ငါ့မှာ အခြေအနေနှစ်ခုရှိတယ်
Vol. 17 Ch. 339
ကြယ် ၉ ပွင့်နတ်သားရဲပီသသည်။ ၎င်း၏ခန္ဓာကိုယ်ထဲမှ မာနသည် အသက်ဆုံးရှုံးတော့မည့် နောက်ဆုံးအခိုက်အတန့်ထိပင် မကျဆုံးပေ။
ကျို့ယန်သည် အဖိုးမတန်သည့်အရာပေါ် အချိန်ကုန်ခံမည်မဟုတ်ပေ။ ခေါင်းဆောင်မင်သည် သူမကို ‘မြေခွေးလေး’ ဟုခေါ်ခဲ့သည်။ သို့သော် ဤ ခရမ်းရောင်မီးတောက်အတောင်ပံခြင်္သေ့ဘုရင်သည် မပြောပေ။ ၎င်းသည် ဒေါသထွက်ပြီး ချက်ချင်းထခုန်ခဲ့သည်။ ၎င်း၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ မျက်လုံးနှစ်လုံးမှ မီးတောက်လုံးနှစ်လုံးခုန်ထွက်လာခဲ့ သည်။ လျှပ်စီးနှင့်တူသောမီးတောက်များသည် အလင်းတန်းသဖွယ် စုစည်း ပြီး ခရမ်းရောင်ဓားသွားနှင့် ထိပ်တိုက်တွေ့သည်။
အနီရောင်နှင့် ခရမ်းရောင်မီးတောက်နှစ်ခုလုံးမှာ တောက်ပပြီး ကောင်းကင်တစ်ခုလုံးကို ထွန်းလင်းစေကာ နှစ်ခုတိုက်မိသောအခါ မီးပန်းမီးပွားများအဖြစ် ပေါက်ကွဲသွားလေသည်။
သို့သော် ထိုမီးပန်းမီးပွားများသည် တစ်ခဏမျှ တုန်ခါသွားသည်။ အနီ ရောင်မီးတောက်ရောင်ခြည်သည် ခရမ်းရောင်လေဓားသွားကို ဖြတ်ပြီး ခရမ်း ရောင်မီးတောင်ပံခြင်္သေ့ကြီး၏ ကိုယ်ထည်ဆီသို့ တည့်တည့်တိုးဝင်သွားလေ ၏။ ၎င်းသည် ပခုံးနှင့်လည်ပင်းကိုထိုးဖောက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်ကာ ခြေထောက်များမှ ထွက်လာသည်။
လောင်ကျွမ်းနေသောအနံ့များသည် အဘက်ဘက်တွင်ပျံ့သွားကာ ခရမ်း ရောင်မီးတောင်ပံခြင်္သေ့၏တစ်ကိုယ်လုံးသည် အကြောဆွဲသွားလေသည်။ ပြင်းထန်သောနာကျင်မှုသည် ကြယ် ၉ ပွင့်နတ်သားရဲ၏ မာန်မာနကို သတ်သွားလေပြီ။ ကောင်းကင်တစ်ခွင်တွင် နားစည်ပေါက်သွားနိုင်လောက် သည့် ဝမ်းနည်းစရာအော်သံထွက်ပေါ်လာ၏။
တောင်ကြားတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးသည် ထိုမြင်ကွင်း ကို ငေးငိုင်စွာကြည့်ပြီး မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်ပြောခဲ့သည့်စကားများကို မည်သူမှ သံသယ မဝင်တော့ပေ။ သူမသည် ကြယ် ၉ ပွင့်နတ်သားရဲကိုရှင်းရန် နည်းလမ်းရှိသည် ဟုပြောခဲ့သည်။ ‘တံငါသည်၏ အမြတ်’ ကိုယူရခြင်းအကြောင်းအရင်းမှာ အမှန်တကယ်ပင် ကြောက်သောကြောင့်ဖြစ်သည်။
ခရမ်းရောင်မီးတောင်ပံခြင်္သေ့တွင် မွေးရာပါကောင်းကင်ခရမ်းရောင်မီးရှိ သည်။ ၎င်းသည် မီးတောက်များကိုခံနိုင်ရည်ရှိသည်။ သို့သော် အမြီးကိုးချောင်း မီးမြေခွေး၏မီးတောက်ကို မခံနိုင်ပေ။
ဆေးများကို လွတ်လွတ်လပ်လပ်သုံးနိုင်သည့် ကြယ်ဝိညာဉ်သခင်တစ်ဦး အနေနှင့် ပေထင်းဟွမ်သည် ဒြပ်စင်စွမ်းအင် ပြန်ပြည့်လာရန်အတွက် စိတ်ပူရန် မလိုပေ။ ထို့အပြင် သူမတွင် ကြယ် ၇ ပွင့် တိုက်ခိုက်ရေးအမျိုးအစား မှော်သားရဲ တစ်ကောင်ရှိသည်။ သူမသည် ဤကြယ် ၉ ပွင့်နတ်သားရဲကို သတ်ရန်အတွက် စိတ်ပူရန်မလိုပေ။
