← Chapters

အသက်လမ်းကျင့်စဉ်ကျင့်ကြံခြင်း 

Vol. 36 Ch. 499

အသက်လမ်းကျင့်စဉ်ကျင့်ကြံခြင်း 

Vol. 36 Ch. 499

စုမင်က ရှေ့ကို ဆက်လျှောက်လာလေသည်။သူက မြေပြင်ရှိ လျှိုမြောင်များကို ဖြတ်ကျော်ကာ  ရွှေလင်းနို့များ ပိုင်ဆိုင်သည့် နယ်မြေ၏ အလယ်ဗဟိုသို့ ဦးတည်သွားခဲ့သည်။

ထိုနေရာ၌ ကျောက်တိုင်ကြီးတစ်ခုကို တွေ့လေသည်။ထိုကျောက်တိုင်ကြီးကို မြင်မားစွာ စိုက်ထူထားလေသည်။  အဝေးမှကြည့်လျှင် တောင်ထိပ်ကိုမြင်ရသည်။  ထိုကျောက်တိုင်ကြီးပေါ်တွင် စကားလုံးများစွာကို ထွင်းထုထားရာ တိုင်ခြေရင်း၌ အဘိုးအိုတစ်ဦးက တင်ပလ္လင်ခွေကာထိုင်နေလေ၏။

အဘိုးအို၏အဝတ်အစားများက စုတ်ပြဲပြီး ညစ်ပတ်နေလေသည်။  သူ့ဆံပင်များက ရှုပ်ပွနေပြီး သူ့ပခုံးပေါ်သို့ ကျနေလေသည်။ တရားထိုင်နေသကဲ့သို့ ခေါင်းငုံ့ထားသောကြောင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

“လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက မာန်ဝိညာဉ်တွေရဲ့နတ်ဘုရားဖြစ်တဲ့  လေ့ရှန်ရှို့က မာန်ဝိညာဉ်လောကကို တည်ထောင်ပြီး သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့စွမ်းရည်တွေကို လောကကြီးကို လက်ဆင့်ကမ်းခဲ့တယ်..ပြီးတော့မာန်ဝိညာဉ်တွေရဲ့ ကြီးမြတ်မှုကိုလည်းယူဆောင်လာပေးတယ်..မဟာယွီပြည်ထောင်ကိုတည်ထောင်ခဲ့တယ်..မျိုးနွယ်စုတွေအားလုံးကို သူ့လက်အောက်ရောက်အောင်သိမ်းသွင်းခဲ့တယ်..အဲ့ဒီမျိုးနွယ်စုတွေရဲ့ခေါင်းဆောင်တွေပြန်မလာခင် အားလုံးရဲ့မာန်နတ်ဘုရားဆိုတဲ့ဂုဏ်ပုဒ်ကိုယူလိုက်တယ် အဲဒီ့နောက် သူ့ကိုယ်ပိုင်ဘဝတိုးတက်မှု ကို ရှာဖွေဖို့ လောကကြီးထဲမှာ သူ့ရဲ့အမွေအနှစ်တွေကို ထားခဲ့တယ်..”

“ ပြီးတော့ သူ့ကိုယ်သူ နာမည်ပေးခဲ့တဲ့ လူတစ်ယောက်ရှိတယ်..  သူ့မိသားစုနာမည်က ချီရှန်းဖြစ်ပြီး သူ့ကိုယ်သူ ဖိုလို့ ခေါ်တယ်.. သူက မဟာယွီပြည်ထောင်က မာန်ဝိညာဉ်ကျင့်တွေရဲ့ လက်ဆောင်တစ်ခုရခဲ့တယ်..မာန်နတ်ဘုရားရဲ့အမွေအနှစ်တစ်ဝက်ကိုရခဲ့တယ်.. သူ့ကိုသူ ဒုတိယမာန်နတ်ဘုရားလို့ခေါ်တယ်..”

“အင်မော်တယ်နဲ့ အင်မော်တယ်နတ်ဆိုးတွေက အဲ့ဒီဖြစ်ရပ်ကိုလက်မခံကြဘူး.. အဲ့‌ဒါကြောင့်ဘေးဆိုးကြီးတစ်ခု ထပ်ရောက်လာပြန်တာပဲ စစ်မှန်သောတာအိုလောကရဲ့အလိုဆန္ဒက ငါတို့ရဲ့လောကကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတယ်.. ပြီးတော့ ချီရှန်းဖိုရဲ့  ကိုယ်လက်အင်္ဂါတွေကို တစ်စစီဆွဲဖြဲခံရပြီး တိုက်ကြီးငါးခုမှာ မြှုပ်နှံထားခဲ့တယ်…”

အိုမင်းသောအသံက တောင်ပေါ်မှ  ပျံ့နှံ့လာသည် ။ စုမင်က ခေါင်းငုံ့ထားနေသောအဘိုးအိုရှေ့တွင် ရပ်ကာ သူ၏နှေးကွေးသော အသံကို ဂရုစိုက်နားထောင်လေ သည်။

