← Chapters

အခန်း (၃၁၉)

Vol. 23 Ch. 319

အခန်း (၃၁၉)

Vol. 23 Ch. 319

ထိုကုန်သွယ်ရေးအဖွဲ့သုံးခု၏နောက်တွင် ထောက်ပံ့ပေးထားသော အင်အားစုကိုယ်စီရှိသည်။ လျောင်မိသားစုကို ကျင်းချွမ်မြို့တော်ဝန်က ထောက်ပံ့ပေးထားသည်။ ကျူးမိသားစုကို ဘုရင်ခံက ထောက်ပံ့ပေးထားပြီး ကျန်းမိသားစုကို ကောင်းကင်တိမ်တိုက်တာအိုဂိုဏ်းက ထောက်ပံ့ပေးထားသည်။

ရှုရှီဒေသတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ သိပ်မရှိပေ။ ဒေသဘုရင်ခံ စုကျီကျန်း၊ ဆန်းကြယ်နေမင်းသက်တော်စောင့်ခေါင်းဆောင် ဟယ်ကျင့်၊ မီးတောက်နီစစ်တပ်ခေါင်းဆောင် ကျွမ်းဟန်တို့သည် နယ်မြေတစ်ခုကို ဖိနှိပ်နိုင်သောပုဂ္ဂိုလ်များဖြစ်သည်။

ကျင်းချွမြို့အပြင်ဘက်ရှိ ကျင့်ကြံရေးဂိုဏ်းများကြားတွင် ကောင်းကင်တိမ်တိုက်တာအိုဂိုဏ်းသည် လေးစားခံရသည်။ ထိုဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ နှစ်ယောက်ရှိသည်။

ထိုခွန်အားမျိုးရှိနေသောကြောင့် သူတို့က တိုင်းပြည်ကိုရန်စခြင်း၊ ဘုရင်ခံကို ဆန့်ကျင့်ခြင်းများ မပြုလုပ်လျှင် ရှုရှီဒေသကို လွှမ်းမိုးနိုင်သည်။

အလယ်ပိုင်းကုန်းမြေသည် ကျင့်ကြံခြင်းကို တားမြစ်မထားပေ။ ကွန်ဖြူးရှပ်တာအို၏ တိုးတက်ထွန်းကားခြင်းအပြင် တခြားကျင့်ကြံခြင်းနည်းစနစ်အမျိုးမျိုးလည်း ရှိသည်။

“ကျန်းချုံးဘန်က ကျန်းမိသားစုရဲ့ တတိယမြောက်သားဖြစ်တဲ့အပြင် ကောင်းကင်တိမ်တိုက်တာအိုဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တစ်ယောက်လည်းဖြစ်တယ်”

လျောင်ချန်က ခေါင်းခါပြီး တီးတိုးပြောသည်။

“သူက တာအိုနဲ့ ကွန်ဖြူးရှပ်ကို တစ်ချိန်တည်းမှာလေ့ကျင့်တယ်။ ဒီလိုလူမျိုးက ကျင်းချွမ်မြို့ရဲ့ ပါရမီရှင်အစစ်အမှန်ပဲ”

တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်တွင် ထိုလူမျိုးကပဲ မင်းသမီးယွင်ကျင်းကို ကပြရန်အတွက် ဖိတ်ခေါ်ရဲလိမ့်မည်။

ဂိုဏ်းကြီးများ၏အမြင်တွင် တော်ဝင်မိသားစုသည် ဗလာဖြစ်နေသော အခွံတစ်ခုသာဖြစ်သည်။

အလွန်လေးစားပြနေရန် မလိုပေ။

မင်းသမီးယွဲ့ကျင်းကို ကပြရန်အတွက် တစ်ယောက်ယောက်က ဖိတ်ခေါ်လိုက်သောအခါတွင် ခန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

မင်းသမီးယွင်ကျင်း၏ သက်တံငှက်မွေးဝတ်စုံအကသည် ပြိုင်ဘက်ကင်းလှပသည်ဟု ပြောကြသည်။ သို့သော် တစ်ယောက်မှ မမြင်ဘူးချေ။

