← Chapters

ကောင်းကင်ကိုလောင်ကျွမ်းစေတဲ့ ခရမ်းရောင်မီးတောက်

Vol. 17 Ch. 336

ကောင်းကင်ကိုလောင်ကျွမ်းစေတဲ့ ခရမ်းရောင်မီးတောက်

Vol. 17 Ch. 336

ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့သည် အလွန်ဒေါသထွက်သွား ၏။ ဒီအစုတ်အပြတ်လူသားလေးယောက်။ သူသေသွားရင်တောင် ခရမ်းရောင် မီးတောက်သွေးသောက်အရင်းအမြစ်ယူသွားပြီး သူ့ကလေးကို ထိခိုက်စေမယ့် အဖြစ်မျိုး အဖြစ်ခံမှာမဟုတ်ဘူး။ မှော်သားရဲတောတွင် နှစ်ပေါင်းသောင်းချီ ကျော်ကြာအောင် နေလာခဲ့ရာ လူသားများသည် နတ်သားရဲငယ်များဆီမှပင် ခိုးယူလောက်သည်အထိ လောဘကြီးတတ်ကြသည်ကို ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့ မည်သို့မသိဘဲနေမည်နည်း။

ကောင်းကင်ကို ဖြတ်သွားသည့် ဒေါသတကြီးဟိန်းသံနှင့်တူ ခြင်္သေ့ တောင်ပံမှ ခရမ်းရောင်မီးတောက်များ ထွက်လာသည်။ ၎င်းခန္ဓာကိုယ်မှ မီးတောက်များထွက်လာပြီး ခရမ်းရောင်ကြိုးလေးကြိုးအဖြစ် တည်ဆောက် ကာ စီရင်ချက်ဗိမာန်မှ ကြယ်ဝိညာဉ်သခင်များဆီသို့ လျင်မြန်စွာပျံ့နှံ့သွားလေ ၏။

ခရမ်းရောင်မီးတောက်များသည် ကောင်းကင်တစ်ဝက်ဆီသို့ မြှောက်တက်သွားသည်။ တောင်ကြားတစ်ခုလုံးမှအပူချိန်သည် ရုတ်တရက် မြင့်တက်လာကာ ပတ်ဝန်းကျင်ကို ကြီးမားသော သက်ရောက်မှုဖြစ်စေလေ၏။ လေနှင့်တိမ်တိုက်များသည် တောင်ကြားထဲတွင် ထိုးတက်လာသည်။ မီးတောက်နှင့်အနီးဆုံးအပင်များသည် ပြာအဖြစ်တိုက်ရိုက်ပြောင်းသွားကာ မြေဆီလွှာများည် ခရမ်းရောင်အဖြစ် လောင်ကျွမ်းသွားလေသည်။ မိုးပေါ်မှ တိမ်တိုက်များသည် အငွေ့ပျံသွားလေသည်။ မိုးကောင်းကင်တစ်ခုလုံးသည် မီးတောက်အရောင်လွှမ်းကာ တောင်ကြားတစ်ခုလုံးတွင် ထိုင်းမှိုင်းသော ရောင်ဝါများဖြင့် ပြည့်နေသည်။

ခရမ်းရောင်မီးတောက်များသည် ခရမ်းရောင်မီးတောက်အတောင်ပံ ခြင်္သေ့၏မျက်လုံးထဲတွင် ကနေသည်။ ခရမ်းရောင်အလင်းတန်းနှစ်ခုသည် လေထဲတွင်သွားစုကာ ကြယ်ဝိညာဉ်သခင် ၄ ယောက် စုစည်းထားသည့် ကြောက်မက်ဖွယ်စွမ်းအင်များနှင့် တိုက်မိသွားသောအခါ မျဉ်းတစ်ကြောင်း ဖြစ်ပေါ်လာသည်။

ခရမ်းနီရောင်မီးတောက်နှင့် အဖြူရောင်စွမ်းအင်အပူလုံးတို့သည် တောက်ပစွာ တိုက်မိကြလေသည်။

