← Chapters

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို ဆုံးမပြီ

Vol. 32 Ch. 429

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို ဆုံးမပြီ

Vol. 32 Ch. 429

“ဖူချန်း ... သားပေးတဲ့ ဆေးတွေက အရမ်းကို အံ့သြဖို့ကောင်းတာပဲ။ တစ်လပဲ ရှိသေးတယ်။ သားအမေကော အဖေပါ အဆင့် ၃ ဆင့်စီ တက်သွားကြပြီ။ပြီးတော့ ချီအတွင်းအားကလည်း တည်ငြိမ်မှုအပြည့် ရှိနေတယ်။ လုံးဝ မတည်မငြိမ် ဖြစ်တာမျိုး မရှိဘူး”

တောင်ထွတ်တစ်ခုရဲ့ အဆောက်အဦ တစ်ခုထဲမှာတော့ လီရှန်းဟန်ဟာ အံ့အားသင့်စွာနဲ့ သူ့ရဲ့ တိုးတက်မှုတွေကို ပြောပြနေပါတယ်။

အရှေ့ယူနီကွန်းတိုက်ကို လီဖူချန်း ပြန်မလာခင် ကတည်းကတင် သူတို့နှစ်ယောက်ဟာ မြေကွဲသစ်သီး တစ်လုံးစီကို စားနှင့်နေပြီးပါပြီ။ အဲသည်အတွက် သူတို့ထဲက တစ်ယောက်ဟာ မြေကမ္ဘာနယ်ပယ် အဆင့် ၁ ပညာရှင် ဖြစ်လာခဲ့သလို နောက်တစ်ယောက်ဟာလည်း မြေကမ္ဘာနယ်ပယ် အဆင့် ၂ ပညာရှင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အခု တစ်လ အကြာမှာတော့ လီရှန်းဟန်ဟာ မြေကမ္ဘာအဆင့် ၅ ပညာရှင် ဖြစ်သွားခဲ့သလို ရှန်းယုဟန်ဟာလည်း မြေကမ္ဘာအဆင့် ၄ ပညာရှင် ဖြစ်ခဲ့ပါပြီ။

လီဖူချန်းက စိတ်လိုလက်ရ ပြုံးလိုက်ပြီး …

“အဖေ ... သည်ဆေးတွေက အကင်းပဲ ရှိသေးတယ်။ ကျွန်တော် အခုပေးမဲ့ ဆေးတွေကမှ ပိုပြီး အစွမ်းထက်တာ”

စကားပြောနေရင်းနဲ့ပဲ လီဖူချန်းက ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ယူလိုက်ပါတယ်။

“အဖေ ... သည်ဆေးက ဝိညာဉ်အမြစ် ဆေးပဲ။ ပြီးတော့ သည်ဟာက ကြယ်တာရာဝိညာဉ် ဆေးလို့ခေါ်တယ်။ သည်ဆေးနှစ်မျိုးစလုံးက အဖေနဲ့ အမေ့ကို ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်လာအောင် စွမ်းဆောင် ပေးနိုင်တယ်။ ပြီးတော့ အနာဂတ်မှာ အဖေတို့ရဲ့ ကျင့်ကြံမှုနှုန်းကလည်း ပိုပြီး လျင်မြန်လာလိမ့်မယ်။

“အရိုးတည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်တဲ့ ဆေးတွေလား”

လီရှန်းဟန်က မအံ့သြဘဲ မနေနိုင်တော့ပါဘူး။ သူ့ရဲ့ မျက်လုံးအစုံကလည်း ပြူးထွက်လာခဲ့ပါပြီ။

အရိုးတည်ဆောက်ပုံ ဆိုတာက ကောင်းကင်ဘုံက ရွေးချယ်ပေးထားတဲ့ အရာတွေ ဖြစ်ပါတယ်။ အရိုးတည်ဆောက်ပုံကို ပြောင်းလဲတယ် ဆိုတာက ကောင်းကင်ဘုံက ရွေးချယ်ပေးထားတဲ့ ကံလမ်းကြောင်းကို ပြောင်းလိုက်တာနဲ့ အတူတူပါပဲ။

ပြီးတော့ အရိုးတည်ဆောက်ပုံကို ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းတွေဟာ အင်မတန်မှ ရှားပါးလွန်းလှပါတယ်။ အဲသည်အတွက် ထိပ်တန်း အင်အားစုကြီးတွေတောင်မှ အရိုးတည်ဆောက်ပုံကို ပြောင်းလဲပေးဖို့အတွက် မစွမ်းဆောင်နိုင်ကြပါဘူး။

လီဖူချန်းက စကားကို ထပ်ဆက်ပါတယ်။

“အဖေ အခုလောလောဆယ်တော့ သည်ဆေးတွေနဲ့ပဲ ကျေနပ်လိုက်ဦး။ နောက်ပိုင်းကျရင် အရိုးတည်ဆောက်ပုံကို ကြယ်၄ပွင့် ဒါမှမဟုတ် ကြယ် ၅ ပွင့် အဆင့်အထိ မြှင့်တင်ပေးနိုင်တဲ့ ဆေးတွေကိုပါ သားရှာပေးမယ်”

