ငါကပေထင်းဟွမ်ပဲ
Vol. 17 Ch. 330
မျိုးနွယ်ကြီးသုံးခုမှလူများသည် တညီတညာတည်းပင် လေအေးများကို ရှိုက်သွင်းမိကြသည်။ ရှုပ်ထွေးသောခံစားချက်များ တဟုန်ထိုးကျလာပြီး အားလုံးကို မူးဝေသွားစေသည်။ ဘာတွေဖြစ်ကုန်တာလဲ။ ဒါက သူတို့ပြောနေ ကြတဲ့ အမှိုက် သခင်လေး ၉ လား။
ဘုရားရေ.. သူက အမှိုက်ဆိုရင် သူတို့က ဘာဖြစ်သွားကြမလဲ။
“သခင်လေး ၉ တကယ်ပဲ သခင်လေး ၉ ပဲ”
“မိုးနတ်မင်းရေ ငါမြင်နေရာ ဟုတ်ရဲ့လား.. ဒါကသခင်လေး ၉ လား.. ဟားဟား အရူးတွေ.. ဒါက သခင်လေး ၉ မဟုတ်ဘူး၊ ငါတို့သခင်လေး ၉ က အမှိုက်လို့တောင် ပြောနေကြသေးတယ်.. အခု မင်းတို့ပဲ ကြောင်သွားပြီမလား”
တုန်ဖန်းမိသားစုမှလူငယ်များသည် ပေထင်းမိသားစုကို စူးစိုက် ကြည့်နေကြသည်။ ရှက်လွန်းသဖြင့် သူတို့၏မျက်နှာများသည် နီရဲလာသည်။ သူတို့သည် ခေါင်းငုံ့ကာ စကားပင်မပြောကြတော့ပေ။ သခင်လေး ၉ မှ မမှတ်မိပါစေနှင့်ဟု သူတို့ စိတ်ထဲမှ တိတ်တိတ်လေး ဆုတောင်းနေကြ၏။ သူတို့ကို ဤအတွက်နှင့် အပြစ်တင်၍မရပေ။ အကယ်၍ အပြစ်တင်ချင်လျှင် အလွန်အင်အားကြီးသည့် သခင်လေး ၉ ကိုပင်အပြစ်တင်ရမည်။ သူသည် ဘာမှမဟုတ်သည့်လူမှ ပါရမီရှင်အဖြစ်သို့ မပြောမဆိုနှင့် ပြောင်းလဲခဲ့သည်။ သူတို့ကိုယ်တိုင်မျက်လုံးနှင့်သာ မမြင်ရလျှင် မည်သူယုံနိုင်မည်နည်း။
“ဒေါ်လေး ကျွန်တော် ပေထင်းဟွမ်ပါ” ပေထင်းဟွမ်၏အသံများ တုန်ယင်နေသည်။ သူမသည် ပေထင်းလင်ကို ဆုပ်ကိုင်ခွင့်ပြုထားသည် “တောင်းပန်ပါတယ် လျှို့ဝှက်ထားဖို့ မရည်ရွယ်ပါဘူး”
“မဟုတ်ဘူး ရှောင်ကျို့.. မင်းဖြစ်နေတာကောင်းတယ် မင်းဖြစ်နေတာ ကောင်းတယ်” ပေထင်းလင်သည် မိုးပေါ်ကိုကြည့်ရင်းနှင့် မျက်ရည်များ အထိန်းအကွပ်မဲ့စွာ ကျလာသည်။ သူမ အော်လိုက်သည် “အစ်ကိုကြီး မြင်ပြီ နော် အစ်ကိုကြီးရဲ့ကလေး ပေထင်းဟွမ် ရှောင်ကျို့က အသုံးမကျတဲ့လူမဟုတ် တော့ဘူး.. သူက အသုံးမကျတဲ့လူမဟုတ်တော့ဘူး.. သူက အစ်ကိုကြီးရဲ့ ထူးချွန်တဲ့သွေးသားကို ဆက်ခံထားတာ.. သူက ပြိုင်ဘက်ကင်းပါရမီရှင်ပဲ”
ပေထင်းဟွမ်သည် မျက်လုံးများကို တင်းကြပ်စွာမှိတ်လိုက်သည်။ ပေထင်းလင် ‘အစ်ကိုကြီး’ ဟုခေါ်လိုက်ချိန်တွင် သူမနှလုံးသားထဲမှ စူးရှသော နာကျင်မှုကို ခံစာမိသည်။ သူမအဒေါ် ပြောလိုက်သည့် ‘အစ်ကိုကြီး’ ဆိုသည်မှာ ဤတိုက်ကြီးတွင် ရှားပါးသောပါရမီရှင်ဖြစ်သည့် သူမ၏ဖခင်ဖြစ်သည်။ သူမ၏ အစ်ကိုကြီးသည် ၂၅ နှစ်သာရှိသေးသော်လည်း ဓား ၅ လက်ကြယ်ဓားသခင် ဖြစ်နေပြီဖြစ်သည်။ သူသည် အထင်ကြီးလောက်စရာအခြေအနေသို့ ရောက် နေပြီဖြစ်သည်။
