← Chapters

အခန်း (၃၁၈)

Vol. 23 Ch. 318

အခန်း (၃၁၈)

Vol. 23 Ch. 318

ဤနေရာမှတစ်ဆင့် အပြင်ဘက်ရှိမြစ်ပြင်ကျယ်မြင်ကွင်းကို မြင်နိုင်သည့်အပြင် ခန်းအတွင်းရှိ ဂီတနှင့်အကကိုလည်း ခံစားနိုင်သည်။

လျောင်ချန်၏နောက်ခံကြောင့်မဟုတ်လျှင် သူတို့က ဤနေရာကောင်းမျိုးကို မရနိုင်ပေ။

ဟန်မူယဲ့က နေရာတွင်ထိုင်ပြီး လျောင်ချန်ပြောပြသော ကျင်းချွမ်မြစ်၏ စိတ်ဝင်စားဖွယ်အကြောင်းများကို နားထောင်နေသည်။

သင်္ဘောပေါ်ရှိ အချစ်ပုံပြင်များဖြစ်စေ၊ မြစ်ထဲရှိ ရတနာများဖြစ်စေ၊ အဖြစ်အပျက်အားလုံးသည် စိတ်ဝင်စားဖွယ်ကောင်းသည်။

အလယ်ပိုင်းကုန်းမြေမှလာသော ခုန်းချောင်တိက ဆင်တူပုံပြင်အများအပြားကို ကြားဖူးခဲ့သောကြောင့် မကြာခဏဆိုသလိုပဲ ဝင်ပြောနေသည်။

လင်းရှန်က ထိုအကြောင်းများကို စိတ်မဝင်စားပေ။ သူက လက်ပိုက်ထားပြီး မျက်လုံးများကိုမှေးကျဉ်းလျက် ထိုင်နေသည်။

ထန်ထန်က မျက်တောင်ခတ်လိုက်ပြီး အချစ်အမုန်း ပုံပြင်များကြားတွင် မျောပါသွားသည်။

ထိုအရာသည် လူသားလောကဖြစ်သည်။

လောကတွင် အချစ်သည် ရင်အနာရဆုံးဖြစ်သည်။

ဟန်မူယဲ့က ခေါက်ယပ်တောင်ကိုလှုပ်ရှား၍ နေရာတွင်ထိုင်နေသည်။ သူ့မျက်နှာထားသည် တည်ငြိမ်နေပြီး စိတ်နယ်ပယ်ထဲတွင်ရှိသော လူသားလောကမန္တန်က ရွှေရောင်တောက်နေသည်။

လူသားဆန္ဒစွမ်းအားနှင့် သမာဓိစွမ်းအားများက သူ့ခန္ဓာကိုယ်တစ်လျှောက်ဖြတ်သန်းသွားပြီး မမြင်နိုင်သော ချီစွမ်းအင်အလင်းအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန်တွင် သူ့နတ်အာရုံက နှစ်ခုအဖြစ်ကွဲထွက်သွားသည်။ နတ်အာရုံတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေပြီး အဆုံးမရှိသော လူသားလောကကို သုံးသပ်နေသည်။ နောက်တစ်ခုသည် ကောင်းကင်ပေါ်တွင်ရှိနေပြီး အဆုံးမရှိသောမြစ်နှင့် ပေါင်းစပ်သွားသည်။

မြစ်က နှစ်ထောင်ပေါင်းများစွာကြာသည်အထိ ရပ်တန့်ခြင်းမရှိဘဲ စီးဆင်းနေသည်။

သူ့နတ်အာရုံသည် မြစ်ထဲတွင်ရှိနေပြီး တိတ်ဆိတ်သောခံစားချက်များကို ခံစားမိနေပုံပေါ်သည်။

