← Chapters

စီရင်ချက်ဗိမာန်နဲ့ ခရမ်းရောင်မီးတောက်အတောင်ပံ ခြင်္သေ့ဘုရင်

Vol. 17 Ch. 335

စီရင်ချက်ဗိမာန်နဲ့ ခရမ်းရောင်မီးတောက်အတောင်ပံ ခြင်္သေ့ဘုရင်

Vol. 17 Ch. 335

“ဟင်း ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင် ကြည့်ရတာ မင်းက ဒီလိုမျိုးခက်ခဲတာကို လိုချင်တဲ့ပုံပဲ.. ခရမ်းရော်မီးတောက်သွေးသောက် အရင်းအမြစ် ၁၀ စက်လေးပဲကို.. ငါတို့စီရင်ချက်ဗိမာန်ကို ပေးလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ” စီရင်ချက်ဗိမာန်မှ ကြယ်ဝိညာဉ်သခင်လေးယောက်သည် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်နားတွင် ဝဲနေသည်။

ရှေ့တွင် နှစ်ယောက်ရှိနေပြီး အနောက်တွင် နှစ်ယောက်ရှိနေကြသည်။

ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့သည် အလွန်ရှားပါးသည့် ရှေးမီး ချီလင်းသွေးသားဖြစ်သည့် ခြင်္သေ့ကျားအမျိုးအစား မှော်သားရဲဖြစ်သည်။ သွေး သိပ်သည်းဆသည် ၁ ရာခိုင်နှုန်းထက်နည်သော်လည်း ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့အား အားကောင်းသောကာကွယ်မှုကို ပေးနိုင်သည်။ သို့သော် ဤအခိုက်အတန့်တွင် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့၏ ကျောမှ သွေးများသည် မိုးရွာသည့်အတိုင်းစီးကျနေသည့်ကို ရှေးမီးသစ်ပင်၏ သစ်ရွက်များအကြားမှနေ၍ ပေထင်းဟွမ်မြင်နေရသည်။

ယုတ္တိရှိရှိပြောရလျှင် ကြယ် ၉ ပွင့်နတ်သားရဲတစ်ကောင်သည် အဆင့်နိမ့် ဓားကြယ်ဝိညာဉ်သခင်လေးယောက်၏ တိုက်ခိုက်မှုကြောင့် လျင်မြန်စွာ ထိခိုက်ဒဏ်ရာမရနိုင်ပေ။ အတန်ကြာသည်အထိကြည့်ရာ စီရင်ချက်ဗိမာန်မှ လူများ မည်မျှပင်တိုက်ခိုက်စေကာမူ ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ သည် နည်းနည်းမှမလှုပ်သည်ကိုတွေ့လိုက်ရသည်။ ၎င်းသည် ကြယ်ဝိညာဉ် သခင်များကို ခုခံနေကာ ၎င်း၏ဂူအတွင်းသို့ အခွင့်အရေးယူပြီး ခိုးဝင်မည်ကို ကြောက်ရွံ့နေသည်။ ၎င်းသည် ၎င်း၏သားပေါက်ကလေး ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ် မရရန်စိတ်မပူပေ။

ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့၏ အမူအရာသည် အနည်းငယ် မှိုင်တွေကျနေသည်။ ကြီးမားသောခရမ်းရောင်အတောင်ပံအရင်းတွင် အလွန် ဇောက်နက်သော အက်ကြောင်းကြီးပေါ်လာသည်။

အတောင်ပံများသည် ပြဲထွက်ပြီး သွေးထွက်နေရာ ၎င်းအတွက် လှုပ်ရှား ရန် အလွန်ပင် အဆင်မပြေလှပေ။

၎င်း၏ဒဏ်ရာများသည် ကျောပြင်နှင့် ဆက်စပ်နေသည်။ စီရင်ချက် ဗိမာန်မှ ကြယ်ဝိညာဉ်သခင်လေးဦး၊ နတ်သားရဲနှင့်မွန်မြတ်သောသားရဲနှင့် ပညာရှင်နှစ်ဦးတို့သည် သူ့ကိုအနောက်မှတိုက်ခိုက်ကြသည်။ ကြယ် ၉ ပွင့် နတ်သားရဲ ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်၏ ခုခံမှုမှာ သာမန် မဟုတ်သော်လည်း ကောင်းကင်အဆင့်ဝိညာဉ်သခင်နှင့် စာချုပ်သားရဲတို့မှ ထုတ်လွှတ်သည့် ကြယ်ဝိညာဉ်ပညာသိုင်းသည် ၎င်း၏ကာကွယ်မှုကို ဖြတ်ပြီး ဖျက်ဆီးနိုင်သည်။

အတိအကျပြောရလျှင် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့၏ ကာကွယ်ရေးသည် သူ၏အကျိုးများကို လျော့ကျစေသည်။ သူသည် အရိုက်ခံရ သည်နှင့်တန်အောင် ဂူဝင်ပေါက်ကို ကာကွယ်ရန်သာကျန်တော့သည်။ ထို့ကြောင့်ပင် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့၏ နောက်ကျောသည် ဒဏ်ရာအပြင်းအထန်ရခြင်းဖြစ်သည်။