သူမသည် အရင်က အသုံးမကျသူဖြစ်ခဲ့သဖြင့် ဖခင်အတွက် အရှက်ရ စရာဖြ်ခဲ့သည်။
ကောင်းကင်အဆင့်ဝိညာဉ်သခင်တစ်ယောက်အနေနှင့် ပေထင်းလင်သည် အလွန်ပင် ဇွဲကြီးသည်။
သူမသည် တဒင်္ဂမျှ စိတ်ငြိမ်မှုပျောက်သွားသော်လည်း အသက်ပြင်းပြင်း ရှူကာ ပေထင်းဟွမ်၏လက်ကို ကိုင်လေသည်။ သူမသည် ရုတ်တရက် လှည့်ပြီး ပေထင်းမိသားစုဝင်များကို မျက်နှာချင်းဆိုင်လိုက်သည် “မင်းတို့အားလုံး ငါ့ သစ္စာအတိုင်းလိုက်ဆိုရမယ်.. ဘယ်သူမှ သတင်းပေါက်ကြားအောင် မလုပ်ရ ဘူး မဟုတ်ရင်.. မိသားစုစည်းမျဉ်းအရ မင်းတို့ကို အလွတ်မပေးဘူး”
ရှောင်ကျို့ဖြစ်နေသည်။ ပေထင်းလင်နှင့် သူမ၏အစ်ကို ၂ တို့သည် အိမ်ထောင်မကျဖူးကာ သားသမီးလည်းမရှိပေ။ ပေထင်းဟွမ်နှင့် သူမ၏ အစ်ကိုကြီးတို့ မွေးဖွားသည့်အချိန်မှစပြီး သူမသည် သားသမီးအရင်းသဖွယ် ဆက်ဆံခဲ့သည်။ ပေထင်းဟွမ်မှ နန်ကုန်းမိသားစုကို သတ်လိုက်သည့် သတင်း သာပေါက်ကြားသွားလျှင် မည်သို့ဘေးဒုက္ခများ ကျရောက်လာနိုင်သည်ကို သူမ သိသည်။ ဒီကိစ္စတွေကို ဘယ်လိုလုပ် တခြားသူတွေကို ပြောခွင့်ပြုနိုင်မှာလဲ။
ပေထင်းမိသားစုမှလူငယ်များသည် ပေထင်းဟွမ်၏ ပြောင်းလဲမှုအပေါ် ကို အံ့ဩနေရာမှ သတိပြန်ဝင်လာသည်။ သူတို့သည် ပေထင်းလင်နှင့်အတူ ကျိန်ဆိုကြသည်။
တုန်ဖန်းမိသားစုကိုတော့ ပြောဖို့ပင်မလိုပေ။ တုန်ဖန်းကျောက်သည် ပေထင်းလင်ထက်အရင် ပေထင်းဟွမ်ကို မှတ်မိခဲ့သည်။ သူသည်လည်း ဤလူငယ်၏ လျှို့ဝှက်ချက်ကို ထိန်းထားပေးရန် အစကတည်းက အစီအစဉ်ရှိ ခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမရှိစေရန်နှင့် သူသည် မိသားစုမှ လူငယ်များ မပြုသင့်သောအမှားကို မတော်တဆမကျူးလွန်မိစေရန် သစ္စာဆို ရန် တွန်းအားပေးခဲ့သည်။
သို့သော် ပေထင်းမိသားစုမှာ မည်မျှ အထင်ကြီးလောက်စရာကောင်း သည်ကို သူသိချင်နေတုန်းပင်။ နန်ကုန်းမိသားစုမှ တစ်ဦးတည်းသော သားရဲ ထိန်းသခင်ကြီးသည် ဤကလေး၏ သတ်ခြင်းကိုခံလိုက်ရကာ သူသည် ထူးချွန် သည့် အမြင့်ဆုံးသားရဲထိန်းဖြစ်နေသေးသည်။ သူသည် မွန်မြတ်သောသားရဲ ၄၃ ကောင်ကို တစ်ခါတည်း ထိန်းကျောင်းခဲ့ပုံကို မေ့ပျောက်နိုင်မည်မဟုတ်ပေ။ အကဘ်၍ ပေထင်းမိသားစုသာ ဤလူငယ်၏ စိတ်ကိုရသွားပါက နောက်လာ မည့် လေးလတွင် ကျင်းပမည့် မိသားစုပြိုင်ပွဲတွင် ပထမရမည်မှာ သံသယဝင် ဖွယ်ရာမရှိပေ..