ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၂)
Vol. 59 Ch. 816
မြေတပ်ဖွဲ့ပေါ်ထွက်လာသည်နှင့် သတ္တုတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖုန်းဟွမ်၏ ဗာဂျရာတပ်ဖွဲ့ အရေးပါမှုကို လျှော့ချခဲ့သည်။ မြေနှင့် သတ္တုက သဟဇာတဖြစ်သည့်အတွက် မြေတပ်ဖွဲ့သည် သတ္တုတပ်ဖွဲ့အား ကောင်းချီးများစွာ ပေးနိုင်သည်။
ပထမတစ်ခုက ကာကွယ်ရေးစွမ်းရည်အတွက် ထူထပ်သည့် ကာကွယ်ရေး မြေချပ်ဝတ် ဖြစ်သည်။ သတ္တုတပ်ဖွဲ့က ထိုချပ်ဝတ်ထဲ သတ္တုဓာတ်ဖြင့် ပေါင်းစပ်ကာ သတ္တုဂုဏ်သတ္တိကို ပေးစွမ်းပြီး ခုခံနိုင်စွမ်းကို တိုးမြှင့်ခဲ့သည်။
ဒုတိယအနေဖြင့် မြေကြီး၏ အဆုံးမဲ့ခံနိုင်ရည် ဖြစ်သည်။ သတ္တုတပ်ဖွဲ့က ပတ်ဝန်းကျင်မှ စွမ်းအားများကို ဆွဲယူခြင်းဖြင့် ခံနိုင်ရည်နှင့် သက်လုံကို ပြန်လည်အားဖြည့်နိုင်သည်။
ထိုအပြောင်းအလဲများ ဖြစ်လာသည့်အခါ တိုက်ပွဲ၌ ကျန်းပိယု၏ တပ်ဖွဲ့က စတင်အရေးသာလာ၏။ သူတို့၏ ခုခံနိုင်စွမ်းရည်က ဗာဂျရာတပ်ဖွဲ့ကို ဖိနှိပ်ထားပြီး တစ်ဖက်လူ၏ နည်းဗျူဟာများဖြင့် သူတို့အပေါ် ပြန်လည်အသုံးပြုခဲ့သည်။
သူတို့က ခုခံကာကွယ်ရေးအားလုံးကို လျစ်လျူရှုထားပြီး ဗာဂျရာတပ်ဖွဲ့ကို တစ်လတာလောက် အစာမစားရသည့်သူများက ပထမဦးဆုံးအစာကို ရရှိသလိုမျိုး တိုက်ခိုက်နေကြသည်။
နှမြောစရာကောင်းလှသည်က ထိုအရေးသာချက်က သိပ်မကြာမြင့်ခဲ့ပေ။ ဖုန်းဟွမ်က ဗာဂျရာဆိုသည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ သူ့တပ်ဖွဲ့၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ပုံစံပြောင်းကာ စိန်သဖွယ်ဖြစ်လာပြီး ခုခံကာကွယ်နိုင်စွမ်းနှင့် ပတ်သက်လာသည့်အခါ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။
ထို့ကြောင့် ကျန်းပိယုက ထိုကြွက်သားပြိုင်းပြိုင်း စိန်နှင့်တူသည့် အမျိုးသားများက သတ်ဖြတ်နေသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ငါ ဒီလူတွေကို လေ့ကျင့်ပေးဖို့ ပိုအာရုံစိုက်ခဲ့သင့်တယ်…
သူမက သုံးသပ်လိုက်၏။ သူမက တုံ့ဆိုင်းမနေဘဲ ကျန်ရှိနေသည့် သုံးဖွဲ့ဖြစ်သည့် သစ်သား၊ မီးနှင့် ရေတပ်ဖွဲ့တို့ကို ဆင့်ခေါ်လိုက်သည်။ သူတို့ပေါ်ထွက်လာသည်နှင့် သူမ၏ တပ်သားများက အစီအရင်တစ်ခု ဖွဲ့စည်းလိုက်ကြသည်။ သူတို့က တစ်ဖက်လူကို တိုက်ရိုက် ရင်မဆိုင်နိုင်ကြောင်း သိထား၏။ ထို့ကြောင့် သူတို့က ငြိမ်သက်နေသည့်အသွင် ရွေးချယ်ခဲ့ကြသည်။
အစီအရင်၏ သစ်သားတာအိုက အသက်ဝင်လာကာ ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ သစ်ပင် ပင်စည်ထောင်ချီ ပေါ်ထွက်လာသည်။
ဤတိုက်ပွဲတွင် ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးက မီးများဖြင့် ဖွဲ့စည်းထားလေ၏။ ဓာတ်ငါးပါးသီအိုရီတွင် မီးက သစ်သားကို ရင်ဆိုင်နိုင်သည့်အတွက် ထိုသစ်သားများက အရွယ်အစားနှင့် အင်အား သိသိသာသာ လျှော့ချခံရနိုင်သည်။