မင်းသမီးယွင်ကျင်း၏အကသည် ပုံပြင်များသဖွယ်ဖြစ်သည်။ ပုံပြင်က မှန်ကန်သော်လည်း အမှန်တကယ်မြင်ဖူးသောလူ မရှိပေ။

ယခင်က ခန်းဆောင်ထဲတွင် သေရည်မူးနေသောလူတချို့က မင်းသမီးယွင်ကျင်းကို ကပြရန်အတွက် ဖိတ်ခေါ်ဖူးသည်။ သို့သော် ရလဒ်ကိုတော့ မသိနိုင်ပေ။

လျောင်ချန်က မင်းသမီးကို ကပြန်ရန်ဖိတ်ခေါ်ချင်သည်ဟု ပြောခဲ့သော်လည်း ဟန်ပြပြောလိုက်ခြင်းသာဖြစ်ပြီး အလေးအနက် မှတ်ယူရန် မဖြစ်နိုင်ပေ။

သို့သော် ကျန်းချုံးယန်က ပွင့်လင်းစွာပြောလိုက်ပြီး မင်းသမီးကို ဖိတ်ခေါ်နေသည်။

ဟန်မူယဲ့က တစ်ဖက်သို့ကြည့်လိုက်သောအခါတွင် လိုက်ကာစနှင့်ကာထားသော ပြတင်းပေါက်မှတစ်ဆင့် ပြတင်းပေါက်၏ရှေ့တွင်ရပ်နေသော ခရမ်းရောင်ဝတ်စုံနှင့်လူငယ်ကို မြင်နိုင်သည်။ ထိုလူငယ်၏နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူတချို့ ထိုင်နေသည်။

ထိုလူများ၏ပုံစံက ထူးခြားသည်။

တုံ့ပြန်မှုမရသောအခါတွင် ခရမ်းရောင်ဝတ်စုံနှင့်ကျန်းချုံးယန်က ထပ်ပြောလိုက်သည်။

“မင်းသမီးယွင်ကျင်း၊ ငါက ယွင်ရှန့်ဒေသရဲ့ ဟုန်ချန်ဓားဂိုဏ်းက အစ်ကိုတချို့ကို မင်းကပြတာကြည့်ဖို့အတွက် အင်မော်တယ်သင်္ဘောဆီ ခေါ်ခဲ့တယ်”

“မင်းသမီးက ငါ့ကို ဂုဏ်တက်သွားအောင် လုပ်ပေးနိုင်မလား”

ယွင်ရှန့်ဒေသသည် ရှုရှီဒေသနှင့် ဘေးချင်းကပ်ရပ်ဖြစ်သည်။ ထိုဒေသသည် ကျယ်ဝန်းပြီး ကျွမ်းကျင်သူအများအပြားရှိသည်။

ဟုန်ချန်ဓားဂိုဏ်းသည် ယွင်ရှန့်ဒေသ၏ နံပတ်တစ်ဂိုဏ်းဖြစ်သည်။

ကျန်းချုံးယန်၏စကားကို ကြားလိုက်ရသောအခါ အင်မော်တယ်သင်္ဘောပေါ်တွင် ဆွေးနွေးသံများ ချက်ချင်းပေါ်ထွက်လာသည်။

ဟုန်ချန်ဓားဂိုဏ်း၏လူများ ရှုရှီဒေသသို့ရောက်လာပြီး ကျန်းမိသားစု၏ တတိယသခင်လေးနှင့် ရှိနေသောအဓိပ္ပာယ်သည် မည်သို့ဖြစ်သနည်း။

လျောင်ချန်၏မျက်နှာထားက လေးနက်နေသည်။

“ဟုန်ချန်ဓားဂိုဏ်းက ဒေသသုံးခုကို အုပ်စိုးချင်နေတာကြာပြီ။ သူတို့က ရှုရှီဒေသရဲ့ ကျင့်ကြံခြင်းလောကကို ကျူးကျော်ချင်တာလား”

အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုသည် လောကကို ဖိနှိပ်ထားသည်။ သို့သော် ကျင့်ကြံခြင်းလောက၏အရေးကိစ္စများကို သိပ်ဂရုမစိုက်ပေ။

ကျင့်ကြံခြင်းဂိုဏ်းများ အရမ်းလွန်မလာလျှင် တိုင်းပြည်နှင့်ကွန်ဖြူးရှပ်တာအိုက သူတို့၏ တိုးတက်ခြင်းနှင့်ကျရှုံးခြင်းကို အလေးမထားပေ။

သို့သော် ကျင့်ကြံခြင်းလောကသည် အလယ်ပိုင်းကုန်းမြေနှင့် သက်ဆိုင်သည်။ ကျင့်ကြံခြင်းလောက၏အရေးအခင်းသည် မည်သို့ပင်ဖြစ်နေပါစေ လူသားလောကကို သက်ရောက်မှုရှိလိမ့်မည်။

အထူးသဖြင့် ကျင့်ကြံခြင်းလောကကိုမှီခို၍ ကြွယ်ဝမှုစုဆောင်းနေသော ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းကဲ့သို့ မိသားစုများဖြစ်သည်။

ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ အဓိကစီးပွားရေးသည် ကျွင်းချွမ်မြို့တွင်ရှိသည်။ သို့သော် ကုန်ပစ္စည်းများ တင်ပို့ရန်အတွက် တခြားဒေသများနှင့် ဆက်သွယ်ရန်လိုအပ်သည်။

ကျင့်ကြံခြင်းလောက ဖရိုဖရဲဖြစ်လာလျှင် ကုန်တင်သင်္ဘောပျံက ကျင်းချွမ်မြို့မှ ထွက်မသွားနိုင်လောက်ပေ။

“တတိယသခင်လေးကျန်း၊ ကျွန်မတို့ရဲ့ တိမ်တိုက်ပိုးသား အင်မော်တယ်သင်္ဘောပေါ်မှာ ကိုယ်ပိုင်စည်းကမ်းတွေရှိပါတယ်”

အင်မော်တယ်သင်္ဘော၏ ထိပ်ဆုံးအထပ်ဆီမှ အသံတစ်သံထွက်လာသည်။

အသံက ညင်သာ၊ အသက်ဝင်ပြီး စွဲမက်ဖွယ်ကောင်းသည်။

မင်းသမီးယွင်ကျင်း…

မင်းသမီးယွင်ကျင်းသည် အင်မော်တယ်သင်္ဘောပေါ်တွင်ရှိနေပြီး ကျန်းချုံးယန်ကို ပြန်ဖြေခဲ့သည်။

ခန်းဆောင်ထဲတွင် မရေမတွက်နိုင်သောလူများ မော့ကြည့်မိသည်။

ထိုအချိန်တွင် လူများအပြား၏ခံစားချက်များ ရှုပ်ထွေးနေသည်။

တစ်ဖက်တွင် သူတို့က မင်းသမီးယွင်ကျင်း၏ အင်မော်တယ်အကကို မြင်ချင်သည်။

တစ်ဖက်တွင် ကျင်းချွမ်မြို့၏ နံပတ်တစ်အလှလေးကို သူတို့အတွက် မကစေချင်ပေ။

သူမက သူတို့အတွက် ကပြမည်ဆိုလျှင်ပင် ပါရမီရှင်ကျောင်းတော်သားတစ်ယောက်က ကဗျာကောင်းတစ်ပုဒ်ကိုရေးဖွဲ့ပြီး မင်းသမီး၏စိတ်အလိုအတိုင်း ကပြခြင်းသာ ဖြစ်စေချင်သည်။ ကုန်သည်မိသားစု၏မျိုးဆက်သစ်တစ်ယောက် ဖိတ်ခေါ်လိုက်ခြင်းကြောင့် ကပြခြင်းမျိုး မဖြစ်စေချင်ပေ။

ကုန်သည်တစ်ယောက်…

“တိမ်တိုက်ပိုးသား အင်မော်တယ်သင်္ဘောရဲ့ စည်းကမ်းတွေလား”

