← Chapters

အခန်း (၃၁၃)

Vol. 23 Ch. 313

အခန်း (၃၁၃)

Vol. 23 Ch. 313

တောင်နှင့်မြစ်များ၏ခေါက်ယပ်တောင်က ချက်ချင်း ခရမ်းရောင်ပြောင်းသွားသည်။

ထိုလူသားဆန္ဒသည် ရတနာရှစ်မျိုးယုရီ၏ သိစိတ်ကို တိုးတက်လာစေနိုင်သည်။

လက်ထဲတွင်ရှိသောယပ်တောင်၏တုံ့ပြန်မှုကို အာရုံခံကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။

‘ဒါကို အံ့အားသင့်စရာလေးတစ်ခုအဖြစ် ထည့်တွက်ရမလား’ သူတွေးသည်။

သူက ထိုသို့ဖြစ်လာရန်အတွက် ကဗျာလေးတစ်ပုဒ်ပဲ ရေးခဲ့ရသည်။

သူက ယပ်တောင်ကို ပေါင်းကူးသဖွယ်သဘောထား၍ လူသားဆန္ဒကို ချိတ်ဆက်ထားသောကြောင့် သမာဓိစွမ်းအားနှင့် မန္တန်အမျိုးမျိုးအသုံးပြုနိုင်သည်။

သမာဓိစွမ်းအားကို အသက်သွင်းလိုက်လျှင် တာအိုနည်းစနစ်သည် ကွန်ဖြူးရှပ်တာအို နတ်ဘုရားစွမ်းအားဖြစ်လာလိမ့်မည်။

‘ဒီယပ်တောင်က ကွန်ဖြူးရှပ်တာအိုစွမ်းအားကို ထုတ်ဖော်နိုင်တဲ့ စာပေရတနာအစစ်လိုပဲ’

‘စိတ်ဝင်စားစရာကောင်းတယ်’

လူသားဆန္ဒစွမ်းအားက ထပ်ဆင့်ဖြစ်ပေါ်လာမည်လား မသိနိုင်ပေ။

‘ဒီလိုမျိုးအခြေအနေကောင်းနေတယ်ဆိုရင် ငါက စာပေရတနာတစ်ခုကို လွယ်လွယ်လေးဖန်တီးနိုင်မှာလား’

“သခင်လေးရဲ့လူသားဆန္ဒစွမ်းအားက ရှီယွမ်မြို့ကို ကဗျာတစ်ဝက်ပျံ့နှံ့လာတဲ့အချိန်မှာ အသက်ဝင်လာတယ်”

ဟန်မူယဲ့က လူသားဆန္ဒစွမ်းအားကို ရုတ်သိန်းလိုက်ကြောင်း မြင်ရသောအခါတွင် ခုန်းချောင်တိက ပြောသည်။

ထို့နောက် သူက ခေါင်းခါပြီး အားကျစိတ်များနှင့်အတူ ပြောသည်။

“လူသားဆန္ဒအနည်းငယ်ကို စုစည်းနိုင်ဖို့အတွက် ဟယ်ကျီးဒေသမြို့တော်ဝန်ကို ပြည်သူတွေအတွက် စိုးရိမ်ပေးဖို့ အကြံပေးခဲ့ရတယ်”

သူက လက်မြှောက်လိုက်သောအခါတွင် ခရမ်းရောင်အလင်းတချို့ ပေါ်လာသည်။

ဟန်မူယဲ့၏ခရမ်းရောင်အလင်းနှင့် ယှဉ်ကြည့်လိုက်လျှင် ခုန်းချောင်တိ၏ခရမ်းရောင်အလင်းက လမင်းနှင့်ယှဉ်နေသော ဖယောင်းတိုင်မီးနှင့်တူသည်။

“ကျောင်းတော်သားတစ်ယောက်က နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးခဲ့ရင်တောင် အရာရှိကျောင်းတော်သားတစ်ယောက်ဖြစ်လာဖို့ ခက်ခဲတယ်”