အဘိုးအိုပြောသည့်အတိုင်း သူ့နောက်က ကျောက်တိုင်ကြီးပေါ်ရှိ စကားလုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ပထမကြည့်လိုက်လျှင် စကားလုံးများက  ရှင်းလင်းနေပုံရသည်။သို့သော် စုမင် အနီးကပ်ကြည့်သောအခါ ၎င်းတို့ကအမှန်တကယ်ပင် ကွဲကွဲပြားပြားမရှိသည်ကို တွေ့ရှိခဲ့ရပြီး ထိုနေရာတွင် ဘာရေးထားမှန်းကို သူ မသိပေ။

ထိုအချိန်တွင် ထာဝရလီတောင်ကုန်းသို့ သွားမည်ဟူသော သူ၏ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သူသေချာနေပြီဖြစ်သည်။  ဖယောင်းနဂါး၏ ခန္ဓာကိုယ်ရှိ မာန်ဝိညာဉ်အလောင်းမှ ‘ထာဝရ’ ဟူသော စကားလုံးကို  သတိရမိသေးသည်။ ထို့ကြောင့် ထာဝရလီတောင်ကုန်းအကြောင်းကို စုမင်ကြားသောအခါတွင် သံသယစိတ်များ စတင်တိုးပွားလာသည်။

“နှစ်ပေါင်းသောင်းချီကြာတော့ ငါ့ကို အရှေ့မြေရိုင်းနယ်မြေမှာ မွေးဖွားခဲ့တယ်..မာန်နတ်ဘုရားရဲ့စိတ်ဆန္ဒကို ငါ လက်ခံနိုင်ခဲ့တယ်  စမ်းသပ်မှုတွေ၊ ခက်ခဲမှုတွေ အများကြီးပြီးတဲ့ မဟာယွီပြည်‌ထောင်ကို ရောက်ခဲ့တယ်..ဒါပေမဲ့ ဒုတိယမာန်နတ်ဘုရားကို မြင်လိုက်ရတယ်.. သူ့အသံကို ကြားတယ်.. သူ့စိတ်ဆန္ဒကို ခံစားမိပေမယ့်… သူရဲ့ အမွေအနှစ်တစ်ဝက်ကို ငါ မရခဲ့ဘူး.. အခု ငါ့ကိုယ်ငါ တတိယမာန်နတ်ဘုရားလို့ ခေါ်နိုင်ပေမယ့် နတ်ဘုရားဖြစ်လာဖို့ လိုအပ်တဲ့ အရာတွေ ချို့တဲ့နေတာကို သိတယ် … ယင်ကိုးပါးလောကမှာ ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေရဲ့ အမှတ်အသားကိုတွေ့လိုက်ရတယ်...”

“ဒီနေ့ နိုးထနိုင်မယ်လို့ ငါထင်ခဲ့ပေမဲ့ ဖြစ်ချင်တော့ ငါမလုပ်နိုင်ခဲ့ဘူး...”

ထိုရှေးဟောင်းအသံက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ထိုအချိန်တွင် ကျောက်တိုင်‌ခြေရင်း၌ ထိုင်နေသော အဖိုးအိုက ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

သူ့မျက်နှာက ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုဖွယ်ရှိသည်။ သို့သော် အချိန်၏တိုက်စားမှုနှင့် သူ၏ဟောင်းနွမ်းသောအသွင်အပြင်များက သူ့ဘဝတွင် အရာများစွာကို ဖြတ်သန်းခဲ့ရကြောင်း သိရှိစေနိုင်သည်။

“တစ်နေ့ မင်းကိုတွေ့ရမယ်ဆိုတာ သိတယ်...”

အဘိုးအိုက စုမင်ကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

စုမင်က စကားမပြောဘဲ သူ့ရှေ့က အဖိုးအိုကို စိုက်ကြည့်နေလေသည်။

“ မင်းဒီကို ဖမ်းခေါ်ခံရမလား ဒါမှမဟုတ် မင်းကိုယ်တိုင်လာမလားဆိုတဲ့ ကိစ္စက ရိုးရှင်းပါတယ်..

တကယ်လို့ မင်းက ဒီနေရာကို ချုပ်နှောင်ပြီးခေါ်ခံရတယ်ဆိုရင် မာန်နတ်ဘုရားရဲ့ကျင့်စဉ်တွေကိုရဖို့ မထိုက်တန်ဘူး.. ပြီးတော့မာန်နတ်ဘုရားရုပ်တုကိုဆင့်ခေါ်ဖို့စွမ်းအားနည်းသွားလိမ့်မယ်...”

“မင်းဒီမှာနေပြီး မာန်ဝိညာဉ်ဖြစ်လာမယ်..ဒါက မင်းကိုယ်မင်း ထာဝရဆုံးရှုံးသွားတာထက် ပိုကောင်းပါတယ်...”

“မင်းကိုယ်တိုင် လာတာအမှန်ဆိုရင်  ငါ့အမွေအနှစ်တွေကို ရလိမ့်မယ်...”

