← Chapters

မင်းက ငါတို့မိသားစုရဲ့ ဂုဏ်ပဲ

Vol. 17 Ch. 332

မင်းက ငါတို့မိသားစုရဲ့ ဂုဏ်ပဲ

Vol. 17 Ch. 332

ပေထင်းဟွမ်သည် အမှိုက်ဖြစ်နေခြင်းကြောင့် ပေထင်းမိသားစု၏ နှင်ထုတ်ခံရသည်ဟု ကြားသည့်အချိန်က တုန်ဖန်းကျောက် ဒေါသထွက်ခဲ့သည်။ သူသည် အမုန်းတရားကို လက်ကိုင်ထားပြီး လက်စားမချေသည်ကပင် အထင်ကြီးလောက်စရာဖြစ်သည်။ ပေထင်းဟွမ်က တကယ်ကြီး သူတို့ကိုကာကွယ်ဖို့ သံမဏိသွေးအဖွဲ့ကို ထားခဲ့တာလား။ သူမ ခေါင်းများ တစ်ခုခုမှားယွင်းနေတာလား။

“ရှောင်ကျို့ ဘာလို့လဲ.. ဒီလူတွေကို ဘာလို့ မင်းကကာကွယ်ရမှာလဲ.. သူတို့အကုန်လုံးက မင်းကိုအမှိုက်လို့ခေါ်ခဲ့တာ မမှတ်မိဘူးလား” တုန်ဖန်းကျောက်သည် ချက်ချင်းဒေါကန်သွားသည်။ ပေထင်းဟွမ်သည် ပေထင်းလင်၏ ဖိအားအောက်တွင်ရောက်နေသည်ဟု သူထင်ခဲ့သည်။ သူသည် ပေထင်းဟွမ်အတွက် မတရားသလိုခံစားရပြီး သူမအတွက် စိတ်မကောင်းဖြစ် မိသည်။

“အမှိုက်ဟုတ်လား” ပေထင်းဟွမ်၏ စူးရှသောမျက်လုံးများသည် မျိုးနွယ် ကြီးလေးခုမှလူများကို ဝေ့ဝဲကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်သည် အနည်းငယ်တွန့်သွားသည်။ အစောကပင် သူမသည် သူမကိုအမှိုက်ဟုခေါ်သံ ကို နားနှင့်ဆက်ဆက်ကြားခဲ့ရသည်။ သူမ၏မျက်လုံးများသည် တည်ငြိမ်သည်။ သို့သော် အားကောင်းသောဖိအားရှိသည်။ အားလုံး၏ ကျောပြင်တွင် ချွေးအေး များဖြင့် လွှမ်းသွား၏။

ကောင်းကင်အဆင့်သို့ရောက်ပြီးနောက် အတိုင်းအတာတစ်ခုထိ ပေါင်းစည်းထားသော စွမ်းအင်သည် လူ၏ခန္ဓာကိုယ်မျက်နှာပြင်တစ်လျှောက် ထွက်လာမည်ပင်။ ၎င်းသည် မှော်သားရဲ၏သွေးသားဖိအားနှင့်တူသည်။ မြေကြီးကောင်းကင်အဆင့်ဝိညာဉ်သခင်များသည် ထိုအားကောင်းသော ဖိအား ကိုမခံနိုင်ကြပေ။

“သခင်လေးပေထင်းဟွမ်က အသုံးမကျတဲ့လူမဟုတ်ဘူး ကျွန်တော်တို့ မှားသွားပါတယ်.. ကျွန်တော်တို့ စိတ်ရင်းနဲ့တောင်းပန်တာကို လက်ခံပေးပါ” ရှီမန်မိသားစုမှ အသက် ၂၀ အရွယ် ကြယ် ၇ ပွင့် ဝိညာဉ်သခင်ကြီးသည် မတ်တတ်ရပ်လေသည်။ သူသည် ညာဘက်လက်မြှောက်ကာ ဘယ်ဘက် ရင်ဘတ်ပေါ်လက်တင်ပြီး ပေထင်းဟွမ်အား အရိုအသေပေးလေသည်။

“သခင်လေး ၉ ကအမှိုက်မဟုတ်ဘူး.. သခင်လေး ၉ အခုကစပြီး မင်းက ငါ့စံပြပုဂ္ဂိုလ်ပဲ.. ငါ မင်းအတွက် အရမ်းဂုဏ်ယူတယ်.. မင်းက ငါတို့မိသားစုရဲ့ ဂုဏ်ပဲ” ပေထင်းမိသားစုမှ လူငယ်တစ်ယောက်သည် မတ်တတ်ရပ်ကာ ဂုဏ်ယူစွာဖြင့် ကြေညာလေသည်။

“ဟုတ်တယ် သခင်လေးပေထင်းဟွမ်က အတော်ဆုံးပါရမီရှင်ပဲ.. နောက်ပိုင်း သခင်လေးပေထင်းဟွမ်ကို အမှိုက်လို့ခေါ်ရဲရင် အဲလူကို သေအောင် ရိုက်ပစ်မယ်” ထောင်လွှားဆုံးဖြစ်သည့် တုန်ဖန်းမိသားစုမှလူငယ်သည် သူ့ကိုယ်သူရိုက်လေသည် “အရင်တုန်းက ငါကန်းသွားတာ.. သခင်လေးပေထင်းဟွမ် တောင်းပန်ပါတယ်”