“အလယ်ပိုင်းကုန်းမြေမှာ ဆံပင်ဖြူနေတဲ့ ကျောင်းသားအိုကြီးတွေ အများကြီးရှိတယ်”

“တခြားလူတွေက သခင်လေးနဲ့ မယှဉ်နိုင်ဘူးပဲ”

ခုန်းချောင်တိက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မျှော်လင့်ချက်များနှင့်အတူ ပြောသည်။

“ကျွန်တော်တို့ ကျင်းချွမ်မြို့ကိုရောက်ရင် သခင်လေးရဲ့စာပေအရေးအသားကို လူဘယ်နှယောက်က မျှော်လင့်နေမလဲမသိဘူး”

“သခင်လေးရဲ့စာပေအရေးအသားက အလယ်ပိုင်းကုန်းမြေရဲ့ ဒေသအများစုကို ပျံ့နှံ့သွားပြီး လူတိုင်းအာရုံစိုက်တာခံရရင် နှစ်တစ်ရာအတွင်းမှာပဲ သခင်လေးက ကွန်ဖြူးရှပ်တာအိုဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်”

ခုန်းချောင်တိ၏အမြင်တွင် ကွန်ဖြူးရှပ်တာအိုအဆင့်သည် လက်လှမ်းမမီသောနေရာဖြစ်သည်။ ထိုအဆင့်က မြို့တစ်ခုကိုအုပ်ချုပ်နိုင်သော အဆင့်ဖြစ်သည်။

သို့ပေမဲ့ နှစ်တစ်ရာသည် အလွန်ကြာသည်ဟု ဟန်မူယဲ့ခံစားရသည်။

‘အဲဒီလောက်တောင်ကြာတယ်လား’

သူက မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။

“ဘာလို့အဲဒီလောက်ကြာနေတာလဲ။ ကဗျာနည်းနည်းလောက် ထပ်ရေးလို့မရဘူးလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ခုန်းချောင်တိက အံ့အားသင့်သွားပြီး ခဏအကြာတွင် ခေါင်းခါလျက် ပြောသည်။

“သခင်လေးက အဲဒီလိုကဗျာမျိုးကို စိတ်ရှိတိုင်းရေးနိုင်လို့လား”

ဟန်မူယဲ့က ပြန်မပြောခဲ့ပေ။

‘အဲဒီလိုကဗျာမျိုး နည်းနည်းလောက်ထပ်ရေးဖို့ ပြဿနာမရှိဘူးမဟုတ်လား’

သင်္ဘောပျံက ဆက်လက်ရွေ့လျားနေပြီး ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ခရမ်းရောင်အလင်းများ မကြာခဏထွက်လာသည်။

ထို့ကြောင့် ခုန်းချောင်တိ၏နှလုံးသားက နာကျင်သွားသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ကျင်းချွမ်မြို့သို့သွားရာလမ်းတွင် ထင်ပေါ်မနေချင်ပေ။ ခုန်းချောင်တိ၏အကြံပြုချက်အရ ဟန်မူယဲ့က အငွေ့အသက်ကို ထိန်းချုပ်ထားခဲ့သည်။

ထိုသို့ဆိုလျှင်ပင် သူ့ဟန်ပန်သည် ထူးခြားနေဆဲဖြစ်သည်။

သင်္ဘောပျံက အလွန်လျင်မြန်သော်လည်း ရှီယွမ်မြို့မှ ကျင်းချွမ်မြို့သို့ရောက်ရန် ငါးရက်ကြာလိမ့်မည်။

နေဝင်ချိန်တွင် သင်္ဘောပျံက သဘာစွမ်းအင်အလင်းများထွက်ပေါ်နေသော ရွာတစ်ရွာသို့ရောက်လာသည်။