အဖိုးအိုက ဖြည်းညှင်းစွာပြောပြီးနောက် မာန်ဝိညာဉ်အမှတ်အသားက သူ့မျက်နှာမှာ တဖြည်းဖြည်း ပေါ်လာသည်။ ထိုအမှတ်အသားက သူ့မျက်ခုံးအလယ်မှာရှိပြီး မီးတောက်လနှင့်တူလေသည်။

“ငါ့ရဲ့စိတ်ဆန္ဒတွေ ကွဲကြေပြီးနောက် ငါ့ရဲ့ဝိညာဉ်က မဟာယွီပြည်‌ထောင်ဆီ ပြန်သွားလိမ့်မယ်..  ငါ့ဝိညာဉ်က အိမ်ပြန်ရောက်တဲ့အခါ မာန်ဝိညာဉ်နယ်ပယ်မှာရှိနေတဲ့သူတွေက အဲ့ဒီနယ်ပယ်ကို ချိုးဖြတ်ပြီး  နယ်ပယ်အသစ်ကိုတက်လှမ်းနိုင်ဖို့ အထောက်အကူဖြစ်မှာပါ.. “

“မာန်ဝိညာဉ်နယ်ပယ်ကိုကျော်ဖြတ်ပြီးရင် ငါတို့ရဲ့သွေးသားတွေက ပြောင်းလဲသွားလိမ့်မယ်.. ငါတို့ရဲ့အသွေးတွေ အရိုးတွေနဲ့ စိတ်ဝိညာဉ်တွေကလည်း ကျင့်ကြံပြီးသားဖြစ်သွားမယ်.. ငါတို့ရဲ့ခန္ဓာကိုယ်အပြင်ကနေ စိတ်ဝိညာဉ်အတွင်းဆုံးထိ အရာအားလုံးက သန့်စင်ပြီးပြည့်စုံသွားလိမ့်မယ်...ဒါကြောင့် ငါတို့ရဲ့  ခန္ဓာကိုယ်နဲ့ထပ်ကျင့်ကြံစရာမလိုတော့ဘူး ဒါပေမဲ့ ငါတို့ရဲ့အသက်လမ်းစဉ်ကံကြမ္မာကိုကျင့်ကြံရမယ်...”

“ငါတို့၏အသက်လမ်းစဉ်တွေကို ချိုးဖျက်ပြီး ငါတို့ရဲ့ဘ၀မှာ ချို့တဲ့နေတဲ့အရာတွေကိုပြန်ရှာဖွေရမယ် အဲ့ဒါကို အသက်ဒုက္ခကျင့်စဉ်လို့ခေါ်တယ်...”

“ လောကကြီးကိုပိုင်ဆိုင်ရတဲ့ နောင်တတွေကို သိလာရမယ်..ပြီးတော့  လောကရဲ့အပြောင်းအလဲတွေကို နားလည်သလိုမျိုး ငါတို့ရဲ့ချို့တဲ့အရာတွေကို ပြန်ဖြည့်ပြီး သင်ယူရမယ်.. ဒါကိုအသက်နန်း‌  တော်ကျင့်စဉ်လို့ခေါ်တယ်...”

“ငါတို့က အသက်နန်းတော်ကျင့်စဉ် ကိုတတ်‌မြောက်ရင် အဆုံးမဲ့ဘုန်းကျက်သရေတောက်ပမှုကို ရနိုင်မယ်.. ငါတို့က လောကကြီးရဲ့စွမ်းအားတွေကို အသုံးချနိုင်မယ်..ဒါကို ကမ္ဘာ့အသက်ကျင့်စဉ်” လို့ခေါ်တယ်...”

မာန်ဝိညာဉ်နယ်ပယ်ကိုချိုးဖြတ်ပြီးတဲ့နောက်မှာ အသက်လမ်းစဉ်ကံကြမ္မာကျင့်ကြံခြင်း၊ အသက်ဒုက္ခကျင့်စဉ်၊ အသက်နန်းတော်ကျင့်စဉ်၊ ကမ္ဘာ့အသက်ကျင့်စဉ် တွေကိုကြုံတွေ့ရမယ်... ဒါတွေကမာန်နတ်ဘုရားတွေရဲ့အသက်လမ်းစဥ်ကျင့်ကြံခြင်းပဲ.. ငါတို့လည်း ဒီလမ်းစဥ်ကို တက်လှမ်းခဲ့တယ်…”

အဘိုးအိုက စုမင်ကိုကြည့်ရင်း တတွတ်တွတ်ပြောနေရင်း သူ့အသံက လေထဲမှာပဲ့တင်ထပ်နေလေသည်။စုမင်က စကားမပြောဘဲ နားထောင်နေလိုက်သည်။

“ငါ့ဘ၀မှာ မီးစွမ်းအင်မရှိလို့ ငါအသက်လမ်းစဥ်ကျင့်ကြံမှုလမ်းကြောင်းမှာရှိတဲ့ မီးစွမ်းအားမျိုးစုံကို စုပ်ယူခဲ့တယ်.. ဒါပေမဲ့... နောက်ဆုံးတော့ ငါသိလိုက်ကတာက ငါ့မှာလိုနေတာ “ယန်” ...ဓါတ်လည်းမဟုတ်ဘူး ...ငါစုပ်ယူထားတဲ့ပြင်းထန်လွန်းတဲ့ မီးတောက်တွေက “ ယင်” ဓါတ် အများကြီး ပါနေတယ်”

“ အဲ့ဒီမီးတောက်တွေက လမှာပဲရှိတယ် အဲ့ဒါကြောင့် ငါက လကိုကိုးကွယ်ခဲ့တယ် ပြီးတော့ ငါ့ကိုယ်ငါ မီးစွမ်းအားကျင့်စဉ်အတိုင်းလျှောက်လှမ်းနေတဲ့မာန်နတ်ဘုရားလို့ခေါ်ခဲ့တယ်..”