“ကြယ် ၄ ပွင့်နဲ့ ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံလား”

လီရှန်းဟန်က တီးတိုး ရေရွတ်လိုက်ပါတယ်။ ပြီးမှ …

“ဖူချန်း အဲဒါက အရမ်းများသွားပြီ။ မင်းအမေနဲ့ အဖေက သည်လောက်နဲ့တင် ကျေနပ်နေပါပြီကွာ”

လီဖူချန်းက ခေါင်းခါလိုက်ပြီး …

“အဖေ ... .။ အဖေက ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို မရောက်ချင်ဘူူးလား။ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ အသက်က နှစ်ပေါင်း ၂၅၀ အထိ ရှည်တာနော်။ ကျွန်တော်က အဖေနဲ့အမေကို နောက်ထပ် နှစ်ပေါင်း ၂၀၀ လောက် အသက်ရှိနေစေချင်သေးတယ်”

သားဖြစ်သူရဲ့ စကားကို ကြားအပြီးမှာတော့ လီရှန်းဟန်ရဲ့ မျက်လုံးတွေဟာ အရောင်တောက် လာခဲ့ပါတယ်။ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင် မဖြစ်ချင်တဲ့သူ ဆိုတာက မရှိပါဘူး။ အဲသည်အတွက် ဖြစ်နိုင်မယ် ဆိုရင်တော့ သူလည်း ပြန်လည် ဝင်စားနယ်ပယ် ဖြစ်ချင်တာပါပဲ။ ဒါပေမဲ့ အဲသည်ကိစ္စက အရမ်းကို ကြီးကျယ်လွန်းတာကြောင့်သာ သူ့အနေနဲ့ စိတ်ကူးမယဉ်ရဲရခြင်း ဖြစ်ပါတယ်။

“အရမ်းကြီး စိုးရိမ်မနေပါနဲ့ အဖေရာ။ ကျွန်တော့်ကိုသာ ယုံကြည်ထားလိုက်။ ကျွန်တော်က အဖေတို့ကို ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ဖြစ်လာအောင် သေချာပေါက် လုပ်ပေးမှာပါ”

“အေးပါ ဖူချန်းရယ်။ အဖေ သားကို ယုံပါတယ်”

လီရှန်းဟန်က ခေါင်းကိုသာ တွင်တွင် ညိတ်ပြလိုက်ပါတယ်။ သူ့ရဲ့ သားဖြစ်သူ လီဖူချန်းဟာ မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေ အများကြီးကို လုပ်ပြ ပြီးခဲ့ပါပြီ။ အဲသည်အတွက် သူ့အနေနဲ့ သားဖြစ်သူရဲ့ ပြောစကားကို ယုံကြည်မှသာ ရပါတော့မယ်။

လီဖူချန်းက ဝိညာဉ်အမြစ်ဆေးနဲ့ ကြယ်တာရာဝိညာဉ်ဆေးတွေကို သူ့မိဘ နှစ်ပါးကိုသာ ပေးခဲ့တာ မဟုတ်ပါဘူး။ သူက လီရှောင်ထန်ကိုလည်း ပေးခဲ့ပါတယ်။

ပြီးတော့ အနာဂတ် လီကလန် မျိုးဆက်တွေထဲမှာ ထိုက်တန်သူတွေ ရှိလာခဲ့ရင် ပေးဖို့ဆိုပြီး ဝိညာဉ်အမြစ် ဆေးအချို့နဲ့ ကြယ်တာရာဝိညာဉ် ဆေးအချို့ကို လီရှန်းဟန်ကို ထိန်းသိမ်းထား စေခဲ့ပါသေးတယ်။

ဖုန်းရွှယ်ဂိုဏ်း ... ...

သည်ဂိုဏ်းကတော့ အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်တဲ့အတွက် နေရာလွတ်တွေ ပေါများမယ်ဆိုတာကို သံသယ ဝင်စရာ မရှိပါဘူး။ ဖုန်းရွှယ်ဂိုဏ်းက မိုးပြာရောင်ဂိုဏ်းအတွက် ဆိုပြီး ဖုန်းရွှယ်ဂိုဏ်းထဲမှာ ယာယီနေရာတစ်ခု ပေးထားခဲ့ပါတယ်။

မိုးပြာရောင်ဂိုဏ်း ယာယီ အခြေချနေထိုင်တဲ့ တောင်ထွတ်တစ်ခုကို အရောက်မှာတော့ ...

