← Chapters

သခင် မြန်မြန်လာ

Vol. 17 Ch. 333

သခင် မြန်မြန်လာ

Vol. 17 Ch. 333

ပေထင်းဟွမ်၏ မွန်မြတ်သောသားရဲတပ်ဖွဲ့သည် တစ်ယောက်လျှင် မွန်မြတ်သောသားရဲတစ်ကောင်နှုန်းရှိသည့် အဆင့်ထိရောက်နေပြီဖြစ်သည်။ သူတို့သည် မိုးပေါ်တွင်တိုက်ခိုက်ရန် ခွန်အားအပြည့်ရှိနေပြီဖြစ်သည်။ နှစ်ဖက် ယှဉ်နိုင်ပါ့မလား။

“လိုက်နှိုင်းနေတာက စိတ်တိုဖို့ကောင်းလိုက်တာ” တုန်ဖန်းအောင်သည် ဒေါသတကြီးပြောလေသည်။

ရှီမန်တုန်းသည် လရောင်အောက်ရှိ ထင်းရှူးပင်နှင့်တူသည်။ သူသည် မြေပေါ်တွင် တစ်လှမ်းချင်းလျှောက်နေသော်လည်း သူ့ခြေထောက်များသည် မြေကြီးနှင့် ထိမနေပေ။ သူသည် သူ၏ဖိနပ်များကို မြေကြီးမှဖုန်မှုန့်များ ပေကပ်မည်ကို ကြောက်သည်။ သူသည် ပြုံးကာ အဝေးသို့ရောက်နေပြီဖြစ် သည့် မိုးပေါ်မှ အနက်ရောင်အရိပ်ကို ကြည့်လိုက်သည်။ သူသည် မျက်လုံးကို ကျဉ်းမြောင်းပြီး ပြောလိုက်သည် “ပေထင်းမိသားစုရဲ့ ခေါင်းဆောင်က ဘာတွေ တွေးနေလဲဆိုတာ ငါတကယ်မသိတော့ဘူး.. ဒီလိုပါရမီရှင်ကို နှင်ထုတ်တာက..”

ရှီမန်ဆုန်းသည် မျက်လုံးထောင့်မှနေ၍ ပေထင်းလင်အား ကြည့်လေ သည် “သခင်ပေထင်း မင်းတို့သခင်ပေထင်းချင်းကိုရှာပြီး သခင်ပေထင်းဟွမ်ကို ရှီမန်မိသားစုကို ပြောင်းခိုင်းလိုက်ပါလား.. သူ့ကို ရှီမန်မိသားစုမှာ နေရာကောင်းကောင်းပေးပါ့မယ်”

ပေထင်းလင်၏ မျက်နှာသည် နီရဲသွားသည်။ သူသည် ခြင်္သေ့ဘုရင် တောင်တန်း၏ဝင်ပေါက်တွင် ပေထင်းမိသားစုမှ သင်တန်းသားများအားလုံးကို ချန်ထားခဲ့ပြီး ပေထင်းဟွမ်နောက် ကိုယ်တိုင်လိုက်ကာ ခရမ်းရောင်မီးတောက် သွေးသောက်အရင်းအမြစ်ကို လုယူချင်မိသည်။ သို့သော် ပေထင်းဟွမ်သည် သူမကို ခွင့်မပြုခဲ့ပေ။ သူမ စိုးရိမ်နေပြီဖြစ်သည်။ ယခု ရှီမန်ဆုန်း၏ လှောင်ပြောင်မှုကို ကြားသောအခါ ဒေါသထွက်မိသည်။ အထူးသဖြင့် ပေထင်းဟွမ်အပေါ်တွင် နူးညံ့တတ်သောအမျိုးသမီးသည် ထိုနေရာတွင် ဒေါသ ထွက်လေသည် “သခင်ရှီမန်ဆုန်း ရှင်တို့လိုအပြင်လူတွေက ပေထင်းမိသားစု ကိစ္စကို ဝင်ပါဖို့မလိုပါဘူး.. ကျွန်မသိသလောက်ဆိုရင် ရှင်တို့ ရှီမန်မိသားစုက ပြောသလောက်လည်း ကျွန်မတို့နဲ့ မရင်းနှီးပါဘူး ဟုတ်တယ်မလား.. ရှီမန် မိသားစုရဲ့ခေါင်းဆောင်က ရှင့်ကို မင်းသမီး ၇ နဲ့ လက်ထပ်ဖို့ သဘောတူထား တာမလား”

ရှီမန်ဆုန်း၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ အဝေးရှိ တောင်များကို ကြည့်နေသည့် သူ့မျက်လုံးများသည် ရီဝေသွားကာ နာကျင်မှုအရိပ်အယောင် များဖြင့် ဖုံးလွှမ်းသွားသည်။ သူသည် ခြင်္သေ့ဘုရင်တောင်တန်းသို့ ရောက်သည် အထိ ဘာမှမပြောတော့ပေ။

