← Chapters

ဒီကောင်လေးက ကြောက်ဖို့ကောင်းလိုက်တာ

Vol. 17 Ch. 323

ဒီကောင်လေးက ကြောက်ဖို့ကောင်းလိုက်တာ

Vol. 17 Ch. 323

သူတို့သည် မည်သို့သော နတ်မိစ္ဆာမျိုးကို ရန်စမိလိုက်သည်ကို နန်ကုန်းရှို့ ရုတ်တရက် သဘောပေါက်သွားသည်။ သူတို့သည် အကြောင်းပြချက်မရှိ မွန်မြတ်သောသားရဲများ၏ ဝိုင်းခြင်းကိုခံရသည်။ အစက စီရင်ချက်ဗိမာန်မှလူ များ၏ လက်ချက်ဟုထင်ထားခဲ့သည်။ သို့သော် ယခုအခါ ထိုသို့မဖြစ်နိုင်တော့ ပေ။

သူသည် နန်ကုန်းရှို့၏အတွေးများကို ထိုးဖောက်မြင်နေရသလိုပင် လူငယ်သည် ဝံ့ကြွားစွာပင် လျှောက်လာသည်။ လက်နှစ်ဖက်ကို နောက်ပစ် ထားကာ နှုတ်ခမ်းပေါ်တွင် ဆိုးယုတ်သည့်အပြုံးတစ်ခုကို ဆင်ကာ ငုံ့ကြည့်လေ သည် “ဟုတ်တယ် ခင်ဗျားတို့ကို ရှီဟို့အမှုန့်ဖြူးခိုင်းပြီးတော့ ဒီမှာလာစောင့် နေတာ ဘာလို့လဲသိလား”

လူငယ်သည် လက်ကိုဝေ့ယမ်းကာ နန်ကုန်းရှို့၏မျက်လုံးထဲမှ မလိုလား မှုနှင့် အမုန်းတရားများကိုမမြင်သည့်ပုံပင်။ သူမသည် ဆောင့်ကြောင့်ထိုင်ပြီး နန်ကုန်းရှို့၏ဘေးမှ အဆင့်မြင့်ကြယ်နတ်သားရဲ၏ခေါင်းကို ကိုင်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မျ အပြာနုရောင်ဒြပ်စင်စွမ်းအင် ထွက်လာသည်။ တစ်ခဏ အတွင်းမျာပင် အဆင့်မြင့်ကြယ်နတ်သားရဲကို ထိန်းကျောင်းပြီးလေပြီ။ မူလက ထောင်လွှားနေသော သားရဲ၏မျက်လုံးထဲတွင် နူးညံ့သောအကြည့်တစ်ချက် ပေါ်လာသည်။

“မင်း မင်း..” နန်ကုန်းရှို့သည် မယုံနိုင်ပေ။ သူသည် တုန်ယင်နေသော လက်ကိုမြှောက်ကာ ပေထင်းဟွမ်အား လက်ညှိုးထိုးလေသည်။ သူက တကယ် ကြီး တကယ်…

“ဟင်း ခင်ဗျားသေရင် မျိုးနွယ်ကြီးလေးခုမှာ သားရဲထိန်းရှိတော့မှာ မဟုတ်ဘူး.. ကျုပ်ပေထင်းဟွမ်ကတော့ ဝိညာဉ်သခင်ကြီးဖြစ်နေမှာပဲ” ပေထင်းဟွမ်ပြောပြီးသည်နှင့် မိုးပေါ်ကိုကြည့်ပြီး ရယ်မောလေသည်။ သူမ သည် လှောင်ပြောင်သောအကြည့်ဖြင့် ဖြည်းဖြည်းချင်းပင် နန်ကုန်းရှို့အား ကြည့်နေ၏။ ထိုလူသည် ကြောက်လွန်းသောကြောင့် မေ့လဲသွားလိမ့်မည်ဟု သူမ ထင်မထားပေ။

ဒီအဘိုးကြီးကို ကိုင်တွယ်ဖို့ကလွယ်လွန်းလိုက်တာ။

နေသည် အနောက်ဘက်သို့ ဝင်သွားပြီဖြစ်သည်။ ပေထင်းဟွမ်သည် နန်ကုန်းမိသားစုမှ အရူးများနှင့် ကစားနေရန် အချိန်မရှိပေ။ စီရင်ချက်ဗိမာန် သည် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့နှင့် တိုက်ခိုက်နေပြီဖြစ်သည်။ သူမသာ နောက်ကျပြီး ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို မရလိုက်လျှင် မတန်တော့ပေ။

နန်ကုန်းမိသားစု.. သူမကို အမှိုက်ဟုခေါ်သောလူများ မည်သူမှ အသက် ရှင်ခွင့်ပေးမည်မဟုတ်ပေ။ နန်ကုန်းချန်ရှီးအတွက်နှင့် သူတို့ကို ဘေးပို့ထားရ မည်။