သို့သော်လည်း ကျန်းပိယုက ဓာတ်ငါးပါးတွင် ဆရာတစ်ဆူဖြစ်သည့်အတွက် ထိုသို့မဟုတ်ပေ။ သူမ၏ အစီအရင်က ပတ်ဝန်းကျင်မှာရှိနေသည့် မီးစွမ်းအားကို စုပ်ယူကာ သူမ၏ စွမ်းအားကို တိုးမြှင့်ခဲ့သည်။
ဖုန်းဟွမ်က အခြေအနေ အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။ သူ့ဗာဂျရာ တပ်ဖွဲ့အများစုက သစ်ပင်အမြစ်များကြောင့် ဖမ်းဆီးခံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူတို့၏ ကြောက်မက်ဖွယ် ခုခံနိုင်စွမ်းကြောင့် အသက်ရှင်နေဆဲ ဖြစ်၏။
ဖုန်းဟွမ်က တည်ငြိမ်စွာဖြင့် နောက်ထပ် တပ်ဖွဲ့တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုလူများ ပေါ်ထွက်လာသည့်အခါ သာမန်တပ်သားနှင့် မတူသည့်အတွက် ထူးဆန်းနေလေ၏။
သူတို့က တပ်ဖွဲ့များဆီမှ မွန်းကြပ်ဖွယ် အငွေ့အသက်မျိုး မရှိသလို ချပ်ဝတ်လည်း မရှိပေ။ သူတို့က အဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး သူတို့တစ်ဘဝလုံး ကျမ်းဂန်နှင့် ဓမ္မရွတ်ဖတ်ရင်း အချိန်ကုန်ဆုံးခဲ့သည့်သူများနှင့် တူနေ၏။
ဤသည်က သူတို့တည်ရှိမှု၏ ရည်ရွယ်ချက် ဖြစ်ပေသည်။
ထိုတပ်ဖွဲ့က ဉာဏ်အလင်းပွင့်ထားသည့် ဘုန်းတော်ကြီးများဖြင့် ဖွဲ့စည်းထားပြီး ဗုဒ္ဓဘာသာပြန်လည်အသက်သွင်းရာတွင် ဖုန်းဟွမ်၏ မှတ်သားဖွယ် အောင်မြင်မှုများထဲမှ တစ်ခု ဖြစ်၏။
ဘုန်းတော်ကြီးများက ပါးစပ်ဟလိုက်သည့်အချိန် မိုးမြေကြားတွင် ရွတ်ဖတ်သည့် အသံများထွက်ပေါ်လာသည်။ ထိုစကားလုံးများတွင် မှော်စွမ်းအားများ ကိန်းအောင်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာစေ၏။
သူတို့၏ ပထမဆုံးသက်ရောက်မှုက ယခင်ထိပ်တိုက်တွေ့ဆုံမှုမှ ဒဏ်ရာရရှိသွားသည့် ဗာဂျရာတပ်ဖွဲ့ဝင်များကို ကုသပေးဖို့ ဖြစ်သည်။ ထိုရွတ်ဖတ်သည့် စွမ်းအားက ကျဆုံးသွားသော တပ်သားများ၏ အကြွင်းအကျန် ဝိညာဉ်များကိုပင် ကယ်တင်ပေးနိုင်သည်။
ဒုတိယ သက်ရောက်မှုကမူ ဖမ်းဆီးခံထားရသည့် ဗာဂျရာတပ်ဖွဲ့ဝင်များကို ကောင်းချီးပေးဖို့ ဖြစ်၏။ ထိုတပ်သားများမှာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူတို့၏ စိတ်နှင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာကာ စွမ်းအင်ပြန်ပြည့်ဝလာသလို ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းဆိုသလို သူတို့က မဖျက်ဆီးနိုင်သည့် သစ်မြစ်များကို စုတ်ဖြဲပစ်ခဲ့ကြသည်။ သူတို့၏ အရှိန်ဖြင့် သစ်သားများ ပြန်လည်ပေါက်လာသည်ထက် မြန်ဆန်အောင်ပင် ဖျက်ဆီးနိုင်ခဲ့ကြသည်။
ထိုရွတ်ဖတ်မှု၏ နောက်ဆုံးသက်ရောက်မှုက ပြိုင်ဘက် တပ်ဖွဲ့ဝင်များ၏ စိတ်အပေါ် သက်ရောက်မှုရှိစေဖို့ ဖြစ်သည်။ ရွတ်ဖတ်ခြင်းတွင် ဝိညာဉ်ထိ သက်ရောက်စေသည့်အတွက် သူမ၏ တပ်ဖွဲ့များအား ထုံထိုင်းလာကာ အိပ်စက်ပြီး အနားယူချင်စိတ်ပေါက်လာစေသည်။
