← Chapters

မှန်ထဲက လောကကြီး 

Vol. 36 Ch. 500

မှန်ထဲက လောကကြီး 

Vol. 36 Ch. 500

ရွှေလင်းနို့များ ပျောက်ကွယ်သွားသည့်အခါ သူ့စိတ်ထဲရှိ ရောထွေးနေသော ခံစားချက်များနှင့်အတူ စုမင်က ကံကြမ္မာမျိုးနွယ်စုတောင်ကြားဆီသို့ပြန်သွားလေသည်။ တတိယမာန်နတ်ဘုရားမှ အသွင်ပြောင်းသွားသော ပုလဲသုံးလုံးကို ယူဆောင်လာခဲ့သည်။

မိုးရာသီစက်ဝန်းက မပြီးဆုံးသေးပေ။ ပုတီးလုံးလေးများကဲ့သို့အဆက်မပြတ်ကျဆင်းနေသောမိုးပေါက်ကလေးများသည် ကောင်းကင်နှင့်မြေကြီးကြား ကန့်လန့်ကာချထားသလိုပင်ဖြစ်နေလေ၏။ တောင်ကြားရှိနေထိုင်သူအများစုသည် အပြင်ကိုကြည့်ရင်း ဂူပေါက်ဝတွင် တိတ်ဆိတ်စွာ တရားထိုင်နေကြသည်။

စုမင်က မိုးရေမိလာသောကြောင့်  သူ၏ကိုယ်ပိုင်ဂူသို့ ပြန်သွားခဲ့သည်။  အထဲမှာ ထိုင်ပြီး မျက်လုံးကိုမှိတ်သည်နှင့် ရွှေလင်းနို့မျိုးနွယ်စုမှာ  ဖြစ်ပျက်ခဲ့သောအရာများက သူ့ခေါင်းထဲထဲ၌ အစီအရီ ပေါ်လာလေသည်။

အချိန်အတော်ကြာပြီးနောက် သူက ခေါင်းငုံ့ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။  ပုလဲသုံးလုံးသည် သူ့လက်ဖဝါးပေါ်မှာ နက်မှောက်စွာ တောက်ပနေပြီး  အနီးတစ်ဝိုက်ရှိ အလင်းရောင်ကို စုပ်ယူနေလေသည်။

“ဒီပုလဲသုံးလုံးက တတိယမာန်နတ်ဘုရားရဲ့စိတ်ဝိညာဉ်ဖြစ်လောက်တယ် ဒါကိုမဟာယွီပြည်ထောင်ကို ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်.  ဒါပေမဲ့… မဟာယွီပြည်ထောင်က အခုထိရှိနေတုန်းပဲလား..”

စုမင်က တိတ်ဆိတ်သွားပြီး သူ့  လက်သီးများကို ဆုပ်ထားလိုက်သည်။  ပုလဲသုံးလုံးကို ပြန်သိမ်းလိုက်သည်နှင့်  စကားလုံးများပျောင်ကွယ်သွားသော ကျောက်တိုင်ကြီးကို ပြန်သတိရလာသည်။

“ ပထမမာန်နတ်ဘုရားရဲ့ အမွေအနှစ်တွေက တတိယမာန်နတ်ဘုရားမှာ အဆုံးသတ်သွားလိမ့်မယ်..  လေ့ရှန်ရှို နှမြောစရာကောင်းတဲ့ လူသားပဲ”

စုမင်က တိုးတိုးစွာ ပြောလိုက်သည်။  လေ့ရှန်ရှို့က မျိုးနွယ်စုကိုထား၍ ထွက်ခွာသွားချိန်တွင် မည်သို့ခံစားရကြောင်းကို စုမင်အနည်းအကျဉ်းခံစားမိလေသည်။

“ဒီလိုဆိုရင် မာန်ဝိညာဉ်တွေရဲ့ စတုတ္ထမာန်နတ်ဘုရားထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး..မာန်ဝိညာဉ်တွေရဲ့နတ်ဘုရားအမွေအနှစ်တွေကို ဆုံးရှုံးခဲ့ရပြီ...အခု ငါတို့ရဲ့ အနာဂတ်ကို ဘယ်လိုဆက်သွားမလဲဆိုတာကို ကျင့်ကြံသူ‌တွေအပေါ်မှာ မူတည်တာပေါ့..”

