အခန်း (၃၁၂)
Vol. 23 Ch. 312
“ရှုရှီဒေသမှာ စပါးစိမ်းတောင်ကုန်းရဲ့ စောင့်ရှောက်သူတစ်ယောက်ရှိနေပြီလို့ ဒေသအုပ်ချုပ်သူက သတင်းပါးခဲ့တယ်။ စပါးစိမ်းတောင်ကုန်းက ကောင်းကင်နဲ့မြေကြီးရဲ့အတားအဆီးနဲ့ အရမ်းဝေးနေတဲ့အတွက် ငါက အလည်မလာနိုင်ခဲ့ဘူး”
စကားပြောလိုက်သောလူက ရှီယွမ်မြို့အရှင် ရှန်းစစ်ဖြစ်သည်။
မူကျင်းက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ရှင်က ယဉ်ကျေးလွန်းနေတာပဲ။ ကျွန်မက အလယ်ပိုင်းကုန်းမြေရဲ့ စောင့်ရှောက်သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
သူမသည် မဟာမိစ္ဆာတစ်ကောင်ဖြစ်ပြီး စည်းကမ်းအများအပြားလိုက်နာရန်မလိုပေ။
ရှန်းစစ်က ရယ်လိုက်ပြီး ဟန်မူယဲ့၊ ခုန်းချောင်တိနှင့် တခြားလူများကို ကြည့်သည်။
ခုန်းချောင်တိက ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့ကိုယ်ပေါ်တွင် သမာဓိစွမ်းအားများ ဖြတ်ပြေးသွားသည်။ သူက လက်သီးဆုပ်နှုတ်ဆက်လိုက်ပြီး ဟန်မူယဲ့နှင့် သူ့ကိုယ်သူ မိတ်ဆက်သည်။
“ဟန်မိသားစုလား”
ရှန်းစစ်က ဟန်မူယဲ့ကို သေချာကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“အဲဒီတော့ သခင်လေးဟန်မူယဲ့ကိုး။ မင်းက လူငယ်သူရဲကောင်းတစ်ယောက်ပဲ”
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့မှာ ငါ့ရဲ့ရှီယွမ်မြို့ကို ချန်ဟယ်ဒေသရဲ့ စုမိသားစုက သခင်လေးစုလင်း ရောက်နေတယ်။ မင်းတို့အားလုံးက ကွန်ဖြူးရှပ်တာအိုရဲ့ ပါရမီရှင်တွေပဲ။ ပြောစရာတွေ အများကြီးရှိနေလောက်တယ်”
ထိုသို့ဖြင့် သူက ဘေးတွင်ရှိသောလူငယ်လေးတစ်ယောက်ကို ရှေ့ပို့လိုက်သည်။
စုမိသားစု၏စုလင်းနှင့် သူငယ်ချင်းကောင်းတချို့က လောကတွင် လှည့်လည်သွားလာနေသော ကျောင်းတော်သားများဖြစ်သည်။
သူတို့က လက်သီးဆုပ်၍ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖျင်းနှုတ်ဆက်လိုက်ပြီး တစ်ဖက်သို့သွားလိုက်ကြသည်။
‘အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ မဟာမိစ္ဆာ၊ ဘယ်ကနေရောက်လာမှန်းမသိတဲ့ သခင်လေးဟန်’
‘သူတို့က သခင်လေးစုနဲ့မိတ်ဆွေဖြစ်ဖို့ အဆင့်မီလို့လား’
