အယူအဆကွဲလွဲခြင်း
Vol. 59 Ch. 813
ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၊ အမည်မသိနေရာတစ်ခု
ငယ်ရွယ်ကာ ချောမောခန့်ညားသည့် အမျိုးသားတစ်ဦးက မီးတောက်များ ဝန်းရံလျက် လေထဲတွင် ရပ်နေလေသည်။ သို့သော်လည်း သူက ပတ်ဝန်းကျင်ကြောင့် နည်းနည်းလေးမှ သက်ရောက်ခံရဟန်မပေါ်ပေ။ ထို့အပြင် ထိုလူငယ်လေးဝန်းကျင်တွင် ထူးထူးဆန်းဆန်း လေထုမျိုး ရှိနေပြီး သူက မိုးမြေကြားတွင် မတည်ရှိသလိုမျိုး ဖြစ်နေ၏။
သူက ရွှေရောင်အလင်း တောက်ပနေသည့် အညိုရောင် ပုတီးကုံးကို ကိုင်ထားလေသည်။
ထိုလူငယ်လေးက ဆံပင်မရှိဘဲ ဘုန်းကြီးသင်္ကန်းကို ဝတ်ဆင်ထား၏။ ထူးဆန်းသည်က တာအိုဘာသာ၏ ယင်ယန်ပုံကားချပ်တစ်ခု ပါဝင်နေသည်။ ထိုကွဲလွဲနေသည့် အယူအဆများက ထိုလူငယ်လေးနှင့် ပြီးပြည့်စုံစွာ တစ်သားတည်းဖြစ်နေပြီး မိုးမြေ၏ ပြယုဂ်အလား ထူးထူးဆန်းဆန်း အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
ဤသည်က ပြီးပြည့်စုံစွာ ပေါင်းစည်းနေသည့် ကိုယ်တော်ငယ်လေး၏ တစ်ခုတည်းသော ကွဲလွဲနေသည့်အရာ မဟုတ်ပေ။ သူ့ ငယ်ရွယ်သည့် သွင်ပြင်နဲ့မတူဘဲ ထိုလူငယ်လေးက လောကဒဏ်ဖြတ်ကျော်လာရသည့် အငွေ့အသက်မျိုး ကိန်းအောင်းနေသည်။
အချိန်က သူ့မျက်နှာအထက် မည်သည့်အရိပ်အယောင်မှ မချန်ထားခဲ့သော်လည်း သူနဲ့ တွေ့ဆုံသူတိုင်းက သူသည် အတွေ့အကြုံများစွာနှင့် ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများကို ဖြတ်ကျော်လာခဲ့ရပြီး မြောက်များစွာသော ဉာဏ်ပညာတို့ကို ပိုင်ဆိုင်ထားကာ အသက်ကြီးရင့်သူဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။
ဖုန်းဟွမ်က ရုတ်တရက်ဆိုသလို မျက်လုံးဖွင့်လိုက်သည့်အချိန် ယင်ယန်စွမ်းအား ထွက်ပေါ်လာသည်။ အကယ်၍ ယခု သူ့ကိုသာ ကြည့်လိုက်ပါက စကြဝဠာ၏ ဆင့်ကဲပြောင်းလဲမှုကို မြင်တွေ့နိုင်လေသည်။ သူတို့က အပြောင်းအလဲ၊ သေခြင်းရှင်ခြင်း၊ မွေးဖွားခြင်းနှင့် အသက်ကြီးရင့်ခြင်း၊ ဖန်ဆင်းခြင်းနှင့် ပျက်စီးခြင်း အစရှိသည့် အယူအဆသဘောတရားများကို နားလည်လာလိမ့်မည်။ သူတို့က ဆန့်ကျင်ဘက် သဘောတရားများတွင် ရှိနေသည့် ဆက်နွယ်မှု သို့မဟုတ် ပတ်သက်မှုများကို မြင်တွေ့နိုင်လိမ့်မည်။
ဖုန်းဟွမ်၏ တည်ငြိမ်နေသည့် အကြည့်က အဝေးတစ်နေရာသို့ထိုးဖောက်သွားကာ “တစ်ယောက်ယောက် ငါ့ကို ရှာတွေ့တယ်ဆိုတာ မယုံနိုင်သေးဘူး”