တောင်တန်းနှင့်မြစ်များတွင် ခံစားချက်ရှိသလား။

ရှိနိုင်လိမ့်မည်။

ဟန်မူယဲ့၏စိတ်ထဲတွင် စီးဆင်နေသောမြစ်တစ်စင်း၏ပုံရိပ်များ ပေါ်လာသည်။

စမ်းချောင်းလေးများသည် စုပေါင်းသွားပြီး မြစ်တစ်စင်းဖြစ်လာသည်။

မရေမတွက်နိုင်သောလူများ၏ တူးဖော်မှုကြောင့် မြစ်ကြီးတစ်စင်းဖြစ်လာခဲ့သည်။

မြစ်ပေါ်တွင် သင်္ဘောနှင့် ငါးဖမ်းလှေများကို မြင်ရသည်။

မြစ်ပေါ်တွင် သီဆိုခြင်းနှင့် ကခုန်ခြင်းများရှိသည်။ အပြည့်အဝအာရုံစိုက်ထားသော စာပေပညာရှင်များလည်းရှိသည်။

ထိုမြစ်သည် လူအများအတွက် အသက်သွေးကြောတစ်ခုဖြစ်ပြီး လောက၏ ရေဓာတ်မျိုးဆက်များ စုစည်းလာခြင်းလည်းဖြစ်သည်။

ကျင်းချွမ်မြစ်နှင့် ကျင်းချွမ်မြို့သည် အတူတကွ ပူးပေါင်းနေထိုင်သည်။

‘လူတွေက ဒီမြစ်ကို ဖန်တီးခဲ့တာလား ဒါမှမဟုတ် မြစ်က လူတွေကို ကျွေးမွေးနေတာလား’

ဟန်မူယဲ့၏နတ်အာရုံက ရှေ့သို့ကြည့်သည်။

ထိုနေရာသည် ကျင်းချွမ်မြို့၏ ဘုရင်ခံခြံဝိုင်းဖြစ်သည်။

“ဟမ် ....”

ခြံဝိုင်းအတွင်းမှ ရွှေအလင်းတစ်ခုထွက်ပေါ်လာသည်။

ပေတစ်သိန်းမြင့်သောပုံရိပ် ပေါ်လာခဲ့သည်။

ရွှေရောင်သံချပ်ကာနှင့် စစ်သူကြီးတစ်ဦး၏ပုံရိပ်ဖြစ်ပြီး ကောင်းကင်ထက်မှာရပ်တန့်၍ ပတ်ဝန်းကျင်ကို ကြည့်နေသည်။

သို့ပေမဲ့ မည်သည့်အရာကိုမှ ရှာမတွေ့သောအခါတွင် ပျောက်ကွယ်သွားခဲ့သည်။

စစ်သူကြီး၏ပုံရိပ် ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့၏ဝိညာဉ်စွမ်းအား ဖြည်းဖြည်းချင်းလျော့နည်းသွားပြီး နတ်အာရုံသည် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။

ထိုဖြစ်စဉ်အတွင်း အင်မော်တယ်သင်္ဘော၏ အပေါ်ဆုံးထပ်တွင် ယောင်္ကျားလေးအဝတ်အစားများနှင့် မင်းသမီလေးက ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို စကားပြောနေကြောင်း မြင်ခဲ့ရသည်။

ဟန်မူယဲ့၏ဝိညာဉ် ပြန်လည်ဆင်းသက်လာသောအခါတွင် မင်းသမီးလေးက မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။

သူမ၏မျက်နှာသည် ပန်ချီးကားတစ်ချပ်သဖွယ် ပြီးပြည့်စုံပြီး ဖီးနစ်မျက်လုံးများသည် အလွန်ဆွဲဆောင်မှုရှိသည်။ သူမက အမျိုးသားအဝတ်အစားများကို ဝတ်ထားသော်လည်း သူမ၏ဆွဲဆောင်မှုသည် အသက်ရှူမှားလောက်သည်။

သူမက အမျိုးသမီးအဝတ်အစားကိုဝတ်ပြီး ကခုန်လိုက်လျှင် ကျင်းချွမ်မြို့၏ နံပတ်တစ်အလှလေးဂုဏ်ပုဒ်နှင့် အမှန်တကယ်သင့်တော်လိမ့်မည်။