ထိုအချိန်တွင် စီရင်ချက်ဗိမာန်မှလွှတ်လိုက်သည့် ဘုန်းတော်ကြီးလေးဦး သည် အဖြူရောင်ဝတ်ရုံများဝတ်ထားသော်လည်း သူတို့၏အသွင်အပြင်သည် အလွန်ထူးဆန်းနေသည်။ တစ်ယောက်မှာအရပ်မြင့်သည်၊ တစ်ယောက်မှာ ပုသည်၊ တစ်ယောက်မှာ ဝသည်၊ ကျန်တစ်ယောက်မှာ ပိန်သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ပိန်ပါးသောတစ်ယောက်တွင် နတ်သားရဲတစ်ကောင်နှင့် ပုသော ဘုန်းတော်ကြီးတွင် မွန်မြတ်သောသားရဲတစ်ကောင်ရျိသည်။ သူတို့သည် သားရဲ၏ ကျောပေါ်တွင်ရပ်ပြီး ခန္ဓာကိုယ်မှအခြေအနေကို စမ်းစစ်ကြည့်နေ သည်။ သူတို့သည် ခက်ထန်စွာအော်လိုက်ကြသည် “ကြယ်ဝိညာဉ်သိုင်း နောက် တစ်ခုအတွက်ပြင်တော့”

သူတို့လေးယောက်၏ ဝိညာဉ်စွမ်းအင်နှင့်ဆိုလျှင် ကြယ် ၉ ပွင့် နတ်သားရဲကို ပိတ်ထားရန်မဖြစ်နိုင်ပေ။ ကံကောင်းစွာပင် ကြယ် ၉ ပွင့် နတ်သားရဲရှိသည့်နေရာသည် အသက်ဝင်နေကာ ဂူဝင်ပေါက်ကို ခွာမသွားပေ။ ၎င်း၏ကြီးမားသောကိုယ်ထည်သည် ဂူကိုတင်းကြပ်စွာ ပိတ်ပင်ထားသည်။ ၎င်း မှာ ကောင်းကင်အဆင့်ပညာရှင်များအတွက် မလွယ်ကူလှသည်ကို သက်သေပြ နေသည်။

သူတို့တက်လာသည်နှင့် ခရမ်းရောင်အတောင်ပံခြင်္သေ့ဘုရင်သည် အတောင်ပံကို ထိမှန်ပြီး ရွေ့လျားနိုင်မှုလည်း လျော့ကျသွားသည်။

“ငါတို့လေးယောက် စွမ်းအားတွေစုပြီး သူ့ကျောမှာ ဒဏ်ရာအနက်ကြီး လုပ်ပေးရမယ်”

မျိုးနွယ်ကြီးလေးခုသည် အပြင်တွင်ရှိနေသေးသည်။ သူတို့ကို ထိန်းမရ သောမွန်မြတ်သောသားရဲအုပ်စုမှ ဝိုင်းထားသည်။ မျိုးနွယ်ကြီးလေခုသည် တိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းကျော်ကြာအောင် ထားရှိခဲ့သည့် ဝှက်ဖဲများကို လက်ထဲတွင်ကိုင်ဆောင်ထားသည်။ သူတို့တွင်လည်း ကြယ် ၄ ပွင့် ဝိညာဉ်သခင်နှင့် နတ်သားရဲ ၂ ကောင်ရှိသည်။ သူတို့ကိုမနိုင်လျှင်တောင် လွတ်မြောက်နိုင်သည်။ ဘုန်းတော်ကြီးလေးဦးသည် တိုက်ပွဲကို အမြန်အဆုံး သတ်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့လေးယောက်သည် လေးနက်သောအကြည့်ဖြင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်မှ အပြာရောင်ဒြပ်စင် စွမ်းအင်သည် တဟုန်ထိုးတက်လာပြီး ၎င်းတို့အအနောက်မှ သက်ဆိုင်ရာ သားရဲများ၏အရိပ်အယောင်တွင် ပေါ်လာရာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ် သော မျက်နှာများကို ပေါ်လာစေသည်။

နားအူလောက်စေသည့် အော်သံထွက်ပေါ်လာသည်။ မှော်သားရဲသည် ၎င်း၏ခွန်အားစုပြီး တိုက်ခိုက်လေသည်။ ခရမ်းရောင်တောင်ပံခြင်္သေ့ဘုရင်၏ ကျောပြင်မှ ဒဏ်ရာကိုတိုက်ခိုက်နေစဉ်တွင် မိုးကြိုးပစ်ဗုံးများကဲ့သို့ အလင်း တန်းလေးခုသည် ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်လာသည်။ တောက်လောင်နေသော အဖြူရောင်အလင်းတန်းလေးခုသည် ဥက္ကာပျံများ ကဲ့သို့ဖြစ်ပြီး တစ်ချိန်တည်းမှာပင် စုစည်းကာ ကြောက်စရာကောင်းလှသော စွမ်းအင်အလင်းတန်းတစ်ခုဖြစ်လာသည်။ အလင်းတန်းပေါက်ကွဲမှုသည် ထို နေရာရှိ ကောင်းကင်ကိုကွဲလုနီးပါးဖြစ်သွားစေပြီး ကြီးမားသောနေရာလှုပ်ရှား မှုကို ဖြစ်စေသည်…

All Chapters