ကျန်းချုံးယန်က ရယ်လိုက်ပြီး သူ့နောက်တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့်လူများကို လှည့်ကြည့်သည်။

“အစ်ကိုတို့၊ မင်းသမီးယွင်ကျင်းကပြတာကို ကြည့်ဖို့အတွက် အစ်ကိုတို့ရဲ့ပါရမီပေါ်မှာ မူတည်နေတယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။

အသက်သုံးဆယ်အရွယ် တာအိုတန်ခိုးရှင်တစ်ယောက်က ထရပ်လာပြီး ပြတင်းပေါက်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူက ဂရုမစိုက်စွာပြောသည်။

“တိမ်တိုက်ပိုးသား အင်မော်တယ်သင်္ဘောရဲ့စည်းမျဉ်းက ကဗျာကောင်းတစ်ပုဒ်ကို ရေးဖွဲ့ဖို့မဟုတ်လား။ အဲဒါဆိုရင် မင်းသမီးကို ကပြဖို့တွက် တောင်းဆိုနိုင်တယ်”

သူ့အကြည့်က အောက်တွင်ရှိသောခန်းမနှင့် လေသာဆောင်ကို ဖြတ်ပြေးသွားသည်။

“ငါက ဟုန်ချန်ဓားဂိုဏ်းရဲ့ လောဝူယန်ပဲ။ ငါ့မှာ ကဗျာတစ်ပုဒ်ရှိတယ်။ ကျေးဖူးပြုပြီး အကဲဖြတ်ပေးကြပါ”

ထိုသို့ဖြင့် သူက လက်နှစ်ဖက်ကို နောက်ပစ်ပြီး သင်္ဘော၏ထိပ်ဆုံးအထပ်ကို ကြည့်သည်။

“ငါက ရှုရှီဒေသရဲ့ ဟွားယန်ဂိုဏ်းကို သွားလည်ခဲ့ပြီး သဘာဝရှုခင်းရဲ့လှပမှုကြောင့် ကဗျာတစ်ပုဒ်ရေးခဲ့တယ်”

“ဟွားယန်ဂိုဏ်းရဲ့ တောင်ထွတ်သုံးခုက ဘာများဖြစ်လာမလဲ။ အင်မော်တယ်တွေက တိမ်တိုက်နဲ့ကြိုးကြာကိုစီးနင်းပြီး ဆင်းသက်လာခဲ့တယ်။ ရှုရှီဒေသရဲ့ နွေဦးမှာ တိမ်တိုက်နဲ့ပန်းပင်တွေ ပွင့်လန်းလာခဲ့တယ်”

ကဗျာသည် သပ်ရပ်ပြီး သာမန်ဆန်သည်။

သို့သော် ဖော်ပြထားသောအချက်အလက်က ထူးခြားသည်။

ဟွားယန်ဂိုဏ်း…

နေရာတွင်ထိုင်နေသောလျောင်ချန်က မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတချို့နှင့်အတူ လက်သီးကို တင်းကျပ်စွာဆုပ်ထားသည်။

“ဟွားယန်ဂိုဏ်းလား။ မနှစ်တုန်းက ဖျက်ဆီးခံလိုက်ရပြီမဟုတ်လား”

ခန်းဆောင်ထဲတွင် တစ်ယောက်ယောက်က အာမေဍိတ်သံပြုသည်။

“ဟုတ်တယ်။ မနှစ်က ဟွားယန်ဂိုဏ်းရဲ့တောင်ထွတ်သုံးခု ဖြတ်တောက်ခံရပြီး ဂိုဏ်းက ပျက်စီးသွားခဲ့တယ်”

တစ်ယောက်ယောက်က ပြတင်းပေါက်၏အရှေ့တွင်ရပ်နေသော လောဝူယန်ကို ကြောက်ရွံ့မှုများနှင့်အတူ ကြည့်သည်။

ဆွေးနွေးသံများကို ကြားလိုက်ရသောအခါတွင် လောဝူယန်၏မျက်နှာထားက ပြောင်းလဲမသွားဘဲ ညင်သာစွာပြုံးလျက် ပြောသည်။

