← Chapters

မင်းကအမြင့်ဆုံးဝိညာဉ်ထိန်းလား

Vol. 17 Ch. 324

မင်းကအမြင့်ဆုံးဝိညာဉ်ထိန်းလား

Vol. 17 Ch. 324

သူမ၏မျက်လုံးများသည် အေးစက်စွာပင် မျိုးနွယ်ကြီးသုံးခုကို ဖြတ်သန်း သွားသည်။ သူမ၏အကြည့်သည် ပေထင်းလင်အပေါ်တွင် ခေတ္တမျှ ကြန့်ကြာ နေသည်။ ထိုအချိန်၌ သူမ၏လက်ထဲတွင် ဓားပျော့တစ်ချောင်းပေါ်လာပြီး သူမသည် မြေပေါ်မှ မွန်မြတ်သောသားရဲ ၄၃ ကောင်ကို ညွှန်ပြလိုက်သည် “အောက်က မွန်မြတ်တဲ့သားရဲတွေလိုချင်တယ်.. ကျုပ်သာမလာရင် ခင်ဗျားတို့ ဒီနေ့လွတ်မှာမဟုတ်ဘူး.. အဲလိုဆိုရင်တောင် ခင်ဗျားတို့ကို အကျိုးအမြတ်ပေး ဖို့မငြင်းပါဘူး.. မှော်သားရဲတောတစ်ခုလုံးမှာ ခင်ဗျားတို့ဖမ်းမိတဲ့မှော်သားရဲ တွေ.. အထွတ်အမြတ်သားရဲဆိုရင်တောင် မျိုးနွယ်ကြီးသုံးခုအတွက် အခမဲ့ ထိန်းကျောင်းပေးမယ်”

သူမသည် ထောင်လွှားလွန်းသည်။ လွှမ်းမိုးနိုင်ပြီး မောက်လာသည်။ သို့သော် ဤလူငယ်သည် ဘာပြောခဲ့သနည်း။ အထွတ်အမြတ်သားရဲဆိုလျှင် တောင် အခမဲ့ထိန်းကျောင်းပေးနိုင်သည်။

“သခင် ခင်ဗျားက အမြင့်ဆုံးသားရဲထိန်းလား” ဤလူငယ်ကို အနည်းငယ် ရင်းနှီးနေသည်ဟု တုန်ဖန်းအောင် ခံစားမိနေသည်။ အထူးသဖြင့် သူ့ဆီမှ ထွက်လာသောရောင်ဝါသည် တစ်နေရာတွင် တွေ့ဖူးသလိုမျိုး သူနှင့် ရင်းနှီးနေ သည်။

“ဟုတ်တယ်” ပေထင်းဟွမ်၏ အသံနေအသံထားသည် အရင်ကလို မအေးစက်သလို အလျှော့ပေးခြင်းလည်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် နူးညံ့ခြင်းတော့ပါနေသည်။ “မွန်မြတ်တဲ့သားရဲဖြစ်ဖြစ် နတ်သားရဲဖြစ်ဖြစ် ဒီမှော်သားရဲတောမှာ ရှိတဲ့အချိန်ကို ဖမ်းနိုင်တဲ့အစွမ်းအစရှိရင် ခင်ဗျားတို့ အတွက် အကန့်အသတ်မရှိ ထိန်းကျောင်းပေးမယ်.. ဒီမွန်မြတ်တဲ့သားရဲတွေက ခင်ဗျားတို့စစ်နိုင်တဲ့ပစ္စည်းတွေဆိုတာ မှန်ပါတယ်.. ဒါပေမဲ့ ကျုပ်အသင်း ကလည်း အခုအရေးတကြီးလိုနေတယ်.. လုယူရတဲ့အတွက် ခွင့်လွှတ်ပေးပါ”

ရှူး..

အားလုံးသည် လေအေးများကို စုပ်ယူမိကြသည်။ တိုက်ကြီးတွင် သားရဲ ထိန်းများသည် ဂုဏ်သရေရှိ အလုပ်အကိုင်ဖြစ်သည်။ အရည်အချင်းရှိ အလုပ်အကိုင်သုံးခုထဲတွင် သားရဲထိန်းသည် အမြင့်ဆုံးအရည်အချင်းကို လိုအပ် သည်။ ပြီးနောက် အလုပ်အကိုင်သည်လည်း အန္တရာယ်အများဆုံးဖြစ်သည်။

မှော်သားရဲများသည် အလွန်ပင်ထောင်လွှားကာ လူသားများ၏ ထိန်းကျောင်းခြင်းကိုခံသူများမဟုတ်ကြပေ။ ထိန်းကျောင်းသည့် လုပ်ငန်းစဉ် တွင် သားရဲထိန်းများသည် သူတို့၏စိတ်ခွန်အားကို ဖိနှိပ်ထားရန်လိုသည်။ တချို့သောမှော်သားရဲများသည် အားပြင်းပြင်းဖြင့် ခုခံကြသည်။ သားရဲထိန်း သာ ဂရုမစိုက်လျှင် မှော်သားရဲ၏ စိတ်ခွန်အားကြောင့် အစားခံလိုက်ရနိုင်၏။ အများဆုံးအနေနှင့် စိတ်ခွန်အားများ ပျောက်ကွယ်သွားနိုင်ပြီး ကျင့်စဉ်များ အားလုံးဆုံးရှုံးလိုက်ရနိုင်သည်။ အဆိုးဆုံးမှာ ရူးသွားနိုင်သည်။