ရှီယွမ်မြို့တော်ဝန်က စပါးစိမ်းတောင်ကုန်းစောင့်ရှောက်သူ၏ ဂုဏ်သတင်းကို ထည့်တွက်နေရသောကြောင့် ဤဧည့်ခံပွဲက ကဗျာစုဝေးပွဲအဖြစ်မှ ပြောင်းလဲသွားခြင်းဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မဟာမိစ္ဆာက စာပေကို နားမလည်နိုင်ကြောင်း သူသိနေသောကြောင့် ဧည့်ခံပွဲကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် စုလင်းနှင့်တခြားသူများက အလွန်နောင်တရနေသည်။
ရှန်းစစ်သည် အရာရှိကျောင်းတော်သားတစ်ဦးဖြစ်ပြီး စာပေပါရမီ ထူးချွန်သည်။
ရှန်းစစ်က ကဗျာစုဝေးပွဲကို ကျင်းပပေးခဲ့လျှင် သူတို့က သူ့ချီးကျူးမှုနှင့် လမ်းညွှန်မှုကို ရရှိနိုင်လိမ့်မည်။
ဤနေရာသည် အလယ်ပိုင်းကုန်းမြေဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုသည် လေးစားခံရသည်။
မူကျင်းနှင့်ဟန်မူယဲ့တို့သည် ကောင်းကင်ဘုံအဆင့်မိစ္ဆာနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဖြစ်သော်လည်း အလယ်ပိုင်းကုန်းမြေတွင် အေးစက်စွာဆက်ဆံခံရသည်။
ရှန်းစစ်က အပြုံးတစ်ခုနှင့်အတူ မူကျင်း၊ ဟန်မူယဲ့နှင့် ကျန်လူများကို အထဲသို့ဖိတ်ခေါ်သည်။ တောက်ပနေသောခန်းဆောင်ထဲတွင် ထိုင်ခုံများစီစဉ်ထားသည်။
ရှန်းစစ်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏အကြောင်းကို ပုံမှန်အတိုင်းမေးသည်။ ထို့အပြင် သူက စုလင်းတို့နှင့်လည်း စာပေအကြောင်း ဆွေးနွေးနေသည်။
သူက ဟန်မူယဲ့ကို အကြိမ်ရေအနည်းငယ်ခန့် ဖိတ်ခေါ်ခဲ့သော်လည်း ဟန်မူယဲ့က ငြင်းဆိုခဲ့သည်။
ထို့ကြောင့် စုလင်းတို့က ဟန်မူယဲ့ကို စိတ်ဝင်စားမှု ပိုမိုလျော့နည်းသွားသည်။
မြို့အရှင်၏ဧည့်ခံပွဲသည် ပါရမီကိုထုတ်ပြပြီး ဂုဏ်သတင်းကျော်ကြားလာရန် နေရာတစ်ခုဖြစ်သည်။ သူက ပါရမီကို ထုတ်မပြချင်ပေ။ သူ့တွင် အစစ်အမှန်ပါရမီမရှိဘဲ ထုတ်ပြရန် ကြောက်ရွံ့နေသောကြောင့်ဖြစ်လိမ့်မည်။
ဟန်မူယဲ့က စာပေဆွေးနွေးပွဲတွင် မပါဝင်ခဲ့သလို ခုန်းချောင်တိလည်း အတူတူပင်ဖြစ်သည်။
သူက ကုန်သွယ်ရေးတွင်ကောင်းမွန်စွာကိုင်တွယ်နိုင်သော်လည်း ကဗျာနှင့်ပတ်သတ်၍ သိပ်မသိပေ။
သို့ပေမဲ့ ရှန်းစစ်နှင့် မဟာမိစ္ဆာမူကျင်းတို့က ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးများအကြောင်း ဆွေးနွေးလာသောအခါတွင် ခုန်းချောင်တိက တက်ကြွလာသည်။
“သခင်ရှန်း၊ ဒီဆေးလုံးက ကျွန်တော်တို့ဟန်မိသားစုစီးပွားရေးရဲ့ ထုတ်ကုန်တစ်ခုပါ။ ကျေးဇူးပြုပြီး အရည်အသွေးကို တစ်ချက်ကြည့်လိုက်ပါဦး”
