← Chapters

ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၁)

Vol. 59 Ch. 814

ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၁)

Vol. 59 Ch. 814

ဖုန်းဟွမ်က သူမကို ကြည့်ပြီးသည့်နောက်တွင် နဂိုအတိုင်း အေးချမ်းနေလေ၏။ သူက ကျန်းပိယုပေါ်ထွက်လာသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေမှန်း သိခဲ့သည်။

သူက သူ့အစီအစဉ်နှင့် ပတ်သက်ပြီး ယုံကြည်ချက် ရှိလေသည်။ ဤတိုက်ပွဲအတွက် သူနည်းဗျူဟာကလည်း ထိုစွမ်းရည် ပါဝင်နေလေ၏။ ဘုန်းကြီးဝူကျစ်ဆီမှ သူ့တွင် ဤတိုက်ပွဲကို အနိုင်ရရှိနိုင်ချေ မရှိကြောင်း သိပြီးသည့်နောက်တွင် ထိုသူက အဘယ်ကြောင့် ဒီလိုယုံကြည်နေသလဲဟု စစ်ဆေးမိခဲ့စဉ် နဝမအဆုံးစွန်အုတ်မြစ်၏ တည်ရှိမှုအကြောင်း သိခဲ့ရသည်။

ထို့ကြောင့် သူက တိထျန်းနှင့် ဝမ်ဝေ့တို့နှစ်ယောက် တိုက်ပွဲပြီးသည်အထိ စောင့်ဆိုင်းကာ အားနည်းနေသည့် အနိုင်ရရှိသူကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့သည်။ သူ့အစီအစဉ်က ခေတ္တမျှ အလုပ်ဖြစ်ခဲ့၏။ ဝမ်ဝေ့အပါအဝင် မည်သူကမှ သူ့အား ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း ကျန်းပိယုက သူ့နေရာသို့ ရောက်ရှိလာသည့်အခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

သူမက ဘယ်လိုနည်းလမ်းနဲ့ပဲ သုံးသုံး ရိုးရှင်းမှာတော့ မဟုတ်ဘူး…

ဖုန်းဟွမ်က သုံးသပ်လိုက်သည်။

သူမက ငါ့လိုမျိုးလား။ တစ်စုံတစ်ယောက်ရဲ့ ပူးကပ်မှုကို ခံနေရတာလား…

ကျင့်ကြံသူများက ခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးခြင်းမှာ ပို၍ကောင်းသည့်အတွက် ခန္ဓာကိုယ်ပူးကပ်ခြင်းကို သဘောမကျကြပေ။ အကယ်၍ နယ်ခြားခန္ဓာကိုယ် ဖြစ်နေပါက ဝိညာဉ်နှင့် ပြီးပြည့်စုံစွာ သင့်တော်ဖို့ အင်မတန် ခက်ခဲလှသည်။

ထို့ကြောင့် ခန္ဓာကိုယ်ပူးကပ်ခြင်းကို ရံဖန်ရံခါမျှသာ အသုံးပြုကြလေသည်။ ပထမတစ်ခုက ဆင်းရဲမှု ဖြစ်၏။ ကျင့်ကြံသူအများစုက ခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးဖို့ အရင်းအမြစ် သို့မဟုတ် နည်းလမ်းများ မရှိကြသည့်အခါ ဖြစ်၏။

ဒုတိယအကြောင်းအရင်းကမူ ပူးကပ်ခြင်းမှတဆင့် စွမ်းရည်ကို တိုးမြှင့်ခြင်း ဖြစ်၏။ ထိုနည်းလမ်းက သူတို့၏ စွမ်းဆောင်ရည်၏ အတားအဆီးများကို ပယ်ဖျက်နိုင်သည့် နည်းလမ်းထဲမှတစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့က အဆီအနှစ်နှင့် စိတ်ဝိညာဉ်သည် တစ်ရာ ရာခိုင်နှုန်း ကိုက်ညီမှု မရှိသည့် ပြဿနာကို ဖြေရှင်းရလိမ့်မည်။