သူသည် လူငယ်ဖြစ်သည်။ မှန်သည်မှားသည်ကိစ္စသည် ရိုးရှင်းသည်။ အနက်သည်အနက်၊ အဖြူသည်အဖြူဖြစ်သည်။ ပြိုင်ငြင်းနေရန်မလိုပေ။ သူမ အမှိုက်ဖြစ်စဉ်က သူတို့သည်သူမကို အလွန်အမင်းနှိမ့်ချခဲ့သည်။ ယခု သူမ၏ ခွန်အားပေါ်ပေါက်ချိန်တွင် သူတို့သည် စိတ်ရင်းနှင့်တောင်းပန်ပြီး သူမ သဘောကျစေရန် မျက်နှာချိုသွေးရသည်။

ဆန့်ကျင်ဘက်အနေနှင့် ပေထင်းဟွမ်သည် ဘာပြောရမည်ကို မသိတော့ ပေ။ သူမသည် ဘာမှမပြောပေ။ သူမသည် တုန်ဖန်းကျောက်အား ကူကယ်ရာ မဲ့စွာကြည့်ပြီး နှာခေါင်းကိုထိလိုက်သည်။ “ဒါက ဒေါ်လေး၊ အစ်ကိုကြီး တုန်ဖန်းအောင်နဲ့ အစ်ကိုကြီးရှီမန်ဆုန်းတို့အတွက်လုပ်တာပဲ.. သူတို့တွေက ခွင့်လွှတ်ပေးဖို့ မပေးဖို့ ပြောဖို့မလိုပါဘူး.. ဒီလူငယ်တွေက အမှီလိုက်နိုင် မှာလည်းမဟုတ်ဘူး”

သို့သော် ပေထင်းဟွမ်၏စကားများသည် သူတို့ကို ခွင့်လွှတ်ပေးလိုက် သည့်အလား လူငယ်များကို တက်ကြွစေပြီး လက်ဝါးချင်း ရိုက်စေသည်။ စစ်နိုင်သွားသကဲ့သို့ သူတို့၏ တက်ကြွမှုများသည် မီးကဲ့သို့ပြန့်သွားပြီး သူတို့၏ စိတ်ကိုအားတက်စေသည်။

“သွားကြမယ်” ပေထင်းဟွမ်သည် လက်ဝေ့ယမ်းကာ ခြေဖျားထိန်ဖြင့် မြေကြီးကို အသာထောက်လိုက်သည်။ သူမဘေးတွင် ဓားပျော့ ၉ လက်သည် အဖြူရောင်အလုံးအဖြစ်ပြောင်းသွားပြီး သူမကို ဝန်းရံလိုက်သည်။ ကောင်းကင် အဆင့်သို့တက်ပြီးနောက် လေပေါ်မှာပျံရသည်မှာ လမ်းလျှောက်ရသလို သဘာဝကျလာသည်။ သို့သော် ခြင်္သေ့ဘုရင်တောင်တန်းဆီသို့သွားသည့် ဤ ခရီးတွင် သူမသည် စီရင်ချက်ဗိမာန်မှ ကောင်းကင်အဆင့်ပညာရှင်လေးဦးနှင့် အဆင့်မြင့်ကြယ်နတ်သားရဲတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သူမသည် သတိ လွတ်သွား၍မဖြစ်ပေ။

ပေထင်းဟွမ်သည် ရှေ့မှလျှောက်သည်။ သူမအနောက်တွင် နတ်သားရဲ လေးကောင်သည် တစ်ဖက်တစ်ချက်စီမှ ဖြန့်ကျက်လာသည်။ သူမအနောက် တွင် မွန်မြတ်သောသားရဲ အကောင်တစ်ရာကျော်ပါလာသည်။ ဤကဲ့သို့ ဖွဲ့စည်းမှုသည် လေနှင့်မိုးကိုပင် ဆင့်ခေါ်နိုင်လောက်သည်။ အလွန်ပင်ခမ်းနား လွန်းသည်။ မြေပြင်မှလိုက်လာသော နည်းပြသုံးယောက်သည် ငိုချင်လာသည်။

ကောင်လေး အဲလောက် မကြမ်းလို့မရဘူးလား။ မျိုးနွယ်ကြီးသုံးခုတွင် လူရာကျော်ရှိသည်။ သူတို့သည် ရှီမန်ဆုန်း၏ နတ်သားရဲစီးပြီး ခြင်္သေ့ တောင်တန်းသို့မဝင်နိုင်ခြင်းမဟုတ်ပေ။ သို့သော် မွန်မြတ်သောသားရဲနှင့် စာချုပ်တည်ထောင်ထားသူမှာ လေးငါးယောက်သာရှိသည်။ သူတို့ထဲတွင် တုန်ဖန်းအောင်နှင့် ပေထင်းလင်တို့ပါဝင်သည်။ ၈၀ ရာခိုင်နှုန်းသည် စာချုပ် သားရဲမရှိသည့် ဝိညာဉ်သခင်များဖြစ်ကြသည်။ သူတို့သာ တိုက်ခိုက်ခံရပြီး ကျသွားလျှင် နည်းပြသုံးယောက်သည် မည်သူ့ကိုကယ်မည်နည်း။

All Chapters