“ဂိုဏ်းချုပ်”

လီဖူချန်းဟာ အိုးရန်ဝမ်းထင်ကို လျှို့ဝှက်အသံပို့ကာ ဆက်သွယ်လိုက်ပါတယ်။

“ဖူချန်း”

အချိန်တို အတွင်းမှာပဲ အိုးရန်ဝမ်းထင်ဟာ လီဖူချန်း ရှိရာဆီကို ရောက်ရှိလာခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ လေးစားမှုတွေ အပြည့်ပါပဲ။

လီဖူချန်းက ပြုံးပြီး ပြောလိုက်ပါတယ်။

“ဂိုဏ်းချုပ် ... ကျွန်တော် သိချင်တာ တစ်ခုက ဂိုဏ်းချုပ်အနေနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၂ မှာ ရပ်တန့်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာပဲ”

အိုးရန်ဝမ်းထင်က ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ဆိုရင်တော့ သူ့လို အရိုးတည်ဆောက်ပုံပိုင်ရှင် တစ်ယောက်ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို မရောက်စရာ အကြောင်းကို မရှိပါဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ သည်နေရာဟာ အရှေ့ယူနီကွန်းတိုက် ဖြစ်နေပါတယ်။ အရှေ့ယူနီကွန်းတိုက်ရဲ့ ပါးလျတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေကြောင့် ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ ယေဘုယျအားဖြင့် ပြန်လည် ဝင်စားခြင်းနယ်ပယ် အလယ်အလတ်ပိုင်းကိုသာ ရောက်န်ုင်ပါတယ်။ မိုးလောက်ကြီးတဲ့ ကံကောင်းခြင်း တစ်ခုခုနဲ့ မကြုံရဘူး ဆိုရင်တော့ သူတို့အနေနဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အမြင့်ပိုင်းကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ဆိုရင်တော့ ပြောမနေပါနဲ့တော့။ သည်အရှေ့ယူနီကွန်းတိုက်မှာက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို ရောက်ဖို့အတွက် မဖြစ်နိုင်သလောက်ပါဘဲ။

အိုးရန်ဝမ်းထင်က ရှက်ရွံ့တဲ့လေသံနဲ့ လီဖူချန်းရဲ့ မေးခွန်းကို ပြန်ဖြေလိုက်ပါတယ်။

“၁၂ နှစ်လောက် ရှိနေပြီကွ”

သူက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ကနေ အဆင့် ၂ ကို ရောက်ဖို့ အတွက်တောင်မှ အချိန် ၈ နှစ်နီးပါး ယူခဲ့ရတာပါ။ အိုးရန်ဝမ်းထင်အနေနဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့် ၃ ကို ရောက်ဖို့အတွက် ဆိုရင်တော့ နောက်ထပ် ၃ နှစ်လောက် စောင့်ရပါဦးမယ်။

ဝှစ် ...

လီဖူချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ပကတိ သြဇာအာဏာ ဆေးတစ်လုံး ထွက်ပေါ်လာခဲ့ပါတယ်။

“ဂိုဏ်းချုပ် ... ဒါက ပကတိ သြဇာအာဏာဆေးလုံးပဲ။ သည်ဆေးက ဂိုဏ်းချုပ်ကို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ချိုးဖောက် ဝင်ရောက်နိုင်စေလိမ့်မယ်။ အရင်တုန်းက ဂိုဏ်းချုပ် ကျွန်တော့်ကို ကူညီခဲ့တာတွေအတွက် သည်ဆေးလုံးကို လက်ဆောင်အဖြစ် ပြန်ပေးပါရစေ”

ပကတိ သြဇာအာဏာ ဆေးလုံးကတော့ အဆင့်နိမ့် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို သက်တောင့်သက်သာနဲ့ အဆင့်တစ်ဆင့် တိုးမြှင့်သွားစေနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ လီဖူချန်းက သည်ဆေးလုံးတစ်လုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်ပေးပြီး ဝယ်ခဲ့တာ ဖြစ်ပါတယ်။

“ဖူချန်း ... ငါဘယ်လိုလုပ်ပြီး လက်ခံလို့ ရမှာလဲ”

အိုးရန်ဝမ်းထင်က လက်မခံပါဘူး။

ဒါပေမဲ့လည်း လီဖူချန်းက ဆေးလုံးကို အိုးရန်ဝမ်းထင် လက်ထဲ အတင်း ထိုးထည့် ပေးလိုက်ပါတယ်။

“ဂိုဏ်းချုပ် ... ကျေးဇူးပြုပြီး ဘာမှ မပြောဘဲ လက်ခံပေးပါ။ ဒါက ဖူချန်းရဲ့ ကျေးဇူးသိတတ်ခြင်းပါ”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ လှည့်ထွက်ကာ တောင်ထွတ်ပေါ်ကနေ ပျံသန်း ထွက်ခွာသွားခဲ့ပါပြီ။

အိုးရန်ဝမ်းထင်ကတော့ သူ့လက်ထဲက ပကတိ သြဇာအာဏာ ဆေးလုံးကို ကြည့်ပြီး ဝေခွဲမရတဲ့ပုံနဲ့ ကျန်နေခဲ့ပါတော့တယ်။