ပြီးတော့ တချို့ဧကရာဇ်တွေက ကောင်းကင်အလိုဆန္ဒကို သုံးပြီးတော့ ပြန်ပြီး အသက်ပြန်ရှင်နိုင်ချေလည်း ရှိသေးတယ်…

ဖုန်းဟွမ်က တွေးလိုက်မိသည်။

ဒီလိုဖြစ်နေတယ်ဆိုရင် ဘာလို့ သူမက ငါ့ကို ရှာတွေ့သွားတယ်ဆိုတာကို ရှင်းပြပြီးသားဖြစ်သွားပြီ။ မဟုတ်သေးဘူး။ သာမန်ဧကရာဇ်က ငါ့ကို အလွယ်တကူ ရှာနိုင်မှာ မဟုတ်ဘူး…

သူက ခန္ဓာကိုယ်ရှိလာပြီဖြစ်သည့်အတွက် သူ့ဖုံးကွယ်ရေးစွမ်းရည်ကို အသုံးပြုဖို့ ခက်ခဲလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက ပုံမှန်ဧကရာဇ်တစ်ယောက် ရှာမတွေ့နိုင်လောက်အောင် ဖုံးကွယ်ဖို့ ယုံကြည်ချက်ရှိနေဆဲ ဖြစ်၏။

ဖုန်းဟွမ်က ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထလာသည်။ သူက ဘယ်ဖက်လက်တွင် ပုတီးကုံးကို ကိုင်ထားရင်း ညာဖက်လက်ဖြင့် ဆုတောင်းနေလေ၏။

သူမက တကယ့်ကျန်းပိယု ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါ သတိထားသင့်တယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို သုံးပြီးတော့ သူမကို စမ်းသပ်ကြည့်နိုင်တယ်…

ဖုန်းဟွမ်က ဤတိုက်ပွဲအတွက် သူ့အစီအစဉ်သည် ပျက်စီးသွားပြီဖြစ်သော်လည်း အေးချမ်းနေဆဲ ဖြစ်၏။ သူက ကျန်းပိယု ရောက်ရှိလာမှုသည် တိထျန်း သို့မဟုတ် ဝမ်ဝေ့တို့၏ အာရုံကို ဖမ်းစားသွားပြီဖြစ်ကြောင်း သိလေသည်။ အထူးသဖြင့် ဝမ်ဝေ့ ဖြစ်သည်။

ဝမ်ဝေ့၏ လုပ်ဆောင်ပုံကို သိထားသည့်အတွက် သူ့ကို ထပ်မံ ပုန်းအောင်းခွင့်ပြုမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ဖုန်းဟွမ်က အခြေအနေတစ်ခုလုံးတွင် တည်ငြိမ်နေဆဲ ဖြစ်၏။

အကြောင်းအရင်းကမူ

အကြောင်းအရင်းနှစ်ခု ရှိလေသည်။ ပထမတစ်ခုက သူ့စိတ်အခြေအနေအသစ် ဖြစ်၏။ ဗုဒ္ဓဘာသာ၏ ပြန်လည်ရှင်သန်မှုကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီးသည့်နောက်တွင် သူက ဉာဏ်အလင်းပွင့်ကာ စိတ်အခြေအနေက ဆင့်ကဲပြောင်းလဲလာခဲ့သည်။ စိတ်ဓာတ်ကျမှု၊ ဝမ်းနည်းမှု၊ မျှော်လင့်ချက် ကုန်ခမ်းမှုနှင့် တာဝန်ဝတ္တရားဟူသည့် လေးလံသော ဝန်ထုပ်ဝန်ပိုးတို့က ယခုအခါ ပျောက်ပျက်သွားပြီ ဖြစ်၏။

ဒုတိယတစ်ခုနှင့် အရေးကြီးသည့် အကြောင်းအရင်းကမူ မျှော်လင့်ချက် နှလုံးသားနှင့် ကုသိုလ်သက်သေပြ နည်းလမ်း ရှိထားလေသည်။ ထို့ကြောင့် ဖုန်းဟွမ်က တာအိုကို သက်သေပြပြီး ဧကရာဇ် ဖြစ်လာဖို့ ကံကြမ္မာဖန်မှန်း သိလေသည်။

