← Chapters

အခန်း (၃၀၉)

Vol. 23 Ch. 309

အခန်း (၃၀၉)

Vol. 23 Ch. 309

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားက အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ပြတ်သားစွာတိုက်ခိုက်တော့မည်။

အနိုင်မရလျှင်ပင် သေဆုံးသည်အထိ တိုက်ခိုက်သွားမည်။

ထိုခွန်အား၏ရှေ့တွင် ကမ္ဘာတစ်ခုလုံး၏အတားအဆီးက အက်ကွဲလာသည်။

ကောင်းကင်နှင့်မြေကြီး၏အတားအဆီးရှေ့တွင် ကောင်းကင်အဆင့်မိစ္ဆာမူကျင်းအပါဝင် ကျန်လူများအားလုံးက တစ်ကိုယ်လုံးတုန်ခါသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

ဓားကိုင်ပြီး ပြေးထွက်လာသောလင်းရှန်ကလည်း နေရာမှာတင် ရပ်တန့်နေသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများ တိုက်ခိုက်နေသောကြောင့် သဘာဝစွမ်းအင်နှင့် မဟာတာအို၏စွမ်းအားများက ဖရိုဖရဲဖြစ်လာသည်။

ထိုအချိန်အတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများ တိုက်ခိုက်လာအောင် အစပျိုးပေးခဲ့သော ဟန်မူယဲ့က မျက်လုံးများတောက်ပလာသည်။

သူ့နောက်တွင် ကိုယ်ထင်ပြနေသော တာအိုဆရာတယန်က အံ့အားသင့်သွားသည်။

သူတို့က ကောင်းကင်အတားအဆီးအတွင်း၌ ရှိနေဆဲဖြစ်ပြီး အချိန်မရွေး အသားပြားဖြစ်သွားသည်။

“ငါက ဓားကျင့်ကြံသူတစ်ယောက်ပဲ”

“ဒါပေမဲ့ ဓားဘုရင်ယွမ်ထျန်းလို ဓားကျင့်ကြံသူတော့မဟုတ်ဘူး ....”

ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက်စကားပြောခဲ့သည်။

သူက လက်မြှောက်လိုက်သောအခါတွင် လက်ထဲမှာရှိနေသောဓားက အစိမ်းရောင်နှင့်အဖြူရောင် ယပ်တောင်တစ်ချောင်းအဖြစ် ပြောင်းသွားသည်။ ခေါက်ယပ်တောင်ကိုဖွင့်လိုက်သောအခါတွင် တောင်တန်းနှင့်မြစ်များ၏ပန်းချီကို မြင်ရသည်။

သူက သူ့ကိုယ်သူ ညင်သာစွာယပ်တောင်ခတ်သည်။ ယပ်တောင်၏တစ်ဖက်တွင် ‘ကြည်လင်သောနှလုံးသား’ဟု ရေးသားထားသည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားချီများက ချက်ချင်းပျောက်ကွယ်ပြီး ရွှေရောင်အလင်းများထွက်ပေါ်လာသည်။

ဓားတာအိုသည် ကွန်ဖြူးရှပ်တာအိုအဖြစ် ပြောင်းသွားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုက တစ်ခုခုကို အာရုံခံမိပုံရပြီး စိတ်သက်သာရာရစွာ ခေါင်းညိတ်လိုက်သကဲ့သို့ အနည်းငယ်တုန်ခါသွားသည်။ ထို့နောက် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုစွမ်းအားနှင့် နှိုင်းယှဉ်ကြည့်လျှင် ကောင်းကင်နှင့်မြေကြီး၏အတားအဆီးက ပိုမိုနှေးကွေးသည်။

ကောင်းကင်နှင့်မြေကြီး၏အတားအဆီးက နားမလည်နိုင်ဖြစ်နေပြီး အကြောင်းပြချက်မသိရဘဲ ဆက်တိုက်တုန်ခါနေသည်။

‘ငါ့ကို ရန်စခဲ့တဲ့ကောင်က ဘယ်ရောက်သွားတာလဲ’

