လူအများအပြားသည် နှင်းဘောလုံးကဲ့သို့ တိုးများလာခဲ့သည်။ ဟန်ရှောင်း၏ "ကစားသမားများအဓိကမြို့တော်" အစီအစဉ်၏ အနာဂတ်သည် တကယ်ကို ကောင်းမွန်လှသည်။
ခိုလှုံရေးစခန်း ၃သည် အော်သံမျိုးစုံဖြင့် ပြည့်နှက်နေပြီး ကစားသမားများသည် ပွဲလမ်းသဘင်များနှင့် ဧရိယာများကို တစ်ခုပြီးတစ်ခု ဖန်တီးကြသည်။ အချို့မှာ ပစ္စည်းများရောင်းရန်၊ အချို့မှာ မိတ်ဖြစ်ဆွေဖြစ် PK တိုက်ပွဲနေရာများဖြစ်သည်။ သက်ဝင်လှုပ်ရှားနေမှုသည် "အဓိကမြို့တော်" ကဲ့သို့ အမှန်တကယ်ခံစားရသည်။
နိုင်ငံခြောက်ခုမှ ကစားသမားများပင် စစ်ဆင်ရေးခရီး ခေါ်ယူမှုမှ ထွက်ခွာပြီး မြို့ကို တည်ဆောက်ရန် လာခဲ့ကြသည်။
စစ်ဆင်ရေးမစ်ရှင်သည် အဆင့်သတ်မှတ်ချက်တစ်ခုရှိ၍ မစတင်ရသေးပေ။ အချို့သောကစားသမားများသည် ပိုမိုသက်တောင့်သက်သာရှိသော ခိုလှုံရေးစခန်းမစ်ရှင်များကို ရွေးချယ်ခဲ့ကြသည်။
ဟန်ရှောင်းသည် သူ၏ ဆင့်ခေါ်မှုကို တုံ့ပြန်ရန် နေရာတိုင်းမှ လူများလာသကဲ့သို့ အောင်မြင်မှုကို ခံစားရသည်။
"ငါ့ရဲ့ ပုံရိပ်တည်ဆောက်မှု အစီအစဉ်က အောင်မြင်သွားပုံရတယ်။" ကစားသမားများ၏ တုံ့ပြန်မှုကို ဟန်ရှောင်းက ကျေနပ်နေပြီး တစ်ချိန်တည်းမှာပင် ဖိုရမ်များနှင့် Dark Net ၏ တုံ့ပြန်မှုကို အာရုံစိုက်နေသည်။
ခိုလှုံရေးစခန်း ၃သည် ကစားသမားများအတွင်း၌ အကျိုးသက်ရောက်မှုကို ဖြစ်စေရုံသာမက ရေပင်လယ်ဂြိုလ်၏ အဖွဲ့အစည်းများ၏ မျက်လုံးများတွင် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
ဂြိုဟ်သားပြဿနာမှာ အမြဲတမ်းအာရုံစိုက်ခံခဲ့ရပြီး တောင်ပိုင်းတိုက်ကြီးတွင် ဂြိုဟ်သားစုဝေးမှု အများအပြားကို သတိပြုမိပြီးနောက် နိုင်ငံ၆နိုင်ငံက အခြေအနေကို စုံစမ်းသောအခါ အလွန်စိတ်ရှုပ်ထွေးသွားကြသည်။
Black Phantom က ဂြိုဟ်သားများကြားမှာ ဘာကြောင့် သြဇာကြီးမားတာလဲ။ သူက ဂြိုဟ်သားများကို ဘာကြောင့် အမိန့်ပေးနိုင်တာလဲ။ သူတို့ကြားက ဆက်ဆံရေးက ဘာလဲ။
အဖွဲ့အစည်းများသည် ၎င်းတို့၏သတိပေးချက်ကို မြှင့်တင်လိုက်ရာ Black Phantom ၏ အန္တရာယ်အဆင့်သည် နောက်တစ်ဆင့် တိုးလာသည်။
Dark Net သည် ဤသတင်းကို ပထမဆုံးရရှိသူဖြစ်ပြီး Bennett ပင် အံ့အားသင့်သွားသည်။ ဟန်ရှောင်းသည် ခိုလှုံရေးစခန်း ၁၏ တိုးတက်မှုကို တစ်လအတွင်းကျော်လွန်ချင်သည်ဟု ပြောခဲ့ဖူးသည်ကို ပြန်တွေးမိသောအခါ၊ အဲဒါက နောက်ပြောင်နေခြင်းမဟုတ်မှန်း သဘောပေါက်သွားသည်။
လက်ရှိ တိုးတက်မှု အရှိန်ကို ကြည့်ခြင်းအားဖြင့် ဒါဟာ တကယ်ကို ပြီးမြောက်နိုင်၏။
