← Chapters

ရေးဆွဲသူ၏ အစီအစဉ်လား ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့ အလိုလား

Vol. 59 Ch. 815

ရေးဆွဲသူ၏ အစီအစဉ်လား ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့ အလိုလား

Vol. 59 Ch. 815

ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၊ မြောက်ဘက်ပိုင်း

ရေးဆွဲသူက လေဟာနယ်ထဲ အစီအရင်များ ဝန်းရံလျက် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် သန့်စင်လျက်ရှိသော ရွှေရောင်လှံတစ်ချောင်း မြောလွင့်နေသည်။ ထိုလှံက နတ်ဘုရားသတ်ဖြတ်ရေးလှံဟု အမည်ပေးထားပြီး ထိုအရာက သူတို့သတ်မည့် ပြိုင်ဘက်ကင်း ပါရမီရှင်နှစ်ယောက်အပေါ် လေးစားမှုဖြင့် အမှီသဟဲပြု၍ ပေးထားခြင်း ဖြစ်သည်။

ရေးဆွဲသူက အာရုံစိုက်ထားကာ ထိုလှံပေါ်တွင် အံ့ဖွယ်သင်္ကေတများကို ရေးထွင်းနေလေ၏။ ထိုလှံအတွင်း ဝင်ရောက်သွားသည့် ထူးထူးဆန်းဆန်း စွမ်းအားများကိုပင် မြင်တွေ့နိုင်ပြီး ခြိမ်းခြောက်မှုက ပိုမိုအားကောင်းလာလေ၏။

သို့သော်လည်း ရေးဆွဲသူက ဖြစ်စဉ်တစ်ခုလုံးတွင် မျက်မှောင်ကြုတ်လျက်ရှိသည်။ နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက သန့်စင်မွမ်းမံရေးဖြစ်စဉ်ကို ရပ်တန့်လိုက်၏။

“ဘာဖြစ်လို့လဲ” ကပ်ပါးက မူမမှန်မှုကို သတိထားမိသည့်အတွက် မေးလိုက်သည်။

“ငါတို့တွေ ထုံရို့ပင်းရဲ့ အကူအညီကို လိုတယ်” ရေးဆွဲသူက ပြောလိုက်သည့်အတွက် ကပ်ပါးက မျက်မှောင်ကြုတ်သွားလေသည်။ သူက သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးကို ကြည့်ကာ ခက်ထန်သည့်အသံဖြင့် ပြောလိုက်သည်။

“မင်း သူမကို စိတ်ဝင်စားနေတာ သိတယ်။ ဒါပေမဲ့ အခု မင်းရဲ့ အောက်ပိုင်းကို စိတ်ဝင်စားနေရမဲ့အချိန်မဟုတ်ဘူး။ သူမက ယုံလို့မရဘူး။ ငါတို့တွေ တာဝန်ကို အလေးထားသင့်တယ်”

ရေးဆွဲသူက ထိုစကားများကို ကြားပြီးသည့်နောက်တွင် ထက်ရှသည့် အငွေ့အသက်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက အေးစက်စက် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

“အဖွဲ့ခေါင်းဆောင် ဖြစ်လာတယ်ဆိုပြီး မင်းကိုယ်မင်း မေ့နေတဲ့ပုံပဲ။ မင်း ဘယ်သူ့ကို ပြောနေတယ် ထင်လို့လဲ။ ငါ့ရဲ့ ကျွမ်းကျင်အတတ်ပညာဂုဏ်ပုဒ်ကို လာပြီးတော့ မေးခွန်းထုတ်ရဲတယ်လား”