‘ဓားကျင့်ကြံသူက ဘယ်မှာလဲ’

‘ဘာလို့ တစ်ယောက်ပဲကျန်တော့တာလဲ’

“ဟားဟား၊ စိတ်ဝင်စားဖို့ကောင်းသားပဲ ကောင်လေး”

ဟန်မူယဲ့က ကြမ်းတမ်းသောရယ်သံကို ကြားရသည်။

ထို့နောက် နှာမှုတ်သံကို ထပ်ကြားရသည်။

ပထမအသံကို သူမသိသော်လည်း နှာမှုတ်သံသည် အမတ်ချုပ်ကြီးဝမ်နှင့် သက်ဆိုင်သည်။ သူက ထိုအသံကို အကြိမ်ရေအနည်းငယ်ခန့် ကြားဖူးသည်။

“ဟေး၊ စာကြမ်းပိုး။ ဒါက ဆရာတူညီလေးယွမ်ရဲ့ တိုက်ရိုက်တပည့်ပဲ။ မဟုတ်ဘူး၊ ဒီကလေးက မင်းရဲ့ကျောင်းတော်သားလေးပဲ။ ဟားဟား စိတ်ဝင်စားစရာကောင်းတယ်”

ရယ်သံက ပျောက်ကွယ်သွားသည်။

“ကောင်လေး၊ အလယ်ပိုင်းကုန်းမြေမှာ မင်းရဲ့ဓားကို ဆွဲမထုတ်နဲ့။ ငါက မင်းကို ကာကွယ်ပေးမှာမဟုတ်ဘူး”

ဝမ်မော့ရှန်၏အသံက ပျောက်ကွယ်သွားသည်။

‘အလယ်ပိုင်းကုန်းမြေမှာ ဓားထုတ်လို့မရဘူးလား’

“ကောင်းပြီလေ’

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။

အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်တာအိုက သူ့ဓားအငွေ့အသက်ကို မှတ်ထားသည်။

သူက အလယ်ပိုင်းကုန်းမြေတွင် ဓားဆွဲထုတ်လျှင် မိုးကြိုးများကျဆင်းလာပြီး သူ့ကို သတ်ဖြတ်လိမ့်မည်။

“ကောင်းပြီလေ။ အဲဒါဆိုရင်လည်း ဓားမထုတ်တော့ဘူးပေါ့”

ဟန်မူယဲ့က ရယ်ပြီး အဝတ်အစားများကို ဆွဲဆန့်၍ ခြေလှမ်းကျဲများနှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးအတားအဆီး၏ ဖိအားများအားလုံး ပျောက်ကွယ်သွားသည်။

အတားအဆီးရှေ့တွင်ရပ်နေသော မူကျင်းနှင့်တခြားလူများကလည်း ဖိအားကို မခံစားရတော့ပေ။

လင်းရှန်က အထဲသို့ပြေးဝင်လာပြီး ဟန်မူယဲ့နောက်မှ အလယ်ပိုင်းကုန်းမြေသို့ လိုက်သွားသည်။

မူကျင်းနှင့် တခြားလူများက နားမလည်နိုင်ဖြစ်နေသည်။ သူတို့က အကောင်းအတိုင်းရှိနေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လမ်းကြောင်းမှတစ်ဆင့် သူ့နောက်သို့ လိုက်သွားကြသည်။

ကံကောင်းစွာဖြင့် လင်းရှန်ဝင်သွားသောအခါတွင် ကောင်းကင်နှင့်မြေကြီး၏အတားအဆီးက တုံ့ပြန်မှုမရှိကြောင်း သူတို့မြင်ခဲ့ရသည်။

‘သူက အဆင်ပြေမှာပါ ဟုတ်တယ်မလား’ သူတို့ တွေးမိသည်။

“ဒါက အလယ်ပိုင်းကုန်းမြေပဲ”

ဟန်မူယဲ့က ချောက်ကမ်းပါးတစ်ခုတွင်ရပ်ပြီး အဆုံးမရှိသောတောင်တန်းများကိုကြည့်၍ ညင်သာစွာပြောသည်။