ခုန်းချောင်တိက ကျောက်စိမ်းပုလင်းလေးနှစ်ခုကို ထုတ်ပေးသည်။
“ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းလား”
စုလင်းက မျက်မှောင်ကြုတ်ပြီး ခုန်းချောင်တိကို ကြည့်သည်။
“ညီအစ်ကိုခုန်းရုံတို့ရဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းကို ဘာဖြစ်လို့မကြားဘူးတာလဲ”
စုမိသားစုသည် မိသာစုလေးတစ်ခုမဟုတ်ပေ။ သူတို့က ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်စီးပွားရေးကို အများအပြားဆောင်ရွက်သည်။ စုလင်းက ထိုဈေးကွက်ထဲတွင်ရှိသော မိသားစုတချို့ကို သိထားသည်။ သို့ပေမဲ့ ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းကိုတော့ မကြားမိချေ။
”ဟားဟား၊ ငါတို့ရဲ့ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက အခုမှ တည်ထောင်ခါစပဲ ရှိပါသေးတယ်”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဒီခရီးမှာ ညီအစ်ကိုခုန်းနဲ့ ငါပဲပါတယ်”
‘လူနှစ်ယောက်စီးပွားရေးလား’
စုလင်းက ခေါင်းခါလိုက်ပြီး စိတ်မဝင်စားတော့ပေ။
သူ့ဘေးတွင်ရှိသောလူများကလည်း ပြုံးလိုက်ပြီး ခေါင်းခါသည်။
ကျောင်းတော်သားများသည် စီးပွားရေးကိစ္စများနှင့် မပတ်သတ်သင့်ပေ။ ကိုယ်ပိုင်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေနိုင်သည်။
လေ့လာမှုကို လက်လျော့ထားသော ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားမှာ အနာဂတ်မရှိပေ။
စုလင်းတို့တင်မကဘဲ ရှန်းစစ်ကပါ ဟန်မူယဲ့ကို စိတ်မဝင်စားတော့ပေ။
ဟန်မူယဲ့က စုလင်းတို့ကဲ့သို့ ခရီးသွားကျောင်းတော်သားတစ်ယောက် ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် သူက ခရီးသွားကုန်သည်ဖြစ်နေသည်။
အလယ်ပိုင်းကုန်းမြေသည် စီးပွားရေးထက် ကျောင်းတော်သားများကို တန်ဖိုးထားသည်။ ကုန်သည်တစ်ယောက်သည် အရာရှိကျောင်းတော်သားတစ်ယောက်နှင့် အတူမထိုင်နိုင်ပေ။
ရှန်းစစ်က ခဏလောက်စဉ်းစားပြီး ခုန်းချောင်တိ၏ ကျောက်စိမ်းပုလင်းနှစ်ခုကို လှမ်းယူသည်။ သူက တည်ငြိမ်စွာပြောသည်။
“ငါက ကျင့်ကြံခြင်းမှာ ဆေးလုံးတွေသိပ်သုံးလေ့မရှိဘူး။ မင်းရဲ့ဆေးလုံးတွေက အသုံးမလို ....”
သူက စကားပြောမပြီးခင်မှာ မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။
“သန့်စင်နတ်ဘုရားဆေးလုံး ....”