ရေးဆွဲသူက တာဝန်တစ်လျှောက်လုံးအတွင်း အမြဲလိုလို တည်ငြိမ်နေလျက်ရှိပြီး ဘာမှအငြင်းပွားလေ့ မရှိဘဲ အမိန့်အတိုင်း လိုက်လုပ်လေ့ ရှိသည်။ ထို့ကြောင့် သူ့အဆင့်အတန်းသည် အနိမ့်ဆုံးဟု ထင်ရဟန်ပေါ်၏။ သို့သော်လည်း ဆန့်ကျင်ဘက် ဖြစ်ပေသည်။ ဒိုင်မေးရှင်းအမြင့်မှ ဒိုင်မေးရှင်းအနိမ့်သို့ စေလွှတ်လိုက်သည့် သူလျှိုများကြား သူက အမြင့်မားဆုံးအဆင့်အတန်းကို ပိုင်ဆိုင်ထားလေသည်။ ထိုအကြောင်းအရင်းအတွက်မူ လက်နက်သန့်စင်မွမ်းမံရေးတွင် အောင်မြင်မှုများကြောင့် ဖြစ်၏။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ဒိုင်မေးရှင်းအမြင့်၏ အရွယ်အစားသည် ကောင်းကင်အလိုဆန္ဒကမ္ဘာ ၃၈၀၀၊ ထိုကမ္ဘာအသိုက်အဝန်းတစ်ခုချင်းစီတွင် မဟာကမ္ဘာတစ်သိန်း၊ အလယ်အလတ်ကမ္ဘာ သန်းရာချီနှင့် အလွှာနိမ့်ကမ္ဘာ သန်းထောင်ချီပါဝင်သော ဒိုင်မေးရှင်းအနိမ့်ထက် ထရီလီယံပေါင်းများစွာ ကြီးမားလေသည်။ ထိုအရာက ဝိညာဉ်ချီ မရှိသလောက် နည်းပါးသည့် သေမျိုးကမ္ဘာများကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။

ထိုအရွယ်အစားကြီးမားမှုကြောင့် ဒိုင်မေးရှင်းအမြင့်၏ လူဦးရေက တိုင်းတာ၍ မရပေ။ သို့သော် ဧကရာဇ်လက်နက် သို့မဟုတ် အဆောင်ကို ဖန်တီးနိုင်စွမ်းရှိသည့်လူများကမူ တစ်ရာပင် မပြည့်ပေ။

ရေးဆွဲသူက ထိုရှားပါးလှသည့် လူတစ်ရာထဲမှ တစ်ယောက်ဖြစ်ကာ သူ့အဆင့်အတန်းအပေါ် အာမခံချက် ရှိ၏။ သူ့တန်ဖိုးကြောင့် စံပြများက သူ ဒီတာဝန်အပေါ် အောင်မြင်သည်နှင့် အကျိုးအမြတ်မြောက်များစွာ ပေးကမ်းထားပြီး စံပြ ဖြစ်လာဖို့နှင့် အုပ်ချုပ်သူ တစ်ယောက်ဖြစ်လာဖို့အထိပင် ပါဝင်နေသည်။

ရေးဆွဲသူက ဉာဏ်ကောင်းသောကြောင့် ထိုကတိစကားကို အပြည့်အဝမယုံပေ။ သို့သော်လည်း သူက ထိပ်သီးကောင်းကင်ဘုံအဆင့် ဖြစ်လာခြင်း အပါအဝင် အကျိုးအမြတ်များစွာ ရှိနေဆဲဖြစ်ကြောင်း သိလေသည်။

အလားအလာကောင်းသည့် သူ့အနာဂတ်ဖြင့် ထုံရို့ပင်းအပေါ် ချစ်မြတ်နိုးမှုကြောင့် အရာအားလုံးကို ညှိနှိုင်းနေမည် မဟုတ်ပေ။ ပထဦးစွာ သူမ၏ စွမ်းရည်နှင့် သူမ သူ့ဆီ ယူဆောင်လာမည့် အကျိုးအမြတ်များကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

သူက ထုံရို့ပင်း၏ ပါရမီသည် သူ့ထက် မနိမ့်ကျကြောင်း သိလေ၏။ သူ့ထက်ပင် ပို၍ ပါရမီထူးကဲနေနိုင်သည်။ သူ့အောင်မြင်မှုများက သူမထက် ရှေ့ရောက်နေခြင်းမှာ သူမထက် မြင့်မားသည့် လူမှုအဖွဲ့အစည်းတွင် ကျင်လည်ခဲ့၍ ဖြစ်သည်။

