ရှောင်ကျို့ မင်းလား
Vol. 17 Ch. 329
ရယ်မောလှောင်ပြောင်သံများ လေထဲတွင်ပြည့်သွားသည်။ ဆွေးနွေးချက် များမှာ အဆုံးမရှိပေ။ ထိုအခိုက်အတန့်တွင် မျိုးနွယ်ကြီးသုံးခုမှ အဖွဲ့များသည် ပွက်ပွက်ဆူနေသည့်ဆီထဲကို ရေတစ်စက်ကျသွားသကဲ့သို့ ညံသွား၏။
“ဒါဘယ်လို ဟာသကြီးလဲ.. ဒီအမျိုးကောင်းသားရဲ့ ခွန်အားက ဘယ်လို တောင်လဲ.. မင်းတို့မိသားစုရဲ့သခင်လေး ၉ ကရော ဘယ်လိုခွန်အားရှိလို့လဲ.. ဒီအမျိုးကောင်းသားက မင်းတို့ သခင်လေး ၉ ပါဆိုပြီး ထင်ယောင်ထင်မှားဖြစ် နေတာမဟုတ်ဘူးမလား”
“ဟုတ်တယ်.. ဒီသခင်က မိုးပေါ်ကနေဆိုရင် မင်းတို့မိသားစုက သခင်လေး ၈ က မြေပေါ်ကတီကောင်ပဲ.. မင်းတို့ အမြင်မှားတာပဲနေမှာ”
“ဟားဟား တကယ်ရယ်ရတယ်.. မင်းက ဒီသခင်ကြီးကို မင်းတို့မိသားစု က သခင်လေး ၉ လိုလာဆက်ဆံနေတယ်.. ဒီသခင်ကြီးရဲ့နတ်သားရဲ ထွက်လာ ပြီးစားမှာကို မကြောက်ဘူးလား”
“မိုးနတ်မင်းရေ ဒီသခင်ကြီးကို ဘယ်လိုလုပ် ဒီလိုတောင်စော်ကားရဲတာ လဲ မင်းသေချင်လို့လား”
“ပါးစပ်ပိတ်စမ်း.. ငါတို့သခင်လေး ၉ ကို မင်းတို့ဒီလိုပြောခွင့်မရှိဘူး.. ငါတို့ သခင်လေး ၉ က မကျင့်ကြံနိုင်တဲ့အမှိုက်ဖြစ်ရင်တောင် မင်းတို့ကောင် တွေ ဝေဖန်လို့ရတဲ့လူမဟုတ်ဘူး”
“ဟင်း ငါတို့သခင်လေး ၉ ကမကျင့်ကြံနိုင်တဲ့ အမှိုက်ပဲ ဟုတ်တယ် မင်းတို့ကရော.. မင်းတို့ကရော အဲလောက်တောင် အထင်ကြီးစရာကောင်းနေ လို့လား.. ဘယ်လိုလုပ် သခင်လေး ၉ အကြောင်းကို ပြောရဲရတာလဲ.. သခင်လေး ၉ ရဲ့အစ်ကို သခင်ပေထင်းကျင် က ဓား ၅ လက်ကြယ်ဓားသခင် ဆိုတာသိလား.. မင်းတို့ သူ့ညီကို ဒီလိုမျိုးစော်ကားနေရင် သူက မင်းတို့ကို သေအောင်နင်းချေလိမ့်မယ်”
အသံများသည် ပိုပိုပြင်းထန်လာသည်။ ပေထင်းဟွမ်သည် ပေထင်းမိသားစုအား ငေးကြောင်စွာ ကြည့်နေမိသည်။ ဝေးကွာလွန်းသည့် အင်ပါယာမြို့တွင်ရှိနေသော သူမ၏မိသားစုသည် မိသားစုကြီးသုံးခုရှေ့တွင် သူမကို ကာကွယ်ပေးနေလိမ့်မည်ဟု ထင်မထားပေ။
တုန်ဖန်းအောင်သည် လက်ကိုမြင့်မြင့်မြှောက်ကာ ပြန်လှည့်လာသည်။ သူ၏စူးရှသောအကြည့်သည် သူ့အဖွဲ့ဆီသို့ ရောက်သွားသည်။ သူ၏အေးစက် သောအသံသည် မိုးပေါ်မှကျလာရာ ထိုလူငယ်များ၏ ရင်ကိုပင် ရိုက်ခတ်သွား စေလေသည် “အဲဒီအမှိုက်ဆိုတဲ့ စကားကို ထပ်မကြားရစေနဲ့”
