← Chapters

အစဉ်လိုက် သတိပေးခြင်း

Vol. 32 Ch. 430

အစဉ်လိုက် သတိပေးခြင်း

Vol. 32 Ch. 430

လီဖူချန်းက အခုလောလောဆယ်မှာတော့ နတ်ဆိုးဆယ်ပါးနယ်မြေနဲ့ စစ်မဖြစ်ချင်သေးတာ အမှန်ပါပဲ။ အဲသည်အတွက် သူက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို မသတ်သေးတာ ဖြစ်ပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို သတ်လိုက်ပြီ ဆိုရင်တော့ နတ်ဆိုးဆယ်ပါး နယ်မြေဟာ စုစည်း သွားတော့မှာပါ။ အဲသည်လို ဖြစ်သွားပြီ ဆိုရင်တော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့အနေနဲ့ စစ်ပွဲကို ဘယ်လိုမှ ရှောင်လွဲလို့ ရတော့မှာ မဟုတ်ပါဘူး။

လီဖူချန်းကတော့ သူ့ကိုယ်သူ ကာကွယ် စောင့်ရှောက်နိုင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လူသားမျိုးနွယ် ဘက်ကိုလည်း ထည့်တွက်ရပါဦးမယ်။ ယုလီ၊ ခေါ့ယွင်နဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တော်တော်များများ မရှိတော့တဲ့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ဟာ စစ်ပွဲမှာ အောက်စည်းရောက်နေမှာ အသေအချာပါပဲ။

လီဖူချန်းက သည်အဘိုးကြီး နှစ်ယောက်ကို သတ်ပစ်လိုက်မိတဲ့ အတွက်တော့ နောင်တ လုံးဝမရပါဘူး။ ခေါ့ယွင်နဲ့ ယုလီတို့ဟာ သေသင့်သေထိုက်တဲ့ သူတွေပင် မဟုတ်ပါလား။

“လီဖူချန်း ... မင်းဘာလုပ်လိုက်မိပြီလည်း ဆိုတာကိုကော မင်းသိရဲ့လား”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သူ့ရဲ့ ချိုကြီးကို ကိုင်ထားရင်းနဲ့ လီဖူချန်းကို ခြိမ်းခြောက်လိုက်ပါတယ်။

လီဖူချန်းကတော့ သူ့ရဲ့ ခြိမ်းခြောက်မှုကို ဂရုစိုက်ပုံ မရပါဘူး။ သူက ခပ်ပြုံးပြုံးနဲ့ ပြောလာခဲ့ပါတယ်။

“မင်းရဲ့ လက်အောက်ခံ မိစ္ဆာတွေကို မင်းဆီကို ပြန်လာဖို့ ဆင့်ခေါ်လိုက်။ မဟုတ်လို့ကတော့ ငါနောက်တစ်ခါ ပြန်လာရင် မင်းအသက်ရှိတော့မှာ မဟုတ်ဘူး”

လီဖူချန်းရဲ့ စကားက ချိုတစ်ချောင်း နတ်ဆိုးဘုရင်အတွက်တော့ သာမန် ခြိမ်းခြောက်တဲ့ စကားလေး တစ်ခုပဲ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ အမှန်တကယ်မှာတော့ ဒါက လီဖူချန်းရဲ့ သတိပေးခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

ဝှစ် ...

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ တစ်စုံတရာ ပြန်ပြောခွင့်တောင် မရလိုက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းဟာ သူ့ရဲ့စကားဆုံးတာနဲ့ တစ်ပြိုင်နက် ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ မျက်စ်အောက်ကနေ ပျောက်ကွယ် သွားလို့ပါပဲ။

“လခွီးပဲကွာ ... သည်ကောင်က ဘာလဲ”

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က ဒေါသတွေကို ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ဦးချိုကိုဝှေ့ယမ်း ပစ်လိုက်ပါတယ်။

ဝုန်း ...

မိုင်ပေါင်းအနည်းငယ် အကွာမှာရှိတဲ့ တောင်ပူစာလေး တစ်လုံးကျတာ့ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့ပါပြီ။ သည်တောင်ပူစာလေးက ချိုတစ်ချောင်းနတ်ဆိုးဘုရင်ရဲ့ ဒေါသကို ဘယ်လိုမှ တောင့်ခံနိုင်စွမ်း မရှိခဲ့ပါဘူး။

နောက်ထပ် တစ်ရက် အကြာမှာတော့ လီဖူချန်းဟာ စွမ်းအင်နတ်ဆိုး နယ်မြေဒေသကို ရောက်လာခဲ့ပါတယ်။

စွမ်းအင်နတ်ဆိုး နယ်မြေဒေသကိုတော့ အဆင့် ၅ မိစ္ဆာတစ်ကောင်ဖြစ်တဲ့ စွမ်းအင်နတ်ဆိုး ဘုရင်က အုပ်စိုးနေတာပါ။ ခန္ဓာကိုယ် သန်စွမ်းမှုခြင်း ယှဉ်ရင်တော့ စွမ်းအင်နတ်ဆိုး ဘုရင်ဟာ ရှန်းဟွတောင် နယ်မြေဒေသရဲ့ ရှန်းဟွတောင် ဆင်ဘုရင်နဲ့ သိပ်မကွာပါဘူး။

ယား ...