စုမင်က ခေါင်းငုံ့ပြီး သူ့လက်ချောင်းပေါ်ရှိ ဆံချည်မျှင်များကို ကြည့်လိုက်သည်။  သူ့မျက်လုံးထဲတွင် ရုတ်တရက် အလင်းတန်းတစ်ခု ပေါ်လာသည်။

“ လေ့ရှန်ရှို့က ငါတို့ကိုရှင်းပစ်တော့မှာလား ငါတို့နဲ့ လုံးဝမပတ်သတ်တော့တာလား..  ဒီလိုဆိုရင် ဒီဆံချည်မျှင်ရှိနေတာကို ဘယ်လိုရှင်းပြရမှာလဲ..’

‘ဒါ့အပြင်၊ အတိတ်က လေ့ရှန်ရှို့က ဘယ်လောက်တောင် အားကြီးခဲ့လဲ.. သူထွက်သွားပြီးတဲ့နောက်ပိုင်း ငါတို့အပေါ် ကျရောက်လာမယ့် အကျပ်အတည်းတွေကို သူ ဘယ်လိုမှ မခန့်မှန်းနိုင်ခဲ့ဘူးပေါ့.. ဒီလိုဆိုရင်.. ငါတို့အတွက် သူထားခဲ့တဲ့ အမွေအနှစ်က တတိယမာန်နတ်ဘုရားလက်ထက်မှာကုန်ဆုံးသွားရင်တောင် သူက ငါတို့အတွက် တခြားအရာတွေကို မချန်ထားခဲ့ဘူးဆိုတာ မယုံနိုင်ဘူး..”

‘သူ အေးအေးဆေးဆေး ထွက်ခွာမသွားခင် ယုံကြည့်မှု အပြည့်ရှိနေပုံရမယ်... နောက်ပြီး ယင်ကိုးပါးလောကရဲ့အရိုးစုအဘိုးအိုက ငါက နန်းတော်ရှစ်ခုကို ဖြတ်ကျော်ပြီး သူ့ရှေ့မှာ ရပ်နိုင်တဲ့ စတုတ္ထလူလို့ ပြောဖူးတယ်.. ပထမဦးဆုံးကတော့ ပထမမာန်နတ်ဘုရားက လေ့ရှန်ရှို့..တတိယနတ်ဘုရားကိုလည်းတွေ့ခဲ့ရပြီးပြီ.. ဒါဆို အတိအကျ‌ပြောရရင် ဒုတိယမာန်နတ်ဘုရားက ဘယ်သူလဲ... ‘’

စုမင်က မျက်မှောင်ကြုတ်ကာ အတွေးရေယာဉ်ထဲတွင် နစ်မျောနေခဲ့သည်။

တတိယနတ်ဘုရားချန်ထားတဲ့စကားမှာ ယင်ကိုးပါးလောကကို ဒုတိယနတ်ဘုရားရောက်လာမဲ့အကြောင်းကို မပြောပြထားဘူး..

ဒီလိုဆိုရင် ဒီဒုတိယလူက ဘယ်သူဖြစ်နိုင်မလဲ....ဒုတိယမာန်နတ်ဘုရားက လာချင်လည်းလာမယ်..မလာတာလည်းဖြစ်မယ်ပေါ့...”