ဤသို့သော စိတ်သဘောထားဖြင့် သူ့အတွက် တိုက်ပွဲက သူ့အကျိုးအမြတ်ကို မြှင့်တင်နိုင်မည့် ရိုးရိုးရှင်းရှင်း နည်းလမ်းတစ်ခုသာ ဖြစ်၏။ အကယ်၍ သူ့ဘာသာသူ တာအိုကို သက်သေပြပြီး မျှော်လင့်ချက် နှလုံးသားနှင့် ကုသိုလ်တာအိုသက်သေပြ နည်းလမ်းကို အသုံးပြုခဲ့လျှင် သူ့အင်အားက သိသိသာသာ တိုးတက်လာလိမ့်မည်။

ရှုံးနိမ့်တာက လက်ခံလို့ ရတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိ လက်လျှော့လို့မရဘူး…

ဖုန်းဟွမ်က တွေးလိုက်မိသည်။

“ဒကာမ စရအောင်”

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ဖုန်းဟွမ်၏ ခြေထောက်အောက်တွင် ရွှေရောင်အစီအရင်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် သားရေဝတ်ရုံ ဝတ်ဆင်ထားပြီး လက်နက်နှင့် ချပ်ဝတ်များ မရှိသည့် တပ်ဖွဲ့တစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း ထိုတပ်သားအားလုံးတွင် ကြေးနီရောင်အသားရောင် ရှိပြီး မျက်လုံးအထက် ရွှေရောင်အလင်းမျိုး ရှိနေလေသည်။

“ကိုယ်တော်က ဗာဂျရာတပ်ဖွဲ့ကို ဂုဏ်ယူတယ်။ ဒကာမ စမ်းကြည့်ပါဦး”

ကျန်းပိယုက မျက်မှောင်ကြုတ်ကာ “ကိုယ်တော် ကွေ့ပတ်မနေပဲနဲ့ မလိုအပ်တဲ့ အဆင့်တွေကို ဖယ်ရှားလိုက်ရအောင်”

သူမက တပ်ဖွဲ့နှင့် တိုက်ခိုက်ဖို့ အချိန်ကို မဖြုန်းတီးလိုပေ။ တပ်ဖွဲ့များက သူတို့အဆင့်လို ပါရမီရှင်မျိုးအတွက် အသုံးမဝင်ပေ။

အစပိုင်းတွင် ကျန်းပိယုက တိုက်ပွဲကို အနိုင်ရရှိဖို့ ယုံကြည်ချက် ရှိ၏။ သို့သော်လည်း လူတချို့နှင့် တွေ့ဆုံပြီး သူတို့၏ အင်အားကို အာရုံခံမိပြီးသည့်နောက်တွင် ထိုအတွေးအခေါ်က မည်မျှပင် ရယ်စရာကောင်းကြောင်း သဘောပေါက်သွားခဲ့၏။

မည်သို့ပင်ဆိုစေကာမူ သူမက ချက်ချင်း လက်မလျှော့ပေ။ တာအိုဘာသာ၏ ကံကောင်းမှုကို ခိုးယူခြင်းက သူမအတွက် အကျိုးရှိနေဆဲ ဖြစ်၏။ သူမသာ ထိုအရာကို ရယူနိုင်သရွေ့ ဤတိုက်ပွဲကွင်းပြင်ဆီ လာခဲ့ရသည့် ခရီးစဉ်က ထိုက်တန်လေသည်။

ထို့ကြောင့် သူမက တစ်စုံတစ်ခု ဖြစ်ပျက်လာမည်ကို မလိုလားသောကြောင့် ထိုကိုယ်တော်နှင့် အချိန်ဖြုန်းမနေလိုပေ။

“စပါ”

