ရှီမန်မိသားစုသစ္စာဆိုခြင်း
Vol. 17 Ch. 327
ပင်မတိုက်ကြီးတွင် သစ္စာဆိုခြင်းသည် အလွယ်တကူမကျိုးပေါက်နိုင် သည်ကို အားလုံးသိကြသည်။ တစ်ကြိမ်သစ္စာဆိုလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းသည် ကျရောက်လာသည်။ ထိုအချိန်မှစပြီး ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းကို ဘယ်သူမှ မချိုးဖောက်ရဲတော့ပေ။ အကယ်၍ အမြင့်ဆုံး လောကထိကျင့်ကြံပြီး “နတ်ဘုရား” ဖြစ်လာပါက သူတို့သည် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်း၏ တင်းကြပ်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထိုလူများသည် အနည်းဆုံး အဆင့် ၂ အထက်ရှိသော ကျင့်ကြံသူများဖြစ် ကြသည်။ အစောက သူတို့၏တိုက်ခိုက်ရေးအတွေ့အကြုံကိုကြည့်လျှင် သူတို့ သည် သတ္တိကြောင်သောလူများမဖြစ်နိုင်ပေ။
“အဲလူတွေကလား.. သူတို့တွေက အဲလူငယ်နောက်ကိုလိုက်ဖို့ အဖွဲ့ဖွဲ့နေ ကြတာလား” ရှီမန်ဆုန်းသည် ‘လူငယ်’ ဆိုသည့်စကားကို ပြောလိုက်ချိန်တွင် သူ့ရင်များလှုပ်ခါသွားပြီး လူအုပ်ထဲတွင် ရှာဖွေနေမိသည်။ ထင်ထားသည့် အတိုင်းပင် ရင်းနှီးသောမျက်နှာတစ်ခုကို ရှာတွေ့လိုက်ရသည်။ ထိုအခိုက်တွင် သူသည် ထိုလူငယ်ကို တောက်လောင်ပြီး မြတ်နိုးသောအကြည့်များဖြင့် ကြည့် နေသည်။ ရှီမန်ဆုန်းသည် မျက်လုံးကိုအသာမှိတ်ကာ အသက်ကိုခပ်လေးလေး ရှူထုတ်လိုက်သည်။
ရှီမန်ဆုန်းသည် အရာအားလုံးကို ဥပက္ခာပြုနေသလိုပင်။ သို့သော် သူသည် စေ့စပ်သေချာသောလူဖြစ်သည်။ သူသည် ချူဖုန်း၏နာမည်ကို မသိသော်လည်း ပေထင်းဟွမ်နှင့်အတူ ယီနာ၏တည်းခိုဆောင်တွင် ရောက်လာခဲ့သည့် လူငယ်ဖြစ်သည်ကိုသိသည်။ “ဟားဟား စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”
သူတို့ အမှိုက်ဟုသတ်မှတ်ပြီး မိသားစုမှ နှင်ထုတ်ထားသူသည် ပြိုင်ဘက် ကင်းပါရမီရှင်ဖြစ်ပြီး ဤတိုက်တွင် အငယ်ဆုံးကောင်းကင်အဆင့်ပညာရှင် ဖြစ်သလို အမြင့်ဆုံးသားရဲထိန်းသခင်ဖြစ်သည်ကိုသာ ပေထင်းမိသားစုမှ သိသွားကြလျှင် အဘိုးကြီးများသည် နောင်တရ၍သေသွားနိုင်မည်လား။
ရှီမန်ဆုန်းသည် ဖြည်းဖြည်းချင်းလျှောက်လာသလို ပေထင်းဟွမ်သည် လည်း အဖွဲ့ဝင်များအကြားမှ ထွက်လာသည်။ သူမ ရှေ့သို့ခြေလှမ်းအနည်းငယ် တိုးပြီး ရှီမန်ဆုန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ မူလကပင်အေးစက် နေသောမျက်လုံးများနှင့် ရှီမန်ဆုန်း၏ ပင်လယ်ကဲ့သို့ နူးညံ့သော အပြာရောင် မျက်လုံးများ ဆုံမိကြသည်။ နွေးထွေးမှုသည် သူမ၏ရင်ထဲစီးဝင်လာပြီး သူမ၏ မျက်လုံးများသည်လည်း နူးညံ့လာသည်။