သူ့လေသံက တည်ငြိမ်နေသော်လည်း အနည်းငယ် အံ့အားသင့်သွားဟန်ပေါ်၏။ သူက သူ့စွမ်းရည်ကို မည်သူ့ထက်မဆို ကောင်းကောင်းသိထားလေသည်။ လက်ရှိ သူက ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ် အခြေအနေဖြင့် ကန့်သတ်ခံထားရခြင်း မရှိတော့သော်လည်း သူ့ပုန်းအောင်းရေးစွမ်းရည်က ကမ္ဘာထဲမှ အကောင်းဆုံးထဲမှ တစ်ခု ဖြစ်နေဆဲဖြစ်သည်။
သို့သော် တစ်စုံတစ်ယောက် သို့မဟုတ် သူ့မျိုးဆက်မှ ပြိုင်ပွဲဝင်တစ်ယောက်က သူ့ကို ရှာတွေ့သွားခဲ့သည်။
အာကာပြင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာကာ လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။
“ကျန်းပိယုလား” ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ သူက သူ့ရှေ့တွင် ရောက်လာသည့်သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း သဘောပေါက်သွားသည်။
“ဆရာတော် ဖုန်းဟွမ်ကို ရှာရတာ မလွယ်ဘူးပဲ”
ဖုန်းဟွမ်က သူမကို ဆက်လက် လေ့လာနေသည်။
“ဒကာမ ကိုယ်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိတဲ့ပုံပါပဲ။ ဘာလို့များ ရှာနေရတာလဲ”
“နောက်ဆုံး အနိုင်ရရှိသူ ကျန်တဲ့အထိ တိုက်ပွဲကတော့ ရှိနေမှာပဲ။ တကယ်လို့ ကျွန်မက ရန်ငြိုး မရှိဘူးဆိုရင်တောင် အနိုင်ရရှိဖို့ တစ်ခုတည်းနဲ့တင် ရှာဖွေဖို့ အကြောင်းအရင်း လုံလောက်နေပါပြီ” ကျန်းပိယုက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
သူမ၏ အစိမ်းရောင်ဝတ်ရုံက မီးတောက်များနှင့်အတူ စည်းချက်ညီစွာ ကခုန်နေလေ၏။
သူမ၏ မျက်ဝန်းက ဉာဏ်ပညာတောက်ပမှုဖြင့် ပြည့်နှက်နေသည်။
ဖုန်းဟွမ်က သူ မှားယွင်းနေသည်ဟု ခံစားနေမိသည့်အရာကို ချက်ချင်းသိလိုက်သည်။ သူ ယခင်က တွေ့ဆုံဖူးသည့် ကျန်းပိယုတွင် သန့်စင်ကာ ရိုးသားသည့် မျက်ဝန်းမျိုး ရှိလေသည်။ သူမ၏ သဘောထားက စိတ်ခံစားချက် သို့မဟုတ် ပြင်းထန်သည့် လိုအင်ဆန္ဒများနှင့် ကင်းကွာနေဟန်ပေါ်၏။
ထို့အပြင် သူမ၏ သန့်စင်သော စိတ်နှလုံးသားကြောင့် သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် မိုးမြေနှင့် တစ်သားတည်း ဖြစ်စေသည့်အလား သဘာဝတာအိုစည်းချက်များ ရှိလေသည်။
သို့သော်လည်း သူ့ရှေ့တွင် ရှိနေသည့်လူကမူ တာအိုစည်းချက်များအားလုံး ပျောက်ဆုံးနေပြီး ဓာတ်ငါးပါးစွမ်းအားဖြင့်သာ အစားထိုးထားလေသည်။ နောက်ဆုံးတွင် သူမ၏ မျက်ဝန်းအထက် နက်နဲသော ဉာဏ်ပညာနှင့်အတူ ကောင်းမွန်စွာ ပုန်းအောင်းထားသည့် တိုက်ခိုက်လိုစိတ်တို့ ရှိနေသည်။
