← Chapters

ဘာလို့မင်းဖြစ်နေတာလဲ

Vol. 17 Ch. 322

ဘာလို့မင်းဖြစ်နေတာလဲ

Vol. 17 Ch. 322

နတ်သားရဲများသည် သေတော့မည့် နန်ကုန်းရှို့နှင့်တခြားသူများကို ဝိုင်း ထားကြသည်။ ပေထင်းဟွမ်သည် လျှောက်သွားကာ လက်ဝေ့ယမ်းပြီး နွယ်ပင် လေးအသွင်ပြောင်းထားသည့် ဝိညာဉ်ချပ်ဝတ်တန်ဆာကို ဖယ်ရှားလိုက်သည်။ ရင်းနှီးပြီး လက်ရာမြောက်သည့်မျက်နှာသည် နန်ကုန်းမိသားစု၏ရှေ့တွင် ပေါ် လာသည်။ သေအံ့ဆဲဆဲလူများအားလုံးသည် သူတို့မြင်နေရသည်ကိုပင် မယုံနိုင် ကြပေ။

“မင်း မင်း ဘာလို့မင်းဖြစ်နေတာလဲ” နန်ကုန်းချွင်းသည် မြေပေါ်မှ ရုန်းကန်ထပြီး သူမရှေ့မှလူကို ရှင်းရှင်းလင်းလင်းမြင်အောင် ကြည့်ချင်နေ၏။ သူမ မယုံနိုင်ပေ။ သူမ ဤလူကိုမယုံနိုင်ပေ။ ဒီလူက အမှိုက်မဟုတ်ဘူးလား။ ပေထင်းမိသားစုက သခင်လေး ၉ က အမှိုက်ဆိုတာ နာမည်ကြီးတယ်လေ။ သို့သော် ဤလူသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ်နေသည်မှာ ထင်ရှား သည်။ ပင်မတိုက်ကြီးတွင် ကောင်းကင်အဆင့်ထက်ကျော်လွန်သူများသာ ကျွမ်းကျင်သူဟုခေါ်ဆိုရန် အရည်အချင်းပြည့်မှီသည်။ သို့သော် သူမတွင် နတ်သားရဲတစ်ကောင်ရှိနေသည်။ မဟုတ်သေးဘူး.. မွန်မြတ်တဲ့သားရဲတပ်ကြီး ကိုကြည့်ဦး။ ၎င်း၏တိုက်ခိုက်ရေးခွန်အားသည် မိသားစုကြီးလေးခုထပ်မနိမ့်နိုင် ပေ။ သို့သော် ၎င်းသည် ဤလူ၏ပိုင်ဆိုင်မှုဖြစ်နေသည်။

ပေထင်းဟွမ်၏ ပြိုင်ဘက်ကင်းပါရမီရှင်ဆိုသည့် ဂုဏ်သတင်းသည် ပေထင်းမိသားစု၏ အသုံးမကျသည့် သခင်လေး ၉ ဆိုသည့် ဂုဏ်သတင်းကို ပဲ့တင်ပြန်ရိုက်ခတ်နေသည်။

ဒါပေမဲ့ အခု ဘာတွေဖြစ်နေလဲဆိုတာ သူမကို ဘယ်သူပြောပြနိုင်မလဲ။

လှပသည့် အနက်ရောင်ဖိနပ်တစ်ခုသည် နန်ကုန်းချွင်း၏ရင်ဘတ်ပေါ် တက်နင်းလိုက်သည်။ ပေထင်းဟွမ်၏ လှောင်ပြောင်သောမျက်နှာသည် ပို၍ ပင် ဆိုးယုတ်လာသလို မျက်စိဖမ်းစားနိုင်လှသည်။ သံမဏိသွေးကြေးစားအဖွဲ့မှ အမျိုးသား အမျိုးသမီးများသည် သူမ၏မျက်နှာကို စိုက်ကြည့်ပြီး အကြည့်မလွှဲ နိုင်ကြပေ။

“မိန်းကလေး နန်ကုန်း” ပေထင်းဟွမ်သည် နန်ကုန်းချွင်း၏ ညစ်ပတ် သော မျက်နှာကို ရှာတွေ့သွားသလိုပင်။ သူမသည် ညကွပ်မက်ကို ဓားတိုအဖြစ် ပြောင်းကာ နန်ကုန်းချွင်း၏မျက်နှာကို အေးစက်သောဓားသွားဖြင့် ဖိလိုက်၏။ သူမသည် ခေါင်းလွှဲလိုက်ရာ နန်ကုန်းချွင်းသည် သူမကိုကြည့်နေသည် “ငါက အဆင့်မြင့်ကြယ်ဝိညာဉ်သခင်မဖြစ်နိုင်တာ အမှန်ပဲ.. ဘာလို့လဲ အခုပျော်ပြီ လား”

လက်ရှိတွင် သူမသည် ကောင်းကင်အဆင့်ဖြစ်သည်။ သေချာပေါက် သူမ သည် အဆင့်မြင့်ကြယ်ဝိညာဉ်သခင်မဟုတ်တော့ပေ။

နန်ကုန်းချွင်း၏ ရင်ဘတ်သည် လေးလံလာသည်။ ပေထင်းဟွမ်၏ မျက်နှာသည် အလွန်ပြောင်မြောက်သလို ဆိုးယုတ်ကာ တလက်လက်တောက် နေသောနေရောင်အောက်တွင် မည်သူကမှ တည့်တည့်မကြည့်နိုင်လောက် အောင်ပင် တောက်ပလွန်းသည်။ နန်ကုန်းချွင်းသည် ဖြည်းဖြည်းချင်း မျက်လွှာ ချလိုက်သည်။ ဒေါသ၊ ခံပြင်းမှုနှင့် နောင်တတရားများသည် အဆိပ်ပြင်းသော မြွေကဲ့သို့ ထိုးတက်လာသည် “ဟင်း”