ကျောက်စိမ်းပုလင်းထဲတွင် ထိပ်တန်းအဆင့်အရည်အသွေး သန့်စင်နတ်ဘုရားဆေးလုံးနှစ်လုံး ရှိနေသည်။
ထိပ်တန်းအဆင့်အရည်အသွေးဆေးလုံးကို အလယ်ပိုင်းကုန်းမြေတွင် အလွန်အရည်အသွေးကောင်းသည်ဟု ယူဆသည်။ ထိုဆေးလုံးကို ဝိညာဉ်ဆေးလုံးအဖြစ် သတ်မှတ်နိုင်သည်။
အလယ်ပိုင်းကုန်းမြေတွင် အာခီမီပညာရပ် ထွန်းကားသောကြောင့် ဆေးလုံးများ၏အရည်အသွေးကလည်း အလွန်မြင့်သည်။
အလယ်ပိုင်းကုန်းမြေ၏လူများသည် အနောက်ဘက်နယ်စပ်ကုန်းမြေရှိ သာမန်ဆေးလုံးများကို စိတ်မဝင်စားပေ။
အရည်အသွေးကောင်းသောဆေးလုံးများကို အလယ်ပိုင်းကုန်းမြေတွင် သာမန်ဆေးလုံးအဖြစ် သတ်မှတ်သည်။
သိစိတ်တချို့ရှိသော ထိပ်တန်းအဆင့်အရည်အသွေးဆေးလုံးများကို ဝိညာဉ်ဆေးလုံးအဖြစ် သတ်မှတ်နိုင်သည်။ ထိုဆေးလုံးများက အလယ်ပိုင်းကုန်းမြေတွင် လူကြိုက်အများဆုံးဖြစ်သည်။
အင်မော်တယ်အဆင့်ဆေးလုံးများသည် အဆင့်မြင့်ဝိညာဉ်ဆေးလုံးဖြစ်ပြီး အလွန်ထူးခြားသောတန်ဖိုးရှိသည်။ အလယ်ပိုင်းကုန်းမြေတွင် အာခီမီဆရာများကပဲ ထိုဆေးလုံးမျိုးကို သန့်စင်နိုင်သည်။
နန်းမြို့တော်တွင် အင်မော်တယ်အဆင့်ထက်ကျော်လွန်သော ဆေးလုံးများရှိသည်။
အလယ်ပိုင်းကုန်းမြေတွင် အာခီမီပညာရပ် ထွန်းကားသော်လည်း ဆေးလုံးများကို လိုအပ်နေဆဲဖြစ်သည်။
အထူးသဖြင့် ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သောဆေးလုံးများဖြစ်သည်။
အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် ဝိညာဉ်စွမ်းအားကုန်ဆုံးသည်။ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအများအပြားသည် အားနည်းသောခန္ဓာကိုယ်ရှိပြီး သန့်စင်ပေးရန်လိုအပ်သည်။
ခုန်းချောင်တိ၏အကြံပြုချက်အရ ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေသို့ ခရီးထွက်လာသောအခါတွင် ဝိညာဉ်ကိုအားဖြည့်ပေးရန်အတွက် အကောင်းဆုံး သန့်စင်နတ်ဘုရားဆေးလုံးနှင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးရန်အတွက် ငှက်မွေးစုစည်းခြင်းဆေးလုံးကို ယူလာခဲ့သည်။
ထိုဆေးလုံးနှစ်မျိုးသည် ဆဌမအဆင့်ဆေးလုံးများဖြစ်ပြီး အလယ်ပိုင်းကုန်းမြေတွင် အလွန်တန်ဖိုးထားခံရသည်။
“ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းမှာ ဒီလိုဆေးလုံးမျိုးရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး”
ရှန်းစစ်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ခပ်ဟဟရယ်ပြီး ခုန်းချောင်တိကို ကြည့်သည်။
“မင်းရဲ့ဆေးလုံးတွေက ဘယ်လောက်လဲမသိဘူး”
သူက ဆေးပုလင်းကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး မေးသည်။