သူမသည် မင်းသမီးယွင်ကျင်းဖြစ်ပုံရသည်။

ဟန်မူယဲ့၏ဝိညာဉ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။ ထို့နောက် စိတ်နယ်ပယ်ထဲရှိ လူသားလောကမန္တန်နှင့် တစ်သားတည်းဖြစ်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်သည်။

သူက ဝိညာဉ်ကွဲကွာသွားသောဖြစ်ရပ်မျိုးကို အကြိမ်ရေအနည်းငယ်ခန့် ကြုံဖူးသည်။

အားကောင်းသော ကျင့်ကြံခြင်းနည်းစနစ်ကို စတင်ကျင့်ကြံလိုက်သောကြောင့် သူ့ဝိညာဉ်က သူ့ကို လမ်းပြခြင်းဖြစ်သည်။ သို့မဟုတ် တိုက်ပွဲအတွင်း ဝိညာဉ်စွမ်းအားကို အဆုံးစွန်အထိ အသက်သွင်းလိုက်သောကြောင့် ဖြစ်သည်။

သူ့ဝိညာဉ်ကွဲထွက်သွားသောအချိန်တွင် ဝိညာဉ်စွမ်းအားသန့်စင်ခံရခြင်း အကျိုးကျေးဇူးကို ရလိမ့်မည်။

ဥပမာအနေဖြင့် ယခု ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် အပိုရေတစ်စက်ရောက်လာသည်။

ထိုရေစက်သည် ကျင်းချွမ်မြစ်၏ စုစည်းထားသောစွမ်းအားဖြစ်သည်။

ထိုရေစက်ကြောင့် ရေစွမ်းအားနှင့်လိုက်ဖက်ညီမှုသည် အကန့်အသတ်မဲ့ဖြစ်လာလိမ့်မည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကောင်းချီးကို ရရှိခဲ့ပြီး မြေဓာတ်လိုက်ဖက်ညီမှုသည် အဆုံးစွန်အထိရောက်သွားခဲ့သည်။ သူက မြေကြီးနှင့်ထိတွေ့နေလျှင် ပြိုင်ဘက်ကင်းသည်။

ယခု သူ့တွင်ရှိနေသောရေတစ်စက်ကြောင့် ရေဓာတ်မျိုးဆက်များကြားတွင် လွတ်လပ်စွာသွားလာနိုင်ပြီး ရေအမျိုးအစားမိစ္ဆာများ၏ အာရုံစိုက်မှုကိုလည်း ရရှိနိုင်လိမ့်မည်။

ထို့အပြင် ရေဓာတ်မျိုးဆက်စွမ်းအားနှင့်ဆိုလျှင် ဆေးလုံးများကိုသန့်စင်ရန် ပိုမိုလွယ်ကူလာလိမ့်မည်။

ရေမျိုးဆက်စွမ်းအားက သူ့ဝိညာဉ်သွေးကြောများကို အားဖြည့်ပေးပြီး နေကိုးစင်းနည်းစနစ်ကို ပြီးပြည့်စုံစေသည်။

အံ့အားသင့်စရာတစ်ခုဖြစ်သည်။

မျှော်လင့်မထားသောအကျိုးကျေးဇူးကြောင့် ဟန်မူယဲ့က စိတ်ကောင်းဝင်နေသည်။

အလှဆင်ထားသောမီးအိမ်များ အသက်ဝင်လာပြီး မြစ်သည် နေ့အလင်းသဖွယ် တောက်ပသွားသည်။

သီချင်းသံ၊ ကခုန်မှုများနှင့်အတူ လောကသည် နူးညံ့သွား၏။

“သာမန်လူသားတစ်ယောက်ဖြစ်ရတာ အရမ်းကောင်းတာပဲ”

ထန်ထန်က လှပသောကကွက်များကို ငေးကြည့်နေပြီး စားပွဲရှည်ပေါ်တွင်လှဲလျက် တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

