← Chapters

မဟုတ်ဘူး မင်းကိုသတ်ဖို့လာတာ

Vol. 17 Ch. 337

မဟုတ်ဘူး မင်းကိုသတ်ဖို့လာတာ

Vol. 17 Ch. 337

ကြီးမားပြီး တင့်တယ်သောပုံရိပ်များသည် သူတို့ခေါင်းအထက်တွင် ပေါ် လာသည်။ ဤနေရာတွင် နေရာလွတ်တစ်ခုမှမရှိပေ။ ဤမျှများပြားသည့် မွန်မြတ်သောသားရဲများထံမှ လွတ်မြောက်ရန် မဖြစ်နိုင်သည်မှာ ထင်ရှားလှ သည်။ ကြယ် ၂ ပွင့်နတ်သားရဲနှင့် ရာချီသည့်မွန်မြတ်သောသားရဲများ၏ဖိအား များသည် လေးလံစွာကျဆင်းလာသည်။ ပိန်ပါးသောဘုန်းတော်ကြီး၏ ဒဏ်ရာ ရထားသော နတ်သားရဲ၏ဖိအားနည်းနည်းသည် လုံးဝမယှဉ်နိုင်ပေ။

“မင်းတို့လည်း ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ်ကို လုဖို့ လာတာလား” အရပ်မြင့်သည့်ဘုန်းတော်ကြီးသည် မျက်လုံးမှေးကာ ဂူ ဝင်ပေါက်တွင်ရှိနေသည့် ခရမ်းရောင်မီးတောက်အရင်းအမြစ်ကို ခိုးကြည့်လေ သည်။

ဟင်း.. ဒီလူက သဘောထားကွဲလွဲချင်တုန်းပဲ။

မိုးကြိုးသွားသည် အရပ်မြင့်သည့် ဘုန်းတော်ကြီး၏အတွေးများကို မြင် နေရသည်။ သူသည်နှာမှုတ်ကာ ပြောလိုက်သည် “မဟုတ်ဘူး မင်းကိုသတ်ဖို့ လာတာ”

“သတ်မယ်ဟုတ်လား” ပိန်ပါးသည့်ဘုန်းတော်ကြီးသည် ခရမ်းရောင် မီးတောက်ကြောင့် လောင်သွားသော မုတ်ဆိတ်ကိုသပ်နေသည်။ “ငါတို့က ကောင်းကင်အဆင့်ဝိညာဉ်သခင်လေးယောက်ဆိုတာသိလား.. မင်းက ငါတို့ကို သတ်ချင်သေးတာလား.. မင်းနဲ့ဘာရန်ငြိုးရန်စမှမရှိတာကို ငါ မှတ်မိပါတယ်”

“မင်းတို့က ဝိညာဉ်ခွဲချောက်တစ်လျှောက်လာပြီး ငါတို့ခေါင်းဆောင်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့တယ်.. အဲဒါကို အသက်ရှင်ချင်သေးတာ လား..အိပ်မက်မက်နေလိုက်” မိုးကြိုးသွားစကားဆုံးသည်နှင့် ခရမ်းရောင် မီးတောက်အတောင်ပံခြင်္သေ့သည် ခေါင်းကို ခက်ခက်ခဲခဲမော့ကာ ကြည့်လေ သည် “သစ်တတ်ကျား မင်းသာ အဲဒီကလူသားလေးယောက်ကို သတ်နိုင်ရင် မင်းကို ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ် တစ်စက်ပေးမယ်”

ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ် တစ်စက်သည် မည်မျှ အဖိုးတန်လိုက်သနည်း။ ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့သည် သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်သည့် ထိုလူသားလေးယောက်ကို မည်မျှ မုန်းတီးကြောင်းကို မြင်နေရသည်။

မှော်သားရဲများသည် ၎င်းတို့၏နယ်မြေကို အလွန်အလေးထားကြကာ ဖောက်ဝင်၍မရနိုင်ပေ။ ထိုမှော်သားရဲများသည် သူ၏ပိုင်နက်အတွင်းရှိခဲ့ သလားဆိုသည်ကို သူ မမှတ်မိပေ။ သို့သော် သူနှင့်မျိုးစုတူသည့် မိုးကြိုးသွားနှင့် တခြားသောမှော်သားရဲများကို အနည်းငယ်ပိုယုံသည်။ သူသည် လူသားများ၏ လက်ထဲတွင်သေရသည်ထက် မိုးကြိုးသွား၏လက်ထဲတွင် သေချင်သည်။