အစိမ်းရောင်တောင်တန်းများသည် ပေသောင်းချီအထိ ရှည်လျားနေသည်။

ဤကုန်းမြေသည် ကျယ်ပြန့်ပြီး မဟာတာအိုသည် နေရာအနှံ့တွင် ရှိနေသည်။

ဤကုန်းမြေတွင် လွင့်မျောနေသော သဘာဝစွမ်းအင်အလင်းများကို မြင်နိုင်သည်။

သဘာဝစွမ်းအင်အလင်းများက ဟန်မူယဲ့ဆီသို့ စုစည်းလာသည်။

ထိုအရာသည် လေထုထဲတွင်ရှိနေသော သဘာဝစွမ်းအင်များဖြစ်သည်။ ဟန်မူယဲ့၏ အင်မော်တယ်ဝိညာဉ်အမြစ်ကြောင့် ဆွဲဆောင်ခံရပြီး ခန္ဓာကိုယ်ထဲသို့ အလုအယက်တိုးဝင်လာခြင်းဖြစ်သည်။

ဤနေရာတွင်ရှိသော သဘာဝစွမ်းအင်သိပ်သည်းမှုကို အံ့ဖွယ်ကိုးပါးတောင်၏ နေရာတစ်ခုကပဲ ယှဉ်နိုင်သည်။

ဝိညာဉ်နယ်မြေဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ၏ သာမန်တောအုပ်များတွင် သဘာဝစွမ်းအင်သိပ်သည်းမှုသည် အနောက်ဘက်နယ်စပ်ကုန်းမြေရှိ ဂိုဏ်းကြီးများ၏ဝိညာဉ်နယ်မြေနှင့် ယှဉ်နိုင်သည်။

ထိုလောကမျိုးသည် ကျင့်ကြံသူများအတွက် တော်ဝင်နယ်မြေဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၏အတားအဆီးထဲမှ ထွက်လာသော မိစ္ဆာမူကျင်း၏မျက်နှာထားသည် လေးနက်နေသည်။

“အလယ်ပိုင်းကုန်းမြေက သဘာဝစွမ်းအင်တွေ သိပ်သည်းနေတာပဲ။ ဒီလိုဆိုရင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေက နေရာတိုင်းမှာ ရှိနေတာလား”

ဟန်မူယဲ့၏ဘေးတွင်ရှိနေသော လင်းရှန်က နက်ရှိုင်းသောအသံဖြင့် ပြောသည်။

ထိုသို့သိပ်သည်းနေသော သဘာဝစွမ်းအင်များသည် ကျွမ်းကျင်သူမည်မျှ ဖန်တီးနိုင်မည်နည်း။

ထို့အပြင် သဘာဝစွမ်းအင်များ သိပ်သည်းနေသောကြောင် သဘာဝရတနာများ ပိုမိုထွက်ပေါ်လာလိမ့်မည်။

အလယ်ပိုင်းကုန်းမြေသည် မည်မျှသန်မာသနည်း။

“ဟားဟား၊ ညီအစ်ကိုလင်းက အများကြီးတွေးနေပြီ”

ကောင်းကင်နှင့်မြေကြီး၏အတားအဆီးထဲမှ ထွက်လာသော ခုန်းချောင်တိက ခေါင်းခါလျက် ရယ်သည်။

“အလယ်ပိုင်းကုန်းမြေမှာ သဘာဝစွမ်းအားသိပ်သည်းပြီး ရတနာတွေအများကြီးရှိနေပေမဲ့ မဟာတာအိုဖိအားက သိပ်သည်းတယ်။ အဲဒါကြောင့် ကမ္ဘာမြေအဆင့်ကိုရောက်ရင် ကပ်ဘေးကျဆင်းလာလိမ့်မယ်”

“ကမ္ဘာမြေသွေးကြောဖွင့်အဆင့်ကနေ ဝိညာဉ်နိုးထခြင်းအဆင့်ကိုတက်တာ၊ ဝိညာဉ်နိုးထခြင်းအဆင့်ကနေ ရွှေအမြုတေဖြစ်ပေါ်တာ၊ ရွှေအမြုတေကနေ ဝိညာဉ်သူငယ်အဖြစ်ပြောင်းတာ အဲဒီအဆင့်တွေအားလုံးမှာ ကပ်ဘေးနဲ့ရင်ဆိုင်ရတယ်”