ဖုန်းဟွမ်က သူမသည် ဤအပြောင်းအလဲကြောင့် သူမကို ဘယ်သူလဲဟု မေးချင်လာမိ၏။ ထို့ကြောင့် သူက ဗုဒ္ဓမန္တန် ဖြစ်သည့် အစစ်အမှန်စိတ်နှလုံးသားကို အသက်သွင်းလိုက်ပြီး သူမက သူ့လိုမျိုး ယခင် ကျန်းပိယုကို ပူးကပ်ထားသည့် မကောင်းဆိုးဝါးအိုကြီးလားဟု စစ်ဆေးကြည့်လိုက်သည်။
သူ့အတွက် ကံကောင်းသွားသည်က သူသည် သူမ၏ တကယ့်အစစ်အမှန်ကိုယ် ဖြစ်ဟန်ပေါ်၏။
ကောင်းပြီ။ အမည်မသိ အပြောင်းအလဲနဲ့တော့ ဖြေရှင်းစရာတော့ မလိုဘူးပဲ…
ဖုန်းဟွမ်က တွေးလိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ ဒကာမက ကိုယ်တော်ကို ဒီလောက် အားစိုက်ထုတ်ပြီး ရှာနေတဲ့ အကြောင်းအရင်းတော့ မဟုတ်ဘူးလို့ ထင်တယ်။ ကိုယ်တော်က ထိုက်ယီနက်နဲမုခ်ကို သစ္စာဖောက်လို့ ရောက်လာတာလား” ဖုန်းဟွမ်က မေးလိုက်၏။
ဖုန်းဟွမ်က ကိစ္စများသည် ထိုမျှမရိုးရှင်းကြောင်း ခံစားမိနေသည်။ ထိုက်ယီနက်နဲမုခ်နှင့် ဓာတ်ငါးပါးမျှခြေ နန်းဆောင်တို့ကို ဤဆက်ဆံရေးက မကောင်းလှပေ။ ပြောရလျှင် ထိုက်ယီနက်နဲမုခ် သစ္စာဖောက်ခံရသည့်အတွက်ပင် ပျော်ရွှင်နေသင့်၏။
“တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ ကျွန်မတို့နန်းဆောင်က ထိုက်ယီနက်နဲမုခ်နဲ့ ပဋိပက္ခတွေ ရှိပေမဲ့ ဗုဒ္ဓဘာသာ မြင့်တက်လာမှုကို ခွင့်မပြုနိုင်ဘူးဆိုတဲ့ တူညီချက် တစ်ခုတော့ ရှိတယ်” ကျန်းပိယုက ပြန်ဖြေလိုက်၏။
ဖုန်းဟွမ်က ခေတ္တမျှ ရပ်တန့်သွားပြီးသည့်နောက်တွင် ကိစ္စများက ဤမျှ မရိုးရှင်းကြောင်း ထပ်မံ ခံစားမိလိုက်ပြန်သည်။
“ကမ္ဘာကြီးက ကျယ်ပြန့်ပါတယ်။ ကိုယ်တော်တို့ ဘာသာရေးတွေက အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ဘာလို့ ယှဉ်တွဲ မရှိနိုင်ရမှာလဲ”
“ကမ္ဘာကြီးက ကျယ်ပြောတယ်ဆိုပေမဲ့ အရင်းအမြစ်တွေက အကန့်အသတ်နဲ့ပဲ။ ပြီးတော့ တာအိုဘာသာကသာ အသင်္ချေအင်ပါယာကမ္ဘာရဲ့ အဓိက ဘာသာရေး ဖြစ်နိုင်တယ်”
ဖုန်းဟွမ်က သူ့စကားများသည် အသုံးမဝင်ကြောင်း သိလိုက်သည်။ တာအိုဘာသာနှင့် ဗုဒ္ဓဘာသာကြားမှ ပဋိပက္ခများသည် ကံကောင်းမှုနှင့် ကြမ္မာတို့ ပါဝင်နေ၏။ ထို့ကြောင့် သူတို့သည် အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲရှိနိုင်ဖို့ မဖြစ်နိုင်ပေ။
ရှေးခေတ်အချိန်ကတည်းက တစ်ခုက အင်အားကြီးခဲ့လျှင် နောက်တစ်ခုက အားနည်းကာ ဖိနှိပ်ခံထားရမည် ဖြစ်သည်။