“ဟုတ်တယ်။ ဟွားယန်ဂိုဏ်းရဲ့ တောင်ထွတ်သုံးခုကို အခု ငါတို့ဟုန်ချန်ဓားဂိုဏ်းရဲ့နောက်ဖေးမှာ အလှဆင်ထားတယ်”

ထိုသို့ လွှမ်းမိုးနိုင်သောပုံစံကြောင့် လူတိုင်းက အံ့အားသင့်သွားသည်။

မောက်မာသော ကွန်ဖြူးရှပ်တာအိုဆရာများက မျက်နှာတစ်ခုလုံးဖြူဖျော့နေပြီး စကားမပြောရဲပေ။

လောဝူယန်က ရယ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။

“အားလုံးပဲ၊ ငါ့ကဗျာက မင်းသမီးကိုဖိတ်ခေါ်ဖို့အတွက် အဆင့်မီတယ်ထင်လား”

သူ့အကြည့်ကိုခံစားလိုက်ရသောလူများက အကြည့်လွှဲလိုက်သည်။

‘သူက ကဗျာအကြောင်းပြောနေတာ ဟုတ်လို့လား’ သူတို့ တွေးမိသည်။

‘သူက ဒေသသုံးခုရဲ့ ကျင့်ကြံခြင်းလောကကို ပေါင်းစပ်ချင်တဲ့ ဟုန်ချန်ဓားဂိုဏ်းရဲ့အရှိန်အဟုန်အကြောင်း ပြောပြနေတာပဲ’

မင်းသမီးကို ဖိတ်ခေါ်ခြင်းက ဟန်ပြသက်သက်ပဲဖြစ်သည်။ သူက ရှုရှီဒေသ၏ အင်အားစုအမျိုးမျိုးကို စမ်းသပ်နေခြင်းဖြစ်သည်။

ဟုန်ချန်ဓားဂိုဏ်းက ရှုရှီဒေသ၏ကျင့်ကြံခြင်းလောကကို ပေါင်းစပ်ရန်အတွက် ကောင်းကင်တိမ်တိုက်တာအိုဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။

ယခုအချိန်တွင် သူက အနောက်ဘက်မြို့စောင့်တပ်ဘုရင်၏ တုံ့ပြန်မှုကို စမ်းသပ်ချင်သောကြောင့် ဤနေရာသို့ ရောက်လာသည်။

ယခုအချိန်တွင် စကားပြောရဲသူမရှိပေ။

ခန်းဆောင်ထဲတွင် တိတ်ဆိတ်နေသည်။

လေသာဆောင်တွင် ထန်ထန်က တီးတိုးပြောသည်။

“သခင်လေးဟန်၊ အဲဒီကဗျာက ကောင်းတယ်လို့ထင်လား”

သူမ၏အသံက မကျယ်သော်လည်း ယခုအချိန်တွင် တိတ်ဆိတ်နေသောကြောင့် မရေမတွက်နိုင်သောလူများ ကြားလိုက်ရသည်။

ဟန်မူယဲ့တို့ရှိနေသောနေရာကို လူတိုင်းမော့ကြည့်မိသည်။

“ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းက လူတစ်ယောက်ပဲ’ ခန်းဆောင်ထဲတွင် လူတစ်ယောက်က ညင်သာစွာပြောသည်။

“ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းလား။ လျောင်မိသားစုက ကျန်းမိသားစုကို ရန်မစရဲလောက်ဘူးမဟုတ်လား။ ကျန်းမိသားစုက လျောင်မိသားစုရဲ့ကုန်ပစ္စည်းတွေကို ကျင်းချွမ်မြို့ကနေထွက်မသွားအောင် တားဆီးထားနိုင်တယ်”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။

တစ်ယောက်ယောက်က မင်းသမီးလေးကို ကူညီလိမ့်မည်ဟု သူတွေးခဲ့သည်။

မျက်နှာချင်းဆိုင်တွင် လောဝူယန်က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သောဓားအလင်းတစ်ခု ဖြတ်ပြေးသွားသည်။