စုမင်က ခဏမျှ နှုတ်ဆိတ်နေ လေ၏။  သူ့တွင် ထိုအချက်နှင့်ပတ်သက်ပြီး သဲလွန်စများစွာမရှိသည့်အပြင် အမှန်တရားကို ပိုင်းခြားသိမြင်ရန် ခက်ခဲသည်။ထို့ကြောင့် နောက်ဆုံးတွင် သူ၏မေးခွန်းများကို အတင်းအကြပ် မစဉ်းစားရန် ဆုံးဖြတ်ခဲ့သည်။

‘ ယင်ကိုးပါး‌လောကရဲ့သန့်စင်မွန်မြတ်သောဝိညာဉ်တော်က လဝက်အတွင်း အစောဆုံးနိုးထလာမှာ.. တစ်လဆိုတာ အလွန်ဆုံးပဲ..  ရက်တော်တော်ကုန်သွားပြီ..  ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး...’’

စုမင်က ထိုင်နေစဉ်တွင် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ တောင်ကြားတစ်ခုလုံးကို ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါ တရားထိုင်နေသောနန်းကုန်းဟန်ကို တွေ့ပြီး သူထွက်သွားချင်

သည့်အကြောင်း လူ တစ်ယောက်ကို ပြောပြနေလေသည်။

နန်းကုန်းဟန်က တရားထိုင်နေစဉ် သူ့မျက်လုံးကို အမြန်ဖွင့်လိုက်သည်။  သူ့အသက်ရှူသံက ချက်ချင်းမြန်လာပြီး ခေတ္တမျှမတုံ့ဆိုင်းဘဲ သူ့ဂူထဲက ချက်ချင်းထွက်ပြီး စုမင်၏ဂူဆီသို့ ပြေးလာသည်။

ခဏအကြာတွင် နန်းကုန်းဟန်က စုမင်၏ဂူနားတွင် တလေးတစား ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် စုမင်က စကားစပြောလိုက်သည်။

“ ကောင်းကင်နဲ့ ကြယ်တွေကို စောင့်ကြည့်ပါ.. ကြီးမားတဲ့ အပြောင်းအလဲတစ်ခု လာနေပြီ..  အဲဒီအချိန်ရောက်ရင် ဒီနေရာကနေ ထွက်ခွာမယ် ဒါပေမယ့် ငါ့ခရီးက အန္တရာယ်တွေနဲ့ ပြည့်နှက်နေလိမ့်မယ်.. ငါ ပြန်မလာနိုင်တော့ဘူး..”

“ဒီအကြောင်းကို တခြားကံကြမ္မာမျိုးနွယ်စုတွေအားလုံးကို ပြောပြလိုက်.. မင်းရောဆက်နေမှာလား ထွက်သွားမှာလား”

စုမင်က နန်းကုန်ဟန်ကိုကြည့်ရင်း လေးတွဲ့စွာ ပြောလိုက်သည်။

နန်းကုန်းဟန်က ခဏလောက် ငြိမ်သက်ရင်း ခေါင်းညိတ်လိုက်ပြီး ထွက်သွားလေသည်။

သူထွက်သွားသည်နှင့်တစ်ပြိုင်နက် စုမင်က မတ်တပ်ထရပ်ပြီး ဂူထဲမှမထွက်မီ သူ့အတွေးထဲတွင် အချိန်အနည်းငယ်ကြာအောင် နစ်မြုပ်နေခဲ့သည်။ အပြင်မှာ မိုးတဖွဲဖွဲကျနေလေသည်။ ပဲကြီးစေ့များကဲ့သို့ ကြီးမားသော မိုးရေစက်များက တောင်ပေါ်ရှိကျောက်ဆောင်များပေါ် သည်းထန်စွာ  ကျဆင်းနေလေသည်။သို့သော် ထိုအသံများက စိမ်လာပြီး  အသံတစ်ခုနှင့်တစ်ခုဆက်စပ်နေသောကြောင့် တခဏအတွင်း မိုးမည်မျှရွာသွန်းနေသည်ကို ပိုင်းခြားရန်ခက်ခဲစေသည်။