“ဗုဒ္ဓဘာသာရဲ့ မြင့်တက်လာမှုက မိုးမြေရဲ့ အလိုတော်အတိုင်းပဲ” ဖုန်းဟွမ်က သက်ပြင်းချကာ ပြောလိုက်၏။ သူက ဒိုင်မေးရှင်းအမြင့်ဆီမှ ထောက်ပံ့မှုနှင့် ကောင်းကင်တာအို၏ ကာကွယ်မှုကို ရရှိထားသည့်အတွက် ဗုဒ္ဓဘာသာ၏ မြင့်တက်လာမှုသည် အသင်္ချေအင်ပါယာကမ္ဘာ၏ ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလရောက်ရှိလာသလိုမျိုး တားဆီးမရနိုင်ကြောင်း သိထားလေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြင့်တက်လာမှုသည် နှောင့်နှေး၍ ရသော်လည်း ရပ်တန့်မရနိုင်ပေ။
“ကျွန်မသာ တာအိုသက်သေပြပြီးတော့ ထာဝရဧကရာဇ် တစ်ယောက်ဖြစ်လာတာနဲ့ ဗုဒ္ဓဘာသာ မြင့်တက်လာမှုကို မျိုးဆက်ရာချီ နှောင့်နှေးထားနိုင်မှာပဲ။ အဲဒီအချိန်တွင်းမှာ ကျွန်မရဲ့ ဓာတ်ငါးပါးမျှခြေ နန်းဆောင်က ပြင်ဆင်ဖို့ အချိန်အများကြီး ရလာလိမ့်မယ်”
သူမက ငါ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေနဲ့ အတော်လေးကို ကွဲလွဲနေတာပဲ…
ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူက သူ့သူလျှိုအဖွဲ့အစည်းမှ ရရှိထားသည့် သတင်းအချက်အလက်များကို သုံးသပ်ကြည့်လိုက်၏။
နန်းဆောင်က သူမရဲ့ သန့်စင်နှလုံးသားကြောင့် တိုက်ပွဲစိတ်ဓာတ် လိုအပ်နေမှုကို ဖယ်ရှားဖို့ သူမ၏ စရိုက်ကို ပြောင်းလဲပစ်ခဲ့တာများလား…
သန့်စင်နှလုံးသားသည် တာအိုကို နားလည်ဖို့အတွက် အပြီးပြည့်စုံဆုံး အခြေအနေထဲမှ တစ်ခု ဖြစ်၏။ သို့သော်လည်း ထိုအရာက အားနည်းချက် တစ်ခု ရှိလေသည်။ တိုက်ခိုက်ရေး အားနည်းခြင်း ဖြစ်၏။ ထိပ်သီးကောင်းကင်ရွေးချယ်ခံတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် တိုက်ပွဲများစွာနှင့် သတ်ဖြတ်ခြင်းများစွာ လိုအပ်လေသည်။
သို့သော်လည်း အများအပြား သတ်ဖြတ်ခြင်းက သန့်စင်စိတ်နှလုံးသား၏အပြစ်ကင်းမှုနှင့် သန့်စင်မှုတို့ကို ဖျက်ဆီးသွားလိမ့်မည်။ ထို့ကြောင့် ဤပါရမီမျိုးဖြင့် တိုက်ခိုက်ရေး အားကောင်းသည့် ပါရမီရှင်ကို ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်ပေ။
မဟုတ်သေးဘူး။ သူတို့က ဒီပါရမီကို ဖျက်ဆီးပစ်မှာတော့ မဟုတ်ဘူး
သန့်စင်စိတ်နှလုံးသားသည် ဧကရာဇ်အဆင့်တွင် ပို၍ အသုံးဝင်လာမည်ဖြစ်ကာ မဟာတာအိုအရင်းအမြစ်ကို နားလည်အောင် လုပ်ဆောင်နိုင်သည်။
နန်းဆောင်က သန့်စင်စိတ်နှလုံးသားကို စည်းပိတ်ထားပြီးတော့ ဒုတိယစရိုက်ခွဲကို ဖန်တီးခဲ့တဲ့ပုံပဲ…