သင်္ဘောပျံဆင်းသက်လာသောအချိန်တွင် လူအများအပြားဝိုင်းရံလာသည်။

“ဒါက ရှီယွမ်မြို့ရဲ့ တရားဝင်သင်္ဘောပဲ။ ရွာထဲမှာ မြန်မြန်လေးအနားယူပါ”

ချည်သားဝတ်စုံနှင့်ခေါင်းဆောင်က ပြောလိုက်သည်။

လူအိုကြီးက သူ့ကိုယ်သူ ချီရန်ဟုခေါ်ကြောင်း မိတ်ဆက်ခဲ့သည်။ သူက ချီမိသားစုကျေးရွာနှင့် ဤယာဉ်ရပ်နားစခန်း၏ ခေါင်းဆောင်ဖြစ်သည်။

ဤနေရာသည် ကျင်းချွမ်မြို့သို့သွားလာလမ်းတွင် ရပ်နားရန်လိုအပ်သော နေရာတစ်ခုဖြစ်သည်။ ဤနေရာတွင် သင်္ဘောပျံများ မကြာခဏရပ်နားကြသည်။

ရွှေ့ပြောင်းလာသော အရာရှိသင်္ဘောပျံနှင့် ကုန်သည်များအတွက် အလယ်ပိုင်းကုန်းမြေ၏ မြို့များကြားတွင် ယာဉ်ရပ်နားစခန်းများရှိသည်။

ချီရမ်က ဟန်မူယဲ့နှင့် တခြားလူများကိုဦးဆောင်၍ ယာဉ်ရပ်နားစခန်းထဲသို့ဝင်သွားပြီး အခန်းရှင်းပေးခဲ့သည်။

ဤနေရာသည် ရွာလေးတစ်ရွာဖြစ်ပြီး ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်မှုရှိသည်။

သူတို့က အခန်းရခဲ့ရုံတင်မကဘဲ ချီရုန်က ရွာသားများကို ဒေသထွက်စားစရာများ ယူလာရန်အတွက် ပြောခဲ့သည်။

သင်္ဘောပျံကိုထိန်းချုပ်နေသောလူက ရှီယွမ်မြို့၏ အရာရှိလေးတစ်ဦးဖြစ်သည်။ သူက စားစရာများကို သက်တောင့်သက်သာရှိစွာ လက်ခံထားပြီး ချီရုန်အား ဝိညာဉ်ကျောက်တုံးတချို့ ပေးခဲ့သည်။

ချီရမ်နှင့်ရွာသားများက အပြုံးများနှင့်အတူ ထွက်သွားသည်။

အဆင့်နိမ့်အရာရှိ၏ပြောစကားအရ ဤယာဉ်ရပ်နားစခန်းအတွက် လစာမရှိပေ။ ထို့ကြောင့် ရွာသားများက ဒေသထွက်ကုန်များအပေါ်မှီခို၍ ဝိညာဉ်ကျောက်တုံးများကို ရှာဖွေရသည်။

လမ်းတစ်လျှောက်တွင် လက်ဗလာဖြင့်ရပ်နားခြင်းသည် မကောင်းပေ။

သူ့စကားကိုကြားလိုက်ရသောအခါတွင် မူကျင်းက အမူအယာကင်းမဲ့နေသည်။ ခုန်းချောင်တိက ပြုံးလိုက်ပြီး အလယ်အလတ်အဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတချို့ထုတ်ယူ၍ အဆင့်နိမ့်အရာရှိကို ပေးသည်။

မဟာမိစ္ဆာများက လောကထုံးစံများနှင့် မရင်းနှီးပေ။

ဟန်မူယဲ့က အခန်းထဲသို့ဝင်သွားသောအခါတွင် သစ်သားထိုင်ခုံနှင့် စားပွဲတစ်လုံးကို မြင်လိုက်ရသည်။ သူ့ရှေ့တွင်ရှိသော နံရံပေါ်တွင် စာလုံးကြီးတစ်လုံး ချိတ်ဆွဲထားသည်။

