← Chapters

ဒီလူကဘယ်သူလဲ

Vol. 17 Ch. 325

ဒီလူကဘယ်သူလဲ

Vol. 17 Ch. 325

ပေထင်းလင်နှင့်တခြားသူများသည် အတန်ကြာသည်အထိ သတိပြန် မကပ်နိုင်ကြပေ။ ဤလူငယ်သည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။ မွန်မြတ် သောသားရဲအုပ်ကြီးနှင့် ဤမျှအားကောင်းသောအင်အားစုသည် ဤလူငယ်၏ ပိုင်ဆိုင်မှုဖြစ်သည်။ ဒီလူကဘယ်သူလဲ။ ဘာလို့ သူ့အကြောင်း အရင်က မကြားဖူးရတာလဲ။

သေရေးရှင်ရေးအခြေအနေနှင့်ကြုံရသည့် နန်ကုန်းရှို့နှင့်မတူညီစွာပင် ပေထင်းလင်နှင့်တခြားသူများသည် ပေထင်းဟွမ်နှင့်အတူ ယီနာ၏ တည်းခို ဆောင်သို့လာခဲ့သောလူငယ်ဖြစ်သည့် ချူဖုန်းကိုမမှတ်မိကြပေ။ မွန်မြတ်သော သားရဲအုပ်မှာ ကြီးမားလှကာ သံမဏိသွေးအဖွဲ့ဝင်မှာလည်း များပြားလှသည်။ သူတို့သုံးယောက်သည် ရှုပ်ထွေးနေသဖြင့် ဤသွေးအေးသည့်လူငယ် ပေထင်းဟွမ်ကိုမဆိုထားနှင့် ချူဖုန်းကိုပင်မမှတ်မိကြပေ။

“တိုက်ကြီးမှာ အမြင့်ဆုံးသားရဲထိန်းရှိတယ်လို့ တစ်ခါမှမကြားဖူးဘူး.. ဒီလောက်ငယ်တာဆိုပြောမနဲ့တော့” တုန်ဖန်းအောင်သည် ပေထင်းလင်နှင့် ရှီမန်ဆုန်းတို့ကို မပြောဘဲမနေနိုင်တော့ပေ။

သူသည် ဤအချက်ကို လက်မခံနိုင်ပေ။ သူသည် လက်ချောင်းဖြင့် နားရွက်ကိုထိုးနှိုက်လိုက်သည်။ အစောကမြင်ရသည်မှာ ထင်ယောင်ထင်မှား ပင်ဖြစ်လိမ့်မည်။ ဟုတ်သည် ထင်ယောင်ထင်မှားပင်။ အမြင့်ဆုံးသားရဲထိန်း၏ စိတ်ခွန်အားမှာ အကန့်အသတ်ရှိသည်။ သားရဲထိန်းတစ်ယောက်က အဆုံးမရှိ တဲ့မှော်သားရဲတွေကိုထိန်းကျောင်းနိုင်မယ်လို့ သူ ဘယ်လိုလုပ်ကြားဖူးမှာလဲ။

“ကြည့်လိုက်” ရှီမန်ဆုန်းသည် ပေထင်းဟွမ်ရှိသည့် စစ်မြေပြင်သို့ ညွှန်ပြ လေသည်။

သူသည် ဖြောင့်မတ်ပြီး ကိုယ်နှုတ်အမူအရာကောင်းလှသည်။ ပုံမှန်အား ဖြင့် သူ၏လှုပ်ရှားမှုတိုင်းသည် မျက်စိကိုဖမ်းစားနိုင်သည်။ သို့သော် ဤအခိုက်အတန့်တွင် အားလုံးသည် သူ့လက်ညှိုးညွှန်ရာကိုလိုက်ကြည့်ကြ၏။ သူတို့သည် သူ့လက်ချောင်းများကိုပင် ဂရုမစိုက်နိုင်ကြပေ။

တိုက်ခိုက်ရေးခွန်အားကို အပြည့်အဝထိန်းသိမ်းထားသည့် မွန်မြတ်သော သားရဲ အကောင် ၃၀ ကျော်သည် ပေထင်းဟွမ်တို့၏တိုက်ခိုက်မှုအောက်တွင် တစ်ကောင်ပြီးတစ်ကောင် ကျဆုံးကြလေသည်။

ပေထင်းဟွမ်သည် သူမ၏နတ်သားရဲချပ်ဝတ်တန်ဆာကို ချွတ်ပြီးသွားပြီ ဖြစ်သည်။ သူမသည် ပြောင်မြောက်သောအနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ကာ သူမ၏နက်မှောင်သောဆံနွယ်ရှည်များသည် တွဲလောင်းကျနေသည်။ သူမသည် ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲ၊ မိုးကြိုးလင်းယုန်၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။ အပြင်းအထန်တွန်းကန်နေသည့် မိုးကြိုး လင်းယုန်သည် ကျိုးနွံစွာပင် ခက်ထန်သောမျက်လုံးများကို မှိတ်ပြီး ခုခံခြင်းကို ရပ်လိုက်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွား သည်။