Bennett သည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိသော်လည်း အံ့သြမိသည်၊ ခိုလှုံရေးစခန်းကို အောင်မြင်စွာတည်ဆောက်နိုင်သရွေ့၊ မည်သည့်အရာက ပထမဖြစ်ပါစေ၊ အားလုံးပါဝင်ကူညီမှုဖြစ်မည်။ သူယုံကြည်စိတ်ချရသူတွေကိုသာ အပ်နှင်းထားတာမို့ ဂြိုဟ်သားတွေဆီကနေ ဘယ်လိုအကူအညီရလဲဆိုတာ ဟန်ရှောင်းကို ဘာမှ မမေးခဲ့ပေ။
တစ်ဖက်တွင်မူ Dark Net ၏ ဒါရိုက်တာများသည် ၎င်းတို့၏ ကျောရိုးထဲတွင် ချမ်းစိမ့်စိမ့်ခံစားရကာ ဤသို့သော လုပ်ဖော်ကိုင်ဖက်တစ်ဦးရှိခြင်းသည် ကံကြမ္မာကောင်း သို့မဟုတ် ဘေးဥပဒ်ဟုတ်မဟုတ် မသိနိုင်တော့ပေ။
…
ခိုလှုံရေးစခန်း ၃၊ အနောက်ဘက်၊ နာရီစင်ဧရိယာ။
ဤဧရိယာ၏ အမှတ်အသား အဆောက်အဦးသည် နွယ်ပင်များဖြင့် ဖုံးအုပ်ထားသော ဧရာမနာရီစင်ကြီးဖြစ်ပြီး ယခုအခါ ကစားသမားများအတွက် အခြေစိုက်စခန်းတစ်ခု ဖြစ်လာသည်။ အနီးနားတွင် ကြီးမားသော ရင်ပြင်တစ်ခု၊ တံတားပျက်တစ်စင်းရှိသည့် အရှေ့နှင့် တောင်ကို ပိုင်းခြားထားသော ခြောက်ကပ်နေသည့် မြစ်တစ်စင်း၊ အနည်းငယ်ဝေးသည့်နေရာတွင် စက်ရုံ အဆောက်အဦများ ပြည့်နှက်နေသည့် ဧရိယာ။ ထိုနေရာသည် မူလက လူနေရပ်ကွက်နှင့် စက်ရုံများ ရောနှောနေ၏။
နာရီစင်တစ်ဝိုက်တွင် စက်ရုံကောက်ကြောင်းကို တည်ဆောက်ထားပြီး၊ အတွင်း၌ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက် အမြောက်အမြားရှိကာ၊ ဤနေရာသည် အတားအဆီးမရှိဘဲ ခိုလှုံရေးစခန်းအတွက် စွမ်းအင်ပေးမည့် ဓာတ်အားပေးစက်ရုံအတွက် သင့်လျော်သည်။
ဒီအပျက်အစီးတွေကို သန့်ရှင်းရေးလုပ်ပြီး သားရဲတွေကို နှင်ထုတ်မေသော ကစားသမား ရာနဲ့ချီရှိ၏။
ကစားသမားငါးဦးပါသော အဖွဲ့တစ်ဖွဲ့သည် မြစ်၏ ရေနုတ်မြောင်းများအတွင်း လမ်းလျှောက်လာသည်။ မြောင်းထဲ၌ မည်းမှောင်နေပြီး တစ်ခုတည်းသော အလင်းရောင်မှာ ဓာတ်မီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီမှာ တော်တော် နံစော်နေတယ်” ကစားသမားတစ်ဦးက နှာခေါင်းကို ကိုင်ကာ ပြောလိုက်သည်။
“လျှပ်စစ်မီး ကွန်ရက်ကို ဒီမှာ စိုက်မယ်လို့ ပြောတယ်၊ ဒါကြောင့် အန္တရာယ်ရှိမရှိ သိနိုင်ဖို့ နယ်မြေကို ကင်းထောက်ဖို့ လူတွေကို လိုအပ်တယ်” အခြားသူတစ်ဦးက ပြောသည်။
“ဒီမစ်ရှင်ကို ဘယ်သူမှ မလုပ်ချင်တာ အံ့ဩစရာမရှိဘူး။ ညစ်ပတ်လွန်းတယ်…” ဒီလူဟာ ပိုးမွှားကြောက်ရောဂါ ခံစားနေရပုံရပြီး အရမ်းဂရုတစိုက်နှင့် လမ်းလျှောက်နေသည်။
ဆယ်စုနှစ်များစွာကြာပြီးနောက်တွင်ပင် ဤရေနုတ်မြောင်းသည် စိုစွတ်နေသေးသည်၊ ကြမ်းပြင်သည် အလွန်စေးကပ်ကာ ရွှံ့ပုပ်နှင့်တူသည်။
ကစားသမားအဖွဲ့သားများသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ကြပြီး ရုတ်တရက် အမှောင်တွင်းမှ ဥမင်လိုဏ်ခေါင်းထဲမှ အသက်ရှူသံလို အသံတစ်ခု ထွက်ပေါ်လာသည်။
ဝူး—
"တစ်ခုခု မှားနေပြီ!"