ကျယ်လောင်လှတဲ့ ကြွေးကြော်သံ တစ်ခုအပြီးမှာတော့ ပေပေါင်း ရာနဲ့ချီမြင်တဲ့ တောင်ပူစာလေး တစ်လုံးဟာ မြေပြင်ပေါ်ကနေ ကြွတက် လာခဲ့ပါတယ်။ ထို့နောက်မှာတော့ ပေသုံးဆယ်လောက် မြင့်တဲ့ စွမ်းအင် နတ်ဆိုးဘုရင်ဟာ သူ့ရဲ့ ခွန်အားတွေကို အသုံးပြုပြီး တောင်ပူစာနဲ့ လီဖူချန်းကို ပစ်ပေါက်လိုက်ပါတယ်။

ဝှီး ...

တောင်ပူစာလေးဟာ လေထုနဲ့ ပွတ်တိုက်မိ အပြီးမှာတော့ မီးတောက်တွေ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပူလောင်သွားစေခဲ့ပါပြီ။ အဲဒါက ဥက္ကာခဲကြီးတစ်လုံး ကမ္ဘာပေါ်ကို ကျရောက် လာသလိုပါပဲ။

“လာစမ်းပါ”

လီဖူချန်းကို နောက်ဆုတ် ရှောင်တိမ်းဖို့ လုံးဝ မစဉ်းစားထားခဲ့ပါဘူး။ သူက သူ့ရဲ့ သွေးနီဓားကို ထုတ်လိုက်ပြီး အလျှံတညှီးညှီး တောက်လောင်နေတဲ့ တောင်ပူစာကို ခုတ်ပိုင်းလိုက်ပါတယ်။

ဘန်း ...

လီဖူချန်းရဲ့ ဓားချက် ထွက်ပေါ်လာ အပြီးမှာတော့ တောင်ပူစာဟာ သန်းနဲ့ချီတဲ့ အပိုင်းအစဘဝကို ပြောင်းသွားခဲ့ပါပြီ။

ဖတ် ... ဖတ် ... ဖတ် ... ဖတ် ...

မြေပြင်ပေါ်ကို ပြန်ကျလာတဲ့ အစိတ်အပိုင်းတွေဟာ မိုးသည်းထန်စွာ ရွာသွန်းနေသလိုပါပဲ။

“နေဝန်းစိမ်း အကြွင်းမဲ့”

လီဖူချန်းရဲ့ တိုက်ခိုက်မှုက မရပ်တန့်သွား သေးပါဘူး။ သူက “နေဝန်းစိမ်း အကြွင်းမဲ့” ဓားကွက်ကို ထုတ်ပြီး အဆုံးသတ် လိုက်ပါတယ်။

ဟူး ...

ဖောင်း ...

မျက်စိ ကျိန်းလောက်အောင် တောက်ပလွန်းတဲ့ အစိမ်းရောင် အလင်းတန်းကြီး တစ်ခုဟာ လီဖူချန်းရဲ့ ဓားကနေ ထွက်ပေါ်လာပြီး စွမ်းအင်နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပါပြီ။

ဒါပေမဲ့ အံ့သြစရာပါပဲ။ “နေဝန်းစိမ်းဓားဆန္ဒ အကြွင်းမဲ့” ဟာ စွမ်းအင်နတ်ဆိုး ဘုရင်ကိုတော့ ဒဏ်ရာ ကြီးကြီးမားမားရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ စွမ်းအင်နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ် မာကျောမှုဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ထက် သာနေတယ်ဆိုတာ သိသာလွန်းမက သိသာနေပါပြီ။

“မိစ္ဆာချီတွေ လာစမ်း”

မိစ္ဆာချီစွမ်းအင်တွေကို လည်ပတ်အပြီးမှာတော့ စွမ်းအင်နတ်ဆိုး ဘုရင်ရဲ့ ဒဏ်ရာတွေဟာ ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ သူက နှာခေါင်းရှုံ့လိုက်ပြီး လီဖူချန်းကို လှောင်ပြောင် လိုက်ပါသေးတယ်။