ထိုစာလုံးသည် ရဲတင်းပြီး အားကောင်းသည်။ ထိုအရာက အဆင့်သတ်မှတ်ချက် အလွန်ကောင်းသော စာအုပ်ဖြစ်သည်။

ဟန်မူယဲ့က စာလုံးများရှေ့သို့ ရောက်သွားသောအခါတွင် အောက်မှာရှိသော လက်မှတ်ကို ကြည့်မိသည်။

“သမင်ဖြူတောင်တန်းအကြီးအကဲ”

သူ့မျက်လုံးထဲတွင် ချီစွမ်းအားအလင်းတချို့ ဖြတ်ပေးသွားပြီး ရွှေရောင်အမှန်တရားချီနှင့် ပေါင်းစပ်သွားသည်။

လူသားလောကမန္တန် ပေါ်ထွက်လာပြီး ‘တိတ်ဆိတ်ခြင်း’ဟူသောစာလုံးနှင့် ဝင်တိုက်သည်။

သူ့စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

စုတ်တံ၊ စာရွက်နှင့် မင်ရည်များရှိနေသော လူအိုကြီးတစ်ယောက်…

သွားလာလှုပ်ရှားနေသော ကုန်သည်များ…

ဤစကာလုံးရှေ့တွင် ဆင်ခြင်သုံးသပ်နေသော ကျောင်းတော်သားများ

ဤစကားလုံးရှေ့တွင် တစ်ညလုံးမတ်တပ်ရပ်နေခဲ့သော ကျင့်ကြံသူများ

‘တိတ်ဆိတ်ခြင်း’ စာလုံးရှေ့တွင် လူသားလောက၏ အမျိုးမျိုးသောပုံစံများ ပေါ်ထွက်လာသည်။

ဆူညံနေသောလောကအတွက် တိတ်ဆိတ်ခြင်းသည် အပြောထက် အလုပ်ခက်သည်။

“ကောင်းလိုက်တဲ့ကျင့်ကြံခြင်း”

ဟန်မူယဲ့၏မျက်လုံးထဲတွင် ချီစွမ်းအင်အလင်းများ ပျောက်ကွယ်သွားသည်။

ဤစာလုံးကို ရေးခဲ့သောလူသည် နက်ရှိုင်းသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။

သို့ပေမဲ့ ထူးဆန်းနေသည်။ ထိုသို့ လေးနက်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးက ဤတောင်ခြေရွာလေးတွင် အဘယ်ကြောင့် သီးသန့်နေထိုင်ခဲ့သနည်း။

သူက သီးသန့်နေထိုင်ခဲ့လျှင် အဘယ်ကြောင့် ဤစာလုံးကို တခြားလူများနှင့် ဝေမျှခဲ့သနည်း။

ထိုစာလုံးများကို စာပေရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ထိုစာလုံးထဲတွင် သမာဓိစွမ်းအားများရှိနေပြီး လူတစ်ယောက်၏နှလုံးသားကို ငြိမ်သက်စေနိုင်သည်။

ဟန်မူယဲ့က အခန်းတွင်း၌ အနားမယူခဲ့ပေ။ သူက အပြင်ထွက်လာသောအခါတွင် အခန်းထဲမှ ခေါင်းထွက်လာသော ချောင်းခုန်တိကို မြင်ရသည်။

“သခင်လေး၊ ဒီယာဉ်ရပ်နားစခန်းမှာ ပစ္စည်းကောင်းတချို့ရှိနေတယ်”

သူက ပြုံးလိုက်ပြီး သူ့အခန်းအတွင်းရှိ နံရံတွင်ချိတ်ဆွဲထားသော ပန်းချီကိုညွှန်ပြသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။

“မင်းတို့တွေ အရင်နားလိုက်ကြပါ။ ငါ အပြင်သွားကြည့်လိုက်ဦးမယ်”