ဟန်မူယဲ့နှင့်ခုန်းချောင်တိက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးသည်။
စီးပွားရေးက အဆင်ပြေသွားပြီဖြစ်သည်။
အလယ်ပိုင်းကုန်းမြေသည် ကြွယ်ဝပြီး ဝိညာဉ်ကျောက်တုံးများလိုအပ်နေခြင်းမရှိပေ။
ထိပ်တန်းအဆင့်အရည်အသွေး သန့်စင်နတ်ဘုရားဆေးလုံးများကို အဆင့်မြင့်အရည်အသွေးဝိညာဉ်ကျောက်တုံး ရှစ်ရာ၊ အမျိုးမျိုးသော ဝိညာဉ်ဆေးပင်၊ ဝိညာဉ်သတ္တုများနှင့် လဲလှယ်ခဲ့သည်။
ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်သတ္တုများ အားလုံးပေါင်းလျှင် အဆင့်မြင့်အရည်အသွေးဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်သည်။
ထိုဆေးလုံးများသည် ထိပ်တန်းအဆင့်အရည်အသွေးပဲ ဖြစ်သည်။ ထိုဆေးလုံးနှစ်မျိုးအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၈၀၀ရခဲ့သည်။
ထိုဈေးနှုန်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေထက် ငါးဆခန့်ပိုများသည်။
အရောင်းအဝယ် ပြီးဆုံးသွားသောအခါတွင် ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ထွက်သွားသည်။
မူကျင်းကလည်း ပြန်သွားခဲ့သည်။
သူတို့ထွက်သွားသောအခါတွင် ရှန်းစစ်က ဆေးလုံးများနှင့်အတူ လျင်မြန်စွာပြန်သွားသည်။
ဝိညာဉ်အားဖြည့်ပေးနိုင်သော ဆေးလုံးများသည် ပစ္စည်းကောင်းဖြစ်သည်။
“ဟင်း၊ ငါက သူ့ကို ခရီးသွားကျောင်းတော်သားတစ်ယောက်လို့ထင်နေတာ။ တကယ်တော့ စီးပွားရေးလုပ်ဖို့ရောက်လာတာပဲ”
စုလင်း၏ဘေးတွင်ရပ်နေသော ချည်သားဝတ်စုံနှင့်လူငယ်တစ်ယောက်က အပြင်ထွက်သွားသော ဟန်မူယဲ့တိုအုပ်စုကိုကြည့်၍ တီးတိုးပြောသည်။
ဟန်မူယဲ့တို့ကြောင့်သာမဟုတ်လျှင် ဧည့်ခံပွဲသည် အနည်းဆုံး တစ်နာရီကြာလိမ့်မည်။
သူတို့က ကျောင်းတော်သားအရာရှိဆီသို့ ချဉ်းကပ်၍ မေးခွန်းများမေးနိုင်သည်။
ဒေသတစ်ခုကို အုပ်ချုပ်ထားသော အရာရှိရှန်းစစ်သည် ဗဟုသုတကြွယ်ဝရုံတင်မကဘဲ အတွေ့အကြုံလည်း များသည်။ သူသည် ကွန်ဖြူးရှပ်ကျင့်ကြံသူများကြားတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
သူနှင့်ဆွေးနွေးနိုင်သောအခွင့်အရေးသည် မျိုးဆက်သစ်ကျောင်းတော်သားများအတွက် အလွန်ရှားပါးသည်။
စုလင်းက ခေါင်းညိတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ခရမ်းရောင်သန်းနေသော သဘာစွမ်းအင်အလင်းတစ်ခု ထွက်ပေါ်လာသည်။
“ကံကြမ္မာ”
စုလင်းက တီးတိုးအော်သံတစ်ခုနှင့်အတူ မယုံကြည်နိုင်စွာပြောသည်။
“သူက လူတွေရဲ့မျှော်လင့်ချက်ကို ဘယ်လိုစုစည်းလိုက်တာလဲ”
လူများ၏မျှော်လင့်ချက်သည် လူများ၏ဆန္ဒဖြစ်ပြီး ကွန်ဖြူးရှပ်တာအို၏ မရှိမဖြစ်စွမ်းအင်တစ်မျိုးဖြစ်သည်။