ထို့ကြောင့် အရင်းအမြစ်နှင့် ဗဟုသုတအရေးသာချက်ဖြင့် သူသည် သူမ လုပ်နိုင်စွမ်းထက် ကျော်လွန်နေသည့်အရာများကို အောင်မြင်နိုင်လေ၏။ သို့သော်လည်း ရေးဆွဲသူက ထုံရို့ပင်း၏ ပါရမီသည် ဒိုင်မေးရှင်းအမြင့်တွင် မည်သို့ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိလေသည်။

ထို့ကြောင့် သူက သူမကို လိုက်ပိုးပန်းကာ တာအိုလက်တွဲဖော် ဖြစ်လာစေလိုသည်။ ထို့နောက် သူတို့က စံပြများ၏ အာမခံချက်နှင့် ကာကွယ်မှုအောက်တွင် အတူတကွ ရှင်သန်နိုင်လေ၏။

“ငါ အဲဒီလိုပြောတာ မဟုတ်ပါဘူး” ကပ်ပါးက ရေးဆွဲသူဆီမှ ထုတ်လွှတ်လာသည့် ကြောက်မက်ဖွယ် အငွေ့အသက်ကြောင့် ပျာယာခတ်သွားလေသည်။ သူက ထိုသူ၏ ပါရမီရှင် လက်နက်သန့်စင်သူဟူသည့် အဆင့်အတန်းကို အမှတ်ရသွား၏။

“ငါ ပြောချင်တာက…”

“မင်း ဘာပြောပြော ဂရုမစိုက်ဘူး။ အစီအစဉ် မစခင်ကတည်းက ဒိုင်မေးရှင်းအနိမ့်ရဲ့ ဧကရာဇ်လက်နက်တွေအပေါ် ဖိနှိပ်ထားမှုတွေအကြောင်းကို ကြိုတင်သတိပေးထားပြီးသား” ရေးဆွဲသူက ပြောလိုက်သည်။

“ဟုတ်ပါတယ်”

ဧကရာဇ်အဆင့် လက်နက်များသည် ဧကရာဇ်တစ်ယောက်၏ စွမ်းအား၌ အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ဒိုင်မေးရှင်းအမြင့်ရှိ တိုက်ပွဲများတွင် အရေးပါလေသည်။ ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ရှိ စည်းမျဉ်းများကို ဧကရာဇ်လမ်းစဉ်အပေါ် မျက်နှာသာပေးအောင် ရေးဆွဲထားခဲ့၏။ ထို့ကြောင့် ဒိုင်မေးရှင်းအနိမ့်တွင် ကန့်သတ်ချက်များစွာ ရှိပြီး ဧကရာဇ်အသုံးအဆောင်ပစ္စည်းများ ဖိနှိပ်ထားခြင်းလည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။

ဒိုင်မေးရှင်းအမြင့်တွင် လူများစွာ ဆန့်ကျင်ကျင့်ကြံသူဖြစ်လာဖို့ အတွေးများဆုံး နည်းလမ်းများထဲမှ တစ်ခုက အားကောင်းသည့် လက်နက်များမှတဆင့် ဖြစ်သည်။ နမူနာအားဖြင့် ပွင့်ချပ်၉လွှာ ထာဝရအရှင်သည် အလားအလာကောင်းသည့် ဧကရာဇ်အဆင့် လက်နက်ဖြင့် တတိယတန်းစား သို့မဟုတ် ဒုတိယတန်းစားဧကရာဇ်ကို အလွယ်တကူ အနိုင်ယူနိုင်လေ၏။

ပွင့်ချပ် နည်းပါးနေသည့် သူများက တူညီသည့် ရလဒ်ကို မအောင်မြင်နိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းကမူ သူတို့ခန္ဓာကိုယ်ထဲရှိ အင်မော်တယ်ချီက ထိုအသုံးအဆောင်ပစ္စည်း၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးဖို့ရာ မလုံလောက်၍ ဖြစ်သည်။

