← Chapters

သူ့နောက်ကိုလိုက်တာ ဘယ်တော့မှ နောင်တမရဘူး

Vol. 17 Ch. 326

သူ့နောက်ကိုလိုက်တာ ဘယ်တော့မှ နောင်တမရဘူး

Vol. 17 Ch. 326

အနက်ရောင်ဝတ်ထားသောလူငယ်သည် ကြယ် ၇ ပွင့်ဝိညာဉ်သားရဲ နှင်းဝံပုလွေကို လွှတ်လိုက်သည်ကိုမြင်သောအခါ မျိုးနွယ်ကြီးသုံးခုမှလူများ သည် အသည်းကွဲကြသည်။ နတ်ဘုရားရဲ့လက်ဆောင်ကို ဖြုန်းတီးနေတာပဲ။ သူတို့တွေ မိုးကြိုးအပစ်ခံရတော့မယ်။ ဒီလောက်တောင် ဇိမ်ခံတဲ့လူရှိသေးတာ လား။ ကြယ် ၇ ပွင့်ဝိညာဉ်သားရဲတစ်ကောင်ကို သူမလိုချင်လည်း သူတို့ကို ပေးလိုက်လေ။

တုန်ဖန်းအောင်သည် ကြည့်မနေနိုင်တော့ပေ။ သူသည် ရှေ့တစ်လှမ်းတိုး ပြီး ပေထင်းဟွမ်အား လက်အုပ်ချီလိုက်သည် “သခင်.. မင်းလွှတ်လိုက်တဲ့ ဝိညာဉ်သားရဲက…”

မျိုးနွယ်ကြီးသုံးခုကို တွေးမိသောအခါ တုန်ဖန်းအောင်သည် အနည်းငယ် ရှက်ရွံ့သွားသည်။ သူ့စကားတစ်ဝက်တစ်ပျက်နှင့် ကြယ် ၇ ပွင့်ဝိညာဉ်သားရဲကို ကြည့်လိုက်သည်။ ပေထင်းဟွမ် ပြုံးပြီး ပြောလိုက်သည် “ယူလို့ရပါတယ်.. လူနဲ့ စာချုပ်တည်ထောင်ပြီးရင် ထိန်းကျောင်းဖို့မလိုတော့ဘူး”

ဤအရာသည် အကျိုးအမြတ်ကြီးပင်။ ကံမကောင်းစွာပင် ဤကဲ့သို့ ပစ္စည်းကောင်းသည် ရှားပါးလှသည်။ စိတ်ခွန်အားသန်မာသော ဝိညာဉ်သခင် များသည် အခြေခံအားဖြင့် မှော်သားရဲတစ်ကောင် သို့မဟုတ် နှစ်ကောင်နှင့် စာချုပ်တည်ထောင်နိုင်သည်။ သူတို့၏ခွန်အားတိုးသည်နှင့် စာချုပ် တည်ထောင်နိုင်သည့် မှော်သားရဲအရေအတွက်မှာလည်း များလာမည်။ သို့သော် မည်သူကမှ ပေထင်းဟွမ်ကဲ့သို့ မှော်သားရဲ ၉ ကောင်ကို တစ်ခါတည်း စာချုပ်မတည်ထောင်ဖူးကြပေ။

ထိုအတိုင်းပင် မျိုးနွယ်ကြီးသုံးခု၏ ထိတ်လန့်နေသော အကြည့်များ အောက်တွင် ပေထင်းဟွမ်သည် မွန်မြတ်သောသားရဲ ၄၃ ကောင်ကို တစ်ကောင်ချင်းစီ ထိန်းကျောင်းပြီးစီးလေသည်။ ထိုအချိန်တွင် သူမ လက်အောက်မှ ဝိညာဉ်သခင်များသည် တစ်ယောက်ပြီးတစ်ယောက် ထိုသားရဲ များနှင့် စာချုပ်တည်ထောင်လေသည်။

အားကောင်းလိုက်တဲ့ ခွန်အားပါလား။ ထင်ထားသည့်အတိုင်းပင် အရေအတွက် ကန့်သတ်ချက်မရှိပေ။ နန်ကုန်းရှို့ ထိုအဘိုးကြီးသာ အသက်ရှင် သေးလျှင် ဤမျှများပြားသော မွန်မြတ်သောသားရဲများကို ထိန်းကျောင်းပါက အနည်းဆုံးတစ်လမှ နှစ်လကြာမည်ဖြစ်သည်။ သို့သော် ဤလူငယ်သည် အားလုံးကို တစ်နေ့တစ်ဝက်မတိုင်ခင်ပင် အကုန်အပြောင်ရှင်းလေသည်။