ထို့နောက် သူက ခြေလှမ်းကျဲများနှင့်အတူ ရွာထဲသို့ လျှောက်သွားခဲ့သည်။

လင်းရှန်က ဓားတစ်လက်သယ်ထားပြီး သူ့နောက်တွင် တိတ်ဆိတ်စွာစောင့်ရှောက်ပေးနေသည်။

ရွာလေးက တိတ်ဆိတ်စွာအလင်းပေးနေသည်။

သူတို့က တောင်လမ်းကြောင်းတစ်လျှောက် သွားလာခဲ့သောအချိန်တွင် ကြက်နှင့် ခွေးများ၏အနံ့ကို ရလိုက်သည်။

ဟန်မူယဲ့က ဤသို့ချောင်ကျသောရွာမျိုးကို ရောက်ခဲသည်။

သူက လမ်းလျှောက်လာသောအချိန်တွင် ငြမ်းချမ်းမှုကို ခံစားရသည်။

“တိုင်းပြည်ကို သစ္စာဖောက်ခြင်းကနေကာကွယ်ဖို့အတွက် ဘုရင်က ဘာလုပ်မှာလဲ”

“ဘုရင်က လောဘကြီးတဲ့လူတစ်ယောက်ဖြစ်ရင် ပြည်နယ်အကြီးအကဲတွေဆီကနေ အကူအညီတောင်းလိမ့်မယ်။ လောဘမကြီးဘူးဆိုရင်တော့ နောက်ခံမရှိတဲ့ အကျင့်ပျက်အရာရှိတွေကို ရှင်းထုတ်ပစ်လိမ့်မယ်”

ရှေ့တွင်ရှိနေသော တဲလေးထဲမှ အိုမင်းသောလေသံဖြင့် စာဖတ်သံကိုကြားရသည်။

ထိုအသံကို ကြားလိုက်ရသောအခါတွင် လူများက အထီးကျန်သောညတစ်ညတွင် ရှိနေသည်ဟု ခံစားရသည်။

ထိုအရာက ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်ထားသော စာပေပါရမီဖြစ်သည်။

‘စာဖတ်နေတဲ့လူက ကျောင်းတော်သားကြီးတစ်ယောက်လား’ ဟန်မူယဲ့က တွေးမိသည်။

‘သူက ကျောင်းတော်သားလား ဒါမှမဟုတ်ရင် စကားလုံးနဲ့လူတွေရဲ့နှလုံးသားကို ငြိမ်သက်သွားအောင်လုပ်နိုင်တဲ့ ဆရာတစ်ယောက်လား’

ဟန်မူယဲ့က ရှေ့သို့ကြည့်သည်။ ကောက်ရိုးတဲအိမ်၏ပြတင်းတံခါးသည် ပွင့်နေသည်။ ချည်ထည်အဝတ်များနှင့် ဆံဖြူအဘိုးကြီးတစ်ယောက်သည် စားပွဲခုံပေါ်တွင် ထိုင်နေသည်။ သူ့ရှေ့တွင် ကလေး ငါးယောက်၊ ခြောက်ယောက်ခန့်သည် ယိုယွင်းနေသော သစ်သားစားပွဲများပေါ်တွင် ထိုင်နေသည်။

‘ဒါက စာလုံးတွေကိုချန်ထားခဲ့တဲ့ သမင်ဖြူတောင်တန်းအကြီးအကဲမဟုတ်လား’

တံခါးဝတွင်ရှိနေသော ဟန်မူယဲ့ကို အာရုံခံမိသကဲ့သို့ အဘိုးကြီးက စာဖတ်ခြင်းကိုရပ်တန့်လိုက်ပြီး ပြတင်းပေါက်ကိုကြည့်သည်။

“ဟားဟား၊ ငါတို့က ဆုံတွေ့ဖို့ ကံပါလာတာပဲ။ ညခရီးသွားတွေ၊ မင်းတို့ ငါ့တဲအိမ်ထဲကို ဝင်လာချင်လား”

လူအိုကြီးက စာချုပ်ကိုချလိုက်ပြီး ပြုံးသည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး တဲအိမ်ထဲသို့ ဝင်သွားသည်။

