မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်
Vol. 17 Ch. 321
နန်ကုန်းမိသားစု၏လေ့ကျင့်ရေးအသင်းသည် ကင်းမြီးကောက်အမြီးနှင့် ခြင်္သေ့အပေါ်တွင် သေခြင်းတရားမှ လွတ်ရုံသာလွတ်ခဲ့သည်။ မည်သူမှ အငြင်း မပွားရဲကြတော့ပေ။ ဤလူငယ်သည် “မျိုးနွယ်ကြီးလေးခု” ဆိုသည်ကို ကြောက်မနေတော့ပေ။ နန်ကုန်းမိသားစုသည် တခြားလူများကို ကာကွယ်ရေး ဒိုင်းကာသဖွယ် ကာကွယ်ပေးခဲ့ပြီး ဤတိုက်တွင် ထောင်လွှားမှုကိုပြသခဲ့သော် လည်း ပထမဆုံးအနေနှင့် သူတို့၏အသက်ကိုပင် မကာကွယ်နိုင်တော့ပေ။ သူတို့၏မျက်နှာသည် ချက်ချင်းပင် ဖြူဖတ်ဖြူရော်ဖြစ်လာသည်။
နန်ကုန်းရှို့သည် အသက်တစ်ရာမျှသာ နေရသေးသည်။ သူ မသေချင် သေးပေ။ ယခု ကောင်းကင်အဆင့်ကျွမ်းကျင်သူ ပေထင်းဟွမ်နှင့် အားကောင်း သော နတ်သားရဲတို့ပြသသွားသည့် ခွန်အားကိုမြင်သောအခါ သူတို့သည် နန်ကုန်းမိသားစုကို အရေးတယူမရှိလှသည်ကို နန်ကုန်းရှို့ယုံကြည်လိုက်သည်။ “မင်း မင်း သောက်ကောင်လေး ငါ မင်းနဲ့တိုက်ခိုက်ပြီးယူမယ်”
နန်ကုန်းရှို့သည် ခန္ဓာကိုယ်ထဲမှ ကျန်သည့်ဒြပ်စင်စွမ်းအင်ကို ရွှေ့ပြောင်း ကာ ပေထင်းဟွမ်အား တိုက်ခိုက်လေသည်။ အစောက နတ်သားရဲနှင့် ပြင်းထန် စွာတိုက်ခိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တွင် ဒြပ်စင်စွမ်းအင် များများစားစား မကျန်တော့ပေ။ ဤကောင်လေးသည် ချက်ချင်းပင် ကြယ်ဝိညာဉ်သိုင်းကို သုံးခဲ့သည်။ နန်ကုန်းရှို့သည် သူ၏ နေလာသမျှ အသက်တစ်ရာတွင် ဤကဲ့သို့ တိုက်ခိုက်နည်းပုံစံကို မမြင်ဖူးပေ။
ဤလူငယ်၏မျက်နှာကို မျက်နှာဖုံးဖြင့်အုပ်ထားသော်လည်း ထုတ်ဖော် ထားသည့် နှင်းဖြူရောင်မေးစေ့ကို ကြည့်ရာတွင် ဤလူငယ်သည် ငယ်ရွယ် သည်ကိုမြင်ရသည်။ သူ ဘာလို့ ဒီလောက်တောင် အညှာတာမဲ့ရတာလဲ။
ပေထင်းဟွမ်၏အရှိန်နှုန်းသည်မြန်လွန်းရာ နန်ကုန်းရှို့သည် ကြီးမား သော တိုက်ကွက်ပြင်ဆင်ရန်ပင် ခွန်အားမရှိတော့ပေ။ ကောင်းင်အဆင့် ဝိညာဉ် သခင်တစ်ယောက်အနေနှင့် နန်ကုန်းရှို့သည် အင်္ကျီလက်ထဲတွင် လှည့်ကွက် များရှိမနေပေ။ သူ့ခန္ဓာကိုယ်ထဲမှ အဆီအနှစ်စွမ်းအင်များအားလုံးကို ထုတ်ကာ သူ့ရှေ့သို့ အပြာနုရောင်ဒိုင်းကာပြုလုပ်လိုက်သည်။ အမြီးကိုးချောင်းမီးမြေခွေး ၏ ဝမ်းတွင်းပါ ဝိညာဉ်သိုင်း “မီးအက သုံးထောင်” သည် အဆီအနှစ်စွမ်းအင် ဒိုင်းကာကို ခပ်ပြင်းပြင်းထုခွဲလိုက်သည်။ နားအူစေလောက်သည့် ပေါက်ကွဲမှု သည် မွန်မြတ်သောသားရဲများအထက်မှထွက်လာကာ စွမ်းအင်လုံးကြီးသည် ၃၆၀ ဒီဂရီလှိုင်းအဖြစ် ထသွားလေသည်။ မိုးနှင့်မြေပေါ်မှ လူနှင့်မှော်သားရဲများ အားလုံးကို သက်ရောက်ကာ လဲကျကုန်ကြသည်။