“ဟမ့် ... မင်းရဲ့ အစွမ်းလောက်နဲ့ ငါ့ကို ဘာတတ်နိုင်မှာလဲ”

ခန္ဓာကိုယ် မာကျောမှု ဒါမှမဟုတ် ခံနိုင်ရည်ခြင်း ယှဉ်မယ်ဆိုရင်တော့ စွမ်းအင်နတ်ဆိုး ဘုရင်ဟာ တကယ့်ကို ထိပ်တန်းအဆင့်မှာပါပဲ။ နတ်ဆိုးဆယ်ပါး နယ်မြေမှာဆိုရင် တောင်ကို တုန်လှုပ်စေသူ ရှန်းဟွတောင် ဆင်ဘုရင်တစ်ယောက်သာ ခံနိုင်ရည်အရာမှာ သူ့ကို ယှဉ်နိုင်တာပါ။ သူတို့ နှစ်ယောက်စလုံးဟာ ခန္ဓာကိုယ် သန်စွမ်းမှုကော ခံနိုင်ရည်အပိုင်းမှာပါ အတူတူလောက် ရှိပါတယ်။

“အိုး ... ဟုတ်လား။ ဒါဆိုရင် ငါ့ရဲ့ သည်ဓားချက်ကကော”

လီဖူချန်းက သူ့ရဲ့ မီးလျှံစွမ်းအားတွေကို အသက်သွင်းလိုက်ပြီး နောက်ထပ် ဓားချက်တစ်ချက် ထုတ်လိုက်ကာ စွမ်းအင်နတ်ဆိုးဘုရင်ကို ခုတ်ပိုင်းပစ်လိုက်ပါပြီ။

လီဖူချန်းအတွက်ကတော့ စွမ်းအင်နတ်ဆိုးဘုရင်ဟာ သက်ရှိ ပစ်မှတ်တစ်ခုလိုပါပဲ။ သူဟာ လီဖူချန်းရဲ့ ဓားချက်ကို စိတ်ရှိသလို ရှောင်တိမ်းနိုင်စွမ်း မရှိပါဘူး။

“အား”

လီဖူချန်းရဲ့ ဓားချီတွေက စွမ်းအင်နတ်ဆိုးဘုရင်ကို အညှာအတာ ကင်းမဲ့စွာ ဖြတ်ပိုင်းသွားခဲ့ပါတယ်။

သည်တစ်ကြိမ်မှာတော့ စွမ်းအင်နတ်ဆိုး ဘုရင်ဟာ သူ့ရဲ့ ခံနိုင်ရည်နဲ့ ပတ်သက်ပြီး မမော်ကြွားရဲတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ ဓားချက်က သူ့ရဲ့ ရင်ဘတ်ကို ဟက်တက်ကွဲ သွားစေရုံသာမက ခန္ဓာကိုယ် တစ်ခုလုံးကိုပါ မီးလောင်ကျွမ်းသွားသလို မည်းတူးချိတ်သွား စေလို့ပဲ ဖြစ်ပါတယ်။

“မင်း ... မင်း ဘာဖြစ်ချင်တာလဲ”

စွမ်းအင်နတ်ဆိုးဘုရင်ရဲ့ မျက်နှာအမူအရာတွေ ကတော့ ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ရဲ့ လေသံက တုန်ယင်နေခဲ့သလို မျက်နှာပေါ်မှာလည်း ကြောက်ရွံ့မှုတွေက အထင်းသားပါပဲ။

သူ့အနေနဲ့ လီဖူချန်းကို မကြောက်လို့လည်း မရတော့ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လီဖူချန်းရဲ့ဓားကို သူ့ရဲ့ရင်ဘတ်ကို ဟက်တက် ကွဲသွားစေခဲ့ပြီးပြီ မဟုတ်ပါလား။

လီဖူချန်းက ပြုံးတုံ့တုံ့နဲ့ ပြောလိုက်ပါတယ်။

“ငါလား ... ငါက ဘာမှ မဖြစ်ချင်ပါဘူး။ သည်အတိုင်း စကားနည်းနည်းပါးပါး ပြောရုံပါပဲ”

“သွားစမ်းပါကွာ ... ။ မင်း ဘာဖြစ်ချင်တာလဲ ဆိုတာသာ ပြောလိုက်”

စွမ်းအင်နတ်ဆိုးဘုရင်က လီဖူချန်းရဲ့ အပြုံးကို လုံးဝ မခံစားနိုင်ပါဘူး။ သူက လီဖူချန်းရဲ့ အပြုံးကနေပြီး ကျောချမ်းစရာ အေးစက်စက် အငွေ့အသက် တစ်ခုကို ရနေပါတယ်။