စုမင်က မိုးရေထဲတွင် တောင်ကြားကိုဖြတ်ပြီး လျိုစောက်ထဲသို့ လျှောက်သွားခဲ့သည်။  သူက နက်ရှိုင်းသော နေရာဆီသို့ ရွေ့လျားသွားသည်။ ထိုနေရာ၌ သားရဲအရိုးဖြင့်ပြုလုပ်ထားသော ယဇ်ပလ္လင်က ယင်ကိုးပါးလောကရှိအလယ်လတ်တန်စားဝိညာဉ်များကို မွေးဖွားပေးသည့်နေရာလည်းဖြစ်သည်။

စုမင်က မထွက်ခွာခင်တွင် သူက သားရဲအရိုးယဇ်ပလ္လင်ကို သွားပြီးထိုနေရာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားကြည့်ချင်သည်။

ယဇ်ပလ္လင်နေရာသို့ ရောက်သွားချိန်တွင် သူပထမဆုံးမြင်လိုက်ရသော အရာမှာ မိုးရေဖုံးလွှမ်းနေသော သင်္ချိုင်းများဖြစ်သည်။  လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က သေဆုံးသွားသူအားလုံး၏အမည်များကိုထိုကျောက်တိုင်များတွင် ရေးထွင်းထားသည်။

စုမင်က ထိုသင်္ချိုင်းများကို ဖြတ်ကျော်သွားစဉ် တိုင်မူ၏ အုတ်ဂူကို တွေ့လိုက်ရသည်။  သူရှေ့ဆက်မလျှောက်ခင် ထိုနေရာ၌ ခဏမျှ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့သည်။

မကြာခင်မှာပင် စုမင်က သူ့ကို တိုးတိုးလေးခေါ်နေသည့်အသံကို ကြားလိုက်ရသည်။  သူ့ကိုခေါ်သော အသံက တစ်သံတည်းမဟုတ်ဘဲ လူအုပ်ကြီးတစ်ခုလုံး၏အသံပင်ဖြစ်သည်။  မရေမတွက်နိုင်သော လူများစွာက  သူ့ကို ဆင့်ခေါ်နေပုံပေါ်သည်။  သူ့ပတ်ဝန်းကျင်မှာ မိုးများ ပိုသည်းလာတာကြောင့် သူ့မြင်ကွင်းက ပို၍မှုန်ဝါးလာခဲ့သည်။ လေထုထဲတွင် မြူမှုန်များကျဆင်းလာသောကြောင့် အရာအားလုံးမှာ ဝိုးတဝါးဖြစ်နေလေသည်။

ထို့နောက် စုမင်က ရပ်တန့်သွားသည်။ သူ့ရှေ့တွင် ဧရာမ ယဇ်ပလ္လင်ကြီး ရှိသည်။ ထိုပလ္လင်ကြီးမှာ မိုးထိုးနေလေသည်။မြင်ကွင်းက မရှင်းလင်းသောကြောင့် ယဇ်ပလ္လင်ထိပ်ကို မမြင်နိုင်ပေ။  လှေကားအတက်အဆင်းများကိုသာ သူမြင်ရသည်။

လှေကားထစ်များက မှောင်မိုက်နေပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက

သွေးများစွန်းထင်းခဲ့ရသည့်ယစ်ပလ္လင်ရှိ သွေးနံ့များမှာ မွှန်ထူအောင်ပျံနှံလာလေသည်။ မိုးရေများက ခန်းခြောက်သော အသွေးအသွားများနှင့်တစ်သားတည်းဖြစ်သွားသောယဇ်ပလ္လင်အပေါ်သို့ကျသောအခါ နီရဲသောရေများအဖြစ်သို့ ပြောင်းလဲသွားသည်။သို့သော်  မိုးရေက သွေးများပြောင်စင်အောင်ထိ ဆေးကြောမပေးနိုင်ပေ။

စုမင်က ယဇ်ပလ္လင်နှင့် လှေကားထစ်များကို လှမ်းကြည့်လိုက်သည်။ သူ ခဏမျှစဉ်းစားပြီးမှ လှေကားထစ်ပေါ်သို့ ခြေတစ်လှမ်းတိုးလိုက်သည်။  သူ ပထမခြေလှမ်းကို လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် နေရာပေါင်းစုံမှ တဟုန်ထိုး မြည်ဟည်းနေသည့် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“အိန်းးးးး”