***

နောက်ပိုင်းအချိန်တွေမှာတော့ လီဖူချန်းဟာ လုံးဝကို အေးအေးဆေးဆေးပါပဲ။

သူက နေ့စဉ်နေ့တိုင်းမှာ မီးလျှံ အရိုးတည်ဆောက်ပုံပေါ်မှာရှိတဲ့ အင်းကွက်ကိုသာ ဇောက်ချ လေ့လာရင်း အချိန်ကုန်ဆုံး နေပါတယ်။

ကြယ် ၄ ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံ ဆိုတာက ကြယ် ၅ ပွင့် နဲ့ ကြယ် ၆ ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံတွေကို ယှဉ်လို့တော့ မရပါဘူး။ သူတို့ကြားထဲမှာ ရှိနေတဲ့ ကွာဟချက်က ကြီးမားလွန်းလှပါတယ်။ မီးလျှံ အရိုးတည်ဆောက်ပုံ အဆင့်မြှင့်လေလေ ထုတ်လွှတ်ပေးတဲ့ မီးလျှံတွေက ပိုပြီး သန့်စင်လေလေပါပဲ။လီဖူချန်းက အခြားသော အဆင့်မြင့် မီးလျှံ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထက် နောက်ကျနေလိုခြင်း မရှိပါဘူး။ အဲသည်အတွက် သူဟာ နေ့စဉ်နေ့တိုင်းမှာ အရိုးတည်ဆောက်ပုံပေါ်မှာ ရှိတဲ့ အင်းကွက်ကို လေ့လာနေရခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက အဆင့်မြင့် မီးလျှံ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ သူ့ရဲ့ ကြားထဲမှာ ရှိတဲ့ ကွာဟချက်ကို လျော့ချပေးနိုင်တာ မဟုတ်ပါလား။

တကယ်လို့သာ သူ့အနေနဲ့ မီးလျှံအင်းကွက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို နားလည်နိုင်မယ်ဆိုရင် သူဟာ မီးလျှံ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းနိုင် လောက်ပါတယ်။ မီးလျှံ နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးနိုင်ပြီ ဆိုတာနဲ့ သူ့ရဲ့ ကြယ်၄ပွင့် မီးလျှံအရိုး တည်ဆောက်ပုံဟာ ကြယ်၆ပွင့် မီးလျှံအရိုး တည်ဆောက်ပုံကိုတောင် စာရင်းထဲ ထည့်တွက်စရာ မလိုပါဘူး။ ဒါပေမဲ့ တစ်ဖက်လူဖြစ်တဲ့ ကြယ် ၆ ပွင့် မီးလျှံအရိုး တည်ဆောက်ပုံပိုင်ရှင်က မီးလျှံနတ်ဘုရား စွမ်းရည်ကို နိုးထနိုင်စွမ်း မရှိသေးဖို့တော့ လိုတာပေါ့လေ။

လက်ရှိမှာတော့ လီဖူချန်းဟာ မီးလျှံ အရိုးတည်ဆောက်ပုံရဲ့ ၄၀ ရာခိုင်နှုန်းအထိ နားလည်ပြီးခဲ့ပါပြီ။ သူ့အနေနဲ့ ၅၀ ရာခိုင်နှုန်းအထိ နားလည်ဖို့အတွက် သိပ်မလိုတော့ပါဘူး။

“နတ်ဘုရား စွမ်းရည်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါအရမ်း သိချင်နေပြီကွာ”

လီဖူချန်းက စိတ်လှုပ်ရှားစွာနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ်။

မီးလျှံအရိုး တည်ဆောက်ပုံကို လေ့လာနေတဲ့ လီဖူချန်းဟာ သူ့ရဲ့ အခြားသော ပညာရပ်တွေကို လေ့ကျင့်ဖို့ကိုလည်း မမေ့ပါဘူး။

သည်ရက်တွေမှာဆိုရင် သူ့ရဲ့ နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းနဲ့ နေမင်းဇောအဟုန် နတ်ဘုရား လက်ဝါးသိုင်းတို့ကလည်း တိုးတက် လာနေပါသေစတယ်။ သည်သိုင်းပညာရပ် နှစ်ခုသာ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီး ပညာရပ်ဆန္ဒတွေသာ ထုတ်သုံး လာနိုင်လို့ကတော့ လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အခုထက်ပိုပြီး ကြောက်စရာ ကောင်းလာတော့မှာပါ။

ကျင့်ကြံခြင်း အပိုင်းမှာတော့ လီဖူချန်းဟာ သိပ်ပြီး မတိုးတက်လာခဲ့ပါဘူး။ သေချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ဒါကလည်း ဖြစ်သင့်ပါတာပါပဲ။ အခု သူရောက်ရှိနေတဲ့ နယ်ပယ်ဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပါ။ သည်နယ်ပယ်မှာတော့ အဆင့်တစ်ခုကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် အခြားနယ်ပယ်တွေလို မမြန်ပါဘူး။

ပြီးတော့ လီဖူချန်းဟာ ကောင်းကင်နယ်ပယ် အဆင့် ၈ ကနေ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့် ၃ ကို ရောက်ဖို့အတွက် အချိန် ၂ နှစ်လောက်သာ ယူခဲ့ပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ သူရဲ့ကျင့်ကြံမှု အမြန်နှုန်းအတွက် ကျေနပ်သင့်နေပါပြီ။

***

ဟူး ... ဟူး ... ဟူး ...