နေရောင်ခြည်သည် လူငယ်၏ခန္ဓာကိုယ်ပေါ်သို့ ပြည့်ပြည့်ဝဝကျရောက် နေရာ သူမ၏မြင့်မားပြီး ပိန်သွယ်သည့်ပုံရိပ်ကို ရွှေရောင်အလွှာနှင့် ဖုံးအုပ် ထားသလိုဖြစ်နေသည်။ သူမသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ မည်းနက်သောမျက်လုံးထဲတွင် အလင်းများလက်သွားသည်။ သူမ၏ ချောမွတ် သောမေးစေ့သည် အသာငေါ့လိုက်ပြီး ကြည်လင်သောရယ်သံသည် သူမ၏ လှပသောနှုတ်ခမ်းရဲရဲမှ ခေါင်းလောင်းအသံသဖွယ် ထွက်ပေါ်လာသည် “ခိုင် မိုးကြိုးလင်းယုန်ကို တစ်ယောက်လောက်ယူဖို့ စီစဉ်ပေးလိုက်”

စစ်မြေပြင်တွင် အားတက်သရောအသံများ ထွက်လာသည် “ငါ့အလှည့်ပဲ ဟားဟား ငါ့အလှည့်ပဲ”

“ကြယ် ၇ ပွင့်မွန်မြတ်တဲ့သားရဲ ငါ့မှာ ခုမှော်သားရဲနှစ်ကောင်ရှိပြီ ကောင်းလိုက်တာ စစ်ဦးစီး မင်းကိုချစ်လွန်းလို့သေတော့မယ်”

“သေလိုက်လေ” လူတစ်ယောက်သည် ရယ်မောပြီး ငေါက်ငမ်းလေသည် “စစ်ဦးစီးကို ချစ်တယ်လို့ ဘယ်လိုလုပ်ပြောရဲရတာလဲ မင်းသေချင်လို့လား.. ဟင်း နောက်တစ်ခါ ငါ့အလှည့်ပဲ ငါ့မှာ မှော်သားရဲနှစ်ကောင်ရှိတယ်.. မွန်မြတ် တဲ့သားရဲတစ်ကောင်နဲ့ ဝိညာဉ်သားရဲတစ်ကောင်”

မိုးနတ်မင်းရေ.. ဒီအဖွဲ့က ဘယ်လိုအဖွဲ့မျိုးလဲ။ လူတစ်ယောက်မှာ မှော် သားရဲနှစ်ကောင်တောင် ရှိနေတယ်။ မျိုးနွယ်ကြီးလေးခုပင်လျှင် မဟုတ်ပေ.. လက်ရှိမျိုးနွယ်ကြီးသုံးခု၌ပင် မှော်သားရဲတစ်ကောင်ရှိလျှင် အလွန်အထင်ကြီး လောက်စရာဖြစ်သည်။ တိုက်ရိုက်ဆက်ခံသူ သို့မဟုတ် မျိုးနွယ်မှ တန်ဖိုးထား ခံရသူမှသာ ၎င်းတို့၏ပင်ကိုယ်စွမ်းရည်ကို ပြုစုပျိုးထောင်ရန်နှင့် ငွေအမြောက်အများရင်းနှီးမြှုပ်နှံရန် ဝိညာဉ်သားရဲကို ဆုအဖြစ်ရရှိကြသည်။

အစောကတိုက်ပွဲတွင် ထိုလူများတွင် အနည်းဆုံးဝိညာဉ်သားရဲ တစ်ကောင် ရှိသည်ကို မျိုးနွယ်ကြီးသုံးခုမှလူများ သတိထားမိကြသည်။ ထို အဖွဲ့တွင် သာမန်မှော်သားရဲများကို မတွေ့ရပေ။ အားလုံးမှာ ထိတ်လန့်ကုန်ကြ သည်။

အနက်ရောင်ဝတ်လူငယ်သည် သွေးကျောက်စိမ်းပင့်ကူမှ လက်ကိုပြန် ရုတ်လိုက်သည်။ သူ၏ကြည်လင်သောအသံ ထပ်မံထွက်ပေါ်လာသည် “နောက်တစ်ယောက်”

မိုးနတ်မင်းရေ.. အဲဒါက မွန်မြတ်တဲ့သားရဲရောဟုတ်သေးရဲ့လား။ အရင် က သူတို့သိခဲ့သမျှသည် မှားယွင်းနေခြင်းပင်ဖြစ်လိမ့်မည်။ သားရဲထိန်းကျောင်း ရသည်မှာ ဤမျှရိုးရှင်းလှသောအရာပင်။ အားလုံးသည် ခေါင်းခါနေကြကာ စစ်မြေပြင်ကိုရှင်းလင်းနေသည့်အဖွဲ့ကို ကြည့်လိုက်ကြသည်။ မီးခိုးရောင် သားရဲအရေခြုံထားသော လူငယ်သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့သည် “ခေါင်းဆောင် ငါ့အလှည့်ပဲ.. ငါ မွန်မြတ်တဲ့သားရဲနဲ့ပဲ စာချုပ်တည်ထောင်နိုင် မှာ.. ငါ့ဝိညာဉ်သားရဲကို အရင်ထုတ်လိုက်ရမလား”

“မင်းသဘောပဲ” အနက်ရောင်ဝတ်ဆင်ထားသောလူငယ်သည် တခြား သောမွန်မြတ်သောသားရဲဆီသို့ သွားနေပြီဖြစ်သည်…

All Chapters