ကျောင်းတော်သားတိုင်းက ကောင်းကင်နှင့်မြေကြီး၏တာအိုစွမ်းအင်ကို ဆက်ခံနိုင်ရန်အတွက် လူများ၏ဆန္ဒကို စုစည်းရန်လိုအပ်သည်။
စီးပွားရေးသမားတစ်ယောက်ဖြစ်လာသော ဟန်မူယဲ့သည် လူများ၏ဆန္ဒကို မည်သို့စုစည်းခဲ့သနည်း။
“မြို့အရှင်ကြောင့်လား”
လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောသည်။
“မဟုတ်ဘူး”
စုလင်း၏မျက်နှာထားသည် လေးနက်နေပြီး တီးတိုးပြောသည်။
“သူ့ရဲ့စာပေပါရမီကြောင့် ခရမ်းရောင်အငွေ့အသက်တွေ ဖြစ်တည်လာတယ်”
“ဒါနဲ့ သူက ဘယ်သူလဲ”
စုလင်းက နောက်တစ်ရက်အကြာတွင် ဟန်မူယဲ့အကြောင်းကို ရှာတွေ့ခဲ့သည်။
ဟန်မူယဲ့တို့က ရှီယွမ်ဒေသမှထွက်လာပြီး နေ့တစ်ဝက်အကြာတွင် ရှီစိုင်မြို့၏မြို့စောင့်တပ်က ခရီးသွားကျောင်းတော်သားတစ်ယောက် ရေးသားထားသောကဗျာကို ဖြန့်ဝေခဲ့သည်။
“ရှီစိုင်တောင်ရှေ့မှာ ကြိုးကြာဖြူတစ်ကောင်ပျံသန်းနေတယ်။ စီးဆင်းနေတဲ့မက်မွန်ပွင့်ကြွေစမ်းချောင်းမှာ ငါးကြင်းတွေပျော်မြူးနေတယ်”
ထိုကဗျာနှစ်ကြောင်းကြောင့် ရှီယွမ်မြို့သည် ဆူပွက်သွားခဲ့သည်။
‘ရှုရှီဒေသနယ်စပ်မှာ ဒီလိုကဗျာမျိုးရှိနေတာလား’
‘ရှီစိုင်တောင်က စာပေလောကအတွက် တော်ဝင်နယ်မြေတစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်’
“ငါက ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖွဲ့ဖို့ ကျရှုံးခဲ့တာပဲ။ ငါ စုလင်းက တကယ်ကန်းနေခဲ့တယ် ....”
ရှီယွမ်မြို့ဂိတ်ပေါက်တွင် စုလင်းက မှောင်မည်းနေသောမျက်နှာထားနှင့်အတူ ရပ်နေသည်။
ထိုအချိန်တွင် ရှီယွမ်မြို့မှ ထွက်လာသော သင်္ဘောပျံပေါ်၌ ဟန်မူယဲ့က စပ်စုနေသည်။
“ဒါက ကွန်ဖြူးရှပ်တာအိုရဲ့ လူသားဆန္ဒလား”
သူ့လက်ဝါးပေါ်တွင် ခရမ်းဖျော့ရောင် သဘာဝစွမ်းအင်အလင်းက ပြောင်းလဲနေသည်။ တစ်ခါတလေတွင် ထိုစွမ်းအင်က သရဖူတစ်ခုအဖြစ်ပြောင်းလဲပြီး တစ်ခါတလေတွင် စုတ်တံဖြစ်သွားသည်။ တံဆိပ်တုံးတစ်ခုအဖြစ်လည်း ပြောင်းလဲခဲ့သေးသည်။
သူ့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ခုန်းချောင်တိက အားကျနေသည်။ သူက ခေါင်းညိတ်ပြီး တီးတိုးပြောသည်။
“သခင်လေး၊ လူတွေရဲ့မျှော်လင့်ချက်အပေါ်မူတည်ပြီး ကျောင်းတော်သားအရာရှိတစ်ယောက် ဖြစ်လာနိုင်တယ်”
‘ကျောင်းတော်သားအရာရှိတစ်ယောက် ဖြစ်လာရမှာလား’
‘စိတ်မဝင်စားဘူး’
ဟန်မူယဲ့က ခရမ်းဖျော့ရောင် သဘာဝစွမ်းအင်အလင်းကို ကိုင်ထားပြီး ပြောင်းလဲနေစေသည်။ အဆုံးတွင် ခရမ်းရောင်တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲပြီး ခေါက်ယပ်တောင်မှာ ကပ်ထားလိုက်သည်။