မြေကြီးတုန်ခါစေလောက်သည့် ပေါက်ကွဲမှုရှိကာ ကြီးမားသောစွမ်းအင် လှိုင်းကြီးသည် အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။ ၎င်းသည် ဟာရီကိန်း မုန်တိုင်းတစ်ခုကြောင့် ဆူနာမီလှိုင်းလုံးကြီးသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုး လိုက်သည်နှင့်တူသည်။ တောင်ထိပ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီး စွမ်းအင် လှိုင်းမှဖြစ်ပေါ်လာသော ကျောက်တုံးကြီးများသည် အဘက်ဘက်သို့ ပျံသန်း သွားကြလေသည်။ ကန်ပေါ်တွင် မိုးသီးများကျလာသည်။ ပေထင်းဟွမ် ပုန်းနေ သောနှစ်တစ်သောင်း ရှေးသစ်ပင်ကြီးပင်လျှင် ချွင်းချက်မရှိပေ။ ၎င်းသည် အမြစ်မှကျွတ်ပြီး နောက်ပြန်လဲကျလေသည်။

အုန်း

နားအူစေလောက်သည့်အသံ ထွက်ပေါ်လာသည်။ ကြယ် ၉ ပွင့် နတ်သားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သည် အားကောင်းသော စွမ်းအားလှိုင်း အောက်တွင် ဂူဝင်ပေါက်နံရံနှင့် ရိုက်မိသွားသည်ကို မီးတောက်နှင့်အခိုး အငွေ့များအကြားမှ ပေထင်းဟွမ် မြင်လိုက်ရည်။ ၎င်း၏ကြေးခွံများကွာကျ သွားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အပေါက်များမှ သွေးနီများစီးကျ လာသည်။ ကြီးမားသောသတ္တဝါသည် ဂူဝင်ပေါက်ကို ခေါင်းမာမာဖြင့် စောင့်ကြပ်ဆဲဖြစ်ကာ လုံးဝလက်မလျော့ပေ။

“ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ရဲ့ အမြင့်ဆုံးနည်းပညာပဲ.. ခရမ်းရောင်မီးတောက်ကောင်းကင်တောက်လောင် အာ.. ပြေးတော့”

ခရမ်းရောင်မီးတောက်၏ ပစ်မှတ်သည် ကြယ်ဝိညာဉ်သခင် ၄ ယောက် ဖြစ်သည်။ ခရမ်းရောင်မီးတောက်များတွင် မျက်လုံးရှိသည့်အလား ၎င်းတို့သည် ကြယ်ဝိညာဉ်သခင်များနောက်သို့ လိုက်လေသည်။ ကြယ် ၉ ပွင့်နတ်သားရဲမှ ထုတ်လွှတ်လိုက်သော အဆုံးစွန်သောနည်းပညာသည် သွေးသားမှ သယ်ဆောင်လာသည့် အားကောင်းသောဖိအားရှိပြီး မီးတောက်များမှ အနည်း ငယ် သက်ရောက်မှုကိုဖြစ်စေသည်။ ဝိညာဉ်သားရဲများနှင့် စာချုပ်တည်ထောင် ထားသည့် ကြယ်ဝိညာဉ်သခင်နှစ်ဦး၏ မှော်သားရဲချပ်ဝတ်တန်ဆာသည် ကွာ ကျကာ မီးတောက်ကြောင့် ပြာဖြစ်သွားလေသည်။

“အားကောင်းလိုက်တာ” ပေထင်းဟွမ်သည် သစ်ပင်ထိပ်တွင် တင်ပျဉ်ခွေ ထိုင်ကာ မိုးပေါ်တွင် အပြည့်ဖြစ်နေသည့် ခရမ်းရောင်အလင်းကို ကြည့်နေ၏။ သူမသည် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

“ဒါပေါ့ ကြယ် ၉ ပွင့်နတ်သားရဲရဲ့ တိုက်ခိုက်မှုက ရယ်စရာဖြစ်မယ်လို့ ထင်နေလား” တုန်ဖန်းကျောက်သည် ဒေါသတကြီးပြောလေသည် “မင်း ပြင်ဆင်ထားတဲ့ ဒုတိယလှုပ်ရှားမှုက ဘယ်တော့လာမှာလဲ”

“လုပ်လိုက်ရအောင် အခုလုပ်လိုက်ကြမယ်” နှစ်ဦးနှစ်ဖက်လုံး ဒဏ်ရာရ နေပြီကိုကြည့်လျှင် သူတို့ချက်ချင်းမလှုပ်ရှားလျှင် မည်သည့်အချိန်မှ လုပ်ရမည် နည်း။ ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်သည် မှော်သားရဲများကို အမိန့်ပေး ကာ စစ်မြေပြင်တစ်ခုလုံးကို ဝိုင်းခိုင်းလိုက်သည် “ဝိုင်းထားတာ ရှေ့တိုးပြီး သူတို့ လေးယောက်လုံးကိုသတ်လိုက်”