၎င်းသည် မှော်သားရဲတစ်ကောင်၏ မာနပင်ဖြစ်သည်။

သားရဲဟိန်းလိုက်သည်နှင့် မွန်မြတ်သောသားရဲ ရာချီသည် ရှေ့တိုးလာ သည်။ အရာအားလုံး ဖြစ်ပျက်သွားသည်မှာ လျင်မြန်ပြီး ရုတ်တရက်ဆန်လွန်း သည်။ ကြယ်ဝိညာဉ်သခင်လေးယောက်သည် မူလစွမ်းအင်ပြည့်ဝလျှင်တောင် သူတို့၏ ကြယ်ဝိညာဉ်အရည်အချင်းကို ပြင်ဆင်ရန် အချိန်မရှိလိုက်ပေ။ မှော်သားရဲများ၏ ကြီးမားသောခန္ဓာကိုယ်များသည် ပြေးဝင်လာကြသည်။ သူတို့၏ပါးစပ်များသည် အင်တုံတစ်လုံးစာကြီးမားကာ ချွန်ထက်သောသွားများ သည် ညင်သာစွာပိတ်သွားကြသည်။ နားမခံသာသောအော်သံလေးသံသည် တိမ်တိုက်များအကြားတွင် ပေါ်ထွက်လာပြီး မိုးပေါ်တွင်ပျောက်ဆုံးသွားသည်။ အားကောင်းသောလူသားဝိညာဉ်သခင်လေးဦးသည် ဘာမှမကျန်တော့ လောက်အောင် အစားခံလိုက်ရလေပြီ။

သခင်သေသွားသည်နှင့် ခရမ်းရောင်မီးတောက်ကြောင့် လောင်ကျွမ်း ထားသော နတ်သားရဲနှင့် မွန်မြတ်သောသားရဲတို့သည်ကောင်းကင်နှင့် မြေကြီး စည်းမျဉ်း၏ဝါးမျိုခြင်းကိုခံလိုက်ရလေတော့သည်။ မိုးပေါ်တွင် အနက်ရောင် သားရဲများမှလွဲပြီး အရာအားလုံး ရှင်းလင်းသွားသည်။

မှော်သားရဲများအားလုံးသည် ပေထင်းဟွမ် စကားပြောလာမည်ကို စောင့် နေကြသည်။ မွန်မြတ်သောသားရဲတစ်ကောင်၏ ဉာဏ်ရည်သည် လူသား တစ်ယောက်နှင့်မခြားပေ။ ဤတိုက်ပွဲတွင် သူတို့၏ခသင်များသည် အနက်ဝတ် ထားသောလူငယ်၏ စကားကိုနာခံကြသည်။ သူတို့သခင်၏အမိန့်မရှိလျှင် သခင်ရှိရာဘက်ကို စိတ်ထင်တိုင်းမလှည့်ရဲကြပေ။ မှော်သားရဲများသည် ပေထင်းဟွမ်အား ကြည့်လာကြသည်။

“ပြီးပြီ သွားရအောင်” ပေထင်းဟွမ်သည် တုန်ဖန်းကျောက်ကို ခေါ်ထုတ် လာသည်။ သူမသည် ရှေ့တစ်လှမ်းတိုးပြီး ခရမ်းရောင်မီးတောက်အတောင်ပံ ခြင်္သေ့ရှိရာဘက်သို့ ပျံသန်းသွားလိုက်သည်။

လူသားတစ်ယောက် ရုတ်တရက်ပေါ်လာည်ကို ကြည့်ပြီး ခရမ်းရောင် အတောင်ပံခြင်္သေ့သည် ဒေါသထွက်လွန်းသဖြင့် မျက်လုံးလှိမ့်ကာ မေ့လဲသွား တော့သည်။ ထိုအခိုက်အတန့်တွင် သစ်တတ်ကျားနှင့် မွန်မြတ်သောသားရဲတို့ တွင် သခင်မရှိနိုင်ဟု ယုံကြည်နေဆဲဖြစ်ပါက ယနေ့ချိန်ထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။

နတ်သားရဲများသည် ၎င်းတို့၏စွမ်းအားကိုမှီခိုပြီး အမျိုးမျိုးသော မွန်မြတ် သည့်သားရြများကို အမိန့်ပေးနိုင်သည်။ သို့သော် အကန့်အသတ်ရှိသည်။ သေချာပေါက် အရေအတွက်မများနိုင်ပေ။ ကြယ် ၉ ပွင့် နတ်သားရဲဖြစ်သည့် သူပင်လျှင် မွန်မြတ်သောသားရဲ အကောင် ၂၀ မျှကိုသာ အမိန့်ပေးနိုင်သည်။ ဤသစ်တတ်ကျားသည် ကြယ် ၂ ပွင့်နတ်သားရဲသာဖြစ်သည်။

ထို့အပြင် ဤမျှကြီးမားသောမှော်သားရဲအုပ်ကြီးတွင် မျိုးစိတ်တူသည့် မွန်မြတ်သောသားရဲနှစ်အုပ်ဖြစ်သည့် နှင်းဝံပုလွေနှင့် မီးကြွက်တို့ပါသည်။ အုပ်စုဖွဲ့နေတတ်သော သားရဲများတွင် ၎င်းတို့၏သန္ဓေပြောင်းဘုရင်ရှိတတ်ကြ သည်။ ထို့ကြောင့် သစ်တတ်ကျား၏အမိန့်ကို သူတို့ မည်သို့နာခံကြမည်နည်း။

ဖြစ်နိုင်ချေမှာ တစ်ခုသာရှိသည်။ ဤမှော်သားရဲများတွင် ပိုင်ရှင်ရှိသည်။

ဒီလောက်ကြီးတဲ့ မွန်မြတ်တဲ့သားရဲအုပ်ရှိနေတာဆိုတော့ အနက်ရောင် ဝတ်ထားတဲ့လူငယ်က ကြောက်ဖို့ကောင်းနေတာမဟုတ်ဘူးလား။

All Chapters