အဲသည်အချိန်မှာပဲ လီဖူချန်းက ပြုံးနေတာကို ရပ်လိုက်ပြီး ရေခဲသမျှ အေးစက်တဲ့ လေသံဖြင့် …

“မင်းရဲ့ စွမ်းအင်နတ်ဆိုး နယ်မြေက မိစ္ဆာတွေ အကုန်လုံးကို ပြန်ဆင့်ခေါ်လိုက်။ လူသားတွေရဲ့ နယ်မြေမှာ မင်းရဲ့ လက်အောက်ခံ မိစ္ဆာတွေ တစ်ကောင်မှ မရှိစေနဲ့။ သည်တစ်ကြိမ်က မင်းကို သတိပေးတာပဲ။ နောက်တစ်ခေါက် ငါပြန်လာရင် ငါ့လက်ထဲက ဓားက မင်းကို နောက်တစ်နေ့ နေထွက်တာကို မြင်ခွင့်ပေးတော့မှာ မဟုတါဘူး”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူ့ရဲ့ဓားကို ရုတ်သိမ်းပြီး ချာခနဲ လှည့်ထွက်သွားခဲ့ပါပြီ။ သူက စွမ်းအင်နတ်ဆိုးဘုရင်ရဲ့ စကားပြန်ကိုတောင်မှ မစောင့်တော့ပါဘူး။

“ဟူး ... လူသားတွေက ပိုပိုပြီး ကြောက်စရာ ကောင်းလာတာပဲ”

စွမ်းအင်နတ်ဆိုး ဘုရင်တော့ ဝေခွဲရခက်တဲ့ မျက်လုံးတွေနဲ့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ရင်း ကျန်နေခဲ့ပါတော့တယ်။

စွမ်းအင်နတ်ဆိုးနယ်မြေကနေ ထွက်ခွာအပြီးမှာတော့ လီဖူချန်းဟာ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

“လခွီးပဲ။ ငါ့ရဲ့ ချီအတွင်းအားတွေက ရေရှည်တိုက်ပွဲ တိုက်ဖို့အတွက် မလုံလောက်သေးပါလား။ သည်အတိုင်း ဆိုရင်တော့ မလွယ်ဘူး”

နေဝန်းစိမ်း အကြွင်းမဲ့ပဲဖြစ်ဖြစ် ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက် ဖြစ်ဖြစ်ပါလေ။ သည်နှစ်မျိုးစလုံးက ချီအတွင်းအားတွေကို အလျင်အမြန် ကုန်ခန်းစေတဲ့ အရာတွေပါပဲ။

နေဝန်းစိမ်းဓားဆန္ဒရဲ့ အကြွင်းမဲ့က လီဖူချန်းရဲ့ ချီအတွင်းအား ၂၀ ရာခိုင်နှုန်းကို ကုန်ခန်းစေပြီး ကောင်းကင်ပျက်သုဉ်းခြင်း ဓားအာင်းကွက်ကတော့ သူ့ရဲ့ ချီအတွင်းအား ၃၀ ရာခိုင်နှုန်းကို ကုန်ခန်းစေပါတယ်။

စွမ်းအင်နတ်ဆိုးဘုရင်နဲ့ တိုက်ခိုက်တဲ့ နေရာမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအား ၄၀ ရာခိုင်နှုန်းကိုတောင် အသုံးပြုခဲ့ရတာပါ။ အဲဒါက သူ့အနေနဲ့ ကောင်းကင်ပျက်သုဉ်းခြင်း ဓားသိုင်းကို မသုံးရင် စွမ်းအင်နတ်ဆိုး ဘုရင်ကို ဘယ်လိုမှ မသတ်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီးခေါင်းဆောင် အတော်များများဟာ ယုလီနဲ့ ခေါ့ယွင်တို့ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ခံနိုင်ရည်အပိုင်းမှာတော့ သူတို့တွေဟာ ယုလီနဲ့ ခေါ့ယွင်ထက်ကို အများကြီး သာကြပါတယ်။ သူတို့ကို အနိုင်ယူဖို့ ဖြစ်နိုင်ပေမဲ့လည်း သတ်ဖြတ်ဖို့ကတော့ သိပ်ပြီး မလွယ်လှပါဘူး။ ဒါက မိစ္ဆာတွေ၊ မိစ္ဆာသားရဲတွေရဲ့ အားသာချက်ပါပဲ။ သူတို့တွေဟာ သူတို့ရဲ့ မွေးရာပါ ခန္ဓာကိုယ် ကြံ့ခိုင်မာကျောခြင်း၊ ခံနိုင်ရည် ရှိခြင်းတို့ကြောင့် သေဖို့ ခဲယဉ်းလွန်းလှပါတယ်။ ရှင်းတိကောဝမ် ကိုယ်တိုင်တောင်မှ သူတို့ကို သတ်ဖို့အတွက် ဆိုရင် အတော်လေး အားစိုက်ထုတ်ရမှာပါ။