ကောင်းကင်ကို လောင်ကျွမ်းစေသည့် ခရမ်းရောင်မီးတောက်…

ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့သည် ၎င်း၏အသက်စွမ်းအားကို လောင်ကျွမ်းစေခြင်းဖြင့် ၎င်း၏နောက်ဆုံးစွမ်းရည်ကို အသုံးပြုခဲ့သည်။ ဘုန်းတော်ကြီးလေးဦးသည် ကြယ် ၉ ပွင့်နတ်သားရဲမျ ဤကဲ့သို့ အားကောင်း သော စွမ်းရည်ထုတ်လွှတ်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။ သူတို့ ဤနေရာတွင် သေသွားလျှင်တောင် အမြတ်ရနိုင်သည်။ သို့သော် အသက်ရှည်လိမ့်မည်ဟု မည်သူမှ မခံစားရပေ။ ကြီးမားသောစွမ်းအင်လုံးကြီး ပြန့်လာသောခါ ဘုန်းတော်ကြီးလေးဦးသည် လွင့်ထွက်သွားကာ သူတို့နောက်လိုက်နေသော ခရမ်းရောင်မီးတောက်လေးလုံးကို ရှောင်ရှားနေရသည်။

“ပြေးတော့ ခြင်္သေ့ဘုရင်က သူ့နောက်တစ်ကွက်ကိုသုံးဖို့ ခွန်အားမရှိ တော့ဘူး.. ကောင်းကင်မီးကိုအရင်ရှောင်ရအောင်” အရပ်မြင့်သည့် ဘုန်းတော် ကြီးသည် သူ၏ဝိညာဉ်သားရဲ မီးရှို့ခံရသည်ကိုပင် ဂရုမစိုက်တော့ပေ။ သူသည် ကျန်ရှိသည့် ခန္ဓာကိုယ်ထဲမှ အပြာနုရောင်အဆီအနှစ်စွမ်းအင်ကို ရွှေ့ပြောင်း ကာ ခြေထောက်ထဲသို့ အကုန်လောင်းထည့်လိုက်သည်။ သူသည် ရှေ့မှ စိတ်ရှိလက်ရှိ ပြေးလေသည်။

“ဘယ်သွားမလို့လဲ”

အေးစက်သောအသံသည် အပေါ်မှရောက်လာသည်။ ဟာရီကိန်းလှိုင်း လုံးကြီးများ လှိမ့်တက်လာသည်။ အဘက်ဘက်သို့ပြေးနေသည့် ဘုန်းတော် ကြီးလေးယောက်သည် ကြည့်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် ကျောရိုးထဲ မှ အေးစိမ့်မှုများ ပြေးဆင်းသွားသည်။

သူတို့ ဘာမြင်လိုက်တာလဲ။

သူတို့၏ခေါင်းအထက်တွင် အနက်ရောင်ရှုပ်ထွေးမှုများရှိနေသည်။ အလယ်တွင် နတ်သားရဲတစ်ကောင်ရှိနေသည်။ အကောင်တစ်ရာနီးပါးရှိသော တခြားမွန်မြတ်သောသားရဲများသည် သူတို့ကို သွေးဆာနေသော မျက်လုံးများ ဖြင့်ကြည့်နေကြသည်။ ဒီလောက်များတဲ့ မှော်သားရဲတွေ ဘယ်တုန်းက လာစု နေကြတာလဲ။ သူတို့ အမှန်တကယ် မသိတော့ပေ။ ဤအခိုက်အတန့်တွင် သူတို့လေးယောက်သည် ငေးကြောင်သွားသည်။ နတ်သားရဲတစ်ကောင်သည် ဤမျှများပြားသည့် မွန်မြတ်သောသားရဲကို မည်သို့ဦးဆောင်လာသည်ကိုပင် သူတို့ မတွေးနိုင်ကြတော့ပေ။ ဤမှော်သားရဲများတွင် ပိုင်ရှင်ရှိသည်ကိုပင် သူတို့ ထင်မထားကြပေ…

All Chapters