သူတို့က စွမ်းအားအမြောက်အများ သိုလှောင်ထားနိုင်သည့် နောက်ထပ် ရတနာတစ်ခု သို့မဟုတ် နည်းစနစ်တစ်ခုကို တွေ့ရှိသရွေ့ တူညီသည့် ရလဒ်ကို ရရှိနိုင်လေသည်။

အသုံးအဆောင်ပစ္စည်း သို့မဟုတ် လက်နက်က ပိုမိုမြင့်မားလေလေ စွမ်းအားက ပိုအားကောင်းလေလေဖြစ်၏။ မဟာတာအိုအရင်းအမြစ် ၄၀ ရာခိုင်နှုန်းရှိထားသည့် ဧကရာဇ်တိုင်းက ကောင်းကင်ဘုံအဆင့်လက်နက်ဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပါက ကောင်းကင်ဘုံအဆင့်ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်သည်။

တန်ကြေးကမူ ဧကရာဇ်၏ သေဆုံးမှု ဖြစ်၏။ အကြောင်းမှာ အသုံးအဆောင်ပစ္စည်းက သူတို့ကို ခြောက်ကပ်သည်အထိ စုပ်ယူသွားလိမ့်မည်။ သို့သော်လည်း သူတို့က ထာဝရဧကရာဇ် ဖြစ်နေသရွေ့ သူတို့၏ အသက်ကို ကယ်တင်နိုင်မည့် နည်းလမ်း ရှိနေသောကြောင့် တန်ကြေး ကြီးကြီးမားမား မဟုတ်ပေ။

ထို့နောက် နည်းဗျူဟာ လက်နက်များဖြစ်သည့် စံပြအသုံးအဆောင် ပစ္စည်းများလည်း ရှိသေးသည်။ ထိုအရာများက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ လက်ရှိအာဏာပိုင်းဆိုင်ရာကို သက်ရောက်မှု ရှိလာစေလောက်အောင်အထိ အားကောင်းလေသည်။

ယေဘုယျအားဖြင့် ထိုအသုံးအဆောင်ပစ္စည်းများသည် ဒိုင်မေးရှင်းအနိမ့်တွင် ကန့်သတ်ချက် မရှိဘဲ ဒိုင်မေးရှင်းအမြင့်တွင် ပိုမိုကြီးမားသည့် ကဏ္ဍတစ်ခုတွင် ပါဝင်လာ၏။ ဒိုင်မေးရှင်းအမြင့်တွင် ပင်ကိုအထွတ်အထိပ်ရတနာများက ကောင်းကင်ဘုံ အသုံးအဆောင်ပစ္စည်း၊ ဟွင်သွမ်းအထွတ်အထိပ်ရတနာနှင့် စံပြအသုံးအဆောင် ပစ္စည်းများဖြင့် ယှဉ်နိုင်သည်။

ထိုလက်နက်များက ပင်ကိုရတနာဖြစ်ပြီး မိုးမြေကြားတွင် မွေးဖွားလာသည့် ပင်ကိုရတနာများ ဖြစ်ပေသည်။ သူတို့က ထူးကဲသည့် စွမ်းဆောင်ရည်မျိုး ရှိတတ်ကြ၏။ သူတို့က ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်လက်နက်များထက် အားနည်းသော်လည်း သူတို့ကို အသုံးပြုရသည့် တန်ကြေးကမူ နည်းပါးလှသည်။ ထို့ကြောင့် လူများစွာက လိုချင်ကြ၏။

ထိုတိုက်ပွဲတွင် လက်နက်များ၏ အရေးပါမှုကြောင့် အဆင့် ၁၀ နှင့်အထက် လက်နက်သန့်စင်သူများသည် ကောင်းကင်ဘုံအဆင့်တွင် ရှိနေရင်း စံပြလက်နက်ကို ဖန်တီးနိုင်ချေ မြင့်မား၏။