“အရှုံးပေးမှာလား အသေခံမှာလား” ပေထင်းဟွမ်၏အေးစက်သောအသံ သည် ခြင်္သေ့ဘုရင်တောင်တန်း အထက်တွင် ပဲ့တင်ထပ်နေသည်။
ချူဖုန်းအမြန်ပြေးလာချိန်တွင် သူမ၏အေးစက်သောပုံရိပ်ကိုမြင်လိုက်ရ သည်။ သူမသည် သွယ်လျပြီးအားနည်းကာ မြင့်မားပြီး သန်မာပုံမပေါ်ပေ။ သို့သော် သူမ၏အားကောင်းသောရောင်ဝါသည် လူအများကို ထိတ်လန့်စေ သည်။ သူမ၏အင်္ကျီနှင့် အနက်ရောင်ဆံပင်များသည် လေထဲတွင် လွင့်နေ၏။ သူမသည် ရှေးစစ်နတ်ဘုရားနှင့်တူပြီး လူအများကို လှည့်ကြည့်စေလောက် သည်။
ကြီးမားသောသံမဏိသွေးကြေးစားအဖွဲ့သည် သူမအနောက်တွင်ရှိနေ သည်။ ဝိညာဉ်သခင်များသည် သူတို့၏မှော်သားရဲများကို စီးနင်းလျက်ရှိသည်။ ၎င်းသည် ခမ်းနားသောမြင်ကွင်းပင်။ ထိုအခိုက်အတန့်တွင် ၎င်းသည် သူမရှေ့ တွင် ပြားပြားဝပ်နေသည်။ အစုံလိုက်ကဲ့သို့ပင် သူမ၏ထူးခြားသောရောင်ဝါ ကြောင့် ဖိနှိပ်ခံနေရသည်။
အရှုံးပေးရမဘ်ဟုတ်လား။ ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ မူလက တက်ကြွနေသည့်မျက်လုံးများတွင် အလင်းများတောက်ပလာသည်။ ဒီလူငယ် က အမြင့်ဆုံးသားရဲထိန်းဖြစ်နေလို့လား။ ဒါဆို သူတို့က သူ့ရဲ့နတ်မိစ္ဆာ အမြုတေကို မလိုဘူးလား။ ဒါပေမဲ့ သူ့ကလေးတွေ…
“မင်းက အရှုံးပေးစေချင်တာလား” ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ အသံသည် တုန်ယင်နေသည် “ငါ့မှာ အခြေအနေနှစ်ခုရှိတယ်”
“သဘောတူတယ်” ပေထင်းဟွမ်သည် လက်ကိုနောက်ပစ်ထားကာ ခရမ်းရောင်မီးတောင်ပံခြင်္သေ့အား မည်းနက်သောမျက်လုံးများဖြင့် ကြည့်လိုက် သည် “ငါ ခရမ်းရောင်မီးတောက်သွေးသောက်အရင်းအမြစ် တစ်စက်မှမယူဘူး မင်းရဲ့ခြင်္သေ့ပေါက်လေးတွေကိစ္စကိုလည်း သဘောတူနိုင်တယ်.. မင်းတို့ ခွဲမနေ စေရဘူး”
ခရမ်းရောင်တောင်ပံခြင်္သေ့ဘုရင်၏ မျက်လုံးများပြူးကျယ်သွားသည်။ ဒီအခြေအနေနှစ်ခုလုံးကို ဘယ်လိုလုပ် သူမက သိနေတာလဲ။ သူသည် ပါးစပ် မဟရသေးသော်လည်း သူမသည် အရာအားလုံးကိုခန့်မှန်းမိနေသည်။ ထိတ်လန့်ခြင်းမှအပ ဤအခိုက်အတန့်တွင် ခရမ်းရောင်တောင်ပံခြင်္သေ့ဘုရင် ၏ စိတ်တွင် ကျေးဇူးတရားများဖြင့် ပြည့်နေသည်။ ဤကဲ့သို့ သခင်ရှိထားသည် မှာ မမှားနိုင်ပေ။
သူမသည် ခရမ်းရောင်တောင်ပံခြင်္သေ့ဘုရင်၏ တွေးများကို ဖတ်နိုင်သည့် အလား ပေထင်းဟွမ်၏နီရဲသောနှုတ်ခမ်းများသည် တွန့်ကွေးသွားသည်။ သူမ၏ အလေးမထားသောအကြည့်များသည် ခရမ်းရောင်တောင်ပံခြင်္သေ့ ဘုရင်ပေါ်သို့ ကျရောက်သွားသည် “မင်းသခင်က ငါမဟုတ်ဘူး”
“မင်းမဟုတ်ဘူးလား” ခရမ်းရောင်မီးတောင်ပံခြင်္သေ့၏ နှလုံးတစ်ခုလုံး တုန်ခါသွားသည်.. သူမ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ။ ကျွမ်းကျင်သူမဟုတ် ရင် သူ့သခင်ဖြစ်ဖို့ အဲလူမှာ ဘာအရည်အချင်းတွေရှိနေလို့လဲ။