“ဒါပေမယ့် ဖြစ်ချင်တော့ လရဲ့မီး တောက်တွေကို ငါနားမလည်သလို စူးရှတောက်ပနေတဲ့မီးတောက်တွေကိုလည်း နားမလည်ဘူး... အဲ့ဒီမှာငါက ယင်နဲ့ယန် ဆိုပြီး နှစ်ပိုင်းကွဲသွားတယ်.. တစ်ခုက မီးလျံမာန်ကျင့်ကြံတာနဲ့ နောက်တစ်ခုကမာန်စိတ်ဝိညာဉ်ကျင့်ကြံတာပဲ...”

“ငါ့ဘ၀မှာ မရေမတွက်နိုင်တဲ့ သာယာပျော်ရွှင်မှုတွေကို ရရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ယင်ကိုးပါးလောကထဲက မှော်စီးယာဉ်ထဲမှာ သေဆုံးခဲ့တယ်.. ငါဝမ်းနည်းခဲ့တယ်၊ ပူဆွေးခဲ့တယ်၊ နာကြည်းမှုကိုခံစားခဲ့ရတယ်၊ ငါ့လောဘက ငါ့ကို အနိုင်ယူသွားခဲ့တယ်…”

အဘွားအိုက စုမင်ကိုကြည့်ရင်း ညည်းတွားနေလေသည်။ သူ့စကားများမှာ အဆုံးမဲ့နောင်တများဖြင့် ပြည့်နှက်နေလေသည်။

သူ့နောက်က ကျောက်တိုင်တွင်ရှိသော စကားလုံးအများစုက ပျောက်ကွယ်သွားပြီး သိပ်မကြာခင်တွင် အကုန်လုံးပျောက်ကွယ်သွားမည်ဖြစ်သည်။

“ငါက မာန်ဝိညာဉ်ကျင့်ကြံသူတွေရဲ့တတိယမြောက် မာန်နတ်ဘုရားပဲ.. လီရှန်ဟော့ပဲ..ငါ မသေဆုံးခင်က ကောင်းကင်ကို မော့ကြည့်လိုက်တယ်..ပြီးတော့ မျက်လုံးမှိတ်ထားလိုက်တယ်..  ငါ့ရဲ့ကျင့်စဥ်ကို မမေ့ဘူး… ငါ့‌နောက်ကျောမှာရှိတဲ့ကျောက်တိုင်ကစာတွေကပထမမာန်နတ်ဘုရားရဲ့ အမွေအနှစ်တွေပဲ.. ဒါပေမယ့်… အဲ့ဒီစာတွေက တတိမြောက်နတ်ဘုရားမှာပဲ အဆုံးသတ်သွားတယ်..”

ထို့သို့ပြောပြီးနောက် သူ့နောက်ရှိ ကျောက်တုံးကြီးပေါ်က စာကြောင်းများက မသိမသာ ပျောက်ကွယ်သွားခဲ့လေသည်။  ထိုအချိန်၌ ကျောက်တိုင်ကြီးက မည်သည့်ခြစ်ရာမှမရှိဘဲ ဗလာပြန်ဖြစ်သွားသည်။

ကျောက်တုံးကြီးပေါ်ရှိ စကားလုံးများ လုံးဝပျောက်ကွယ်သွားသည်နှင့်အမျှ စုမင်ကိုကြည့်နေ သောအဘိုးအို၏မျက်နှာက ရှုံတွပုံပျက်ကာ စုမင်ရှေ့တွင် ပြိုကျသွားသည်။

ထိုအချိန်တွင် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး အဖိုးအို၏ ပြာများကို  ခေါ်ဆောင်သွားလေသည်။ထိုလေပြင်း မယူဆောင်နိုင် သောအရာမှာ အဘိုးကြီးထိုင်နေသည့်မြေပြင်ပေါ်တွင် ကျန်ခဲ့သော ပုလဲလုံးသုံးလုံးဖြစ်သည်။ထိုပုလဲသုံးလုံးက နက်မှောင်နေသော်လည်း ၎င်းတို့နှင့်ပတ်သက်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုရှိလေသည်။  သူတို့က အလင်းရောင်ကို ဝါးမြိုနိုင်ပုံရပြီး မယုံနိုင်လောက်အောင် တောက်ပနေကြသည်။