ဖုန်းရွယ်တောင်ရဲ့ တောင်ထိပ် တစ်နေရာမှာတော့ မူဟန်ရှင်းနဲ့ လီဖူချန်းတို့ နှစ်ယောက်ဟာ လက်ဖက်ရည်ကြမ်း သောက်နေရင်းနဲ့ ဆီးနှင်းတွေ ကျဆင်းနေတဲ့ ဖြစ်ရပ်ကို ငေးကြည့် နေကြပါတယ်။

“ဟူး ... လူသားတွေက တကယ်ပဲ ဒုက္ခ ရောက်နေကြပြီ။ အထူးသဖြင့် နတ်ဆိုးဆယ်ပါးနယ်မြေ သိမ်းပိုက်ထားတဲ့ နယ်မြေဒေသတွေပဲ။ အဲသည် နယ်မြေဒေသတွေမှာ ရှိတဲ့ လူသားတွေ အကုန်လုံးဟာ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာတွေရဲ့ အစာတွေ ဖြစ်ကုန်ပြီ။ အရင်တစ်ခါတုန်းက ငါက မိစ္ဆာတွေ အုပ်စိုးနေတဲ့ နယ်မြေဒေသတစ်ခုကို စနည်းသွားနာကြည့်သေးတယ်။ မြို့တော်ကြီးတွေ အများစုမှာတောင်မှ အသက်ရှင်နေတဲ့ လူတွေ မရှိတော့ဘူး။ ငါတွေ့တာက အလောင်းတွေနဲ့ အရိုးစုတွေပဲ”

မူဟန်ရှင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါပြီ။

လီဖူချန်းက မူဟန်ရှင်းရဲ့ စကားကို ထောက်ခံပါတယ်။ သည်အတောအတွင်းမှာ ဆိုရင် သူဟာ အပြင်ကို လုံးဝကို မထွက်ခဲ့ပါဘူး။ အဲဒါက သူ့အနေနဲ့ မိစ္ဆာတွေကို မရှင်းပစ်ချင်လို့ ဆိုတဲ့ သဘော မဟုတ်ပါဘူး။ သူက သူ့ရဲ့ အစွမ်းဟာ မိစ္ဆာတွေကို အမြစ်ပြတ် သုတ်သင်နိုင်စွမ်း မရှိသေးဘူးလို့ ခံစားနေရတဲ့အတွက် တံခါးပိတ် ကျင့်ကြံနေခဲ့တာပါ။

လက်ရှိ အခြေအနေအတိုင်း ဆိုရင်တော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ စွမ်းရည်ဟာ နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ မိစ္ဆာတာအို အင်အားစုထက်ကို အများကြီး နိမ့်ကျ နေပါပြီ။ အထူးသဖြင့် နတ်ဆိုးဆယ်ပါး နယ်မြေလို ပျမ်းမျှ အစွမ်းထက်ပုဂ္ဂိုလ် အရေအတွက် အများဆုံး ရှိနေတဲ့ နယ်မြေကို လူသားတွေအနေနဲ့ လုံးဝ မယှဉ်နိုင်တော့ပါဘူး။ တကယ်လို့သာ အခုအချိန်မှာ နောက်ဆုံး အဆုံးသတ် စစ်ပွဲကြီး ဖြစ်လာခဲ့မယ် ဆိုရင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ ရုပ်ပျက်ဆင်းပျက်ကို စစ်ရှုံးတော့မှာပါ။

လီဖူချန်းတစ်ယောက် သူ့ရဲ့အစွမ်းတွေကို ပိုပြီးတိုးတက်လာအောင် ကျင့်ကြံနေတယ် ဆိုတာကလည်း အဲသည် အချက်ကြောင့်ပါပဲ။

နဂိုမူလတုန်းကတော့ လီဖူချန်းဟာ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးဆောင်သူတွေ အကုန်လုံးကို တစ်ခါတည်းနဲ့ အမြစ်ပြတ် သုတ်သင်ပစ်ဖို့ စဉ်းစားထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မူဟန်ရှင်းရဲ့ စကားကို ကြားအပြီးမှာတော့ လီဖူချန်းဟာ သည်အတိုင်း ထိုင်ကြည့် မနေနိုင်တော့ပါဘူး။ သူ့အနေနဲ့ နတ်ဆိုးဆယ်ပါး နယ်မြေကို အတိအလင်း စစ်မကြေညာသေးချင်ဘူး ဆိုရင်တောင်မှ လူသားမျိုးနွယ်ဘက်မှာလည်း အစွမ်းထက် ပုဂ္ဂိုလ်တွေ ရှိသေးတယ်ဆိုတာကို နတ်ဆိုးဆယ်ပါး နယ်မြေက မိစ္ဆာတွေသိအောင် အကြောင်းပြ ရပါလိမ့်မယ်။