“မိုးကြိုးကပ်ဘေးတွေ အရမ်းများနေတဲ့အတွက် ကောင်းကင်ဘုံအဆင့်ကိုဝင်ရောက်နိုင်တဲ့လူ အနည်းငယ်ပဲရှိတယ်”

“အလယ်ပိုင်းကုန်းမြေမှာ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတွေ အများကြီးရှိပေမဲ့ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေကတော့ နည်းနေသေးတယ်”

ထိုသို့ပြောလိုက်ပြီး ခုန်းချောင်တိ၏မျက်နှာပေါ်တွင် ဂုဏ်ယူမှုများပေါ်လာသည်။

“ဒါပေမဲ့ အလယ်ပိုင်းကုန်းမြေရဲ့နန်းမြို့တော်က ကွန်ဖြူးရှပ်တာအိုကိုအသုံးပြုပြီး လောကကို ဖိနှိပ်ထားတယ်။ ကွန်ဖြူးရှပ်တာအိုဆရာတွေက ကောင်းကင်အဆင့်စွမ်းအားကို ပိုင်ဆိုင်တယ်”

ကွန်ဖြူးရှပ်တာအိုဆရာ…

သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့က ခုန်းချောင်တိနှင့် ဆွေးနွေးခဲ့သည်။

ကွန်ဖြူးရှပ်တာအိုသည် ကျင့်ကြံပြီး နားလည်နိုင်ရန် ခက်ခဲသည်။

ကျောင်းတော်သို့စရောက်လာသော ကွန်ဖြူရှပ်တာအိုကျောင်းသားများသည် ချီစုဆောင်ခြင်းအဆင့် သာမန်ကျင့်ကြံသူများထက် နိမ့်ကျသည်။ သူတို့၏သက်တမ်းနှင့် ခွန်အားသည် အလွန်အားနည်းသည်။ သူတို့က သာမန်လူများထက် အနည်းငယ်ပိုသန်မာပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအနည်းငယ်ကိုသာ အသက်သွင်းနိုင်သည်။

ရတနာတချို့ပိုင်ဆိုင်ထားသော လက်ရွေးစင်တပည့်များက တိုက်ခိုက်နိုင်စွမ်းတချို့ရှိသည်။

လောက၏အသိအမှတ်ပြုခြင်းကိုခံရသော အခြေခံအဆင့်ကျောင်းတော်သားများက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏စွမ်းအားကို စတင်ပြသနိုင်သည်။

သမာဓိစွမ်းအားကို အသုံးချ၍ မကောင်းဆိုးဝါးများအား နှင်ထုတ်ခြင်း၊ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လမ်းညွှန်၍ မန္တန်နှင့် နတ်ဘုရားစွမ်းအားများအား အသုံးပြုခြင်းတို့တွင် နက်နဲသောစွမ်းအားများ ပါဝင်နေသည်။

ကွန်ဖြူးရှပ်တာအို၏ ကျောင်းတော်သားတစ်ယောက်က ချီစုဆောင်းခြင်းနှင့် အခြေခံအုတ်မြစ်အဆင့်ကြားတွင် ရှိသည်။ သန်မာသောလူက အခြေခံအုတ်မြစ်အဆင့်ကို ဖိနှိပ်နိုင်ပြီး အားနည်းသူက ချီစုဆောင်းခြင်းအဆင့်ကို အနိုင်မယူနိုင်ပေ။

အဆင့်မြင့်ကျောင်းတော်သားဖြစ်သွားလျှင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာလိမ့်မည်။ သူတို့က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသက်သွင်း၍ ကမ္ဘာမြေ သွေးကြောဖွင့်ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်သည်။

ကွန်ဖြူးရှပ်တာအို၏ ကျောင်းတော်သားတစ်ယောက်အဖြစ် အဆင့်တက်သွားလျှင် ခွန်အားများ ခုန်ပေါက်တိုးတက်လာလိမ့်မည်။