လင်းရှန်က သူ့နောက်မှ လျင်မြန်စွာလိုက်လာသည်။

အထဲသို့ရောက်သွားသောအခါတွင် တဲနံရံလေးခုက ဗလာဖြစ်နေကြောင်း မြင်လိုက်ရသည်။ နံရံပေါ်တွင် ပန်းချီကား နှစ်ချပ်သုံးချပ်ပဲ ချိတ်ဆွဲထားသည်။

စာရေးဟန်သည် ရဲတင်းပြီး အားကောင်းသည်။ ပန်းချီကားများသည် ထင်းရှုးပင်၊ နှင်းဖုံးနေသောမက်မွန်ပင်နှင့် ဝါးစိမ်းပင်၊ သစ်ခွပင်များဖြစ်သည်။

“ဒီနေ့ ဧည့်သည်တွေရှိနေတယ်။ မင်းတို့ ပြန်သွားနိုင်ပြီ။ သေချာစာလေ့လာဖို့ မှတ်ထားရမယ်”

စားပွဲခုံရှေ့တွင် လူအိုကြီးက ကျောင်းသားများကို လက်ဝှေ့ယမ်းပြသည်။

သစ်သားခုံလေးများရှေ့တွင် ထိုင်နေသော လူငယ်လေးများက စာအုပ်များကို လျင်မြန်စွာသိမ်းဆည်း၍ လူအိုကြီးကိုဦးညွှတ်ပြီး ထွက်သွားသည်။

ဟန်မူယဲ့က နံရံလေးဘက်ကို သေချာကြည့်နေသည်။

“သခင်လေးက ပန်းချီနဲ့လက်ရေးလှပညာရပ်မှာ အတော်လေး ဗဟုသုတရှိတဲ့ပုံပဲ”

ဟန်မူယဲ့က ပန်းချီကားများကို လေးနက်စွာကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် လူအိုကြီးက ခပ်ဟဟရယ်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။

“ဗဟုသုတရှိတယ်လို့ မယူဆနိုင်ပါဘူး။ ကျွန်တော်က နည်းနည်းပဲသိတာပါ”

သူက အရိုင်းဆန်သော လက်ရေးဆက်စာလုံးကို ကြည့်သည်။

“စာအုပ်က အမြဲတမ်း နှလုံးသားရဲ့စကားသံဖြစ်ခဲ့တယ်။ ‘ရေသေ’စကားလုံးက တကယ်ရင်ထဲရောက်တယ်”

“ဆရာကြီးရဲ့အပြုအမူတွေက ရေသေလိုပဲ။ နှလုံးသားက ကျောက်တုံးလိုပဲ။ စကားလုံးတွေက ကြံ့ခိုင်တဲ့မြက်ပင်တွေလိုပဲ။ ဆရာကြီးက ဒီတာအိုမှာ အကြီးစားနားလည်မှုအဆင့်ကို ရောက်နေပြီပဲ”

ဟန်မူယဲ့၏စကားလုံးများကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ရယ်လိုက်ပြီး တခြားပန်းချီကားများကို ညွှန်ပြသည်။

“အဲဒါဆိုရင် ဒီပန်းချီကားတွေကိုရော မင်းဘယ်လိုထင်လဲ”

ဟန်မူယဲ့က ပန်းချီကားလေးချပ်ကို ကြည့်လိုက်သောအခါတွင် သူ့မျက်လုံးထဲမှ မြင့်မြတ်သောအငွေ့အသက်တချို့ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က မျက်လုံးထဲတွင် သမာဓိစွမ်းအားများ ထည့်သုံးလိုက်သောအခါတွင် ဖြောင့်မတ်စွာထိုင်နေသောလူအိုကြီးက တစ်ကိုယ်လုံးတုန်ခါသွားပြီး မျက်လုံးများကျဉ်းမြောင်းလိုက်သည်။

All Chapters