ပေထင်းဟွမ်သည် သူမ၏အေးစက်စွာ နှာမှုတ်လိုက်သည်ကို လျစ်လျူရှု လိုက်သည် “ငါက မင်းကိုစိန်ခေါ်ဖို့ အရည်အချင်းမပြည့်မှီဘူးမလား”

ပင်မတိုက်ကြီး၏ နှစ်ပေါင်းသောင်းချီသော ရိုးရာထဲတွင် အဆင့်နိမ့် စိန်ခေါ်သူများသာ အဆင့်မြင့်သခင်များကို စိန်ခေါ်နိုင်သည်။ အဆင့်မြင့်စိန်ခေါ် သူများသည် အဆင့်နိမ့်များကို စိန်ခေါ်ရိုးထုံးစံမရှိပေ။ ပေထင်းဟွမ်သည် အဆင့် ၄ စိန်ခေါ်သူဖြစ်ကာ နန်ကုန်းချွင်းသည် အဆင့် ၂ စိန်ခေါ်သူအဆင့်သာ ရှိသည်။ ပေထင်းဟွမ်သာ နန်ကုန်းချွင်းကို စိန်ခေါ်လျှင် ဟာသတစ်ပုဒ်ဖြစ်သွား လိမ့်မည်။

အဆင့်မြင့်တွေက မြေကြီးအဆင့်ကို တစ်ခဏအတွင်း သတ်နိုင်တာလေ။ ဘယ်လိုလုပ် စိန်ခေါ်မလဲ။

နန်ကုန်းချွင်းသည် ပါးစပ်အပြည့် သွေးများကို မျိုချလိုက်သည်။ ပေထင်း ဟွမ်သည် သူမ၏မျက်နှာကို စိုက်ကြည့်နေသည်။ အစက နန်ကုန်းချန်ရှီး၏ မျက်နှာကြောင့် နန်ကုန်းမိသားစုမှလူများကို အေးအေးချမ်းချမ်းသေစေလိုခဲ့ သည်။ ဤအရူးများသည် ခေါင်းမာနေလိမ့်မည်ဟု ထင်မထားပေ။

“ပေထင်းဟွမ် မင်းဖြစ်လိမ့်မယ်လို့ ထင်မထားဘူး.. ငါသာ သိထားရင်..” မည်သူမှ သေချင်ကြပေ။ မျှော်လင့်ချက်ကင်းမဲ့လာလျှင် လူတစ်ဦး၏စိတ်သည် အမြဲတမ်း လျင်မြန်စွာအလုပ်လုပ်သည်။ ပေထင်းဟွမ်သည် သူငယ်ချင်း ဟောင်းတစ်ယောက်ကြောင့် သူမအသက်ကိုကယ်ချင်သည်ဟု ပြောခဲ့သည်ကို နန်ကုန်းချွင်းမှတ်မိသေးသည်။ ပေထင်းဟွမ်သည် ထိုလူ၏မျက်နှာကြောင့် သူမကို ကယ်ရန် မျှော်လင့်နေမိသည်။

ပေထင်းဟွမ်သည် နှာမှုတ်ကာ သူမ၏ခြေဖျားထိပ်နှင့် သူမ၏မေးစေ့ကို ပင့်မကာ အသက်ရှူရခက်အောင်လုပ်လိုက်သည် “နောက်ကျသွားပြီ မိန်းကလေးနန်ကုန်း ငါ မင်းကို အခွင့်အရေးနှစ်ခါပေးခဲ့တယ်.. ပထမတစ်ခါက ငါပြောခဲ့တယ် ငါက အဆင့်မြင့်ဝိညာဉ်သခင်ကြီးမဟုတ်ရင် ဘယ်လိုလုပ်မှာလဲ လို့.. မင်းကမယုံဘူးလေ.. ဒုတိယတစ်ခါ မင်းကို ရွေးချယ်ခွင့်ပေးခဲ့တယ်.. မွန်မြတ်တဲ့သားရဲကို လက်လျှော့ချင်တဲ့သူ ထွက်သွားလို့ရတယ်လို့.. ဒါပေမဲ့ မင်းက သေရင်တောင် အဲဒီမွန်မြတ်တဲ့သားရဲတွေလိုချင်နေတာလေ.. မင်းက သေချင်မှတော့ ငါလည်း သဘောကောင်းပြီးသားဆိုတော့ ဘာလို့ မင်းဆန္ဒကို မဖြည့်ဆည်းပေးရမှာလဲ”

သူမသည် နှုတ်ခမ်းတွန့်ကာ ဆိုးယုတ်စွာ ပြုံးလိုက်သည်။ သို့သော် ၎င်းသည် သူမ၏အေးစက်သောမျက်နှာဖြင့် လိုက်ဖက်နေသည်။ လူအများကို မှင်တက်စွာလုပ်သည့်အပြင် ထိုအေးစက်သည့် ဆိုးယုတ်သောဆွဲဆောင်မှု သည် လူအများ၏ကျောရိုးထဲတွင် အေးစိမ့်မှုကိုပါ ဖြစ်ပေါ်စေသည်…

All Chapters