သားရဲထိန်းကျောင်းရာတွင် စိတ်ခွန်အားအများအပြားလိုအပ်သည်။ ဤလူငယ်သည် ထောင်လွှားလွန်းကာ ကောင်းကင်နှင့်မြေကြီး၏ ကြီးမားပုံကို မသိပေ။ သူသည် သူထိန်းကျောင်းနိုင်သည့် သားရဲအကန့်အသတ်မရှိဟုပင် ပြောနေသေးသည်။

ထိုအဘိုးကြီး နန်ကုန်းရှို့သည် သားရဲထိန်းသခင်ကြီးဖြစ်သည်။ သူသည် အများဆုံးမှ တစ်ရက်လျှင် မွန်မြတ်သောသားရဲတစ်ကောင်သာ ထိန်းကျောင်း နိုင်သည်။ မွန်မြတ်သောသားရဲ၏အဆင့်မြင့်လျှင် တစ်ရက်ထက်ပိုပြီး အနားယူ ရသည်။ ဒီလူငယ်က ဘာပြောလိုက်တာလဲ။ အရေအတွက်က အကန့်အသတ် မရှိဘူးဟုတ်လား။ အစောက မွန်မြတ်သောသားရဲများနှင့် တွေ့စဉ်က ခံစားခဲ့ရ သော ကြောက်ရွံ့မှုသည် ဤလူငယ်ပေးသည့် ထိတ်လန့်မှုလောက် မဆိုးပေ။

မဟုတ်သေးဘူး.. နေဦး သူဘာပြောလိုက်တာလဲ။ သူက သူတို့ ခွင့်လွှတ်ဖို့ ပြောနေတာလား။ သူက ရှင်းရှင်းလင်းလင်းကြီး အောင်ပွဲခံနေခဲ့တာပဲ။ ထို့အပြင် သူ နန်ကုန်းရှို့နှင့်တခြားသူများကို သတ်စဉ်က မှန်သေးသည်။ သူသာ မလာလျှင် မျိုးနွယ်ကြီးလေးခုမှလူများ အသက်ရှင်နိုင်မည်မဟုတ်ပေ။ သို့သော် သူမသည် မိုးကြိုးသွားပစ်လွှတ်ပြီးနောက် ပါးနပ်စွာရှင်းပြနေသည်။

ဒီလိုမျိုး အေးစက်ချောမောပြီး ထူးခြားသလို နတ်ဘုရားနဲ့တူတဲ့ လူငယ် လေးက ဘာလို့ဒီလောက်တောင် ဆိုးယုတ်နေတာလဲ။ စကားတစ်ခွန်းတည်း နှင့်ပင် သူသည် လူရာချီရှိသော မျိုးနွယ်ကြီးသုံးခုမှလူများ၏ စိတ်ကို ဖမ်းဆုပ် လိုက်သည်။ အမျိုးသားငယ်နှင့် အမျိုးသမီးငယ်များသည် မိုးပေါ်မှ နတ်ဘုရား နှင့်တူသည့် ပုံရိပ်ကိုကြည့်ပြီး ဒေါသတကြီး တွေးနေကြသည်။ ဒါက အသံထွက် ပြီးကို လာညှို့နေတာပဲ ဟုတ်ပြီလား။

သူ့တွင် အားကောင်းသော ခွန်အားရှိပါလျက်နှင့် ထူးခြားသော ဆွဲဆောင် မှုကို ပြပြီး အားလုံး၏နှလုံးသားကို ဖမ်းစားသွားသည်။ ဒါကလည်း ပြစ်မှုပဲ နားလည်လား။

ပေထင်းဟွမ်သည် ထိုလူများကို အာရုံစိုက်မနေတော့ပေ။ မီးတောက်နှင့် ဖုန်မှုန့်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ပေါက်ကွဲမှုအလယ်တွင် ၁၀ မီတာအနက်၊ ဒါဇင်မီတာအကျယ်ရှိသော အပေါက်ကြီးသည် အားလုံးရှေ့တွင် ပေါ်လာသည်။ မိုးပေါ်တွင် မြေပေါ်မှ ဖုန်မှုန့်များလွင့်နေသည်။ ၎င်းသည် လူတစ်ယောက်အရပ်အရွယ်အစားခန့်ရှိသည်။ နန်ကုန်းရှို့ဦးဆောင်သော နန်ကုန်းမိသားစု၏ လေ့ကျင့်ရေးအသင်းကို မည်သို့မြင်ရတော့မည်နည်း။ လက်စလက်နတစ်ခုမှပင် မကျန်ခဲ့တော့ပေ။

ကြယ်ဝိညာဉ်သခင်သိုင်း နှစ်ကွက်တည်းသာ… ဤလူငယ်သည် ကောင်းကင်အဆင့်သို့ ရောက်ခါစဖြစ်ကာ ကြယ် ၁ ပွင့်ဝိညာဉ်သခင်သာရှိသေး သည်။ သူ့ရဲ့ဒြပ်စင်စွမ်းအင်က အလကားများရတာလား။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် အားနည်းနေပုံမပေါက်ပေ။ ဆန့်ကျင်ဘက် အနေနှင့် သူမခန္ဓာကိုယ်သည် ဒြပ်စင်စွမ်းအင်ကို စုပ်ယူပြီး စိတ်ဓာတ်ကျနေပုံ လည်းမပေါ်ပေ။

ဒီကောင်လေးက ဘယ်ကနေလာတာလဲ။

All Chapters