ခြင်္သေ့ဘုရင်တောင်တန်းသို့ မဝင်ခင်တွင် ပေထင်းဟွမ်သည် နွယ်ပင်လေးအား ခြင်္သေ့ဘုရင်တောင်တန်းသို့သွားကာ စစ်မြေပြင်အခြေအနေ ကို စုံစမ်းခိုင်းသည်။ ခဏအကြာတွင် နွယ်ပင်လေး၏ အသံသည် ပေထင်းဟွမ် ၏ အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည်။

“သခင် သခင် ရှိနေလား”

“ရှိနေတယ် အဲဒီကအခြေအနေက ဘယ်လိုနေလဲ” ပေထင်းဟွမ် မေး လိုက်သည်။

“သခင် ဒီကတိုက်ပွဲက အရမ်းပြင်းထန်နေတယ်.. ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့က ကြယ် ၉ ပွင့်နတ်သားရဲပဲ… ကောင်းကင်မီးတောက်နဲ့ နတ်သားရဲ.. အရမ်းအားကောင်းတယ် ပြီးတော့ မွန်မြတ်တဲ့သားရဲ ၁၂ ကောင်နဲ့ ဝိညာဉ်သားရဲ အကောင် ၂၀ တို့ကိုအစောင့်အရှောက်သားရဲအဖြစ် ဆင့်ခေါ်ထားသေးတယ်.. ဒါပေမဲ့ အဲလူသားလေးယောက်ကလည်း အရမ်း အားကောင်းတာပဲ

အဲထက်က တစ်ကောင်က ကြယ် ၃ ပွင့်နတ်သားရဲနဲ့ နောက်တစ်ကောင် က မွန်မြတ်တဲ့သားရဲပဲ.. အဲလူတွေကလည်း ဉာဏ်များလိုက်တာ.. ခရမ်းရောင် မီးတောက်အတောင်ပံခြင်္သေ့ဘုရင်ကို တိုက်ခိုက်ဖို့ ကြယ်ဝိညာဉ်သိုင်းကို လှည့် သုံးနေကြတာ.. ခရမ်းရောင်မီးတောက်တောင်ပံခြင်္သေ့ဘုရင်က ဒဏ်ရာ အပြင်းအထန်ရထားလို့ တောင့်ခံနိုင်တော့မယ်မထင်ဘူး.. သခင် မြန်မြန်မလာ ရင်… အာ.. ဂူထဲကို ခိုးဝင်ချင်တဲ့လူသားတွေလည်းရှိနေတယ်.. သခင် မြန်မြန် လာခဲ့”

သူမ၏အသိစိတ်ပင်လယ်ထဲတွင် နွယ်ပင်လေး၏အသံမှာ အလွန်ပင် စိုးရိမ်လျက်ရှိသည်။ သူမသည် စီရင်ချက်ဗိမာန်လက်ထဲသို့ ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ် ပါသွားမည်ကို စိုးရိမ်နေခြင်းပင်။ ပေထင်းဟွမ်သည် နီရဲသောနှုတ်ခမ်းများကို တွန့်ကာ ပြုံးလိုက်သည်။ သူမ လှည့်ပြီး အဖွဲ့ကိုရပ်ခိုင်းလိုက်သည်။ အားလုံးပေါင်း နတ်သားရဲ ၄ ကောင်နှင့် မွန်မြတ်သောသားရဲ အကောင်တစ်ရာနီးပါး၇ှိသည်။ ပေထင်းဟွမ်၏ မျက်လုံး များသည် ဘေးဘီဝေ့ဝဲနေသည်။

“ငါတို့ ဒီမှာရပ်ပြီး မွန်မြတ်တဲ့သားရဲတွေကို ဝင်ခိုင်းမယ်”

“စစ်ဦးစီး ဘာလို့လဲ.. အထဲမှာ နတ်သားရဲကြီးတစ်ကောင်နဲ့ နတ်သားရဲ လေးတစ်ကောင်ရှိနေတာလေ.. မွန်မြတ်တဲ့သားရဲတွေကိုတောင် သူ့အတွက် တိုက်ခိုက်ပေးဖို့ အမိန့်ပေးနိုင်စွမ်းရှိတယ်.. ကျွန်မတို့မဝင်ရင် ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ကို မွန်မြတ်တဲ့သားရဲတွေနဲ့ လုနိုင်မှာ မဟုတ်ဘူး.. ဟုတ်တယ်မလား” ခရမ်းရောင်မီးတောက်သွေးသောက်အရင်း အမြစ်ကို လုရန် လူအများအပြားရောက်လာကြသော်လည်း ပေထင်းဟွမ်သည် ရပ်တန့်လိုက်သည်။ ဆယ်လင်းမှာ မည်သို့မစိုးရိမ်ဘဲ နေနိုင်တော့မည်နည်း။

ပေထင်းဟွမ်၏ မျက်လုံးထဲမှ ကောက်ကျစ်သောအလင်းများသည် ချူဖုန်း၏မျက်လုံးထဲမှ ပြေးမလွတ်ပေ။ သူ၏ ချောမောလှသောမျက်နှာမှ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည် “တပ်မှူးဆယ်လင်း ငါတို့ အဖွဲ့ခေါင်းဆောင်မှာက သူ့အစီအစဉ်နဲ့သူရှိပါတယ်.. ဘာလို့နားမထောင်ရမှာ လဲ”

All Chapters