အသံတစ်သံမျှသာဖြစ်သော်လည်း ၎င်းက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေသည့်ခံစားချက်ကို ပေးစွမ်းလေသည်။  မိုးရွာနေချိန်၌ မိုးချုန်းသံများကိုကြားရသည်။  ၎င်းက သင်္ချိုင်းရှိ ကွဲကွဲပြားပြားမသိနိုင်သော ဝိညာဉ်များ၏ တုန်လှုပ်ချောက်ချားမှုကိုလည်း ဖြစ်စေသည်။တစ်ချိန်တည်းတွင် ဝိညာဉ်များအားလုံးက ကြွေးကြော်ခဲ့ကြပြီး၊ သူတို့၏အော်သံများက  ဟိန်းဟောက်သံအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

“ ယင်‌ကိုးပါ‌လောကရဲ့အလယ်လတ်တန်းစားဝိညာဉ် မွေးဖွားမှု”

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ထို့နောက်သူက  ဒုတိယခြေလှမ်းကို လှမ်းပြီး ယဇ်ပလ္လင်ပေါ် ရောက်သည်အထိ ဆက်သွားခဲ့သည်။  ထိုနေရာ၌ ထုထည်ကြီးမား၍ စိုက်ခံထားရသော အရိုးစုတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုအရိုးစုက  ယဇ်ပလ္လင်၏အောက်ခြေကနေ ထိပ်ဆုံးအထိ မြင့်မားလေသည်။  အရိုးစုတွင် အသွေးအသား မရှိတော့ပေ။  အရိုးများသာကျန်ရှိပြီး သူ့၏မေးရိုးများက ဟထားလျှက်ရှိရာ ကောင်းကင်ကို အော်ငေါက်မည့်ပုံစံ ဖြစ်နေလေသည်။

စုမင်က မျက်မှောင်ကြုတ်သွား‌လေသည်။ စုမင်က မြေပြင်ပေါ်ရှိ စိုက်ထူထားသည့် အရိုးစုကိုမြင်လျှင် ‌ယင်ကိုးပါးဝိညာဉ်များပိုင်ဆိုင်သည့် တောင်ပေါ်ရှိ ယင်ကိုးပါးနန်းတော်ရှိ အရိုးစုမှ အသွင်ပြောင်းထားသော အဝါဝတ်ရုံဝတ် အဖိုးအိုကို သတိရစေခဲ့သည်။

စုမင်က အရိုးစုကို ခပ်ကြာကြာ စိုက်ကြည့်ပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ပလ္လင်ပေါ်သို့လှမ်းကြည့်လိုက်သော် သူ့ကျောရိုးများစိမ့်တက်လာပြီး  သူ့မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင် ဖြတ်ပြေးသွားလေသည်။

ဤပလ္လင်ပေါ်၌ သူပထမဆုံးရပ်ခဲ့သည်၊၊ ဤနေရာမှအဝေးသို့ ပထမဆုံးအကြိမ်လှမ်းကြည့်ခဲ့သည်။  သူ၏အမြင်အာရုံတွင် သူက နဂါးကြီးတစ်ကောင်ဖြစ်ပေါ်လာသည်ကို မရေမတွက်နိုင်သောယဇ်ပလ္လင်များမှ စောင့်ကြည့်နေပုံပေါ်လာသည်။

ထိုနဂါးက မှန်းဆ၍မရသော

ဝေးကွာသော အကွာအဝေးဆီသို့ ဆက်လက် ဆန့်ထွက်နေလေသည်။

စုမင်က ယဇ်ပလ္လင်မည်မျှရှိသည်ကို မပြောနိုင်ပေ။  သူတို့တစ်ခုစီတွင် အရိုးစုတစ်ခုစီရှိသော်လည်း၊ ထိုသို့ဖြစ်လျှင်လည်း စုမင်က အလွန်တုန်လှုပ်နေမည်မဟုတ်ပေ။  မရေမတွက်နိုင်သော ယဇ်ပလ္လင်များပေါ်တွင် ထိုအရိုးစုများအပြင် ယဇ်ပလ္လင်များပေါ်တွင် ရပ်နေသော လူတစ်ဦးကိုလည်း သူမြင်ခဲ့သည်။