“မဖြစ်သေးဘူး။ ငါ့အနေနဲ့ နေဝန်းစိမ်းဓားဆန္ဒကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ထားနိုင်မှ ဖြစ်တော့မယ်။ ငါ့ရဲ့ တခြားဓားကွက်တွေက နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်နဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်လေး လိုနေတယ်”

လက်ရှိအချိန်မှာတော့ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက်ဟာ လီဖူချန်းရဲ့ အကောင်းဆုံး ဓားကွက်ပါပဲ။ ဒါပေမဲ့လည်း သည်ဓားကွက်ဟာ သူ့ရဲ့ ချီအတွင်းအား တော်တော်များများ ကုန်ခန်းစေပါတယ်။ တကယ်လို့သာ လီဖူချန်းအနေနဲ့ နေဝန်းစိမ်းဓားဆန္ဒကို တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ပြီ ဆိုရင်တော့ ချီအတွင်းအားတွေကို သိပ်ပြီး သုံးရတော့မှာ မဟုတ်ပါဘူး။ အဲသည်အတွက် သူဟာ နေဝန်းစိမ်း ဓားဆန္ဒကို တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့အထိ လေ့ကျင့်ဖို့ လိုနေပြီလို့ ခံစားနေရတာပါ။

ထို့နောက်မှာတော့ လီဖူချန်းဟာ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခုကို ရှာဖွေလိုက်ပြီး ကုန်ခန်းသွားတဲ့ ချီအတွင်းအားတွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် လုပ်ဆောင်လိုက်ပါတယ်။

နောက်ထပ် နှစ်ရက်အကြာမှာတော့ လီဖူချန်းဟာ မိစ္ဆာကျား နယ်မြေကို ရောက်လာခဲ့ပါပြီ။

သည်မိစ္ဆာကျားနယ်မြေရဲ့ ဦးစီးခေါင်းဆောင်ဖြစ်တဲ့ မိစ္ဆာအင်းကွက်ကျားဟာ နဂိုမူလတုန်းကတော့ အဆင့် ၅ အထွတ်အထိပ်အဆင့် ဖြစ်တဲ့ မိစ္ဆာသားရဲ တစ်ကောင်ပါပဲ။ ဒါပေမဲ့လည်း သူဟာ ထူးဆန်းတဲ့ ရှေးဟောင်းမိစ္ဆာ အင်းကွက်ကို စားခဲ့မိပါတယ်။ အဲသည်နောက်မှာတော့ သူဟာ မိစ္ဆာသားရဲတွေရဲ့ အစွမ်းတွေကော မိစ္ဆာတွေရဲ့ အစွမ်းတွေကိုပါ ပိုင်ဆိုင်လာခဲ့တာပါပဲ။ မျိုးစိတ်နှစ်ခုလုံးရဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာအင်းကွက်ကျားဟာ အတော်လေးကို ကြောက်စရာသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အစွမ်းဟာ နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ အစွမ်းအထက်ဆုံး ဦးစီးခေါင်းတွေထဲမှာ ပါဝင်ပြီး ရှီဟွာဘုရင်မနဲ့ သွေးနတ်ဆိုး ဘုရင်ထက်ကို အနည်းငယ်သာ နိမ့်ကျပါတယ်။

“ဝေါင်း”

ဘန်း ... ဘန်း ...

ဝုန်း ...

မိစ္ဆာကျားနယ်မြေရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ လူငယ်လေး တစ်ယောက်နဲ့ ကျားကြီးတစ်ကောင်ဟာ ရန်စောင်လျက် ရှိနေကြပါတယ်။

ကျားကြီးကတော့ ပေတစ်ထောင်နီးပါး မြင့်ပြီး အနက်ရောင် အမွေးအမှင်တွေကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင်လည်း နက်ရွှေရောင် အင်းကွက်တစ်ခုဟာ အရောင် တဖိတ်ဖိတ် တောက်ပလျက် ရှိနေပါပြီ။ ပြီးတော့ သူ့ရဲ့ ဟိန်းသံကလည်း ကောင်းကင် တစ်ခုလုံးကိုတောင် တုန်ခါသွားစေသလိုပါပဲ။