ဖုန်းဟွမ်က လက်အသာယမ်းလိုက်ပြီးသည့်နောက်တွင် သူမကို လှုပ်ရှားဖို့ လက်ဟန်ပြလိုက်သည်။ သူက တစ်ဖက်လူအကြောင်း အနည်းငယ် သိထားသော်လည်း တစ်ဖက်လူကမူ သူ့အကြောင်း အများကြီး သိထားဟန်ပေါ်၏။

ထို့ကြောင့် အကောင်းဆုံး ရွေးချယ်မှုက သူ့တပ်ဖွဲ့ကို အသုံးပြုကာ သူမ၏ စွမ်းရည်တချို့ကို ထုတ်ဖော်စေလိုက်ခြင်း ဖြစ်သည်။

“ရှင်တို့ ဗုဒ္ဓကိုယ်တော်တွေက သနားကရုဏာကြီးမားကြတာ မဟုတ်ဘူးလား။ ဒီတပ်သားတွေကို ရှင့်ရှေ့မှာ အသေခံနိုင်တယ်ပေါ့။ ဘာလို့တောင် အဲ့လောက် ရက်စက်ရတာလဲ” ကျန်းပိယုက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ကြောင်သူတော်ဆန်မှုက ရှင်တို့ဂိုဏ်း သမိုင်းကြောင်းကနေ ဖောက်ဖျက်ခံရတဲ့ အကြောင်းအရင်းထဲက တစ်ခုပဲ”

ဖုန်းဟွမ်က သူမ၏ စကားများကို မတုံ့ပြန်ပေ။ သူ့ဘဝ၌ အရာများစွာကို မြင်တွေ့ခဲ့ဖူးပြီး ထိုစကားများကို ကြားသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ထို့အပြင် ယခင်က ဗုဒ္ဓဘာသာဂိုဏ်း၏ အပြုအမူများသည် မှားယွင်းနေကြောင်း သိလေသည်။ ထို့ကြောင့် သူက အတိတ်၏ အမှားများကို သင်ယူပြီး သူ့ဗုဒ္ဓဘာသာအသစ်အတွက် ပြင်ဆင်ခဲ့သည်။

“လူတွေက ဘုန်းတော်ကြီးတွေကို ဖျာလိုလိပ် ဦးထိပ်တင်နေကြတာပဲ။ သူတို့တွေအနေနဲ့ ဘုန်းတော်ကြီးတွေက ပြစ်ချက်မရှိ အဆိုးမြင်ခံစားချက်မရှိဘဲ တစ်ကိုယ်ကောင်းစိတ်ခံစားချက်တွေ မရှိတဲ့ ပြီးပြည့်စုံတဲ့ သက်ရှိတွေလို့ ယုံကြည်ကြတယ်။

ဒါပေမဲ့ ကိုယ်တော်တို့က စိတ်ခံစားချက် ၇ပါးနဲ့ လိုအင်ဆန္ဒ ၆ပါးရှိတဲ့ လူသားတွေပဲ။ သနားကရုဏာကြောင့် ဟောပြောပို့ချပေမဲ့လည်း ရက်စက်ဖို့လည်း သင်ယူရတယ်”

“ရှင့်ရဲ့ စကားတွေက ကွဲလွဲနေပြီ။ သနားကရုဏာရှိပြီးတော့ ရက်စက်ဖို့ဘယ်လိုများ လုပ်နိုင်လို့လဲ” ကျန်းပိယုက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ကံဆိုးတာက ဒီကမ္ဘာကြီးက အားကောင်းသူတွေ အုပ်စိုးနေတာပဲ။ မရက်စက်ပဲနဲ့ ဘယ်သူကမှ အားကောင်းမလာနိုင်ဘူး။ တကယ်လို့ ကိုယ်တော်တွေက သနားကရုဏာလမ်းစဉ်ကို ကျင့်သုံးချင်တယ်ဆိုရင် ပထမဦးဆုံး ရက်စက်တတ်ဖို့ သင်ယူရတယ်။ ဒီလိုမျိုး ကွဲလွဲချက်အတွက်ကတော့ မင်းတို့ တာအိုဂိုဏ်းကပဲ ယင်နဲ့ယန်ကို ယုံကြည်ကြတယ် မဟုတ်ဘူးလား” ဖုန်းဟွမ်က အပြုံးလေးဖြင့် ပြန်ဖြေလေ၏။