“အရူးတွေ မင်းတို့ပြောတဲ့ အမှိုက်က မင်းတို့ရှေ့မှာရပ်နေတယ်.. သူက နန်ကုန်းမိသားစုကို ရှင်းပြီး မွန်မြတ်တဲ့သားရဲ အကောင် ၃၀ ကျော်ကို ယူသွား တာ.. မင်းတို့က အဲဒီမွန်မြတ်တဲ့သားရဲတွေထက် သန်မာလို့လား”
ပေထင်းလင်၏မိသားစုမှ အနက်ရောင်ဝတ်ထားသောလူငယ်ကို သခင်လေး ၉ ဟုကြေညာလိုက်သည့်အချိန်မှစပြီး သူ့မျက်လုံးများသည် ပေထင်းဟွမ်အပေါ်တွင်ရှိနေခဲ့သည်။ ထိုပုံရိပ်သည် ပေထင်းဟွမ်၏ ပုံစံနှင့် ထပ်တူကျနေသည်။ သူ အခု ကျင့်ကြံနိုင်သွားပြီလား။ သူက တကယ်ကြီး အသုံးမကျတဲ့သူ မဟုတ်တော့ဘူးလား။
သူမသည် ပေထင်းဟွမ်၏ နတ်သားရဲတပ်ဖွဲ့၊ အမြင့်ဆုံးသားရဲထိန်း၊ သို့မဟုတ် အစောက သူမ၏ပြတ်သားသောတိုက်ခိုက်မှုများကို မတွေးခဲ့ပေ။ သူမစိတ်ထဲတွင် အတွေးတစ်ခုတည်းသာရှိသည်။ ရှောင်ကျို့သည် အခု ကျင့်ကြံနိုင်သွားလေပြီ။ သူမသည် အမှိုက်မဟုတ်တော့ပေ။ ‘အမှိုက်’ ဆိုသည့် စကားသည် သူမ၏စိတ်ထဲတွင် နှစ်ပေါင်းများစွာ ထိုးစိုက်ဝင်နေသည်ကို နတ်ဘုရားမှသိသည်။ ဤလူငယ်သည် ယခုလိုလေးလံသည့် အမည်နာမကို သယ်ဆောင်နေရသည်ဟု တွေးလိုက်သည်နှင့် သူမ၏ရင်များနာကျင်မိသည်။
“ရှောင်ကျို့ တကယ်ကြီး မင်းလား” ပေထင်းလင်သည် မျက်ရည်များဝဲ ကာမေးလေသည်။
သူမသည် ပေထင်းဟွမ်ဆီသို့ အမြန်သွားကာ သူမ၏လက်ကိုဆုပ်ကိုင် လိုက်သည်။ ဖြည်းညင်းစွာပင် သူမသည် လက်ကိုလွှတ်ကာ ပေထင်းဟွမ်၏ မျက်နှာမှ မျက်နှာဖုံးကိုချွတ်လိုက်သည်။ သူမသည် စိတ်လှုပ်ရှားနေကာ စိုးရိမ် မှုနည်းနည်းမှ မဖြစ်မိပေ။ အကယ်၍ သူမရှေ့မှလူငယ်သည် သူမဟုတ်ပါက ကောင်းကင်အဆင့်ကျွမ်းကျင်သူနှင့် အနီးကပ်ရှိနေသလို ပေထင်းလင်သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူမဟုတ်ပါက သူမ သေသွားနိုင်သည်.
သူမသည် ပေထင်းမိသားစုအပေါ်တွင် အမုန်းတရားကြီးမားသော်လည်း သူမကို အမြဲတမ်းဂရုစိုက်ပေးခဲ့သည့် အဒေါ်ဖြစ်သူကို အညှာတာမဲ့စွာ ပေထင်းဟွမ် မလုပ်ရက်နိုင်ပေ။ သူမသည် လက်မြှောက်ကာ မျက်နှာပေါ်ကို ဖယ်ရှားလိုက်သည်နှင့် အားလုံးရှေ့တွင် ပြောင်မြောက်သောမျက်နှာပေါ်လာ လေသည်။