ဖုန်းဟွမ်က ယုံကြည်မှုခေတ်ကာလမှာ ဗောဓိနှလုံးသားဧကရာဇ်ကို အမှတ်ရလိုက်သည်။ သူက သန့်စင်နှလုံးသား ရှိသည့် ဗုဒ္ဓဂိုဏ်းမှ ပါရမီရှင်တစ်ဦး ဖြစ်၏။ ဗုဒ္ဓဘာသာဂိုဏ်းက ဤနည်းလမ်းဖြင့် အသုံးပြုကာ သူ့ကို ပြိုင်ဘက်ကင်း အတုအယောင် ထာဝရဧကရာဇ်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သည်။
ဖုန်းဟွမ်၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။
“ဒကာမ … ကိုယ်တော် တာအိုကို သက်သေမပြနိုင်ရင် ဒကာမလည်း တာအိုကို သက်သေမပြနိုင်ဘူးဆိုတာ အာမခံနိုင်တယ်”
ကျန်းပိယုက ထိုစကားကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းဟွမ်က ဤမျိုးဆက်အတွင်း တာအိုဘာသာ တာအိုသက်သေပြခြင်းကို ကာကွယ်ဖို့အတွက် သူမနှင့်အတူ သေဆုံးနိုင်သည်။
သူက ဗုဒ္ဓဘာသာအတွက် အုတ်မြစ်ကို တာအိုဘာသာ၏ ကံကောင်းမှုနှင့် ပေါင်းစပ်ထားပြီးသားဖြစ်သည့်အတွက် ဗုဒ္ဓဘာသာ မြင့်တက်လာဖို့အတွက် အချိန်တစ်ခုပဲ လိုအပ်လိမ့်မည်။
တာအိုဘာသာ၏ ကံကောင်းမှုနှင့် ကောင်းကင်တာအို၏ မျက်နှာသာပေးမှုတို့ဖြင့် ဗုဒ္ဓဘာသာထဲ ပါရမီရှင် မြောက်များစွာ မွေးဖွားလာလိမ့်မည်။ တစ်ယောက်က တာအိုကို သက်သေပြနိုင်သည်နှင့် သူတို့၏ ပြန်လည်ရှင်သန်မှုကို အာမခံပေးနိုင်သည်။ အကယ်၍ သူတို့သာ ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်ပါက ပိုမိုကြွယ်ဝစည်ပင်လာလိမ့်မည်။
ကျန်းပိယုက ချက်ချင်းဆိုသလို သတိကြီးကြီးထားလာသည်။ သူမက အကြောင်းအရင်း နှစ်ခုကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။ ပထမတစ်ခုက ဓာတ်ငါးပါးမျှခြေနန်းဆောင်မှ အမိန့်ကြောင့် ဖြစ်သည်။ သူတို့က ဖုန်းဟွမ်ကို ဖမ်းဆီးကာ သတ်ဖြတ်ခြင်းသည် နန်းဆောင်ကို ပြန်လည်ရှင်သန်ဖို့အတွက် ဓာတ်ကူး ဖြစ်လိမ့်မည်ဟု ယူဆထားကြသည်။
ထိုက်ယီနက်နဲမုခ်က အသင်္ချေအင်ပါယာကမ္ဘာရှိ တာအိုဘာသာ၏ ကံကောင်းမှုအများစုကို ဆုပ်ကိုင်ထားကြသည်။ နန်းဆောင်က ရှုံးနိမ့်ပြီး အလယ်ပိုင်းကုန်းမြေမှ ထွက်လာပြီးသည့်နောက်တွင် ထိုအရာက သူတို့၏ ဆုလာဘ် ဖြစ်လာခဲ့၏။
သို့သော် ယခုတွင် ဖုန်းဟွမ်က တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ၏ ကံကောင်းမှုကို ဆက်နွယ်ခဲ့သည့်အတွက် ထိုကံကောင်းမှုကို ရယူနိုင်သည်။ ထို့ကြောင့် သူတို့ဂိုဏ်းက သူ့ကိုသာ ရသရွေ့ အလယ်ပိုင်းကုန်းမြေဆီ ပြန်သွားကာ ပြန်လည်ရှင်သန်နိုင်သည်။