စပါးစိမ်းတောင်ကုန်းတွင်ကြီးပြင်းလာသောထန်ထန်က ကျင်းချွမ်မြစ်၏ သာမန်လူသားများဘဝသည် စိတ်လှုပ်ရှားစရာကောင်းသည်ဟု ခံစားမိလိမ့်မည်။ သို့သော် လူသားလောကတွင် သီချင်းနှင့် ကခုန်ခြင်းများပဲ ရှိနေခြင်းမဟုတ်ဘဲ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းလည်း ရှိနေသည်။ ဆင်းရဲခြင်းလည်း ရှိသေးသည်။

ယနေ့တွင် ထန်ထန်က ကျင်းချွမ်မြစ်၏ ခမ်းနားသောတစ်ဖက်ခြမ်းကိုပဲ မြင်ခဲ့သည်။

လူအရိုးများနှင့်ပြည့်နေသော ကျင်းချွမ်မြစ်ကြမ်းပြင်ကို မမြင်နိုင်ပေ။

ခန်ဆောင်အတွင်းရှိပြပွဲသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

စင်မြင့်ထက်တွင် အင်မော်တယ်များကဲ့သို့ ကခုန်နေသော အမျိုးသမီးများရှိသည်။ သူတို့၏ သွယ်လျသောခါးများသည် ပြည့်ဖြိုးနေပြီး ရေသဖွယ်နူးညံ့သည်။ ထို့ကြောင့် လူအများက သူမတို့အပေါ်တွင် စိတ်ထားနူးညံ့လာကြသည်။

ပိုးထည်အဝတ်အစားများနှင့် အမျိုးသမီးတစ်ယောက်လည်းရှိသည်။ သူမ၏သီချင်းသံသည် ကျယ်လောင်ပြီး ရှင်းလင်းသည်။ သူမ၏သီချင်းသံအောက်တွင် ခန်းဆောင်သည် တိတ်ဆိတ်သွား၏။

သီချင်းသည် ကောင်းမွန်ပြီး အကသည်လည်း ကောင်းမွန်သည်။ ထို့ကြောင့် လူများက ထွက်သွားရန် တွန့်ဆုတ်နေသည်။

ခန်းဆောင်အတွင်း၌ လူအများအပြားက ယစ်မူးသွားသည်။

အစိမ်းရောင်ဝတ်စုံနှင့်ကျောင်းတော်သားတစ်ယောက်က စင်ပေါ်ရှိအမျိုးသမီးတစ်ယောက်၏နာမည်ကို အော်ဟစ်လိုက်ပြီး သူမမှလွဲ၍ တခြားသူများကို လက်မထပ်ဟု ပြောခဲ့သည်။

ပျက်စီးနေပုံရသော ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားတစ်ယောက်က ဝိုင်တစ်ခွက်ကိုကိုင်ထားပြီး ယိမ်းထိုးနေသည်။ သူက တခြားလူများနားမလည်နိုင်သော ကဗျာတစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီး တစ်ချိန်တည်း ငိုးကြွေးလျက် ရယ်မောနေသည်။

အမြင့်တစ်နေရာတွင်ထိုင်ပြီး မြင်ကွင်းကြည့်နေရခြင်းသည် ကောင်းမွန်သည်။

လျောင်ချန်က တစ်ဖက်သို့လှည့်လိုက်သောအခါတွင် တောက်ပနေသောမျက်လုံးများနှင့် ဟန်မူယဲ့ကို မြင်ရသည်။ သူက အနည်းငယ်အံ့အားသင့်သွားပြီး ခေါင်းခါလျက် ပြောသည်။

“ညီအစ်ကိုဟန်က တကယ့်ကို သာမန်လူတစ်ယောက်မဟုတ်ဘူးပဲ။ ဒီလိုပတ်ဝန်းကျင်မှာတောင် ဘာကိုမှဂရုမစိုက်ဘဲ နေနိုင်တယ်”