ထိုအဘိုးကြီး ကွယ်လွန်ခဲ့သည်မှာ ကြာညောင်းခဲ့လေပြီ။ ကြွင်းကျန်သောအရာက သူ့စိတ်ဝိညာဉ်၏လှည့်စားမှု သို့မဟုတ် သူအလိုဆန္ဒ၏ အရိပ်အမြွက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။  ၎င်းက အခြားသော တည်ရှိမှုမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် သူသေဆုံးသွားခဲ့သောဖြစ်ရပ်မှန်မှာ ကျန်ရစ်ခဲ့လေသည်။

ထို့ကြောင့် စုမင်က စကားမပြောဘဲ စောင့်ကြည့်နေခဲ့သည်။ အဘိုးအို၏မျက်လုံးအိမ်များက သူ့ကိုကြည့်နေလျှင်တောင် တုံ့ပြန်မှုမရှိသည်ကို သတိထားမိခဲ့သည်။

ထိုအချိန်တွင် သူနားလည်သွားသည်။စုမင်က အဘိုးအိုမြင်လိုက်ရသည်မှာ သက်ရှိထင်ရှားမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျန်ရစ်ခဲ့သော အရာတစ်ခုဖြစ်သည်။

စုမင်က သတိပြန်ဝင်လာသော်လည်း ထိုသဘောတရားတစ်ခုလုံးကို နားမလည်ခဲ့ပေ။  သို့သော် တောင်ပေါ်၌ရှိနေသော အဘိုးအိုကို တွေးလိုက်သည်နှင့် မြေပြင်ပေါ်တွင် ကျန်ခဲ့သော ပုလဲသုံးလုံးကိုသာ ပြေးမြင်တော့သည်။

အဘိုးအိုက ပုံရိပ်ယောင်တစ်ခုဖြစ်ပုံရသည်။ အချိန်ကာလ၏တိုက်စားမှုဒါဏ်ကိုကြံ့ကြံ့ခံ‌နိုင်သော၊ ဖောက်ထွင်းမြင်၍ရ‌သော ၊ ပုလဲသုံးလုံးအထက်၌ရှိသော ပုံရိပ်ယောင်သာသာရှိသည်။ အဘိုးအို ဖြစ်ချင်သောအရာက မာန်နတ်ဘုရား၏အမွေအနှစ်များကိုလက်ဆင့်ကမ်းရန်သာဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဖိုးအိုက ပျောက်ကွယ်သွားရုံသာမက ကျောက်တိုင်ကြီးပေါ်ရှိ စကားလုံးများ ပျောက်ကွယ်သွားလေသည်။ တောင်ခြေရင်း၌ လျှိုမြောင်များစွာရှိ ရွှေလင်းနို့များက ကြောက်ရွံ့တုန်လှုပ်လာကြသည်။  သူတို့၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း ပုံပျက်လာလေသည်။ ထို့နောက် သေးငယ်သွားကာ ၎င်းတို့၏ လူသားပုံစံများက နောက်ဆုံးတွင် လင်းနို့များအဖြစ်သို့ ပြောင်းလဲသွားသည်။  သူတို့က ကောင်းကင်၌ စက်ဝိုင်းပုံစံ ပျံသန်းကြပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပုံရသည်။ အတကျွီးကျွီးအော်မြည်ပြီး အချိန်အတော်ကြာပြီးနောက် မြေပြင်ပေါ်ရှိ လျှိုမြောင်များသို့ အုံလိုက်ကျင်းလိုက် ထိုးဆင်းသွားကာ ပျောက်ကွယ်သွားကြသည်။

သူတို့ထွက်သွားသည်နှင့် စုမင်ရှိရာတောင်ကြီးသည် တုန်ခါလာပြီး ဖြည်းညှင်းစွာ နှိမ့်ဆင်းလာသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက တောင်ကြီးမဖြစ်ပေါ်လာခင်ကရှိခဲ့သောမြေအနေအထားပြန်ရောက်ပုံပေါ်သည်။

စုမင်က တောင်ပေါ်၌ ရပ်၍ တောင်ကြီးနိမ့်ဆင်းကျသွားသည်ကို တွေ့ကြုံရသည်။ထို့နောက် သူ့ မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူက ထိုနေရာကိုလာခဲ့သော်လည်း သူလိုချင်သည့်အဖြေကို မရခဲ့နိုင်ပေ။ စိတ်ထဲ၌ တစ်နေရာရာမှာ အဖြေတစ်မျိုးမျိုးရနိုင်လိမ့်မည်ဟု မျှော်လင့်နေလေသည်။

သူထွက်ခွာသွားပြီးနောက် တောင်ကြီးက တဟုန်ထိုး နစ်မြုပ်သွားကာ နောက်ဆုံးတွင် မြေပြင်မှ ပျောက်ကွယ်သွားခဲ့သည်။  မြေပြင်ပေါ်ရှိ လျှိုမြောင်များက တစ်ဖန်ပြန်ပိတ်သွားပြီး၊ မြေပြင်ပေါ်တွင် အက်ကြောင်းတစ်ခုမျှ မတွေ့နိုင်တော့ပေ။