သူက အဝေးကို လှမ်းကြည့်ရင်း  လေထဲတွင်ဆံပင်များမျောလွင့်လျက်ရှိသော အဖြူရောင် ၀တ်စုံနှင့် လူတစ်ယောက်ပင်ဖြစ်သည်။

ထိုလူကတော့ စုမင်ပင်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် စုမင်က သူလာခဲ့သည့်လမ်းဆီသို့ လှမ်းကြည့်ရန် သူ့အကြည့်ကို လွှဲလိုက်သည်။ထိုနေရာ၌ အားလုံးက ပုံမှန်အတိုင်းပင်ဖြစ်၏။  သူက လှေကားအောက်ရှိ သင်္ချိုင်းများ၊ သင်္ချိုင်းနောက်ဘက်ရှိ လျိုစောက်ကြီးများနှင့် ၎င်းနောက်တွင် တောင်ကြားများကို မြင်တွေ့နိုင်သည်။

စုမင်က ခေါင်းလှည့်ပြီး ယဇ်ပလ္လင်ရှေ့ ခပ်ဝေးဝေးကို လှမ်းကြည့်ပြန်သည်။  များပြားလှသော ယဇ်ပလ္လင်များနှင့် မရေမတွက်နိုင်သော အရိုးစုများကို အဆုံးမရှိသောသူ့ကိုယ်ပွားနှင့်အတူ မြင်ခဲ့သည်။  သူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက လှည့်စားမှုတစ်ခု၏ သက်ရောက်မှုဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။

သူက လျှပ်စီးရှည်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏အမြင်အာရုံရှိ အနီးကပ်ဆုံး ယဇ်ပလ္လင်ဆီသို့ ဦးတည်သွားခဲ့သည်။  သို့သော်လည်း  သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော ယဇ်ပလ္လင်များပေါ်ရှိ သူ၏ကိုယ်ပွားများသည် တညီတညွတ်တည်း ရွေ့လျားကာ အဝေးသို့ ဦးတည်သွားကြသည်။  ထိုခဏလေးအတွင်းမှာပင် များပြားလှသော ယဇ်ပလ္လင်အသစ်များက  အဆက်မပြတ် ထပ်ထွက်ပေါ်လာသည်။

ဒုတိယယဇ်ပလ္လင်ပေါ်တွင် ရပ်နေသော စုမင်က ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ ထိုအရာက လှည့်စားမှုတစ်ခုဟု သူခန့်မှန်းထားသော်လည်း ထင်ယောင်ထင်မှားဖြစ်လာခြင်းနှင့် ပတ်သက်ပြီး ရှင်းပြချက်တစ်ခု ဖန်တီးနိုင်လေသည်။ ရှေ့ကလမ်းက အဆုံးမရှိသလိုထင်ရပြီး ထိုလမ်း၏ အနက်ရှိုင်းဆုံးနေရာကို ဆက်မသွားတော့ပေ။

‘အဲဒါက မှော်အမှတ်အသားလား.....”