“ကြည့်ရတာတော့ ငါ့ရဲ့ဓားကို အလုပ်ပေးဖို့ အချိန်တန်ပြီပဲ”

လီဖူချန်းက လက်ထဲက လက်ဖက်ရည်ကြမ်းခွက်ကို ချကာ မတ်တတ် ထရပ်လိုက်ပါတယ်။

မူဟန်ရှင်းက တအံ့တသြဖြင့် …

“သူရဲကောင်းလေးလီ ... ဘာလုပ်မလို့လဲ”

အစောပိုင်းတုန်းက သူပြောလိုက်တဲ့ စကားတွေဟာ လူသားမျိုးနွယ်တွေအတွက် ဝမ်းနည်းတဲ့အတွက် သည်အတိုင်း သက်သက် ပြောလိုက်တာ ဖြစ်ပါတယ်။ သူက လီဖူချန်းကို သည်ကိစ္စထဲမှာ ပါဝင် ပတ်သက်စေလိုစိတ် လုံးဝ မရှိတာ အမှန်ပါပဲ။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့လို မဟုတ်ပါဘူး။

လီဖူချန်းဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ကို သွားရောက် တိုက်ခိုက်တုန်းက ဆိုရင် ဂိုဏ်းသက်သက်ကိုသာ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ တိုက်ခိုက်မယ် ဆိုရင်တော့ သူ့အနေနဲ့ မိစ္ဆာမျိုးနွယ်တစ်ခုလုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ မိုးကြိုးနတ်ဘုရားဂိုဏ်းနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းတို့ကို တစ်ချိန်တည်းမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့မယ် ဆိုရင် သူ့အနေနဲ့ နှစ်ဂိုဏ်းစလုံးကို ဖိနှိပ် အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။သူ့ရဲ့ စွမ်းရည်ဟာ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးကို လုပ်ချင်တိုင်း လုပ်နိုင်ဖို့အတွက် လိုအပ်နေဆဲပါပဲ။

တကယ်လို့ လီဖူချန်းဟာ နတ်ဆိုးဆယ်ပါးနယ်မြေနဲ့ စစ်ပွဲကို စမယ်ဆိုရင်တော့ ယုလီနဲ့ ခေါ့ယွင်တို့လို အဆင့်မျိုးထက် မနိမ့်တဲ့ သူဆယ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ရမယ် ဆိုတဲ့ အချက်ကိုတော့ မဖြစ်မနေ ထည့်တွက် ထားရပါမယ်။ ပြီးတော့ မခန့်မှန်းနိုင်လောက်အောင် များပြားလှတဲ့ အဆင့် ၅ မိစ္ဆာတွေ၊ အဆင့် ၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတွေနဲ့ အဆင့် ၅ အဆင့်မြင့် သန္ဓေပြောင်း မိစ္ဆာသားရဲတွေရဲ့ ရန်ကလည်း ရှိနေပါသေးတယ်။

“ကျွန်တော့်ရဲ့ ကန့်သတ်ချက်ကို ကျွန်တော် သိပါတယ်”

လီဖူချန်းက အရူးတစ်ယောက် မဟုတ်ပါဘူး။ သူက အခုအချိန်မှာ နတ်ဆိုးဆယ်ပါး နယ်မြေနဲ့ စစ်ဖြစ်လို့ မရသေးဘူး ဆိုတာကို ကောင်းကောင်းကြီး ရိပ်စားမိပါတယ်။ သူက မိစ္ဆာတွေကို လူသားတွေဘက်မှာလည်း အစွမ်းထက် ပုဂ္ဂိုလ်တွေ ရှိသေးတယ် ဆိုတာကို ပြချင်ရုံ သက်သက်ပါပဲ။

“ဆရာကြီးမူ ... သတင်းကောင်းကိုသာ စောင့်နေလိုက်တော့”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ဖုန်းရွှယ်တောင်ထိပ်ပေါ်ကနေ ဖျတ်ခနဲ ပျောက်ကွယ် သွားခဲ့ပါပြီ။

“ဟား ... ဟား ... ဟုတ်ပါပြီကွာ”

မူဟန်ရှင်းကတော့ ရယ်ရင်းနဲ့ ကျန်နေခဲ့ပါတော့တယ်။ လီဖူချန်းက သည်အရွယ်နဲ့ ပြိုင်ဘက်ကင်း နေတာကလည်း မထူးဆန်းလှပါဘူး။ သည်လူငယ်က အကြောက်တရား ကင်းမဲ့ပြီး ဆုံးဖြတ်ချက် ခိုင်မာလွန်းလှပါတယ်။

ဟူး ... ဟူး ... ဟူး ...

လီဖူချန်းက မိစ္ဆာတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီကို ဦးတည် မသွားခဲ့ပါဘူး။ အဲသည်အစား သူက ချိုတစ်ချောင်း နတ်ဆိုးနယ်မြေကိုသာ ဦးတည်သွားခဲ့ပါတယ်။

- ချိုတစ်ချောင်းနယ်မြေဒေသ ၊ ချိုတစ်ချောင်း နန်းတော် -

ဂျွတ် ... ဂျွတ် ...