ကစားသမားသည် ထိတ်လန့်သွားကာ သူတို့ရွှေ့လျားခါနီးတွင် သူတို့ ရွှေ့လျားရန် မတတ်နိုင်သည်ကို သိရှိသွား၏။ သူတို့၏ အင်တာဖေ့စ်များတွင် အသိပေးချက်တစ်ခု ပြသလာသည်။
[အဆင့်မြင့်သားရဲ၏ ခြိမ်းခြောက်မှုရောင်ဝါကြောင့် သင်သည် သက်ရောက်မှုခံရပြီး “ကြောက်ရွံ့ခြင်း” အခြေအနေကို ရောက်သွားသည်!]
"ဒါကဘာကြီးလဲ?" သူတို့မျက်နှာပေါ်က အမူအရာများ ပြောင်းလဲသွားသည်။
"ဗုမ်း!"
မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါသွားကာ လိုဏ်ခေါင်းတစ်ခုလုံး ပြည့်သွားသည့် အနက်ရောင် အရိပ်တစ်ခုက ၎င်းတို့ဆီသို့ အလွန်အမင်းမြန်ဆန်သော အရှိန်တစ်ခုဖြင့် ပြေးဝင်လာသည်။
ကျယ်လောင်သော "ပေါက်ကွဲသံ" နှင့်အတူ ကစားသမားအဖွဲ့သည် ရထားတိုက်မိသကဲ့သို့ ပျံသန်းသွားကာ နံရံနှင့်ထိပြီး ချက်ခြင်းသေဆုံးသွားသည်။ သူတို့သည် ပထမအသုတ်ကစားသမားများမဟုတ်သော်လည်း သူတို့သည် အဆင့် ၁၅ ဖြစ်သည်။ သို့သော်လည်း တစ်ချက်ထိရုံဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုအမှတ်မှာ အနည်းဆုံး ၂၀၀ မှ ၃၀၀ အထိရှိသည်။
အရိပ်တစ်ခုတည်းသာ မကဘဲ အရွယ်အစားတူသော အရိပ်များနောက်တွင် လိုက်လာကြပြီး ဥမင်လိုဏ်ခေါင်းထဲမှ ချက်ချင်းထွက်ကာ နေရောင်အောက်တွင် ပေါ်ထွက်လာကြသည်။ ဒေါသကြီး တင့်ကားများကဲ့သို့ပင် ၎င်းတို့သည် မြေပြင်ကို ဖြိုခွဲကာ အထင်ရှားဆုံး အဆောက်အဦဖြစ်သည့် နာရီစင်ဆီသို့ ဦးတည်သွားကြသည်။
နာရီစင်မှာ အနားယူနေတဲ့ ကစားသမားများသည် ရုတ်တရတ် အခြေအနေတစ်ခုနှင့် ကြုံလာရပြီး အားလုံး မတ်တပ်ရပ်ကာ အရိပ်များကို ရပ်တန့်ဖို့ ကြိုးစားကြသော်လည်း အားလုံး ပျံဝဲပြီး သေဆုံးသွားကြသည်။
မရပ်တန့်နိုင်ခြင်း
အရိပ်အများအပြားသည် ကစားသမားများတစ်လျှောက် ဖြတ်သွားကာ မပြီးဆုံးသေးသော ဓာတ်အားပေးစက်ကို ဖျက်ဆီးလိုက်ရာ ပေါက်ကွဲသံကြီးနှင့်အတူ မီးလောင်ကျွမ်းသွားသည်။ ဤအရိပ်များသည် မရပ်တန့်ဘဲ နာရီစင်ထဲသို့ ထိုးဆင်းသွားခဲ့သည်။
မြေပြင်မှာ တုန်လှုပ်သွားသည်!
မျှော်လင့်ချက်များအားလုံး ဆုံးရှုံးခဲ့ရသည့် သေလုမြောပါး လူတစ်ဦး၏ နောက်ဆုံးအော်သံကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ နာရီမျှော်စင်သည် ပြိုကျသွားပြီး ဖုန်မှုန့်များ အများအပြား ထွက်ပေါ်လာသည်။
ဒီလှုပ်ရှားမှုများက တစ်မြို့လုံးကို တုန်လှုပ်စေ၏။
အနက်ရောင်အရိပ်များ၏ ပါးစပ်မှ ကျယ်လောင်ပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။