“မီးအက သုံးထောင်”

နွယ်ပင်လေးသည် သူမမျက်နှာပေါ်သို့ ပြန်တက်ကာ ဝိညာဉ်ချပ်ဝတ်တန် ဆာဖြင့် သူမ၏မျက်နှာကို ဖုံးအုပ်လိုက်သည်။ ကြည်လင်သည့်တေးသွားနှင့် အတူ အမြီးကိုးချောင်းမီးမြေခွေးသည် ပေထင်းဟွမ်၏အနောက်မှ ပြန်ပေါ်လာ သည်။ ၎င်း၏အနီရောင်ကျောက်နှင့်တူသောမျက်လုံးများမှ မီးတောက်နှစ်ခု ထပ်မံထွက်ပေါ်လာကာ နန်ကုန်းရှို့နှင့်တခြားသူများဆီသို့ ပစ်လွှတ်လိုက်၏။

ဘုန်း

အားကောင်းသော ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြန်သည်။ ကြီးမားသော မီးတောက်နှင့်ဖုန်မှုန့်လုံးများသည် မိုးပေါ်သို့လှိမ့်တက်ပြီး ကြီးမားသည့် နီညိုရောင်မှိုတိမ်တိုက်အဖြစ် ဖွဲ့စည်းလိုက်သည်။ ပေါက်ကွဲမှု၏အလယ်ဗဟို ကို မည်သူမှမမြင်ရပေ။ မွန်မြတ်သောသားရဲများသည် ဒုတိယမြောက်ပေါက်ကွဲ မှုကို အသင့်မပြင်လိုက်ရသဖြင့် လွင့်ထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။

မိသားစုကြီးသုံးခုမှ ပွဲကြည့်ပရိသတ်များသည် တံတွေးမျိုချမိကြသည်။ မိုနတ်မင်းရ အဲဒီကြယ်ဝိညာဉ်သိုင်းက ဒြပ်စင်စွမ်းအင်တောင်မလိုတော့ဘူး လား။ ဘယ်သူက ဒီလိုမျိုးအလွယ်တကူ ထုတ်နိုင်တာလဲ။ ပေါက်ကွဲမှုက တော်တော်လွန်တာပဲ။

ပေထင်းဟွမ်မှဘေးကင်းအောင် ရှောင်ခိုင်းလိုက်သော နန်ကုန်းချန်မိုနှင့် တခြားသူများသည် ထိတ်လန့်လွန်းရာ ပါးစပ်ပင်မပိတ်နိုင်ကြပေ။ သူတို့၏ နှလုံးများသည် ဗုံများကဲ့သို့ပင် ရင်ဘတ်ထဲမှ ထွက်ခုန်ကျမတတ်ပင်။ ကျန်သောလူများမှာ သေသွားကြလေပြီ။ သူတို့ တကယ်သေသွားကြလေပြီ။ သူတို့သာ ဉာဏ်နည်းပြီး နည်းပြနန်ကုန်းရှို့နှင့် တစ်ဖက်တည်းရပ်တည်လိုက် မည်ဆိုပါက ကျန်သည့်လူများနှင့်အတူ သေမင်းကို သွားရောက်တွေ့ဆုံရလိမ့် မည်ဖြစ်သည်။

“မိသားစုကြီးသုံးခုကလူတွေ နားထောင်ကြ” ပေထင်းဟွမ်သည် လေပေါ် တွင်ရပ်နေသည်။ သူမ စကားပြောလိုက်သည့်အချိန်တွင် အနီရောင်ကို ဝတ်ဆင်ထားပြီး နေလုံးနီကြီးသည် သူမအနောက်တွင်ပေါ်လာသည်။ သို့သော် သူမ၏ခန္ဓာကိုယ်ပေါ်မှ အေးစက်သောရောင်ဝါကို အရည်မပျော်နိုင်စေပေ။ အားလုံးသည် သူမ၏စကားသံကိုကြားသည်နှင့် ရင်များတုန်ယင်လာသည်ကို ခံစားမိကြသည်။ ဘာတွေဖြစ်နေတာလဲ။ အဲလူငယ်က သူတို့ကိုပါ တိုက်ခိုက် ချင်နေတာလား။ “ကျွန်တော် ပေထင်းဟွမ်က ခင်ဗျားတို့နဲ့ ရန်ငြိုးရန်စမရှိသလို အပြစ်မရှိတဲ့လူတွေကိုလည်း မသတ်ဘူး.. ဒါပေမဲ့ ဒီနေ့ကိစ္စပြီးသွားတာကိုမှ ထပ်ပြောရဲရင် ကျွန်တော် ပေထင်းဟွမ်က ခင်ဗျားတို့နောက်ကို အဆုံးထိ လိုက်သွားမယ်.. နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်”

All Chapters