နန်ကုန်းမိသားစုကို ကိုင်တွယ်သည့်နည်းလမ်းမှာလည်း အလွန်ပင် ရက်စက်လှသည်။ သို့သော် သူမသည် မျိုးနွယ်ကြီးသုံးခုကို အကျိုးအကြောင်း သင့်မြတ်စွာ ဖြေရှင်းပုံနှင့် တုန်ဖန်းမိသားစုကို သူ၏ဝိညာဉ်သားရဲကို အခမဲ့ပေး ရာ သူသည် အသည်းနှလုံးမဲ့သူတော့မဖြစ်နိုင်ပေ။

ဤလူငယ်သည် နားလည်ရခက်လှသည်။

ဝူး ဝူး ဝူး

ရက်စက်သောစစ်ပွဲပြီးဆုံးသွားသလို စစ်နိုင်ပစ္စည်းများကိုလည်း အကုန် သိမ်းပြီးလေ၏။ သံမဏိသွေးအဖွဲ့၏အဖွဲ့ဝင်များသည် သူတို့၏ခေါင်းဆောင်ကို ဝန်းရံလိုက်ကြသည်။ မည်သူက ဦးဆောင်ပြီးလုပ်လိုက်သည်မသိပေ… သူတို့ သည် ပေထင်းဟွမ်အားကောက်ချီကာ မိုးပေါ်သို့ မြှောက်ကြလေသည်။ သူတို့သည် နေရောင်အောက်တွင် လက်မြှောက်ကာ သူတို့၏ခေါင်းဆောင်ကို သယ်ပေးချင်နေကြသည်။

လူအုပ်သည် တိုးဝေ့နေကာ လေထုသည်လည်း တက်ကြွလှသည်။ စိတ်အားတက်ကြွမှုများသည် ထပ်မံစီးဆင်းလာသည်။ အနက်ရောင်ဝတ်ထား သောလူငယ်သည် အဖွဲ့ဝင်များ၏ ပင့်မြှောက်ခြင်းကို ထပ်ခါထပ်ခါခံရလေ၏။ သူတို့၏ခေါင်းဆောင်သည် သူ့နောက်လိုက်ခြင်းအတွက် နောင်တမရစေပေ။

မိသားစုကြီးတွင်မွေးဖွားပြီး မိသားစုတွင်းပဋိပက္ခများကို သူတို့ မြင်ခဲ့ကြရ သည်။ မိသားစုအန္တရာယ်ကျမှပင် မိသားစုဝင်များသည် စည်းလုံးကြသည်။ တုန်ဖန်းအေငါ်နှင့်တခြားသူများသည် အဆုံးမရှိသော တက်ကြွမှုဖြင့် ဝန်းရံခံ ထားရသည့် ပေထင်းဟွမ်နှင့် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းအား အားကျစွာဖြင့်ကြည့်လေသည်။ ဤနေရာမှ လူတစ်ရာကျောသည် တစ်စုတစ် စည်းတည်းနှင့် ဤလူကို လေးစားကြပုံပေါ်သည်။

နေရောင်တောက်ပကာ နူးညံ့သောလေပြေသည် တောင်ကြားထဲတွင် ဖြတ်တိုက်သွားသည်။ ပန်းနံ့များသည် လေနှင့်အတူလွင့်ပါလာကာ ခြင်္သေ့ဘုရင်တောင်တန်းမှ တိုက်ခိုက်သံများပါ ကြားနေရသည်။

ပေထင်းဟွမ်ကို အဖွဲ့ဝင်များမှပွေ့ဖက်ကြသည်။ မည်သူသည် ခေါင်းဆောင်ဖြစ်သည်ကို မသိနိုင်ပေ။ အဖွဲ့ထဲတွင် လူ အယောက် ၁၀၀ ကျော် သည်။ ပေထင်းဟွမ်အား သစ္စာဆိုထားကြသည့် ဒုအဖွဲ့ခေါင်းဆောင်များမှအပ တခြားသောအဖွဲ့ဝင်များလည်း သစ္စာဆိုကြသည်။

တစ်ယောက်ပြီးတစ်ယောက်သစ္စာဆိုရာ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းကျလာပြီး ပေထင်းဟွမ်နှင့် သူမ၏အဖွဲ့ဝင်များကို လွှမ်းမိုးလေသည်။ ငွေရောင်အလင်းတန်း ကျရောက်လာပြီး ပျောက်ကွယ်သွားသည်မှာ မီးရှူးမီးပန်းနှင့်ပင်တူလေသည်။ တောက်ပသောငွေရောင်အလင်းတန်းသည် စူးရှရာ လူများကိုပင် မျက်စိကျိန်းစေလေသည်။ သို့သော် အာလုံးသည် အကြည့် မလွှဲကြဘဲ ငွေရောင်အလင်းတန်းကြားရှိ အနက်ရောင်ဝတ်လူငယ်ကို ကြည့်နေ ကြသည်။ ဒီလောက်လူအများကြီးက စိတ်ပါလက်ပါ နောက်ကနေလိုက်အောင် ဘယ်လို ဩဇာလွှမ်းမိုးမှုမျိုးနဲ့ လုပ်လိုက်တာလဲ။

All Chapters