လွှမ်းမိုးနိုင်လိုက်တဲ့ လူငယ်ပါလား။
ပေထင်းဟွမ်သည် ပေါက်ကွဲသည့်နေရာ အလယ်ကို အေးစက်စွာကြည့် လိုက်သည်။ သူမ၏အားကောင်းသော ဝိညာဉ်စွမ်းအားဖုံးကွယ်မှုအောက်တွင် ဒြပ်စင်ဒိုင်းကာနှင့်အတူ နန်ကုန်းမိသားစုပါ အပြင်းအထန် ဒဏ်ရာရသွားမည် ကို ပေထင်းဟွမ်သိသည်။ ထို့အပြင် သူ့တွင် နတ်သားရဲတစ်ကောင်ရှိသည်။ ပေထင်းဟွမ်သည် ကောင်းကင်အဆင့်သို့ ရောက်ခါစအချိန်၌ပင် ကြယ်ဝိညာဉ် သိုင်းဖြင့် သူတို့ကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ထင်နေလားမသိပေ “ကောင်စုတ် ကောင်စုတ်လေး မင်းက ဘယ်သူလဲ ဘာလို့ငါတို့ကိုတိုက်ခိုက်တာလဲ”
အောက်မှ ဆယ်ကောင်ကျော်သော မွန်မြတ်သောသားရဲများအတွက် ကြောင့်သာဆိုလျှင် ဤလူငယ်သည် မည်မျှပင် အကြင်နာကင်းမဲ့စေကာမူ ဘယ်လောက်မှမကျန်တော့သော နန်ကုန်းမိသားစုများအားလုံးကို အကုန် ရှင်းထုတ်ရန်မလိုပေ။
မီးတောက်နှင့် ဖုန်မှုန့်များအကြားမှ နန်ကုန်းရှို့သည် မြေပြင်မှ တွားသွား ထလာသည်။ မူလစွမ်းအင်ဒိုင်းကာသည် တိုက်ခိုက်မှုအများစုကို ကာနိုင်သည်။ သို့သော် ကြယ်ဝိညာဉ်သခင်နှင့် ကြယ် ၇ ပွင့် နတ်သားရဲတို့မှထုတ်လိုက်သည့် ကြယ်ဝိညာဉ်သိုင်းသည် မည်မျှအားကောင်းနိုင်မည်နည်း။ သူ့အနောက်တွင် နန်ကုန်းမိသားစုမှ လူငယ်များသည် ကြီးမားသောစွမ်းအားလှိုင်းကြောင့် သုတ်သင်ခံလိုက်ရသည်။
“နန်ကုန်းမိသားစုဟုတ်လား.. ဟားဟား ကျုပ်တို့ခေါင်းဆောင်က ခင်ဗျားတို့ နန်ကုန်းမိသားစုသက်ကိုလိုချင်နေတာ” အဖွဲ့ထဲရှိ လူကောင်ကြီး သော ခိုင်သည် ခပ်ပေါ့ပေါ့ပင်ပြောလေသည် “ခင်ဗျား ဒီမှာသေသွားရင် နန်ကုန်းမိသားစုဌာနချုပ်က ဘယ်သူသိမျာလဲ”
“မင်းတို့ခေါင်းဆောင်ဟုတ်လား မင်းတို့ကဘယ်သူတွေလဲ” နန်ကုန်းရှို့ သည် ဤမျှအားကောင်းသောလူကို ရန်စမိပုံကို မမှတ်မိပေ။ သူ၏အကြည့်သည် ချူဖုန်းပေါ်သို့ကျရောက်သွားကာ ရင်များပင်တုန်သွားမိ၏။ သူသည် ချူဖုန်းအားညွှန်ပြပြီး ပြောလိုက်သည် “မင်း မင်း…”
“ဟုတ်တယ် ငါတို့ပဲ” နန်ကုန်းရှို့ သူမကို မှတ်မိသွားသည်ကိုမြင် သောအခါ ပေထင်းဟွမ်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။ သူမသည် နန်ကုန်းရှို့ဆီသို့လျှောက်သွားပြီး ပြောလိုက်သည် “ငါက ရက်စက်တတ်တဲ့လူ မဟုတ်ပါဘူး.. သူငယ်ချင်းဟောင်းတစ်ယောက်အတွက် လိပ်ပြာသန့်သန့်နဲ့ သေစေချင်ရုံပါ.. ခင်ဗျားက ကံမကောင်းမှတော့ ငါ့ကိုအပြစ်မတင်နဲ့”