အသင့်ပြင်ပြီး ကျွန်တော်နဲ့သွားဖို့လုပ်တော့
Vol. 17 Ch. 331
သို့သော် တုန်ဖန်းအောင်သည် ပေထင်းဟွမ်အနောက်မှ နီးကပ်စွာ လိုက် လာသော သံမဏိသွေးကြေးစားအဖွဲ့ကိုကြည့်ပြီး ခေါင်းခါမိသည်။ ပေထင်းဟွမ်၏ လက်စားချေလိုသောစိတ်ကို ပြေပျောက်အောင်လုပ်ရန်မှာ ပေထင်းမိသားစုခေါင်းဆောင်အတွက် အချိန်ယူရလိမ့်မည်။
“ဒေါ်လေး အစ်ကိုကြီးတုန်ဖန်းအောင်နဲ့ အစ်ကိုကြီးရှီမန်ဆုန်း” ပေထင်းဟွမ်သည် သူမ၏အဖွဲ့ရှေ့တွင်ရပ်ပြီး သူတို့လာခဲ့သည့်ဦးတည်ဘက် သို့ လက်မြှောက်ကာ ညွှန်ပြလေသည် “အစ်ကိုကြီးတုန်ဖန်းကျောက်ကို ခေါ်ဖို့ လူလွှတ်လိုက်ပြီ.. ဒီနေရာက ခြင်္သေ့ဘုရင်တောင်တန်းနဲ့သိပ်မဝေးတော့ နတ်သားရဲတွေလည်း ပေါ်လာတတ်တယ်.. ဒါပေမဲ့ လတ်တလောတော့ မှော်သားရဲတွေလာမှာမဟုတ်ဘူ.. ခြင်္သေ့ဘုရင်တောင်တန်းမှာ ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ကိုကြည့်ချင်လို့ လူခေါ်လာချင်ရင်တော့ မဖြစ်နိုင်ဘူး.. ကျွန်တော့်အမြင်ကတော့ ဒီမှာစောင့်ပြီး ဝိညာဉ်သခင်ကြီးအဆင့် ရှိတဲ့လူကို ဒီမှာခေါ်ထားတာကောင်းမယ်”
“သခင်ပေထင်းဟွမ်ပြောတာ ဟုတ်ပါတယ်” ရှီမန်ဆုန်းသည် သူ့အဖွဲ့ကို ကြည့်လိုက်သည်။ အစောကတိုက်ပွဲပြီးနောက် နတ်သားရဲ၏ခြိမ်ခြောက်မှုနှင့် နတ်သားရဲ ၅ ကောင်တို့၏ ဖိအားများကြောင့် ဖန်လုံအိမ်တွင်ကြီးပြင်းခဲ့သည့် ပန်းပွင့်များသည် စာရင်းမဝင်နိုင်တော့ပေ။ သူတို့သည် ခြင်္သေ့ဘုရင် တောင်တန်းကဲ့သို့ အန္တရာယ်များသောနေရာကို သွားရန်မသင့်ပေ။
“ဟုတ်ပြီ ရှောင်ကျို့ မင်းစကားကိုနားထောင်ပါမယ်” ဤအခိုက်အတန့် တါင် ပေထင်းလင်သည် တူဖြစ်သူပေထင်းဟွမ်အပေါ်ကိုသာ အကြည့်ရောက် နေသည်။ သူမသည် ဦးဆောင်လာသည့် အဖွဲ့ကို ပစ်ပယ်ရမည်ဆိုလျှင်တောင် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သူမသည် ခေါင်းဆောင်ကို ခုခံမည်မဟုတ်ပေ။
“ခြင်္သေ့ဘုရင်တောင်တန်းရဲ့ ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့က ကြယ် ၉ ပွင့် နတ်သားရဲပဲ.. တကယ်လို့ သူတို့တွေ တကယ်ကြီးတိုက်ခိုက်ရင် အဆင့် ၂ အောက်ရှိတဲ့ဝိညာဉ်သခင်တွေက အချိန်မှီပြေးနိုင်မှာမဟုတ်ဘူး.. ကျုပ်လည်း သခင်ပေထင်းဟွမ်ရဲ့ အမြင်ကိုသဘောတူတယ်” တုန်ဖန်းအောင် သည် ပေထင်းဟွမ်ကို လုပ်ရည်ကိုင်ရည်ရှိသူအဖြစ် မှတ်ယူခဲ့သည်။ အသက် ၁၄ နှစ်အရွဘ် ကောင်းကင်အဆင့်ဝိညာဉ်သခင် ပေထင်းဟွမ်သည် သူ၏ ကိုယ်ပိုင်ခွန်အားရှိသည်။