ချိုးတစ်ချောင်း နတ်ဆိုးဘုရင်က လူသား ကျင့်ကြံသူ ပညာရှင် အမြောက်အများကို အရသာခံကာ စားသောက် နေပါတယ်။

မိစ္ဆာတွေ အတွက်ကတော့ လူသားတွေဟာ အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ စားကောင်းသောက်ဖွယ်တွေပါပဲ။

လူသားတွေကို စားသောက်တာက သူတို့ရဲ့ မိစ္ဆာစွမ်းအင်တွေကို ပိုပြီး အားကောင်း စေပါတယ်။ သူတို့ စားသောက်ထားတဲ့ လူသား အရေအတွက် များလေလေ ပိုပြီး အစွမ်းထက်လေလေ ဆိုရင်လည်း မမှားပါဘူး။

“တောက် ... ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို မစားရတာက တကယ့်ကို စိတ်ပျက်စရာပဲ။ တကယ်လို့သာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်အချို့ကို စားလိုက်ရရင်တော့ ငါက သေချာပေါက် အဆင့် ၆ မိစ္ဆာ ဖြစ်သွားတော့မဲ့ဟာကို”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က အားမလို၊ အားမရ ဖြစ်နေပါတယ်။

ဝုန်း ...

အဲသည်အချိန်မှာပဲ ပေါက်ကွဲသံ တစ်ခုနဲ့အတူ ကြီးကျယ်ခမ်းနားလှတဲ့ ချိုတစ်ချောင်း နန်းတော်ကြီးဟာ နှစ်ခြမ်း ကွဲထွက်သွားခဲ့ပါပြီ။ အဲဒါတင် မကသေးပါဘူး။ အညှာအတာမဲ့တဲ့ ဓားချီက များပြားလှတဲ့ အဆင့် ၃ နဲ့ အဆင့် ၄ မိစ္ဆာတွေကို လောင်ကျွမ်းပြာကျ သွားစေပါသေးတယ်။ အဆင့် ၅ မိစ္ဆာတွေသာ သည်ဓားချီလှိုင်းတွေရဲ့ ဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ခဲ့ ကြပါတယ်။

“မိစ္ဆာကောင်တွေ ... သေဖို့ ပြင်ဆင်ထားကြ”

အေးစက်စက် အသံပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။ သူက ချိုတစ်ချောင်းနန်းတော်ရဲ့ အထက် ကောင်းကင်ယံမှာ ခံစားချက်မဲ့စွာ ရပ်တည် နေပါတယ်။

“လခွီးပဲ ... မင်းက ဘယ်သူလဲ။ ဘာကြောင့် ငါ့နန်းတော်ကို လာဖျက်ဆီး ရတာလဲ”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က ကောင်းကင်ပေါ်ကို တစ်ဟုန်ထိုး ပျံသန်းသွားပြီး ဒေါသတကြီးနဲ့ မေးလိုက်ပါတယ်။

“ငါ့နာမည် လီဖူချန်း”

လီဖူချန်းကတော့ အေးအေးဆေးပါပဲ။

“လီဖူချန်း ... မင်းက ငါ့ရဲ့ နယ်မြေထဲကို ဘာဝင်လာလုပ်တာလဲ။ မင်းက နောက်ဆုံးစစ်ပွဲကို စချင်ပြီလား”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ဒေါသတွေကတော့ ယမ်းပုံမီးကျ ဖြစ်နေပါပြီ။

“အရင်တိုက်ပြီးမှ စကားပြောကြရအောင်”

လီဖူချန်းက သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားတွေကို ကြေးဝါဓားချီတွေအဖြစ် ပြောင်းလဲလိုက်ပြီး ဓားကို ဆွဲထုတ် လိုက်ပါတယ်။

လီဖူချန်းရဲ့ လက်ရှိ နေဝန်းစိမ်းဓားဆန္ဒကတော့ တကယ့်ကို ကြောက်စရာပါပဲ။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ လီဖူချန်းရဲ့ လက်ထဲက ဓားကနေ ထွက်ပေါ်လာတဲ့ ဓားချီတွေကို ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး။

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ မရေမတွက်နိုင်တဲ့ ဓားဒဏ်ရာတွေဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တည် လာခဲ့ပါပြီ။

အဆင့် ၅ မိစ္ဆာတွေရဲ့ အဓိက အားသာချက်ကတော့ ခံနိုင်ရည် အလွန်ကောင်းတာပါပဲ။ အရှေ့ယူနီကွန်းတိုက် တစ်ခုလုံးမှာတော့ သူတို့ကို ဒဏ်ရာ ရစေနိုင်သူက ရှင်းတိကောဝမ်ကလွဲပြီး အခြားသူ မရှိပါဘူး။