ဟော်သဲ့အသုံးအဆောင်ပစ္စည်းအများစုကို သူတို့၏ တာအိုသက်သေပြပစ္စည်းများကို ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲထားသည့် ကျင့်ကြံသူများမှ ဖန်တီးထားလေ၏။ ထိုအရာက မွမ်းမံသန့်စင်ရေး မဟာတာအိုအရင်းအမြစ်ကို ပင်မ သို့မဟုတ် ဒုတိယတာအိုအဖြစ် ကျင့်ကြံထားခြင်း မရှိဘဲ မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်အောင် ဖန်တီးဖို့ ခက်ခဲလှ၏။

သို့သော်လည်း တာအိုသက်သေပြ ပစ္စည်းသည် ပိုင်ရှင်၏ တာအိုကြောင့် ကန့်သတ်ခံထားရသည့်အတွက် စွယ်စုံသုံးမှုကို ကန့်သတ်ထားသလို ဖြစ်နေသည်။ နမူနာအားဖြင့် မီးတောက်တာအိုကို ကျင့်ကြံသည့် ဧကရာဇ်တစ်ယောက်တွင် မီးဓာတ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း ရှိလိမ့်မည်။ အကယ်၍ သူက နောက်ထပ် တာအို သို့မဟုတ် နောက်ထပ် သဘာဝတစ်ခုနှင့် သက်ဆိုင်သည့် လက်နက်ကို လိုပါက သူတို့အတွက် ဖန်တီးပေးမည့် လက်နက်သန့်စင်မွမ်းမံသူကို လိုအပ်လိမ့်မည်။

…………………

“ထုံရို့ပင်းက ငါတို့အခြေအနေကို ဘယ်လိုကူညီနိုင်မှာလဲဆိုတာကို မရှင်းပြရသေးဘူးမလား” ယွီကျူးက လေထုကို လျှော့ကာ ပြောလိုက်သည်။

“ငါတို့အတွက် တန်ကြေးကြီးကြီးမားမား မပေးဘဲ ဒီလက်နက်ကို အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဝန်ထုပ်ကို မျှခံပြီးတော့ အဆိုးသက်ရောက်မှုကို လျှော့ချဖို့ လူများများ လိုတယ်” ရေးဆွဲသူက ရှင်းပြလိုက်သည်။

“ထုံရို့ပင်းက ဟော်သဲ့အရင်းအမြစ်သင်္ကေတ ရုပ်ခန္ဓာရှိတယ်။ အဲဒါဆိုတော့ ဒီအစီအရင်ရဲ့ ဝန်ထုပ်အများစုကို တောင့်ခံနိုင်မဲ့ အကောင်းဆုံးသူ တစ်ယောက်ပဲ”

အဖွဲ့က လက်နက်ကို အသက်သွင်းဖို့အတွက် ထူးကဲသည့် အစီအရင်တစ်ခု လိုအပ်လေသည်။

“ပြီးတော့ သူမက ဧကရာဇ်အဆင့် အဆောင်နဲ့ ဆက်နွယ်မှုရှိနေတဲ့ပုံပဲဆိုတော့ အခြေအနေက သူမအတွက် ပိုပြီးသင့်တော်တယ်”

“မင်းပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့…”

“ငါ မပြီးသေးဘူး” သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၍ ကပ်ပါးက ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။

“ငါတို့လုပ်ဆောင်နေတာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို စွက်ဖက်နေတာနဲ့ အတူတူပဲဆိုတော့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်တာအိုက သေချာပေါက် ဖိနှိပ်လာလိမ့်မယ်။ ဒီအလွှာရဲ့ ကမ္ဘာသားတွေဖြစ်တဲ့ ထုံရို့ပင်း ဒါမှမဟုတ် ယန်ကောဝေလို လူမျိုးက လက်နက်ကို ထိန်းချုပ်ပြီးတော့ ကောင်းကင်တာအိုရဲ့ လွှမ်းမိုးမှုကို လျှော့ချနိုင်ရင် အကောင်းဆုံးပဲ”

