← Chapters

မင်းပြန်တိုက်ခိုက်နိုင်မယ်လို့ ထင်နေတုန်းလား

Vol. 17 Ch. 338

မင်းပြန်တိုက်ခိုက်နိုင်မယ်လို့ ထင်နေတုန်းလား

Vol. 17 Ch. 338

“လူသားအစုတ်အပတ် ဒီမှော်သားရဲတွေအကုန်လုံးက မင်းဟာတွေလား” ခရမ်းရောင်အတောင်ပံခြင်္သေ့ဘုရင်သည် စဉ်းစားကြည့်ပြီး အမှန်တရားကို လက်မခံနိုင်ပေ။

သို့သော် ဤအခိုက်အတန့်တွင် မိုးပေါ်မှ မှော်သားရဲများသည် လေထဲတွင် တိုးတိတ်စွာပေါလောပေါ်နေပြီး ထိုလူသားစကားပြောလာမည်ကို စောင့်နေကြသည်။ ခရမ်းရောင်မီးတောက်အတောင်ပံ ခြင်္သေ့ဘုရင်သည် ထို အနက်ဝတ်လူငယ်ကို ထောင်လွှားသောမျက်လုံးများဖြင့် ကြည့်လေသည်။ “မင်းရဲ့မှော်သားရဲတွေအပေါ်ကို မှီခိုပြီး ငါ့ကိုအရှုံးပေးခိုင်းရင် မင်းအိမ်ပြန်ပြီး နှစ်နှစ်လောက် နွားနို့သွားသောက်ပြီးမှ ပြန်လာခဲ့”

ပေထင်းဟွမ်၏ခွန်အားသည် ကောင်းကင်ကိုအံတုနိုင်သော်လည်း ကြယ် ၉ ပွင့်နတ်သားရဲ၏ ဂုဏ်သိက္ခာကို မဖောက်ဖျက်နိုင်ပေ။ ခရမ်းရောင် မီးတောက်အတောင်ပံခြင်္သေ့ဘုရင်သည် လုံးဝမကျဆုံးခင်အထိ လူသားများ အား အရှုံးပေးသွားမည်မဟုတ်ပေ။

“မင်းတို့အားလုံး သွားလိုက်ကြတော့ မိုးကြိုးသွား တပ်မှူးကို သွားခေါ် လိုက်” ပေထင်းဟွမ်သည် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်ကို လျစ်လျူရှုနေသည်။ မိုးကြိုးသွားကိုပြောပြီးနောက် လက်ဝေ့ယမ်းလိုက်ရာ သူမ ဘေးတွင် မီးလုံးနှင့်တူသည့် အနီရောင်မြေခွေးတစ်ကောင်ပေါ်လာသည်။ ၎င်း၏ အမွေးထူလှသည့် အမြီးများသည် ၎င်းသခင်၏ဘေးတွင် ခွေနေကာ ကြယ် ၇ ပွင့်နတ်သားရဲတစ်ကောင်၏ ဖိအားမှာ သဲ့သဲ့ထွက်နေသည် “မင်း သူ့ကို တိုက်ခိုက်နိုင်မယ်လို့ထင်လား”

အမြီးကိုးချောင်းမီးမြေခွေးသည်လည်း ကောင်းကင်မီးရှိသည့် မှော်သားရဲ ဖြစ်သည်။

ထို့အပြင် ကောာင်းကင်မီးသည် ခရမ်းရောင်မီးထက် ပိုမြင့်သည်။

၎င်း၏အထွတ်အထိတ်အချိန်သို့ရောက်နေလျှင် ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့သည် ကြယ် ၉ ပွင့်နှင့် အမြီးကိုးချောင်းမီးမြေခွေးကို ချေမွ ဖြစ်နိုင်သည်။ သို့သော် ဤအခိုက်အတန့်တွင် ခရမ်းရောင်မီးတောက်အတောင် ပံခြင်္သေ့သည် ၎င်း၏အဆုံးစွန်သောစွမ်းရည်ကို ထုတ်ပြီးဖြစ်ရာ ကြယ် ၇ ပွင့် အမြီးကိုးချောင်းမီးမြေခွေးကို တိုက်ခိုက်ရန်ခွန်အားမရှိတော့ပေ။

ကြယ် ၉ ပွင့်နတ်သားရဲသည် လွန်စွာ ဂုဏ်မောက်သည်။ သို့သော် ခွန်အားကွာခြားလျှင် လက်တွေ့ကို လက်ခံရမည်မှာ အသေအချာပင်။ “ကောက်ကျစ်လိုက်တဲ့လူသား.. ငါ့ရှေ့က ကောင်းကင်အဆင့်ဝိညာဉ်သခင် လေးယောက်ကြောင့်သာမဟုတ်ရင် မင်းကို ငါကအရှုံးပေးမယ်ထင်လား”