လူငယ်ကတော့ အနက်ရောင် ဆံပင်တွေကို စုစည်း ချည်နှောင်ထားခြင်း မရှိဘဲ ဖြန့်ချထားကာ ကောင်းကင်ယံပေါ်မှာ ရပ်နေပါတယ်။ သူ့ရဲ့ လက်ထဲမှာတော့ သွေးနီရောင် ဓားတစ်လက် ရှိနေပြီး မျက်နှာထက်မှာတော့ ခပ်ထေ့ထေ့ အပြုံးတစ်ခုကို ဆင်မြန်းထားပါတယ်။ သည်လူငယ်ကို ကြည့်ရတာက အကြောက်အလန့် ကင်းမဲ့ပြီး ဘယ်သူ့မှ ထီမထင်တဲ့ ပုံစံပါပဲ။

“လူသားစုတ် ... သေပေတော့”

“ဝေါင်း”

အနက်ရောင် ကျားမိစ္ဆာကြီးရဲ့ ကြုံးဝါးသံ အပြီးမှာတော့ ကျားကြီးတစ်ကောင်ရဲ့ အရိပ်ဟာ လေထဲမှာ ပေါ်လာပြီး ဟိန်းသံ တစ်ခု ပေးလိုက်ပါတယ်။

ဟူး ...

လေဟာနယ် ဟင်းလင်းပြင်ဟာ တုန်ခါသွားပြီး အချိန်တွေဟာ ရပ်တန့်သွားပုံပါပဲ။

“ဒါက လေဟာနယ် ဟင်းလင်းပြင် စွမ်းအားလား”

လီဖူချန်းက မျက်မှောင်ကြုတ်ပြီး မိစ္ဆာအင်းကွက်ကျားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ မိစ္ဆာအင်းကွက်ကို ကြည့်လိုက်မိပါတယ်။ သည်မိစ္ဆာကျားအင်းကွင်းက လေဟာနယ် ဟင်းလင်းပြင် စွမ်းအားကို ပိုင်ဆိုင်ထားတယ် ဆိုတာ အသိသာကြီးပါပဲ။ မိုင်ပေါင်း အနည်းငယ် ပတ်ဝန်းကျင် အတွင်းမှာတော့ အချိန်စီးဆင်းပုံဟာ နှေးကွေးနေခဲ့ပါပြီ။

ဒါပေမဲ့လည်း သည်စွမ်းအားက တစ်ပိုင်းတစ်စလေးသာ ရှိပါသေးတယ်။ တကယ်လို့ မိစ္ဆာအင်းကွက်သာ အပြည့်အဝ နိုးထလာခဲ့မယ် ဆိုရင်တော့ မိစ္ဆာအင်းကွက်ကျားဟာ လေဟာနယ် ဟင်းလင်းပြင်စွမ်းအားကို ကျင်လည်စွာ ထိန်းချုပ်နိုင်မှာပါ။ အဲသည်လို ဖြစ်သွားခဲ့ရင်တော့ သူဟာ အတွေးတစ်ချက်နဲ့တင် တိုက်တစ်ခုလုံးရဲ့ အချိန်စီးဆင်းပုံကို နှေးကွေးနိုင်စေပြီး သက်ရှိမှန်သမျှကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားမှာ အသေအချာပါပဲ။ အဲသည်လို အရာက မူလပင်လယ် နယ်ပယ်အဆင့် ဘုရင်တွေနဲ့ မိစ္ဆာဘုရင်တွေတောင်မှ တတ်စွမ်းနိုင်တဲ့အရာ မဟုတ်ပါဘူး။

လေဟာနယ် ဟင်းလင်းပြင်စွမ်းအားကို ထိန်းချုပ်နိုင်တယ်ဆိုတာက နတ်ဘုရားဆန်တဲ့ စွမ်းရည်တစ်ခုပင် မဟုတ်ပါလား။

( note - သည်မှာ ပြောထားတဲ့ မိစ္ဆာဘုရင်တွေ ဆိုတာက အဆင့် ၇ မိစ္ဆာသားရဲတွေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ )

မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံက လီဖူချန်းကို အနည်းငယ် တုံ့ဆိုင်းသွားစေတာ အမှန်ပါပဲ။ မိစ္ဆာအင်းကွက်ကျားက တုံ့ဆိုင်းနေတဲ့ လီဖူချန်းကို အခွင့်ကောင်းယူပြီး လက်သည်းနဲ့ ကုတ်ဆွဲလိုက်ပါတယ်။

ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ သည်ကုတ်ဆွဲချက်သာ ထိသွားလို့ကတော့ လီဖူချန်းဟာ သေချာပေါက် အကြီးအကျယ် ဒဏ်ရာ ရပါပြီ။

ဒါပေမဲ့လည်း လေဟာနယ် ဟင်းလင်ပြင် စွမ်းအားကို သေသေချာချာ အသုံးမပြုနိုင်သေးတဲ့ မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံဟာ လီဖူချန်းအပေါ်မှာ အချိန်အကြာကြီး သက်ရောက်နိုင်စွမ်း မရှိပါဘူး။

“အဟက် ... ဒါမျိုး ရမလားကွ”

လီဖူချန်းက သတိပြန်ဝင်လာတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ သွေးနီဓားကို ဆွဲထုတ်ပြီး လက်သည်း ကုတ်ချက်ကို ပြန်လည် ခုခံလိုက်ပါတယ်။

“ဝေါင်း ... ဝေါင်း ... ဝေါင်း ... ”

မိစ္ဆာအင်းကွက်ကျားကလည်း သူ့ရဲ့ အကြောင်းကို သူ အသိဆုံးပါပဲ။ အဲသည်အတွက် သူက ဟိန်းသံတွေကို အဆက်မပြတ် ပြုလုပ်လိုက်ပြီး လီဖူချန်းကို တုံ့ဆိုင်း သွားစေဖို့အတွက် လုပ်ဆောင်လိုက်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက အဲသည်အကွက်ကို ကြိုတင် တွက်ဆ ထားပြီးပါပြီ။

“နေမင်းဇောအဟုန် လာစမ်း”

သူက မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံကို ကာကွယ်ဖို့အတွက် နေမင်းဇောအဟုန် စွမ်းအားစက်ကွင်းကို ဖြန့်ကြက် ထားပါတယ်။

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ တုံ့ဆိုင်းသွားခြင်း မရှိခဲ့ပါဘူး။ မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံက သူ့ရဲ့ လှုပ်ရှားမှုကိုသာ အနည်းငယ် နှေးကွေးစေနိုင်စွမ်း ရှိခဲ့ပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ စွမ်းအားစက်ကွင်း တွေမှာလည်း ဟင်းလင်းပြင် လေဟာနယ်စွမ်းအား အနည်းငယ် ပါဝင်ပတ်သက် နေတာပါပဲ။ အဲဒါက မိစ္ဆာအင်းကွက်ကျားရဲ့ ဟင်းလင်းပြင် လေဟာနယ် စွမ်းအားနဲ့ မယှဉ်နိုင်ပေမဲ့လည်း ခုခံဖို့အတွက်တော့ ဖြစ်နိုင်ပါသေးတယ်။

“နေဝန်းစိမ်း အကြွင်းမဲ့”

ဘန်း ...

လီဖူချန်းရဲ့ နေဝန်းစိမ်း အကြွင်းမဲ့ ဓားကွက် ထွက်ပေါ်လာ အပြီးမှာတော့ မိစ္ဆာအင်းကွက်ကျားဟာ ဘယ်လိုမှ တောင့်မခံနိုင်ဘဲ လွင့်ထွက်သွားခဲ့ပါပြီ။

ခွန်အားစွမ်းပကားချင်း ယှဉ်တဲ့နေရာမှာတော့ မိစ္ဆာအင်းကွက်ကျားဟာ စွမ်းအင်နတ်ဆိုး ဘုရင်ထက် သာကောင်း သာနေပါလိမ့်မယ်။ ဒါပေမဲ့ ခံနိုင်ရည်ခြင်း ယှဉ်လိုက်ရင်တော့ မိစ္ဆာအင်းကွက်ကျားဟာ သွေးနတ်ဆိုးဘုရင်ကို လုံးဝ မယှဉ်နိုင်ပါဘူး။

မိစ္ဆာအင်းကွက်ကျားဟာ ဓားကွက်ကို ခုခံနိုင်ခြင်း မရှိရုံမက လီဖူချန်းရဲ့ ဓားချက်ကြောင့် ခြေထောက်တစ်ချောင်း ပြတ်လုနီးပါးတောင် ဖြစ်သွားပါသေးတယ်။

ထုံးစံအတိုင်း သတိပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မိစ္ဆာကျား နယ်မြေကနေ ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ နောက်ထပ် ဦးတည်ရာကတော့ ရှန်းဟွတောင် ဆင်ဘုရင် အုပ်စိုးနေတဲ့ ရှန်းဟွတောင် နယ်မြေပါပဲ။ ဒါက သူ့ရဲ့ နောက်ဆုံး ပစ်မှတ်လည်း ဖြစ်ပါတယ်။

လီဖူချန်းက နတ်ဆိုးဆယ်ပါး နယ်မြေစလုံးကို သွားရောက်ပြီး သတိပေးဖို့အတွက် မစွမ်းဆောင်နိုင်သေးပါဘူး။ နယ်မြေဒေသ လေးခုက သူ့ရဲ့ ကန့်သတ်ချက်ပါပဲ။

ပြီးတော့သူက နတ်ဆိုးဆယ်ပါး နယ်မြေတွေ ပူးပေါင်းပြီး တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်ပါသေးတယ်။

ရှန်းဟွတောင်နယ်မြေ ...