ကျောင်းတော်သားများအတွက် မဟာတာအို၏ အသိအမှတ်ပြုခြင်း၊ တခြားလူများထက်သာလွန်သော ပါရမီ၊ ထူးခြားသောနားလည်နိုင်စွမ်းကို လိုအပ်သည်။

ထို့အပြင် ဂုဏ်သတင်းတစ်ခု တည်ဆောက်ရန်လည်း လိုအပ်သည်။

အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားတစ်ယောက် ဖြစ်လာရန်အတွက် လူအများ၏လေးစားမှုကို လိုအပ်သည်။

ထိုအရာသည် အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုနှင့် ကောင်းကင်တာအို၏ သဘောတူညီချက်ဖြစ်သည်။

ကျောင်းတော်သားတစ်ယောက်သည် ကောင်းကင်ဘုံအရာရှိတစ်ယောက် ဖြစ်လာနိုင်သည်။

ကောင်းကင်နှင့်မြေကြီး၏အခွင့်အာဏာကို ဆုပ်ကိုင်ထားနိုင်လျှင် ကျောင်းတော်သားတစ်ယောက်က ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏စွမ်းအားကို ထုတ်ဖော်နိုင်သည်။ ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏ကံကောင်းခြင်းကို အသုံးပြု၍ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်သည်။

အလယ်ပိုင်းကုန်းမြေတွင် ဒေသအများအပြား၏ အုပ်ချုပ်သူများရှိသည်။ သူတို့က ရေ၊ မြေနှင့် တောင်တန်းများကို အုပ်ချုပ်သည်။ သူတို့အားလုံးသည် ကံတရား၏ကောင်းချီးနှင့် အရာရှိဖြစ်လာသူများဖြစ်ကြ၏။

အုပ်ချုပ်ရေးအဖွဲ့ထဲတွင် ဒါဇင်နှင့်ချီသော ကျောင်းတော်သားအရာရှိများ ရှိနေကြသည်။ သူတို့က ကွန်ဖြူးရှပ်တာအိုစွမ်းအားကို အသုံးပြုကြသည်။

ကျောင်းတော်သားအဆင့်၏အထက်တွင်ရှိသော ကွန်ဖြူးရှပ်တာအိုဆရာအဆင့်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် တူညီသည်။

ကွန်ဖြူးရှပ်တာအိုဆရာတွင် ကောင်းကင်နှင့်မြေကြီး၏ ကာကွယ်မှုရှိလျှင် ကောင်းကင်ဘုံအဆင့် ဝိညာဉ်သူငယ်ကျွမ်းကျင်သူများကတောင် သူတို့ရှေ့တွင် သတိထားနေရမည်။

အလယ်ပိုင်းကုန်းမြေ၏ ဒေသအမျိုးမျိုးတွင်ရှိသော အုပ်ချုပ်သူများသည် ကွန်ဖြူးရှပ်တာအိုဆရာအဆင့်တွင် ရှိရမည်။

အကယ်၍ ကွန်ဖြူးရှပ်တာအိုဆရာအဆင့်တွင် မရှိလျှင် ဒေသတွင်းရှိလူများ၏ ဆန္ဒကိုပဲ ဆောင်ရွက်ပေးရလိမ့်မည်။

ပြည်သူများနှင့် အရာရှိများသည် ရေနှင့် သင်္ဘောသဖွယ်ဖြစ်သည်။

လှိုင်းကြီးလာလျှင် သင်္ဘောမှောက်သွားလိမ့်မည်။

ကွန်ဖြူးရှပ်တာအိုဆရာတစ်ယောက်၏ ကျင့်ကြံခြင်းနှင့် စွမ်းအားမရှိလျှင် အုပ်ချုပ်သူက ဒေသတွင်းရှိလူများဖြစ်သော သင်္ဘောကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံခြင်း တိုးတက်သည်။ မိသားစုကြီးများနှင့် ဂိုဏ်းကြီးများတွင် ကျွမ်းကျင်သူများရှိကြသည်။ ထို့ကြောင့် ဒေသအုပ်ချုပ်သူက ဝိညာဉ်သူငယ်ကျွမ်းကျင်သူတစ်ယောက်ကို မဖိနှိပ်နိုင်လျှင် ဂိုဏ်းနှင့်မိသားစုအမျိုးမျိုးကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။