ပေထင်းဟွမ်သည် လက်ပိုက်ပြီးရပ်နေသည်။ သူမ၏ ပြောင်မြောက် သော အနက်ရောင်ဝတ်ရုံသည် လေနှင့်အတူလွင့်နေကာ သူမ၏ ရှည်လျား သော စုစည်းထားသည့် ဆံပင်သည် ရှေ့သို့လွင့်ပါလာသည်။ ခရမ်းရောင် ဖဲပြား သည် နေရောင်နှင့်အတူရောယှက်ကာ နေရောင်နှင့်အတူ တောက်ပနေသည်။ “ကောက်ကျစ်တယ်ဆိုတာမှာ တခြားအဓိပ္ပာယ်ရှိသေးတယ်.. ဒါက ဉာဏ်ကောင်းတာပဲ.. မင်းက သန်မာတာဟုတ်တယ် ကြယ် ၉ ပွင့်နတ်သားရဲ.. မင်းက အထွတ်အထိပ်သားရဲဖြစ်ဖို့ လက်တစ်ကမ်းပဲလိုတော့တယ်.. ဒါပေမဲ့ ဘာဖြစ်လဲ.. မင်းကို ဖြားယောင်းဖို့ ငါ့မှာ နည်းလမ်းတွေအများကြီးရှိတယ်… ဒါပေမဲ့ ငါ့စွမ်းအားတွေကို အလဟဿအကုန်မခံနိုင်ဘူး”

တုန်ဖန်းကျောက်သည် ထိုစကားကိုကြားသောအခါ အန်ချင်မိသည်။ ဒီကောင်.. ဒီ့ထက်ပိုပြီး ထောင်လွှားစရာရှိသေးရဲ့လား။

အဖွဲ့ကိုဦးဆောင်လာသည့် ပေထင်းလင်အပါအဝင် မိသားစုကြီးသုံးခုမှ နည်းပြတို့သည် ပေထင်းဟွမ်၏စကားများကြောင့် မေ့လဲလုမတတ်ပင်။ ၎င်း သည် ကြယ် ၉ ပွင့်နတ်သားရဲဖြစ်သည်။ သူ့ခွန်အားကို အထင်သေးဖို့ သူမမှာ ဘာအခွင့်အရေးရှိလို့လဲ။ စီရင်ချက်ဗိမာန်က ကောင်းကင်အဆင့်ဝိညာဉ်သခင် တွေ ပြိုလဲသွားတာမမြင်လိုက်ဘူးလား။ သူမက ဖြားယောင်းဖို့ ပျင်းတယ်လို့ တောင် ပြောနေသေးတယ်။ ဒီလိုအထင်သေးမှုက ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့ကို ဒေါသထွက်ပြီး သေသွားစေနိုင်လောက်တယ်။ အစောက ပင် ပေထင်းဟွမ်သည် ကြယ် ၉ ပွင့်နတ်သားရဲနှင့် စီရင်ချက်ဗိမာန်မှ ကောင်းကင်အဆင့်ဝိညာဉ်သခင်များနှင့် မယှဉ်နိုင်မည်ကို သူတို့ စိုးရိမ်ခဲ့ကြ၏။ ခြင်္သေ့ဘုရင်တောင်တန်းကို မဝင်ခင်တွင် သူတို့သည် ကန်ဘေးတွင်စောင့်နေ သည့် သံမဏိသွေးအဖွဲ့ဝင်များနှင့်တွေ့ကာ ပေထင်းဟွမ်၏ ‘ဆိုးယုတ်သည့် အစီအစဉ်’ ကို သိခဲ့ရသည်။ ၎င်းသည် လူကိုဒေါသထွက်ပြီးသေစေနိုင်သည်။

ယခု သူတို့သည် သူမ၏စကားများကို ကြားသောအခါ ဤလူငယ်၏ ထောင်လွှားမှုသည် ထိတ်လန့်ဖွယ်ကောင်းသည်ကို သိလိုက်ရသည်။

ထင်ထားသည့်အတိုင်းပင် ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။ လူသားလေးယောက်ထုတ်လွှတ်သည့် ကြယ် ဝိညာဉ်စွမ်းရည်နှင့်ယှဉ်လျှင် ဤကောင်လေး၏ပါးစပ်သည် ပိုရက်စက်သည်။

“ဟုတ်တယ် မင်းကို ငါကိုယ်တိုင်လှုပ်ရှားဖို့မလိုဘူး.. ခြင်္သေ့လေး အဲဒီ ငတုံးလေးယောက်နဲ့တင်လုံလောက်နေပြီ” ကျို့ယန်သည် အစကတည်းကပင် လျှာစောင်းထက်သည်။ သူမသည် ခေါင်းဆောင်မင်၏ လေသံအတိုင်း အတုခိုး ထားသည်။ သူမပါးစပ်မှ စကားများထွက်သွားသည်နှင့် ခရမ်းရောင်မီးတောက် အတောင်ပံခြင်္သေ့ဘုရင်သည် ဒေါသထွက်သဖြင့် မြေပေါ်မှထခုန်မိသည်။ ၎င်း သည် အတောင်ပံခတ်လိုက်ရာ နာကျင်မှုကြောင့် ကျဉ်းကျုတ်သွားလေသည်။

“ရူးလိုက်တဲ့မြေခွေး ငါ့ကို ခြင်္သေ့လေးလို့ ခေါ်ရဲသေးတာလား” ခရမ်း ရောင်မီးတောက် အတောင်ပံခြင်္သေ့သည် ရှေ့လက်များကိုမြှောက်လိုက်ရာ ရုတ်တရက် လေပေါ်သို့မြောက်သွားသည်။ ခရမ်းရောင်လေမှ ချွန်ထက်သော ဓားသွားအဖြစ်ပြောင်းကာ အမြီးကိုးချောင်းမီးမြေခွေးအား တိုက်ခိုက်လေသည်…

All Chapters