သူက သခင်လေး ၉ ပဲ
Vol. 17 Ch. 328
စီရင်ချက်ဗိမာန်မှလူများသည် ခြင်္သေ့ဘုရင်တောင်တန်းသို့ ဝင်သွားနှင့်ပြီ ဆိုသည်ကို ပေထင်းဟွမ် သိသင့်သည်။ သူမ၏အဖွဲ့ဝင်အားလုံးကို မွန်မြတ် သောသားရဲများ ပေးရန်လောနေသည့် အကြောင်းအရင်းမှာလည်း ခြင်္သေ့ဘုရင် တောင်တန်းသို့ဝင်ပြီး စီရင်ချက်ဗိမာန်မှ ခရမ်းရောင်မီးတောက်သွေးသောက် အရင်းအမြစ်ကို လုယူရန်ဖြစ်နိုင်သည်။
“ညီလေးဟုတ်လား” သူမသည် သူ့ကို ရင်းနှီးသောအပြုအမူဖြင့် နှုတ်ဆက်လေသည်။ ပြောင်မြောက်သောမျက်နှာဖုံးအောက်တွင် ပေထင်းဟွမ် ၏နီရဲသောနှုတ်ခမ်းများသည် အနည်းငယ်ကွေးတွန့်သွားကာ သူမ၏မျက်နှာ တွင် တရင်းတနှီးရှိလှသော အပြုံးပေါ်လာသည်။ သူမ ခေါင်းညိတ်လိုက်သည် “အစ်ကိုရှီမန်ဆုန်း ပြဿနာမရှိပါဘူး”
ရှီမန်မိသားစုမှလူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက် ကြသည်။ ပေထင်းဟွမ်၏မျက်နှာမှ အပြုံးကိုမြင်လိုက်သောအခါ သူတို့အားလုံး သည် စိတ်အေးသွားပုံပေါ်သည်။ သူတို့သည် သူတို့ထက်ငယ်ရွယ်သော ဤလူငယ်ကို လေးစားသော်လည်း သူမ၏ခွန်အားနှင့် အညှာတာမဲ့မှုကို မည်သူ မှမကြောက်ကြပေ။
သို့သော် သူမသည် နန်ကုန်းမိသားစုအပေါ်ကိုသာ နက်ရှိုင်းသော အမုန်း တရားရှိပုံပေါ်ပြီး တခြားမိသားစုသုံးခုကို ရင်းနှီးစွာဆက်ဆံသည်။
“ဒါဆို ငါ့လူတွေခေါ်ပြီး သွားနှင့်တော့မယ်” ရှီမန်ဆုန်းသည် လှည့်ထွက် သွားကာ တုန်ဖန်းကျောက်နှင့် ပေထင်းလင်တို့ကို လေးနက်စွာကြည့်ပြီးနောက် ရှီမန်မျိုးနွယ်ကို ခြင်္သေ့ဘုရင်တောင်တန်းဆီသို့ ဦးဆောင်ခေါ်သွားလေသည်။ မကောင်းဆိုးဝါးကဲ့သို့ ပေါ်လာသည့် ပေထင်းဟွမ်နှင့် နန်ကုန်းမျိုးနွယ်ရှုံးနိမ့်မှု တို့နှင့်အတူ သူတို့သည် ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို လုယူရန် အခွင့်အရေးမရှိလှပေ။ သို့သော် သူတို့ ဤနေရာသို့ ရောက်လာပြီးဖြစ် ရာ လုပ်ငန်းစဉ်ကိုကြည့်ပြီး ရလဒ်ကို သိထားရမည်ဖြစ်သည်။
ကောင်းကင်အဆင့်ရှီမန်ဆုန်းမှ သစ္စာဆိုလိုက်သဖြင့် တုန်ဖန်းကျောက် နှင့် ပေထင်းလင်တို့ကို ထိတ်လန့်သွားစေသည်။ အမြဲတမ်း ထောင်လွှားပြီး ဂရုမစိုက်တတ်သော ရှီမန်ဆုန်းသည် ရုတ်တရက် ဘာကြောင့် ဤလူငယ်၏ အကြိုက်ကိုလိုက်နေသည်ကို သူတို့နှစ်ယောက် နားမလည်ကြပေ။ ဤလူငယ် သည် ထူးခြားပြီးပုံမှန်မဟုတ်လျှင်တောင် ဤမျှငယ်ရွယ်သောအသက်တွင် ကောင်းကင်အဆင့်သို့ ဖြတ်ကျော်နိုင်ခြင်းကြောင့်ပင် ရှီမန်ဆုန်းသည် ခေါင်းငုံ့ မည်မဟုတ်ပေ။
သူတို့နှစ်ယောက်သည် ရှုပ်ထွေးသွားကြသည်။ ရှီမန်ဆုန်းဆီမှ အဓိပ္ပာယ် ပါသောအကြည့်ကို လက်ခံရရှိပြီးနောက်တွင် တုန်ဖန်းအောင်၏နှလုံးခုန်မြန် လာသည်။ သူ၏တစ်ကိုယ်လုံးသည် တုန်ယင်လာကာ ပေထင်းဟွမ်အား မယုံ ကြည်သောအကြည့်ဖြင့် ကြည့်လေသည်။