စုမင်က  နောက်သို့ လျှပ်စီးကဲ့သို့ ရွေ့သွားကာ ပထမယဇ်ပလ္လင်သို့ ပြန်သွားခဲ့သည်။ လှေကားထစ်သို့ ပြန်ဆုတ်သွားသောအခါ အရာအားလုံး ပျောက်ကွယ်သွားလေသည်။  သူ့ပတ်ဝန်းကျင်မှာ မိုးတွေဆက်တိုက်ရွာနေပြီး ထင်ယောင်ထင်မှားဖြစ်သော မြင်ကွင်းက ပျောက်ကွယ်သွားလေသည်။

စုမင်က မျက်မှောင်ကြုတ်ကာ အတွေးထဲတွင် နစ်မြုပ်နေချိန်တွင် ရှေးစကားသံတစ်ခုက သူ့ဘေးမှ ရုတ်တရက် ထွက်ပေါ်လာသည်။  ထိုအသံက အလွန် အားနည်းနေပြီး

မည်သည့်အရိပ်အယောင်မျှ မတွေ့ရပေ။

“ဆယ်ရက်ပဲရှိသေးတယ်...”

စုမင်က လှည့်ကြည့်လိုက်သော် သူ့နောက်မှာ အချိန်အတော်ကြာ

မတွေ့ရသော ပုံရိပ်တစ်ခုပေါ်လာလေသည်။ ထိုပုံရိပ်က ယင်ကိုးပါးလောက၏ အဝါရောင်ဝတ်ရုံဝတ်

အဘိုးအိုဖြစ်သည်။  သို့သော် သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခု ဖြစ်နေလေသည်။  သူ့ကို ဖောက်ထွင်း၍ မြင်နိုင်ပြီး ပုံရိပ်အစစ်မဟုတ်ပေ။

“ဆယ်ရက်ကြာတဲ့အခါ မွန်မြတ်တဲ့ဝိညာဉ်တော်က အိပ်နေရာကနေ နိုးထတော့မယ်.. အဲဒီအခါ မင်းရဲ့  အပေါင်းအပါတွေကို ခေါ်ပြီး ဒီနေရာကနေ ထွက်သွားနိုင်တယ်...မှော်စီးယာဉ်လမ်းကြောင်းကို ဖွင့်ပြီးတာနဲ့ အရင်တုန်းက ငါတို့သွားခဲ့တဲ့လမ်းအတိုင်း အိမ်ပြန်မယ်…”

အဘိုးအိုက ပြုံးပြီး စုမင်ကို ကြည့်လိုက်သည်။

“ဒီပလ္လင်က ဘာလဲ”

စုမင်က ရုတ်တရက် မေးလိုက်သည်။

“ဒါက မှော်စီးယာဉ်ထဲက မှော်တည်နေရာရွေ့ပြောင်းတဲ့အမှတ်အသားပဲ...စစ်မှန်တဲ့ မွန်မြတ်တဲ့ယင်ကိုးပါးလောကရဲ့  ထူးခြားတဲ့ အရာတစ်ခုပဲ.. ဟိုမှာ.. အဲဒါကို မှန်တစ်ချပ်( ကြေးမုံ)လို့ ခေါ်တယ်”

အဘိုးအိုက မှော်အမှတ်အသားကို ကြည့်ကာ ဖြည်းညှင်းစွာ ပြန်ဖြေသည်။

“ကြေးမုံကိုကြည့်တဲ့အခါ ငါတို့မြင်နေရတဲ့ ကမ္ဘာကြီးနဲ့တူတယ်လို့ မထင်ဘူးလား..ငါတို့က မရေမတွက်နိုင်တဲ့..တူညီတဲ့..အဆုံးမရှိတဲ့.. မြင်ကွင်းတွေကို မြင်တွေ့ရတယ်.. မင်းရွှေ့လျားရင်  လိုက်ရွေ့မယ်..  မင်းငြိမ်ရင် ငြိမ်နေလိမ့်မယ်”

အဘိုးအို၏အသံက  နေရာတစ်ခုကို လွှမ်းခြုံကာ လွင့်ပျံလာလေသည်။

“ဒါက မှော်တည်နေရာရွှေ့ပြောင်းတဲ့အမှတ်အသားဆိုတော့ ဘယ်ကိုပြောင်းမှာလဲ”

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။

“မှန်ထဲက လောကကြီး....