သူ့နောက်တွင်ရပ်နေသောကျန်းချုံးယန်က ရှေ့တိုးလာပြီး လေသာဆောင်တွင်ထိုင်နေသော လျောင်ချန်ကိုကြည့်သည်။

“အဲဒီတော့ လျောင်ဆယ့်ခုနစ်ပဲ”

လျောင်ချန်ကိုကြည့်လိုက်ပြီး ကျန်းချုံးယန်၏မျက်နှာပေါ်တွင် အထင်သေးမှုများနှင့် ပြည့်သွားသည်။ သူက ကျယ်လောင်စွာပြောသည်။

“လျောင်ဆယ့်ခုနစ်၊ ငါ့အစ်ကိုလောရဲ့ကဗျာကို မင်းဘယ်လိုထင်လဲ”

ခန်းဆောင်ထဲတွင်ရှိနေသော ကွန်ဖြူးရှပ်တာအိုဆရာများက ဟန်မူယဲ့နှင့်တခြာသူများကို မော့ကြည့်သည်။

ဖူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းသည် ကျင်းချွမ်မြို့၏ အဓိကကုန်သွယ်ရေးအဖွဲ့အစည်းသုံးခုထဲမှ တစ်ခုဖြစ်သည်။ ခုခံမှုများ ရှိနိုင်မည်လား။

“တတိယအစ်ကိုကျန်း၊ မင်းက ငါ့ကို ခက်ခဲအောင်လုပ်နေတာမဟုတ်လား”

လျောင်ချန်က မတ်တပ်ရပ်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“မင်းက ငါ့ကိုမသိတာလည်းမဟုတ်ဘူး။ ငါက ဒီကဗျာကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ”

သူတို့ နားမလည်ပေ။

ကျင်းချွမ်မြို့၏ အဓိကကုန်သွယ်ရေးအဖွဲ့အစည်းသုံးခုမှ သခင်လေးတစ်ယောက်သည် ကဗျာကိုမသိဟု ပြောခဲ့သည်။

“ဟားဟား”

လျောင်ချန်၏စကားကို ကြားလိုက်ရသောအခါတွင် ကျန်းချုံးယန်က စိတ်ကျေနပ်စွာရယ်သည်။ သူက စကားပြောတော့မည်အချိန်တွင် သူ့ရှေ့တွင်ရပ်နေသော လောဝူယန်က ရုတ်တရက်ပြောသည်။

“မင်းက ငါ့ကဗျာကို ဘယ်လိုထင်လဲ”

သူက ဟန်မူယဲ့ကို ကြည့်နေသည်။

လျောင်ချန်က ကြောင်အသွားပြီး လျင်မြန်စွာပြောသည်။

“အစ်ကိုလော၊ ငါ့ရဲ့သူငယ်ချင်းကောင်းက ကျင်းချွမ်မြို့ကို အခုမှရောက်လာတာဖြစ်ပြီး ကဗျာအကြောင်းကို သိပ်မသိပါဘူး”

သခင်လေးဟန်က နာကျင်ဖွယ်ကောင်းသောစကားများကို ပြောလိုက်မည်ဆိုလျှင် ကျန်းမိသားစုနှင့် ဟုန်ချန်ဓားဂိုဏ်းကို ရန်စပြီးသားဖြစ်သွားလိမ့်မည်။

သို့သော် လျောင်ချန်ပြောမပြီးခင်မှာ ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

“ငါက ကဗျာအကြောင်းမသိဘူးလို့ မင်းပြောနေတာလား”

လျောင်ချန်၏တစ်ကိုယ်လုံး တုန်ခါသွားသည်။

‘အိုး၊ မဟုတ်ဘူး’

လျောင်ချန်က စီးပွားရေးသမားတစ်ယောက်ဖြစ်သောကြောင့် ဤအခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် မသိစိတ်အလျောက် တွက်ချက်မိသည်။

သို့သော် သခင်လေးဟန်မူယဲ့က ထိုသို့မဟုတ်ပေ။

သူက ငယ်ရွယ်စဉ်၌ ခရီးသွားနေသော ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားတစ်ယောက်ဖြစ်သည်။

All Chapters