ထိုအခိုက်တွင် ပေထင်းဟွမ်၏အကြည့်သည် နန်ကုန်းချန်းမိုနှင့်တခြား သူများအပေါ် ကျရောက်နေသည်။ အားလုံးသည် သစ္စာမဆိုရန် ရွေးချယ်ခွင့်ရှိ သော်လည်း နန်ကုန်းမိသားစု၏ အကြွင်းအကျန်များသည် ရွေးချယ်စရာမရှိပေ။
ပေထင်းဟွမ်သည် သတင်းပေါက်ကြားသွားမည်ကို မကြောက်ပေ။ သို့သော် သူမသည် အဆိပ်ပြင်းသည့်မြွေကိုလွှတ်ပေးသည့် လယ်သမားမဖြစ် ချင်ပေ။ အစောက သူမ၏ခွန်အားကို စမ်းသပ်ခြင်းဖြစ်ကာ နောက်ပိုင်းသည် သူမ၏ ထက်မြက်မှုကို ပြသရမည်ဖြစ်သည်။ လူတစ်ယောက်သည် အားနည်း ခွင့်ရှိသော်လည်း တုံးအသည်တော့ မဖြစ်သင့်ပေ။
နန်ကုန်းမိသားစုလာစဉ်က ၂၃ ယောက်ရှိခဲ့သည်။ ယခုအခါ ၄ ယောက် သာကျန်တော့သည်။ နန်ကုန်းချန်းမိုသည် သူမအသက်ကို မည်သို့ကယ်တင်ရ မည်ကို ကောင်းကောင်းသိသည်။ သူတို့လေးယောက်သည် ဝိညာဉ်သခင်ကြီး ပင်မဟုတ်ပေ။ ပေထင်းဟွမ်သာ သူတို့ကို လွှတ်ပေးရန်ငြင်းဆန်ပါက အသက် ရှင်လျက်ထွက်သွားရန်မဖြစ်နိုင်ပေ။
“သခင်ကြီး ကျွန်မတို့ သစ္စာဆိုချင်ပါတယ်” နန်ကုန်းချန်းမိုသည် ပေထင်းဟွမ်အား မျက်နှာချိုသွေးပြီးကြည့်လေသည်။ လူငယ်၏မျက်နှာမှ ငွေရောင်မျက်နှာဖုံးသည် သူ၏ချောမောသောမျက်နှာကို မဖုံးကွယ်နိုင်ပေ။ သူ၏မျက်လုံးနှင့် မေးစေ့ကိုသာ ဖော်ထားသော်လည်း အလွန်ပင်ဆွဲဆောင်မှု ရှိလှကာ မြင်သူ၏ဝိညာဉ်ကိုပါ နစ်မျောသွာစေနိုင်သည်။
ပေထင်းဟွမ်သည် အသာခေါင်းညိတ်ကာ နန်ကုန်းချန်မိုအား လေးစားစွာ ကြည့်လိုက်သည်။
နန်ကုန်းမိသားစုမှ တခြားသောအဖွဲ့ဝင်များ သစ္စာဆိုပြီးနောက် ပေထင်းဟွမ်သည် ပြန်လှည့်ပြီးထွက်သွားတော့မည်အပြုတွင် တုန်ဖန်းအောင် သည် သူမကို တားလေသည်။ “သခင် ကျုပ်တို့ သစ္စာဆိုတာကို နားမထောင် တော့ဘူးလား”
ထိုအခိုက်တွင် ပေထင်းမိသားစုမှ အဖွဲ့ဝင်တစ်ယောက်သည် ရုတ်တရက် ထအော်လေသည် “သခင်လေး ၉ ပဲ သူကသခင်လေး ၉ ပဲ”
အားလုံး၏အကြည့်များ ပေထင်းဟွမ်ပေါ်သို့ ကျရောက်လာသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် ခေတ္တမျှတောင့်တင်းသွားသည်။ သူမသည် ဖုံးကွယ်လိုခြင်းမရှိသော်လည်း သူမကို တစ်စုံတစ်ယောက်မှ မြင်နိုင်ခြင်းကို အနည်းငယ် ထိတ်လန့်နေတုန်းပင်။ သူမ လှည့်ပြီး နှာခေါင်းပွတ်ကာ အော်လိုက်သူကို ကြည့်လိုက်သည်။ လွန်စွာထိတ်လန့်သွားသဖြင့် သူမ၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။
ဒါက ဘယ်လိုလပ်ဖြစ်နိုင်မှာလဲ။ ဒါကဘယ်လို ဟာသကြီးလဲ။ သခင်လေး ၉ ဟုတ်လား။ ပေထင်းမိသားစုကလူတွေက ရူးများနေသလား။ ဒီပါရမီရှင်ကို ဘယ်လိုလုပ် သူတို့မိသားစုက အမှိုက်နဲ့ သွားယှဉ်ရတာလဲ။