မာန်ဝိညာဉ်နယ်ပယ်ပြီးနောက် အသက်လမ်းစဉ်ကံကြမ္မာကျင့်ကြံခြင်း၊ အသက်ဒုက္ခကျင့်စဉ်၊ အသက်နန်းတော်ကျင့်စဉ်၊ ကမ္ဘာ့အသက်ကျင့်စဉ်တို့ပင်ဖြစ်သည်။   ဤအရာအားလုံးကို အသက်လမ်းစဉ်ကျင့်ကြံခြင်းဟုခေါ်သည်။

စုမင်က ညာလက်ကို မြှောက်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ မြေပြင်ပေါ်ရှိ ပုလဲသုံးလုံးနှင့် ထိုကျောက်တိုင်ကြီးကို ယူလိုက်သည်။ထို့နောက် သူ့သိုလှောင်  အိတ်ထဲထည့်လိုက်ပြီးနောက် မျက်လုံးဖွင့်လိုက်သည်။ထို့နောက် အဘိုးအို ပျောက်ကွယ်သွားသည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူက ကောင်းကင်ဆီသို့ ပျံတက်သွားလေသည်။

စုမင်၏မျက်နှာပေါ်တွင် မရေရာသောအကြည့်တစ်စုံကနေရာယူထားပြီး လေထဲ၌ ရပ်နေ လေ၏။ အချိန်အတော်ကြာပြီးနောက်တွင် သူ့မိန်း‌မောမှုကနေ ရုန်းထွက်ခဲ့သည်။

တတိယမာန်နတ်ဘုရားမသေဆုံးမီတွင် ကျန်ရစ်ခဲ့သော စကားလုံးများနှင့် ဖောက်ထွင်းမြင်ရသောပုံရိပ်များကို စုမင် မြင်ဖူးခဲ့သည်။ ဖယောင်းနဂါး၏ကိုယ်ခန္ဓာရှိ မာန်ဝိညာဉ်မှ ထိုစကားများကို ယခင်က ကြားခဲ့ဖူးသော်လည်း ဖယောင်းနဂါး၏ကိုယ်တွင် အဘယ်ကြောင့် ထိုမာန်ဝိညာဥ်ပေါ်လာရသနည်း။  တတိယမာန်နတ်ဘုရား၏ပုလဲသုံးလုံးကို သူဘာကြောင့်မသိမ်းခဲ့ရသနည်း။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်လွန်သောကြောင့် စုမင်က အဖြေကို မဖော်ထုတ်နိုင်ခဲ့ပေ။

“ပထမမာန်နတ်ဘုရားရဲ့အမွေအနှစ်က တတိယနတ်ဘုရားလက်ထက်မှာ အဆုံးသတ်သွားခဲ့တယ်”

ဤသည်မှာ ကျောက်တိုင်ကြီးပေါ်ရှိ စကားလုံးများ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းဖြစ်နိုင်သည်။

“ဒါဆို ပထမနတ်ဘုရားက သူ့အမွေအနှစ်ကို တတိယမြောက်အထိ လက်ဆင့်ကမ်းပေးတာလား..”

စုမင်က ပြန်လှည့်ပြီး ကံကြမ္မာမျိုးနွယ်စုတောင်ကြားဆီသို့ ဦးတည်သွားလေသည်။  သူက လေထဲ၌ သွားနေရင်း သူ့စိတ်ထဲရှိ လေးလံသောခံစားချက်ကို သူ့ခြေရာများမှ မြင်နိုင်သည်။

“တတိယမြောက်နတ်ဘုရားလက်ထက်မှာ အဆုံးသတ်လိမ့်မယ်…”

စုမင်က တီးတိုးစွာ ပြောလိုက်သည်။ စုမင်၏စိတ်ထဲမှာ ပုံရိပ်တစ်ခုပေါ်လာလေသည်။မာန်နတ်ဘုရားက အစိတ်စိတ်အမွှားမွှားဖျက်စီးရခင်က လူများစွာသယ်ဆောင်လာသော ကြီးမားပြီး ရှည်လျားသောပုံရိပ်ကြီးပင်ဖြစ်သည်။ထို့နောက် သူကခေါင်းကို လှည့်ပြီး မြေပြင်ကို တစ်ချက်ကြည့်လိုက်လေသည်။

“တတိယမြောက်နတ်ဘုရားလက်ထက်မှာ အဆုံးသတ်လိမ့်မယ်…”

“ လေ့ရှန်းရှို” ကပထမမာန်နတ်ဘုရားစွမ်းအားတွေကိုရတဲ့အခါ သူရဲ့မဟာယွီမင်းဆက်နဲ့မျိုးနွယ်စုက အရေးမပါတော့ဘူး  သူက မာန်ဝိညာဉ်ကျင့်ကြံသူတွေရဲ့ ဂုဏ်ကျက်သရေကိုတိုးပွားစေခဲ့တယ်.. မာန်နတ်ဘုရားအတွက်စပ်ထားတဲ့သီချင်းကသူ့ရဲ့သားစဉ်မြေးဆက်တွက်ချီးမွမ်းသီချင်းအဖြစ်ကျန်ရစ်ခဲ့တယ်..ဒါပေမဲ့ မာန်ဝိညာဉ်တွေကိုထာဝရကာကွယ်ပေးနိုင်တဲ့သူ မဖြစ်နိုင်တော့ဘူး...”