“ဝိညာဉ်သခင်ကြီးနဲ့အထက် အဆင့်ရှိတဲ့သူတွေက သေဖို့ကြောက်နေမှာ မဟုတ်ဘူး.. ငါ့နောက်လိုက်ပြီး ခြင်္သေ့ဘုရင်တောင်တန်းကိုဝင်ချင်တဲ့သူတွေ ပြင်ဆင်ပြီး ငါနဲ့အတူသွားမယ်” ပေထင်းလင် အော်လိုက်သည်။ သူမသည် အနည်းငယ် စိတ်ရှုပ်နေပုံရသည်။ သူမ၏အာရုံသည် ပေထင်းဟွမ်ပေါ်တွင်ရှိနေ သေးသည်။ သူမ သူ့ကိုကြည့်လေလေ ပို၍ပျော်လေဖြစ်နေသည်။
“ဆရာ ဝိညာဉ်သခင်ကြီးအဆင့်မရောက်သေးတဲ့ ကျွန်တော်တို့ကရော ဘယ်လိုလုပ်မှာလဲ.. မှော်သားရဲတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ.. ကျွန်တော်တို့ မသေမှာသေချာလား” ပေထင်းမိသားစုမှ ကြယ် ၇ ပွင့် ဝိညာဉ်သခင်သည် ရှေ့တိုးပြီး ကြောက်ရွံ့စွာမေးလေသည်။
သူသည် သခင်လေး ၉ ကိုကြောက်ရွံ့ပြီး အမိန့်မနာခံသည့်အတွက် အထင်လွဲသွားမည်ကို စိုးရွံ့သော်လည်း ဤကိစ္စသည် သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည်။ သူသည် အလောင်းအစားတော့ ထပ်ရမည်။
ထိုလူငယ်သည် ကြောက်ရွံ့သောမျက်လုံးများဖြင့် ခိုးကြည့်လာသည်ကို မြင်ပြီး ပေထင်းဟွမ်သည် နှာခေါင်းပွတ်ကာ သူ့ကိုမမြင်ချင်ယောင်ဆောင်နေ လိုက်သည်။ သူမက အဲလောက် ကြောက်ဖို့ကောင်းလို့လား။ အဲလောက်တော့ ကြောက်ဖို့မကောင်းဘူးမလား။ ဒီလူတွေက လွယ်လွယ်နဲ့ကြောက်တတ်ကြ တာပဲ။
“ခိုင် မင်းနေခဲ့လိုက်.. ပြီးတော့ သံမဏိသွေးကြေးစားအဖွဲ့က ဓားသခင် တွေအကုန်နေခဲ့လိုက်.. ကျန်တဲ့မင်းတို့က ငါ့နောက်လိုက်ပြီး တောင်ကြားကို သွားမယ်”
ခိုင်နှင့်တခြားငါးယောက်သည် နတ်သားရဲကျောပေါ်မှ ခုန်ချလိုက်သည်။ အမိန့်လက်ခံရပြီးနောက် တခြားသူများသည် တည်ငြိမ်နေဆဲပင်။ ခိုင်သည် အနည်းငယ်မှင်တက်စွာဖြင့် မေးလေသည် “ဘာလို့လဲ စစ်ဦးစီး ကျွန်တော့် အစွမ်းအစကို အထင်သေးတာလား.. ခုနက တစ်ခါတည်း မွန်မြတ်တဲ့သားရဲ သုံးကောင်ကို ကိုယ့်အစွမ်းအစနဲ့ကိုယ် သတ်လိုက်တာပါ”
“ဟုတ်တယ်” ပေထင်းဟွမ်သည် ခိုင်နှင့်ညှိနှိုင်းရသည်ကို သူမ၏ လုပ်နိုင်စွမ်းကို ဆန့်ကျင်သည်ဟုမထင်ပေ။ သူမသည် သူမ၏လူများကို အမြဲတစေကောင်းပေးသည် “မင်းရဲ့ လုပ်ဆောင်ချက်တွေကို မြင်ပါတယ်.. မင်းနဲ့ အနက်ရောင်စပါးအုံးမြွေတို့က အစွမ်းအစရှိတယ်.. အဲဒါကြောင့်ပဲ နေခဲ့ ခိုင်းတာ.. မင်းရဲ့တာတန်က ဒီမှာရှိတဲ့ သံမဏိသွေးကြေးစားအဖွဲ့ဝင်တွေနဲ့ မိသားစုလေးခုက ဝိညာဉ်သခင်တွေကို ကာကွယ်ဖို့ပဲ”
တုန်ဖန်းကျောက် မှင်တက်သွားသည်။ လာရာလမ်းတွင် သူသည် နန်ကုန်းမိသားစုကို ပေထင်းဟွမ်မှ ရှင်းလင်းလိုက်ကြောင်းကို ကြားသိခဲ့ရ၏။ ပေထင်းဟွမ်သည် အသိအမှတ်ပြုခံရပြီး ပေထင်းလင်နှင့် ပြန်တွေ့ဆုံသည်ကို သူ မအံ့ဩပေ။ သို့သော် ပေထင်းဟွမ်သည် သံမဏိသွေးကြေးစားအဖွဲ့ကိုနေခဲ့ ခိုင်းပြီး မိသားစုကြီးလေးခုမှလူများကို ကာကွယ်ခိုင်းသည်ကို အံ့အားသင့်မိသည်။