“အဓိပ္ပာယ်မရှိတာတွေ ပြောရမယ်ဆိုရင် မင်းတို့တာအိုသူတော်စင်တွေက ရက်စက်မှု ကင်းမဲ့လို့လား။ ငြိမ်သက်နေရတယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီးတော့ လူသားတွေ ခံစားခဲ့ရတဲ့ ဝေဒနာဒုက္ခတွေကို ထိုင်ကြည့်နေခဲ့ကြတာလေ။ မင်းတို့တွေထဲက မိုးမြေအတွက် အလုပ်လုပ်တယ်ဆိုတဲ့ ယုံကြည်ချက်အောက်မှာ ဒီဖြစ်ရပ်တွေမှာ ပါဝင်ဆင်နွှဲခဲ့ကြတယ်”

ဖုန်းဟွမ်က ခေါင်းအသာယမ်းလိုက်သည်။ ကျန်းပိယု၏ စကားများက ကိုယ့်မျက်ချေးကိုယ် မမြင်သည့် စကားကို ခံစားမိစေသည်။

တဲ့တိုးစိန်ခေါ်လို့ရအောင် မျှားခေါ်ဖို့ နည်းလမ်းမရှိဘူးပဲ…

ကျန်းပိယုက တွေးလိုက်သည်။ သို့သော် သူက ထိုသူ၏ စကားများကို သိပ်ဂရုမစိုက်ပေ။ သူမက ဓာတ်ငါးပါးတာအိုကို ကျင့်ကြံသော်လည်း သူမဘာသာသူမ တာအိုဘာသာ၏ အစိတ်အပိုင်းအဖြစ် မမှတ်ယူခဲ့ပေ။

ထို့ကြောင့် ဤသို့သော စကားဝိုင်းက သူမအတွက် အဓိပ္ပာယ်မရှိပေ။

ကြည့်ရတာ ခက်ခက်ခဲခဲလုပ်ရတော့မဲ့ပုံပဲ…

ကျန်းပိယုက ထိုကိုယ်တော်ဆီ တဲ့တိုးပြေးဝင်မသွားသေးပေ။ ဤသို့သော နည်းလမ်းမျိုးက ယုတ္တိမဆန်လှပေ။ ထိုသူက သူ့တပ်ဖွဲ့ကို အသုံးပြုပြီး အန္တရာယ်ကြီးမားသည့် ပုံစံဖွဲ့စည်းခဲ့ပါက သူမအတွက် အရေးနိမ့်သွားနိုင်သည်။

ထို့ကြောင့် သူမက သူ့စည်းချက်အတိုင်း လုပ်ကာ သူမ၏ တပ်ဖွဲ့ကို ဆင့်ခေါ်လိုက်၏။

သူမ၏ တပ်သားများက အဝါရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူတို့၏အရေပြားနှင့် မျက်ဝန်းမှ သတ္တုအလင်းရောင် တောက်ပနေသည်။

သတ္တုတပ်ဖွဲ့လား…

ဖုန်းဟွမ်က တိုက်ခိုက်ဖို့ အမိန့်မပေးခင် တွေးလိုက်မိသည်။

တောက်ပနေသည့် ရွှေရောင်အလင်းတန်းက သူ့တပ်ဖွဲ့ကို လွှမ်းခြုံသွားပြီးသည့်နောက်တွင် သူတို့က ရန်သူဆီ ချီတက်သွားကြသည်။

ဗုဒ္ဓလက်ဝါး

တပ်ဖွဲ့က အတူတကွ အလုပ်လုပ်ကာ ဖွဲ့စည်းပုံတစ်ခု အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် မြင့်မားလှသည့် ရွှေရောင်လက်ကြီးက ကောင်းကင်မှ ဆင်းသက်လာပြီး သတ္တုတပ်ဖွဲ့ကို ဖိနှိပ်သွားလေသည်။