‘သူရဲ့အမွေအနှစ်တွေကို တတိယမာန်နတ်ဘုရားအတွက်ချန်ထားတာက ငါတို့နဲ့နောက်ဆုံးခွဲခြားလက်ဆောင်များလား.. တကယ်လို့  နောက်ထပ်နတ်ဘုရားနှစ်ပါးက သူ့ထက် မသာလွန်နိုင်ခဲ့ရင် သူရဲ့အမွေအနှစ်တွေက ဆက်လက် တည်ရှိနေမယ်.. တကယ်လို့ သူ့ထက်သာတဲ့သူမရှိခဲ့ဘူးဆိုရင်လည်း သူကာကွယ်ပေးနေတဲ့ မာန်ဝိညာဉ်ကျင့်ကြံသူတွေအတွက်  စိုးရိမ်စရာ မရှိတော့ဘူးပေါ့..”

ထိုအရာကို စုမင် ရုတ်တရက်သဘောပေါက်လာသည့်အခါ သူ့ မျက်လုံးများတွင် ရှင်းလင်းခိုင်မှုက တဖြည်းဖြည်း ပေါ်လာသည် -

မာန်ဝိညာဉ်ကျင့်ကြံသူများ၏ ပထမဆုံးမာန်နတ်ဘုရားက

မာန်ဝိညာဉ်ကျင့်ကြံသူများထံမည်သည့်အခါမှ ပြန်မလာနိုင်တော့ပေ။

စုမင် ခေါင်းယမ်းလိုက်ပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။

ထိုအချိန်၌ ယင်ကိုးပါး  လောက၏အပြင်ဘက်တွင်ရှိသည့် တောင်ပိုင်းအရုဏ်ဦးတိုင်းပြည်က ကောင်းကင်ယံကိုတောင် ထိတ်လန့်စေမည့် ဘေးအန္တရာယ်ကြီးတစ်ခုကို

ဖြတ်သန်းနေရလေသည်။ ထိုကပ်ဆိုးကြီးကို ဖုံးကွယ်ထား၍မရပေ။နှစ်ပေါင်းများစွာကတည်းက တိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံး ထိုအကြောင်းကို သိရှိလာခဲ့ကြသည်။

“အရှေ့မြေရိုင်းမျိုးနွယ်စုများရှိ ကပ်ဆိုးကြီး”

လွန်ခဲ့သောနှစ်အနည်းငယ်၌

ထိုဘေးအန္တရာယ်က ရှာမန်နှင့်မာန်ဝိညာဉ်ကျင့်ကြံသူတွေပေါ်သို့  ကျရောက်လာခဲ့သော်လည်း သူတို့က ပြန်လည်တွန်းလှန်ရန် တတ်နိုင်သမျှလုပ်ဆောင်ခဲ့သည်။သို့‌သော်လည်း ယခုတွင် သူတို့ မည်သည့်အရာပဲလုပ်ဆောင်ပါစေ၊ ထိုကပ်ဆိုးကြီးရောက်ရှိလာခြင်းကို မရပ်တန့်နိုင်ပေ။

ပင်လယ်ရေက  တောင်ပိုင်းအရုဏ်ဦးတိုင်းပြည်၏အရှေ့ဘက်သို့

အရှိန်ပြင်းထန်စွာ တလှိမ့်လှိမ့်တက်လာသည်။ ကြီးမားသော လှိုင်းလုံးကြီးများ ကောင်းကင်ယံသို့ ခုန်တက်လာသယောင်ပင် ထင်ရသည်။ ကြီးမားသောပင်လယ်ရေလှိုင်းကြီးများက ရှာမန်တို့၏နယ်မြေများကို တိုက်စားဝါးမြိုသွားခဲ့လေသည်။ ကောင်းကင်ယံသို့ တက်လာသော ပင်လယ်ရေက အပေါ်သို့ တက်လာသည်နှင့်အမျှ တောင်ပေါင်းမြောက်မြားစွာက ပင်လယ်ထဲသို့ နစ်မြုပ်နေပြီဖြစ်သည်။  ဤကပ်ဆိုးကြီးတွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ပင်လယ်ရေထဲရှိ ရက်စက်ကြမ်းကြုတ်သော သားရဲအများအပြားနှင့် ပင်လယ်ရေမျက်နှာပြင်အထက်ရှိ ဦးခေါင်းတစ်ဝက်ခန့်ပေါ်နေသော ဧရာမအကောင်ကြီးများက ရှာမန်တို့ပိုင်သော နယ်မြေများပေါ်သို့  ရောက်သွားကြသည်။  သူတို့က ရှေ့သို့ ဆက်လက်ရွေ့လျားနေလေသည်။