“ထင်ထားသလိုပဲ။ အဆင့် ၅ မိစ္ဆာတွေရဲ့ ဦးဆောင်သူ တစ်ယောက်က နာမည်ကျော်ကြားမှုနဲ့ လိုက်အောင် သန်မာတယ်”

အဆင့် ၅ မိစ္ဆာတွေထဲမှာတောင်မှ အမျိုးအစားကိုလိုက်ပြီး အစွမ်းထက်မြက်မှုတွေ ကွာခြားပါတယ်။ သည်နေရာမှာ တစ်ချက် သတိပြုရမှာကတော့ အဆင့် ၅ မိစ္ဆာတွေထဲက အားအနည်းဆုံး မိစ္ဆာတွေတောင်မှ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် ပင်မအကြီးအကဲနဲ့ စွမ်းရည်ခြင်း သိပ်မကွာဘူး ဆိုတာပါပဲ။

“နေဝန်းစိမ်း အကြွင်းမဲ့”

လီဖူချန်းက နေဝန်းစိမ်းဓားဆန္ဒရဲ့ ဓားကွက်ကို ထုတ်သုံးလိုက်တဲ့ အခါမှာတော့ အစိမ်းရာင် အလင်းတန်းကြီး တစ်ခုဟာ နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ အစိမ်းရောင် အလင်းတန်းကြီးက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို မိုင်ပေါင်း တော်တော်ဝေးဝေး ရောက်တဲ့အထိ လွှင့်ထွက်သွားစေ ပါသေးတယ်။

“အား ... မျိုးမစစ်ကလေး ... ခွေးမျိုး”

လီဖူချန်းရဲ့ အကြွင်းမဲ့ ဓားကွက်က ချိုတစ်ချောင်း နတ်ဆိုး ဘုရင်ကို သေစေတဲ့ အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဲသည်အတွက် ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ လီဖူချန်းကို ဆဲရေးတိုင်းထွာပြီး ပြန်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကတော့ အတော်လေး ဆိုးဝါးနေခဲ့ပါပြီ။ သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာတော့ ဓားဒဏ်ရာတွေ ဗရပွပါပဲ။

သူ့ရဲ့ ဒဏ်ရာတစ်ခု ဆိုရင် အသားဖတ်ကြီး လှန်ထွက်နေတဲ့ အထိကို အခြေအနေ ဆိုးပါတယ်။ လီဖူချန်းက ဆက်ပြီး မတိုက်တော့တာဘဲ ကံကောင်းတယ်လို့ ဆိုရပါမယ်။ မဟုတ်လို့ကတော့ သူဟာ လီဖူချန်းရဲ့ ဓားချက်ကြောင့် သေတောင် သေနေလောက်ပါပြီ။

“လီဖူချန်း ... မင်းက ဘာဖြစ်ချင်တာလဲ”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က အသေအကျေ တိုက်တော့မဲ့ ပုံပါပဲ။ သူက သူ့ရဲ့ နဖူးပေါ်က ချိုကြီးကိုတောင်မှာ ဆွဲဖြုတ် ထားလိုက်ပါပြီ။

“ဘာမှ မဖြစ်ချင်ဘူး။ ငါက သည်အတိုင်း စကားပြောချင်ရုံလေးပါ”

လီဖူချန်းက သူ့ရဲ့ သွေးနီဓားကို သိမ်းလိုက်ပြီး ပြုံးတုံ့တုံ့နဲ့ ပြောလိုက်ပါတယ်။

‘ခွေးမသား ... မျိုးမစစ်ကောင် ... သည်ကောင် ဘာတွေကျိတ်ပြီး ကြံနေတာလဲ’

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က လီဖူချန်းရဲ့ အပြုံးကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး။

သည်လီဖူချန်းဆိုတဲ့ ကောင်က စကားပြောချင်တယ်လည်း ဆိုပါတယ်။ ပြီးတော့ သူ့ကိုလည်း ဓားနဲ့ သေလုမြောပါး တိုက်ခိုက်ပါသေးတယ်။ ဒါက စကားပြောချင်တယ်ဆိုတဲ့ သူတစ်ယောက်ရဲ့ အပြုအမူမျိုးတဲ့လား။ မဖြစ်နိုင်ပါဘူး။ စကားပြောချင်တဲ့ လူတစ်ယောက်ဟာ သည်လို တစ်ဖက်သားကို သေလုမြောပါး ဖြစ်အောင် တိုက်ခိုက်စရာ အကြောင်း မရှိပါဘူး။

အခုတောင်မှ သည်လူသားကောင်ရဲ့ အပြုံးက အင်မတန် ကြောက်စရာ ကောင်းနေတယ်လို့ ခံစားနေရသလိုပါပဲ။ သေချာလွန်းမက သေချာလွန်း နေပါပြီ။ သည်သကောင့်သားက သူကို ကောင်းတဲ့စိတ်၊ ရည်ရွယ်ချက်နဲ့ ပြုံးပြနေတာ မဟုတ်ပါဘူး။

***

All Chapters