စကြာဝဠာကြီးနဲ့ ကောင်းကင်ဘုံက နှစ်ဖက်စလုံးမှာရှိတယ်.. ဒီမှော်အမှတ်အသားက သူတို့ကြားကမျဉ်းပဲ..ဒါပေမယ့် အမှတ်အသားက မပြည့်စုံသေးတဲ့အတွက် နှမြောစရာကောင်းတယ်..မွန်မြတ်တဲ့ယင်ကိုးပါးလောကထဲမှာ  ငါတို့လုပ်နိုင်သလောက်လုပ်နေတာပဲ..လုံးဝပြည့်စုံအောင်တော့မလုပ်နိုင်သေးဘူး.. .”

အဘိုးအိုက စုမင်ကိုကြည့်ကာ

“မှန်ထဲက လောကကြီးကို မြင်ချင်လား”

ဟု တိုးတိုးလေးမေးလိုက်သည်။

“ဘယ်လိုလုပ်ရမလဲ”

စုမင်၏မျက်လုံးထဲတွင် မီးတောက်တစ်ခု ပေါ်လာသည်။

“မှော်အမှတ်အသားကဖြစ်လာတဲ့အပြောင်းအလဲတွေကို မင်းကျော်လွှားနိုင်ရင် ..မှန်ထဲက မင်းကိုအတုခိုးနေတဲ့ပုံပွားတွေက မင်းလုပ်လုပ်သလိုလိုက်မလုပ်နိုင်တော့ဘူး..ဒါဆိုရင် မင်းက မှန်ထဲကလောကကြီးကိုတွေ့နိုင်လိမ့်မယ်..”

“ဒါက လျို့ဝှက်ထားတဲ့စည်းမျဉ်းတစ်ခုပဲ..ငါတို့ယင်ကိုးပါးလောကမှာတော့ ဒါကို မန်သွမ်း စည်းမျဉ်းလို့ခေါ်တာပဲ..ယင်ကိုးပါးလောကမှာ ဒီစည်းမျဉ်းကို လုံးဝဖြတ်ကျော်နိုင်ရင် စစ်မှန်တဲ့တာအိုလောကဆီကိုသွားနိုင်မဲ့ လမ်းပွင့်မယ်..”

အဘိုးအိုက စိတ်ကူးယဉ်ဆန်သော လေသံဖြင့်ပြောကာ စုမင်ကို တစ်ချက်ကြည့်လိုက်သည်။ အဆုံးတွင် သူ့ခန္ဓာကိုယ်က လုံးဝပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်း ပုံပျက်လာသည်။

“ဒီမှော်အမှတ်အသားက အန္တရာယ်မရှိပါဘူး.. ဒါပေမယ့် မင်းနောက်ပြန်လှည့်လို့မရဘူး.. မင်းနောက်ကိုပြန်လှည့်တာနဲ့ မင်းပြန်စရလိမ့်မယ်.. ငါ မှော်အမှတ်အသားကို မင်းအတွက် အသက်သွင်းပြီးသွားပြီ.. မရေမတွက်နိုင်သော နှစ်များအတွင်းမှာ မင်းက ဒီမှော်အမှတ်အသားကိုဖြတ်နိုင်တဲ့ပထမဆုံးလူသားပဲ..ဒါက မင်းကို  ခင်မင်ရင်းနှီးလို့ပေးတဲ့ ယင်ကိုးပါး‌ လောကရဲ့ လက်ဆောင်တစ်ခုပဲ”

Note

“မန်” က လူ ပုဂ္ဂိုလ်ကိုရည်ညွှန်းတာဖြစ်ပြီး “သွမ်း” က လွတ်မြောက်ခြင်းကို ရည်ညွန်းခြင်းဖြစ်တယ် နောက်တစ်မျိုးက ဗေဒင်တွက်တဲ့နည်းတွေမှာ အဲ့စာလုံးကိုသုံးတယ်..အဓိပ္ပါယ်က အရည်အချင်းတွေကို အမြင့်ဆုံးမြှင့်တင်ဖို့ နေရာမှန်မှာနေတာကိုပြောခြင်း...”

All Chapters