အမှန်တော့ ရေးဆွဲသူ မပြောခဲ့သည့် ကိစ္စတချို့ ရှိလေသည်။ ထိုလက်နက် ဖန်တီးသည့်ဖြစ်စဉ်က အစပိုင်းတွင် အင်မတန် ခက်ခဲလှသည်မှာ ကမ္ဘာ၏ ဖိနှိပ်ထားမှုကြောင့် ဖြစ်၏။ သို့သော်လည်း နောက်ဆုံးတိုက်ပွဲ မစတင်ခင် ထိုဖိနှိပ်မှုက သိသိသာသာ လျော့ကျသွားပြီး ရပ်တန့်သွားခဲ့သည်။

သူက ထိုအပြောင်းအလဲသည် ထူးဆန်းသည်ဟု ထင်မိသော်လည်း များများစားစား မတွေးမိပေ။ စံပြများသည် သူတို့၏ တာဝန်ကို အောင်မြင်ဖို့အတွက် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟုသာ ထင်ခဲ့မိ၏။

ရေးဆွဲသူက တိုက်ပွဲကွင်းပြင်တွင် ဖိနှိပ်မှုကို မခံစားရပြီးသည့်နောက်တွင် လက်နက်အတွက် နောက်ဆုံးစီစဉ်မှုကို အပြီးသတ်ခဲ့၏။

“ကောင်းကင်တာအိုက ကမ္ဘာသားတွေကို မျက်နှာသာပေးမှာ အသေအချာပဲ။ ငါတို့တွေက ဒီအလွှာရဲ့ ကမ္ဘာသား ဇစ်မြစ်ကို ရယူထားတယ်ဆိုပေမဲ့လည်း”

ယွီကျူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ကပ်ပါး ပြောတာမှန်တယ်။ ထုံရို့ပင်းကို ယုံလို့မရဘူး”

“ငါလည်း အဲဒါကို သိတယ်။ ငါ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားတယ်” ရေးဆွဲသူက ပြောလိုက်၏။

“ထုံရို့ပင်းနဲ့ ယန်ကောဝေတို့ နှစ်ယောက်လုံးက အစီအရင်ရဲ့ ဗဟိုချက်ကို ထိန်းချုပ်ခွင့်ရှိမှာ မဟုတ်ဘူး။ သူတို့တွေက အားဖြည့်သူလောက်ပဲ ဖြစ်လာလိမ့်မယ်။ ပြီးတော့ ငါတို့တွေက ဒီအခွင့်အရေးကို သုံးပြီးတော့ သူတို့ရဲ့သက်လုံကို လျှော့ချပြီးတော့ ငါတို့ကို သစ္စာဖောက်တာကနေ ကာကွယ်လို့ရတယ်”

“မင်းက အားလုံးကို ထည့်စဉ်းစားထားတဲ့ပုံပဲ” ယွီကျူးက ထိုသူကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ သူက ရေးဆွဲသူ၏ ရည်ရွယ်ချက်သည် တာဝန်အတွက်လား သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သည့် အလိုဆန္ဒကြောင့်လား မသိရပေ။

မည်သို့ပင်ဆိုစေကာမူ သူက ယခု အချင်းချင်း တိုက်ခိုက်နေရမည့်အချိန် မဟုတ်ကြောင်း သိလေသည်။ ထို့အပြင် ရေးဆွဲသူက ထိုပြဿနာအကြောင်း ကြိုတင်သတိပေးခဲ့ဖူး၏။

“ကောင်းပြီ။ မင်း အစီအစဉ်အတိုင်း လုပ်ကြတာပေါ့” ကပ်ပါးက ပြောလိုက်ရင်း သူ့ပါးပြင်မှ ပိုးကောင်တစ်ကောင် ထွက်လာကာ မျက်လုံးအတွင်း ဝင်ရောက်သွားလေသည်။

All Chapters