ထူးကဲသည်။

ဟန်မူယဲ့က လေသာဆောင်ပတ်ဝန်းကျင်ကို ကြည့်သည်။

ပတ်ဝန်းကျင်တွင် လူအများအပြားထိုင်နေသည်။

သူတို့က အောက်တွင်ရှိသောခန်းဆောင်ကို ကြည့်နေသည်။ သူတို့၏အသိစိတ် ထက်မြက်လာစေရန်အတွက် ဤပတ်ဝန်းကျင်ကို အသုံးချနိုင်သည်။

အမျိုးသမီး၏နာမည်ကို အော်ဟစ်ခဲ့သော အစိမ်းရောင်ဝတ်စုံနှင့်ကျောင်းတော်သားသည် သူမရရှိနိုင်သောအမျိုးသမီးက လေသာဆောင်ရှိလူတစ်ယောက်နှင့် တစ်ညတာဖြတ်သန်းလိမ့်မည်ဖြစ်ကြောင်း မသိနိုင်ပေ။

ငိုလိုက်ရယ်လိုက်ဖြစ်နေသော ပျက်စီးနေသည့်ကျောင်းတော်သားသည် သူ့ဘဝတစ်လျှောက် မမေ့နိုင်ဖြစ်နေသော အမျိုးသမီးကို လေသာဆောင်တွင်ရှိသောအမျိုးသားများက စွန့်ပစ်ခဲ့ကြောင်း သိနိုင်လိမ့်မည်မဟုတ်ပေ။

အလယ်ပိုင်းကုန်းမြေ၏ကြယ်ဝချမ်းသာမှုသည် လောက၏အေးစက်မှုကို ဖုံးကွယ်မထားနိုင်ပေ။

ထိုအချိန်၌ ဟန်မူယဲ့၏ကိုယ်ထဲတွင် မှိန်ဖျော့သောသမာဓိစွမ်းအားက ညင်သာစွာရွေ့လျားပြီး ပျောက်ကွယ်သွားသည်။

သို့ပေမဲ့ ထိုသမာဓိစွမ်းအားပေါ်လာသောအချိန်တွင် လျောင်ချန်၏တစ်ကိုယ်လုံး တုန်ခါသွားပြီး အလွန်အံ့အားသင့်နေသည်။

‘သမာဓိစွမ်းအားက လူသားဆန္ဒနဲ့ လိုက်ဖက်ညီနေတယ်။ အဲဒါက ဆရာသခင်အဆင့်ပဲ’

‘ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်လား’ သူတွေးမိသည်။

ရှုရှီဒေသတွင် ဆရာသခင်များမရှိပေ။ သို့သော် လျောင်ချန်က ဆရာသခင်များအကြောင်း အများအပြားကြားဖူးသည်။

ဆရာသခင်ဖြစ်လာနိုင်သောလူများက စာပေဂုဏ်သတင်းနှင့်အတူ ကျော်ကြားသောလူများဖြစ်ကြသည်။

သူတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ကြသည်။

‘သခင်လေးဟန်က ဘယ်လိုလုပ်ပြီး ဆရာသခင်တစ်ယောက်ဖြစ်နိုင်မှာလဲ’

သူက အနီးကပ်ကြည့်ချင်သောအခါတွင် အဆင့်တက်သွားခဲ့သော သမာဓိစွမ်းအားကို ဟန်မူယဲ့က ထိန်းချုပ်ထားခဲ့သည်။

“သခင်လေးလျန်၊ ဘာဖြစ်လို့လဲ”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ သူ့ကိုကြည့်သည်။

“အမ်၊ ဘာမှမဟုတ်ပါဘူး”

လျောင်ချန်က အမြင်မှားသွားသည်ဟု တွေးရုံပဲတတ်နိုင်သည်။

သို့သော် သူက အမြင်မှားခဲ့ခြင်းမဟုတ်ပေ။

ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုဆရာအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။ ယနေ့တွင် သူက အဆင့်တက်သွားပြီး ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်ဖြစ်လာသည်။

သမာဓိစွမ်းအားက ဆရာသခင်အဆင့်သို့ ရောက်သွားသောအခါတွင် ဟန်မူယဲ့က နားမလည်နိုင်ခဲ့သော အရာအများအပြားကို နားလည်လာခဲ့သည်။