ပင်လယ်ရေက တဝေါဝေါ တက်လျှက်ရှိသည်။  အကယ်၍ တစ်စုံတစ်ယောက်က တိုက်ကြီးအစွန်း၌ရပ်နေ၍ နစ်မြုပ်သွားသောရှာမန်တို့‌၏နယ်မြေများကို  မျှော်ကြည့်ပါက၊ မဝေးလွန်းလှသောအရပ်၌ အနက်ရောင် အရိပ်ကြီးတစ်ခု ရှိနေသည်ကို  မြင်နိုင်မည်။  ထိုအရိပ်က အလွန်ကြီးမားပုံရသည်မှာ အဆုံးမရှိဟုထင်ရသည်။ ၎င်းက ‌အရှေ့မြေရိုင်းနယ်မြေ ဟုလူသိများသည့် ဧရာမတိုက်ကြီးတစ်ခုဖြစ်သည်။

“နောက်ဆုံးတော့ ဒီမှာပဲ..”

တောင်ပိုင်းအရုဏ်ဦးတိုင်းပြည်မှာ စောင့်ကြိုနေသော ကံကြမ္မာက ကုန်းမြေများကို ပင်လယ်ရေလွှမ်းမိုးသည့်ထက် ပိုဆိုးသော ကံကြမ္မာဖြစ်သည်။ တကယ်တော့ ပင်လယ်ရေနစ်မြုပ်ခြင်းက ထိုကပ်ဆိုးကြီးနှင့်လုံးဝယှဉ်မရပေ။

ကပ်ဆိုးကြီးမှာ  တိုက်ကြီးနှစ်တိုက် တိုက်ခိုက်မှုပင်....

“တိုက်ကြီးနှစ်ခုထဲက တစ်ခုက တစ်စစီ ပြိုပျက်သွားမှာ သေချာတယ်..”

Note

(ကျင့်စဉ်တွေရဲ့နောက်ထပ်အဓိပ္ပါယ်တွေ)

အသက်လမ်းစဉ်ကံကြမ္မာကျင့်စဉ်-

မွေးနက္ခတ်၊ဇာတာလို့ တရားဝင်ဘာသာပြန်ဆိုထားတယ်..ပြောရရင် သင့်မွေးဖွားစဉ်အတွင်း ကြယ်တာယာများ ရွေ့ပြောင်းမှုဟု ဆိုလိုပြီး သင့်အနာဂတ်ကို ထိခိုက်စေမယ်.. အသေးအမွှားလုပ်သမျှက သင့်ရဲ့အနာဂတ်ကိုလည်း ပြောင်းလဲစေနိုင်တယ်လို့ ဆိုထားပေမယ့် မင်းရဲ့ကံကြမ္မာဟာ  ကျောက်တုံးကြီးပေါ်မှာ မတည်ထားဘူးလို့ ဆိုကြတယ်..(ကိုယ်ကြိုးစားမှုကြောင့်ပြောင်းလဲနိုင်တယ် ကိုယ့်အပေါ်ပဲမူတည်တာကိုပြောတာ)

အသက်ဒုက္ခ‌ကျင့်စဉ်-

ရေ၊ မြေ၊ လေ၊ မီး ဓါတ်ကြီးလေးပါးက မင်းဘဝက ပျောက်ကွယ်သွားပြီး မင်းကို ထိခိုက်စေလိမ့်မယ်.. ဒါလုပ်သင့်တယ်၊ ဒါကို လုပ်သင့်တယ်..ဓါတ်လေးပါးကိုရည်ညွှန်းတဲ့ကျောက်မျက်ရတနာတွေကိုဝတ်ခိုင်းပြီး ဘဝဟန်ချက်ညီအောင်လုပ်ပေးတာကိုပြောတာ...”

အသက်နန်းတော်ကျင့်စဉ်- စုစုပေါင်း နန်းတော် ဆယ့်နှစ်ခု ရှိတယ်.. ဒီနန်းတော်၊ကြယ်ပွင့်တွေက သင့်ရဲ့စွမ်းရည်တွေ၊ အရည်အချင်းတွေ၊ ကိုယ်တိုင်ပြုမူပုံ၊ ဆန္ဒ၊ သင့်ခံစားချက်တွေကို ကိုယ်စားပြုလို့ ကိုယ်ပိုင်နန်းတော်လို့ခေါ်တယ်...ပြောရရင်   သင်ရဲ့ ကိုယ်ပိုင် လို့ခေါ်တယ် ..  ဒါပေမယ့် ဒီနေရာမှာ မာန်ဝိညာဉ်ကျင့်ကြံသူတွေက သူတို့ကိုယ်သူတို့ မကြည့်ဘူး..  သူတို့က  လောကကြီးတစ်ခုလုံးနဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို နားလည်တဲ့အတွက် အသက်နန်းတော်ကျင့်စဉ်လို့ခေါ်တယ်...”

ကမ္ဘာအသက်ကျင့်စဥ် -   လောကကြီးရဲ့စွမ်းအားတွေနဲ့ သက်ဆိုင်တယ်... ငါ့ပိုင်ဆိုင််တဲ့လောကကြီးရဲ့စွမ်းအားတွေလို့ အဓိပ္ပါယ်ရတယ်...”

All Chapters