ကျွီး ... ကျွီး ... ကျွီး ...

သည်နယ်မြေရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ ဧရာမ ဆင်ကြီးတစ်ကောင်ရဲ့ အော်သံတွေနဲ့ ဆူညံနေခဲ့ပါပြီ။

ပေတစ်ထောင်ရှိတဲ့ ဧရာမ ဆင်ကြီးတစ်ကောင်နဲ့ ခြောက်ပေသာသာမျှရှိတဲ့ လူသားတစ်ယောက်ရဲ့ တိုက်ပွဲ ...

သည်အတိုင်း အပေါ်ယံ စဉ်းစားကြည့်လိုက်မယ် ဆိုရင်တော့ ဧရာမ ဆင်ကြီးက လူသားအပေါ်မှာ အသာလေး အနိုင်ယူနိုင်မယ့် ပုံပါပဲ။ ဒါပေမဲ့ တကယ့် တကယ်တမ်းမှာတော့ အဲသည်လို မဟုတ်ခဲ့ပါဘူး။

ဘန်း ... ဘန်း ... ဘန်း ...

ဝုန်း ...

သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက အနီးအနားမှာ ရှိတဲ့ တောင်တွေကို ပြိုကျ စေရုံသာမက မြေပြင်တွေကိုလည်း အက်ကွဲရာကြီးတွေ ဖြစ်ပေါ်စေပါတယ်။ ဒါက တကယ့်ကို အင်အားချင်း ညီမျှတဲ့ ရန်သူနှစ်ယောက် တိုက်ခိုက်နေတာပါပဲ။

“ဟမ့် ... သည်ကောင်ကြီးက ငါထင်ထားတာထက် ပိုအစွမ်းထင်နေပါလား”

လီဖူချန်းကတော့ ရှန်းဟွတောင် ဆင်ဘုရင်ရဲ့ ခွန်အားတွေကို ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါပြီ။ သည်ရှန်းဟွတောင် ဆင်ဘုရင်က သူ ထင်ထားတာထက်ကိုတောင်မှ အစွမ်းထက်နေပ်တာ မဟုတ်ပါလား။

ရှန်းဟွတောင် ဆင်ဘုရင်က နှာမောင်းရိုက်ချက် တစ်ချက် ထုတ်လိုက်တိုင်းဟာ လေဟာနယ် ဟင်းလင်ပြင် စွမ်းအားတစ်ခု ထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ရပ်တန့် သွားစေပါတယ်။ အဲဒါက မိစ္ဆာအင်းကွက်ကျားရဲ့ ဟိန်းသံလောက် အားမကောင်း ပေမဲ့လည်း သူ့ဟာနဲ့သူတော့ သက်ရောက်မှု ရှိနေတာပါပဲ။

“ကြည့်ရတာ သည်ရှန်းဟွတောင် ဆင်ဘုရင်က သားရဲဘုရင်ဖြစ်တဲ့ ရှေးဟိုင်းဆင် ပါရှန်းရဲ့ သွေးမျိုးဆက်ကို ထင်ထားတာထက် ပိုဆက်ခံ ထားတာ ဖြစ်ရမယ်”

သားရဲဘုရင်တွေ ဆိုတာက တကယ်တော့ မိစ္ဆာဘုရင်တွေပါပဲ။

မိစ္ဆာဘုရင် ( ဝါ ) သားရဲဘုရင် ပါရှန်းဟာ အရှေ့ယူနီကွန်းတိုက်ရဲ့ ရှေးခေတ် ကာလတွေ ကတည်းက တည်ရှိခဲ့တဲ့ ကြောက်စရာ အကောင်းဆုံး တည်ရှိမှု တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကောလာဟလတွေ အရဆိုရင်တော့ ပါရှန်းဟာ ဘယ်လောက်ကြီးတဲ့ တောင်ကိုမဆို နှာမောင်းနဲ့ အသာလေး မ ယူနိုင်ပါတယ်တဲ့။

***

All Chapters