“ရှီမန်မိသားစုအဖွဲ့ ဒီကိုလာခဲ့” ရှီမန်ဆုန်းသည် ပေထင်းဟွမ်အား ပြုံးပြ ပြီးနောက် ခေါင်းလှည့်ကာ သူ၏လေ့ကျင့်ရေးအဖွဲ့ကို အမိန့်ပေးလေသည်။
အမျိုးသားငယ် အမျိုးသမီးငယ် အယောက် ၂၀ ကျော်သည် ဒဏ်ရာ အနည်းငယ်သာရရှိထားသည်။ သူတို့သည် အဆုံးမရှိသော လေးစားသမှုဖြင့် ကြည့်နေကြသည်။ အစက သူတို့သည် သတ္တိမွေးပြီး ပေထင်းဟွမ်နှင့် စကား လာပြောချင်ကြသည်။ ယခုအခါ သူတို့၏နည်းပြသည် နတ်ဘုရားနှင့်တူသော လူငယ်၏ရှေ့တွင် ရပ်နေရာ မလာဘဲမနေနိုင်ကြတော့ပေ။
အားလုံးစုပြီးသွားသောအခါ ရှီမန်ဆုန်းသည် ခန္ဓာကိုယ်ကို အနည်းငယ် စောင်းပြီး ညာဘက်လက်ကိုမြှောက်လိုက်သည် “ရှီမန်မိသားစုရဲ့လေ့ကျင့်ရေး အသင်းက ငါ့နောက်လိုက်ပြီး သစ္စာဆိုမယ်”
သူတို့သည် အဖြစ်အပျက်များကိုမသိကြသော်လည်း သူတို့နည်းပြ၏ အမိန့်ကိုလိုက်နာကြသည်။ ယောက်ျားပျို မိန်းမပျိုများသည် တညီတညာ တည်းလက်မြှောက်ကြသည်။ သူတို့၏မျက်လုံးများသည် ပေထင်းဟွမ်အပေါ် တွင် ကျရောက်နေကြသည်။ သူတို့သည် အဖြေတစ်ခုထွက်လာတော့မလို ခံစားနေရသည်။ သူတို့သည် မည်သည့်အရာကို ကျိန်ဆိုရမည်ကို ဂရုမစိုက်ပေ။ စိတ်ထဲတွင် စိတ်အားထက်သန်မှုနှင့် ပြင်းပြသောဆန္ဒသာရှိလေသည်။
“ကျုပ် ရှီမန်ဆုန်းသည် ဒီနေရာမှာ နန်ကုန်းမိသားစုလေ့ကျင့်ရေးအဖွဲ့ သေဆုံးရတဲ့အကြောင်းအရင်းကို ဘယ်သောအခါမှမပြောပါ.. အကယ်၍ သစ္စာ ဖောက်ဖျက်မိရင် ဒီကမ္ဘာမှာ အသက်ပြန်မရှင်လာပါစေနဲ့”
ရှီမန်ဆုန်း၏အသံဆုံးသည်နှင့် ရှီမန်မျိုးနွယ်၏လေ့ကျင့်ရေးအဖွဲ့သည် တညီတညာတည်း အသံထွက်လာသည်။ သစ္စာဆိုပြီးသည်နှင့် ကောင်းကင်နှင့် မြေကြီး၏စည်းမျဉ်းကျရောက်လာပြီး တစ်ဖွဲ့လုံးကို ငွေရောင်ဖြင့် ဖုံးအုပ်လေ သည်။
ပေထင်းဟွမ်သည် အတန်ကြာသည်အထိ သတိပြန်ဝင်မလာသေးပေ။ သူမသည် မျိုးနွယ်ကြီးသုံးခုကို ဖိအားပေးပြီး သစ္စာမဆိုခိုင်းချင်ပေ။ တကယ် တော့ သူမသည် ပြင်ဆင်ပြီးသားဖြစ်သည်။ အကယ်၍ နန်ကုန်းမိသားစုကို သူမ သတ်လိုက်သည့်သတင်းသာ ပေါက်ကြားသွားပါက မှော်သားရဲတောမှ ထွက်ချိန်တွင် သူမတွင် အားကောင်းသောစစ်တပ်တစ်ခုရှိထားရမည်ဖြစ်သည်။ သူမသည် နန်ကုန်းမိသားစု၏ လိုက်ခြင်းကိုခံရနိုင်သည်။
ရှီမန်ဆုန်းသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူတစ်ယောက်အနေနှင့် လက်ဦးမှုရယူကာ သစ္စာဆိုလိမ့်မည်ဟု ထင်မထားပေ။
“သခင်” ရှီမန်ဆုန်း၏အပြာရောင်မျက်လုံးများသည် ပြုံးချင်စိတ် အနည်းငယ်စွက်နေသည်။ သူ၏ဖြောင့်မတ်သောပုံရိပ်သည် လက်ကိုမြှောက် ကာ ခြင်္သေ့ဘုရင်တောင်တန်းသို့ ညွှန်ပြလေသည် “ရှီမန်မျိုးနွယ်ကို ခြင်္သေ့ ဘုရင်တောင်ကိုခေါ်သွားပြီး တိုက်ခိုက်တာကို ကြည့်ခွင့်ပေးနိုင်မလား”