ဤသည်က ကျန်းပိယု သူ့ကို အားစိုက်ထုတ်ရှာနေရသည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ ထိုအရာက သူမ သုံးခဲ့သည့် အကြောင်းပြချက်သာ ဖြစ်၏။ အဓိကအကြောင်းအရင်းကမူ နှလုံးသားငါးခု ဧကရာဇ်ကြောင့် ဖြစ်သည်။
လက်ရှိ ကျန်းပိယုက ထူးဆန်းသည့် အခြေအနေတွင် ရှိနေလေ၏။ သူမက နှလုံးသားငါးခုဧကရာဇ်၏ လွှမ်းမိုးမှုကို တိတ်တဆိတ် ခံနေရပြီး သူမ၏ စရိုက်က ပြောင်းလဲသွားကာ စိတ်အခြေအနေက အကောင်းဆုံး တိုက်ခိုက်သူ ဖြစ်လာသည်။
သို့သော်လည်း သူမက နှလုံးသားငါးခု ဧကရာဇ်နှင့် ဆက်နွယ်နေသည့် မှတ်ဉာဏ်များ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်က ကျန်းပိယုမှတဆင့် သတင်းအချက်အလက် တချို့ကို ရယူနိုင်လေ၏။
လတ်တလော သူမက ဒိုင်မေးရှင်းအနိမ့်တွင် တစ်စုံတစ်ခု ကြီးကြီးမားမားဖြစ်ပျက်တော့မည်ဟု ခံစားမိနေသည်။ သူမ၏ အလိုလိုသိစိတ်က အန္တရာယ်ကို သတိပေးနေလေ၏။ ထို့ကြောင့် သူမက စွန့်စားကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
သူမက ဤကိုယ်ပွားကို အသုံးပြု၍ သူမ၏ ကျင့်ကြံရေးတွင် အကူအညီဖြစ်စေဖို့ ဗုဒ္ဓဘာသာ၏ ကံကောင်းမှုကို စုပ်ယူရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူမက ဒိုင်မေးရှင်းအမြင့်သို့ ထွက်ပြေးနိုင်လေ၏။
ဤသို့သော များပြားလှသည့် ကံကောင်းမှုကို အတင်းအကြပ် စုပ်ယူပြီးသည့်နောက်တွင် သူမ၏ ကျင့်ကြံရေးက အချိန်တိုအတွင်း ၅ ရာခိုင်နှုန်း တိုးမြင့်လာမည်ဖြစ်၍ ပြဿနာ မဟုတ်ပေ။
ဤသည်က သူမ၏ အစီအစဉ်သာမကပေ။ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ကို ပိတ်ချလိုက်သည့်အတွက် သူမက ပိုမိုစွန့်စားပြီး ကိုယ်ပွားတစ်ယောက်ထက်မနည်း ကောင်းကင်အလိုဆန္ဒအတွက် ယှဉ်ပြိုင်ဖို့ စေလွှတ်ခဲ့သည်။
ထို့ကြောင့် သူမ၏ ကျင့်ကြံရေးကို ကူညီပေးနိုင်ဖို့အတွက် အားကောင်းကာ ရှေးကျသည့် ဧကရာဇ်မျိုးနွယ်များမှ ကံကောင်းမှုကိုပင် အတင်းအကြပ် ခိုးယူဖို့ ပြင်ဆင်ထားခဲ့သည်။
ပုံမှန်အားဖြင့် သူမ၏ အသုံးအဆောင်သည် ကောင်းကင်တာအိုဆီမှ ကိုယ်ပွားများစွာကို ဖုံးကွယ်နိုင်မည် မဟုတ်သည့်အတွက် အလုပ်ဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း ဒိုင်မေးရှင်းအနိမ့်ရှိ အပြောင်းအလဲများက သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။