ထက်ရှသည့် ဓား

ကျန်းပိယု၏ တပ်ဖွဲ့ တိုက်ခိုက်နှုန်းကလည်း နှေးကွေးမနေပေ။ သူတို့က သတ္တုဓာတ်စွမ်းအားကို စုစည်းကာ ပြိုင်ဘက်ကင်း ထက်ရှမှုဖြင့် ဓားတစ်ချောင်းကို ဖန်တီးလိုက်သည်။

ဝုန်း

ထိပ်တိုက်တွေ့ဆုံရာမှ ကြောက်မက်ဖွယ် ကောင်းသည့် အသံနှင့် တုန်ခါလှိုင်းများ ထွက်ပေါ်လာသည်။ ထိုပတ်ဝန်းကျင်တွင် အာကာပြင်မုန်တိုင်းများ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဖွတ်ဖွတ်ညက်ညက် ကြေသွားစေ၏။

ထိုတပ်ဖွဲ့နှစ်ဖွဲ့၏ တိုက်ခိုက်မှုရလဒ်က အင်အားညီမျှနေခြင်း ဖြစ်သည်။ သို့သော်လည်း သတ္တုအဖွဲ့မှ တပ်သားဒါဇင်ချီ သေဆုံးသွားခဲ့ပြီး ဗာဂျရာတပ်ဖွဲ့ကမူ လူတချို့သာ အသေးစားဒဏ်ရာ ရရှိသွားသည်။

ထိုကွာဟချက်၏ အကြောင်းအရင်းကမူ ရိုးရှင်းလှ၏။ ခုခံနိုင်စွမ်း ဖြစ်သည်။ ကျန်းပိယု၏ တပ်ဖွဲ့က သူတို့ကိုယ်သူတို့ သတ္တုစွမ်းအားဖြင့် ကာကွယ်ခဲ့ကြသည်။ ကံဆိုးစွာဖြင့် သူတို့က ဗာဂျရာ တပ်ဖွဲ့၏ ခန္ဓာကိုယ်ခုခံနှုန်းနှင့် ယှဉ်လိုက်လျှင် ကွာဟနေလေသည်။

“ဆက်တိုက်ကြ” ဖုန်းဟွမ်က သူက လက်ဦးမှုရယူပြီးသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် အမိန့်ပေးလိုက်သည်။ ထို့ကြောင့် သူ့တပ်ဖွဲ့က အသေခံနည်းဗျူဟာကို ဖော်ထုတ်လိုက်ကြ၏။ သူတို့က ဒဏ်ရာ၊ နာကျင်မှုနှင့် ထိခိုက်မှုတို့ကို ကြောက်ရွံ့ခြင်းမရှိ တိုက်ခိုက်လိုက်ကြသည်။

သူတို့၏ ခုခံနိုင်စွမ်းက တစ်ဖက်လူကို ဖိနှိပ်ထားနိုင်သည့်အချက်အပေါ် မူတည်၍ သူတို့က တတ်နိုင်သမျှ အထိအခိုက်ဖြစ်အောင် တိုက်ခိုက်ကြသည်။

ထို့ကြောင့် ကျန်းပိယုက သူမ၏ တပ်သားရာချီသည် မိနစ်ပိုင်းအတွင်း သေဆုံးသွားသည်ကိုသာ ကြည့်နေရ၏။ သူမက ကိစ္စများသည် ဒီလိုဆက်ဖြစ်နေ၍ မရကြောင်း သိသည့်အတွက် နည်းဗျူဟာကို ပြောင်းလဲကာ နောက်ထပ် တပ်ဖွဲ့ကို ဆင့်ခေါ်လိုက်သည်။

မြေဓာတ်တပ်ဖွဲ့

ထိုတပ်ဖွဲ့က အရာနှစ်ခုကြောင့် နာမည်ကျော်ကြား၏။ ခုခံနိုင်စွမ်းနှင့် အဆုံးမဲ့ ခံနိုင်ရည်ကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမက သူတို့အား သတ္တုတပ်ဖွဲ့နှင့် ပူးပေါင်းကာ တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲဖို့ အမိန့်ပေးခဲ့သည်။

All Chapters