ကွန်ဖြူးရှပ်တာအိုဆရာအဆင့်၏အထက်တွင် ဆရာသခင်အဆင့်ရှိသည်။

ခုန်းချောင်တိ၏ပြောစကားအရ ဆရာသခင် ၉၉%သည် နန်းမြို့တော်ကျောင်းတွင် စုစည်းနေသည်။

ထိုနေရာသည် တိုင်းပြည်၏ ကံကောင်းခြင်းများ စုစည်းရာဖြစ်သည်။

အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ၉၀%သည် နန်းမြို့တော်တွင်ရှိသည်။

ထိုကျွမ်းကျင်သူများအားလုံးက လောက၏ကံကောင်းခြင်းကို စုစည်းနိုင်ရန်အတွက် တစ်နေရာတည်းတွင် ရှိနေကြသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ပြန့်ကျဲနေသော ကျင့်ကြံခြင်းဂိုဏ်းများနှင့် မတူညီဘဲ အလယ်ပိုင်းကုန်းမြေ၏ ကျင့်ကြံသူကြီးများတွင် ကိုယ်ပိုင်တာဝန်ရှိသည်။

အလယ်ပိုင်းကုန်းမြေတွင် ကျင့်ကြံသူကြီးများရှိနေသော်လည်း ရှားပါးသည်။ ကျင့်ကြံသူအများစုက နန်းမြို့တော်တွင် စုဝေးနေပြီး သူစိတ်ကူထားသကဲ့သို့ အများအပြားမရှိပေ။

ထို့ကြောင့် မူကျင်းက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

“သွားကြစို့”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်ပြီး လက်ထဲရှိခေါက်ယပ်တောင်ကို သိမ်းသည်။

ထိုအချိန်တွင် သူ့ကိုယ်ပေါ်ရှိ သဘာဝစွမ်းအင်အလင်းများက ပျောက်ကွယ်သွားပြီး မှိန်ဖျော့နေသော ရွှေရောင်အငွေ့အသက်တချို့ကိုပဲ ချန်ရစ်ခဲ့သည်။

ထိုသမာဓိစွမ်းအားအငွေ့အသက်က သိပ်သည်းမှုမရှိသော်လည်း အလွန်သန့်စင်သည်။

“ကောင်းကင်နဲ့မြေကြီးအတားအဆီးရဲ့ မိုင်တစ်ထောင်အတွင်းမှာ ဘယ်သူမှမရှိဘူး။ ငါတို့က မိုင်တစ်ထောင်အထိသွားပြီး အစောင့်တွေနဲ့ ဆက်သွယ်ရမယ်”

ခုန်းချောင်တိက အလယ်ပိုင်းကုန်းမြေ၏ ဖွဲ့စည်းပုံနှင့်ရင်းနှီးသည်။

သူက လက်မြှောက်လိုက်သောအခါတွင် သမာဓိစွမ်းအားက အစိမ်းရောင်ကြိုးကြားတစ်ကောင်အဖြစ် ပြောင်းသွားသည်။

ကြိုးကြာက တောင်ပျံများကိုဆန့်တန်း၍ ပျံသန်းလိုက်သည်။

လင်းရှန်က သင်္ဘောပျံကိုထုတ်ယူသည်။ ဟန်မူယဲ့တို့က သင်္ဘောပျံကိုစီးနင်း၍ အစိမ်းရောင်ကြိုးကြာနောက်မှ လိုက်လာသည်။

အလယ်ပိုင်းကုန်းမြေသည် ကျယ်ပြန့်သည်။ အလယ်ပိုင်းကုန်းမြေ၏ ဒေသတစ်ခုသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နယ်မြေအများစုနှင့် ယှဉ်နိုင်သည်။

All Chapters