ဥပမာအနေဖြင့် ကျင့်ကြံခြင်းလောက၏ ကောင်းကင်ဘုံဒုတိယအဆင့်ဖြစ်သော ဝိညာဉ်ကိုယ်ခွဲအဆင့်၏ ခံစားချက်ဖြစ်သည်။

သူ့ဝိညာဉ်က ခန္ဓာကိုယ်မှထွက်သွားပြီး မိုင်ထောင်ချီ ခရီးသွားခဲ့သည်။

သို့သော် ဟန်မူယဲ့၏ကျင့်ကြံခြင်းသည် ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ မရောက်သေးပေ။ သူ့ဝိညာဉ်က တိုက်ဆိုင်စွာဖြင့် ထိုနည်းလမ်းမျိုးကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ယခင်က အကာအကွယ်မရှိဘဲ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ထွက်သွားလိမ့်မည်ဟု သူမသိခဲ့ပေ။ အကယ်၍ ကျွမ်းကျင်သူတစ်ယောက်နှင့် ဆုံတွေ့ခဲ့လျှင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနှင့် သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သည်။

“ငါက မသိနားမလည်တဲ့ အရူးတစ်ယောက်ပဲ’ သူတွေးမိသည်။ ‘မသေတာ ကံကောင်းလို့ပဲ’

ယခုအချိန်တွင် သမာဓိစွမ်းအားသည် ဆရာသခင်အဆင့်သို့ ရောက်သွားသည်။ သမာဓိစွမ်းအားက ခန္ဓာကိုယ်အဖြစ်ပြောင်းလဲပြီး ကိုယ်ပွားအသွင်ဖြင့် အပြင်သို့ထွက်သွားနိုင်သည်။

ထိုအရာသည် ကွန်ဖြူးရှပ်တာအိုဆရာတစ်ယောက်၏ စွမ်းအားဖြစ်သည်။ သူ့စကားလုံးများသည် လောကစည်းမျည်းဖြစ်ပြီး တစ်ရက်အတွင်း မိုင်ထောင်ချီခရီးသွားနိုင်သည်။

သမာဓိစွမ်းအားက သူ့ဝိညာဉ်ကို ကာကွယ်ထားပြီး အစစ်အမှန်ခန္ဓာကိုယ်ထက် ပိုမိုသန်မာသည်။

ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက်သည် ကောင်းကင်ဘုံအဆင့် ဝိညာဉ်သူငယ်ကျင့်ကြံသူတစ်ယောက်၏ အထက်တွင်ရှိသည်။

ကံမကောင်းစွာဖြင့် ဟန်မူယဲ့တွင် ကွန်ဖြူးရှပ်တာအိုနည်းနစ်များ သိပ်မရှိပေ။ ကွန်ဖြူးရှပ်တာအိုစွမ်းအားသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဖိနှိပ်ခံထားရသောကြောင့် သူက စွမ်းအားအများအပြား ထုတ်မသုံးနိုင်ပေ။

ထိုသို့မဟုတ်လျှင် သူ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးနိုင်လိမ့်မည်။

“မင်းသမီးယွင်ကျင်းက ဒီနေ့ကပြမှာလား”

သူက ခန္ဓာကိုယ်၏ပြောင်းလဲမှုများကို သုံးသပ်နေသောအချိန်တွင် လေသာဆောင်မှ အသံထွက်လာသည်။

လျောင်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“ကျန်းချုံးယန်”

ဟန်မူယဲ့က သူ့ကိုကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် လျောင်ချန်က လျင်မြန်စွာရှင်းပြသည်။

ကျင်းချွမ်မြို့၏ အဓိကကုန်သွယ်ရေးအဖွဲ့အစည်းသုံးခုသည် လျောင်မိသားစု၏ ဖူကျင်း၊ ကျူးမိသားစု၏ ရုံချွမ်နှင့် ကျန်းမိသားစု၏ ရှုရှင်းဖြစ်သည်။

All Chapters