ထိုဖြစ်စဉ်အတွင်း ဖုန်းဟွမ်က သူ့မျက်နှာအထက် တောက်ပနေသည့် အပြုံးမျိုး ရှိနေလေသည်။ သူ ဤသို့တောက်တောက်ပပ အပြုံးမျိုး ရှိနေသည်မှာ မည်သည့်အချိန်ကမှန်းပင် မမှတ်မိတော့ပေ။ ထိုရွတ်ဖတ်သံများက သူ့မသိစိတ်အတွင်း ပုန်းကွယ်နေသည့် မှတ်ဉာဏ်အများစုကို နိုးထလာစေ၏။
ထိုမှတ်ဉာဏ်အများစုက သူ ငယ်ရွယ်စဉ်အချိန် ဗုဒ္ဓဘာသာဂိုဏ်းတွင် နေခဲ့သည့် အချိန်က ဖြစ်၏။ သူ နိုးထလာသည့် မနက်ခင်းတိုင်းတွင် သူ့ဂိုဏ်းတူညီအစ်ကိုများ ကျမ်းဂန်များကို ရွတ်ဖတ်ရာမှ နိုးထလာရသည်။ သူ ပထမဦးဆုံး ဂိုဏ်းကို ဝင်ရောက်စဉ်အခါက မနက်ခင်းတိုင်းတွင် ကျမ်းကို ရွတ်ဖတ်ဖို့ သင်ယူခဲ့ရပြီး ထိုဖြစ်စဉ်က ကျင့်ကြံရေးခရီးလမ်း မစတင်ခင် ဉာဏ်အလင်းပွင့်မှုတစ်ခု ဖြစ်၏။
တကယ်ကို အံ့ဩဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုပဲ…
ဖုန်းဟွမ်က တွေးလိုက်မိသည်။ ဗုဒ္ဓဘာသာ ကျဆင်းသွားပြီးသည့်နောက်တွင် မန္တန်နှင့် စွမ်းရည်များက အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကြောင့် အသုံးပြုမရတော့ပေ။
ဤနှစ်များတစ်လျှောက် ဖုန်းဟွမ်က နည်းလမ်းအမျိုးမျိုးဖြင့် သူ့စီနီယာနှင့် ဆရာတော်များ၏ အမွေအနှစ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း သူက အချိန်ကုန်လာသည်နှင့်အမျှ မျှော်လင့်ချက် ကုန်ခမ်းလာနေ၏။ ထိုအခိုက်အတန့်တွင် သူက ဗုဒ္ဓဘာသာ၏ တည်ရှိမှုကိုပင် မေးခွန်းထုတ်လာခဲ့သည်။
သူ့တာဝန်က သူ့အား ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။ သူ့မှတ်ဉာဏ်များ၊ အတိတ်နှင့် ဇစ်မြစ်ကိုပင် မကြာခဏ မေးခွန်းထုတ်လာတတ်၏။ အကြိမ်များစွာ သူ့ကိုယ်သူ ဘဝကို ဆိုးရွားစွာ အဆုံးသတ်ဖို့အထိ ကြံစည်ခဲ့ဖူးသည်။
ကံကောင်းစွာဖြင့် သူ့အား မျှော်လင့်ချက်ကုန်ဆုံးသည့် ချောက်နက်အတွင်း ဝင်ရောက်ခြင်းမှ တားဆီးထားသည့် တစ်စုံတစ်ခု ရှိနေလေသည်။ အနောက်ပိုင်းသန့်စင်ကောင်းချီး ကုန်းမြေ ဖြစ်၏။
ထိုနေရာက သူမှလွဲ၍ အသင်္ချေအင်ပါယာကမ္ဘာရှိ သက်ရှိအားလုံးအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်ပေသည်။
အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေက အကြွင်းမဲ့စတင်ခြင်းဧကရာဇ်၏ မှော်စွမ်းအားသက်ရောက် မခံရသည့် နေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ဖုန်းဟွမ်က ဗုဒ္ဓမန္တန်၊ ကျမ်းဂန်နှင့် နည်းစနစ်များကို ကျင့်ကြံနိုင်လေသည်။ သူ သူ့ကိုယ်သူ ပျောက်ဆုံးလာပြီး သူ့တာဝန်ကို သံသယဖြစ်လာသည့်အချိန်တိုင်း ထိုနေရာသို့သွားကာ လေ့ကျင့်လေ့ရှိသည်။
ဗုဒ္ဓဘာသာက ကမ္ဘာမှာ ပြန်လည်ပေါ်ထွက်လာဖို့ အချိန်သိပ်မကြာတော့ဘူး…
ဖုန်းဟွမ်က စိတ်ခံစားချက် အတက်အကျကို ကျော်ဖြတ်နေစဉ် ကျန်းပိယုကလည်း ထိုရွတ်ဖတ်သံများကြောင့် အကြပ်ရိုက်နေလေ၏။ သူမက ထိုလူများသည် လေထဲမှ အောက်မှ မီးတောက်ထဲ ကျဆုံးသွားသည်ကို ကြည့်နေရင်း သူတို့၏ စိတ်ကို ဆက်နွယ်ကာ ထိုတိုက်ကွက်ကို ခုခံဖို့ အမိန့်ပေးလိုက်သည်။
ထို့နောက် သူမက နည်းဗျူဟာကို ပြောင်းလဲကာ မြေနှင့် မီးဓာတ်ကို အသုံးပြုခဲ့သည်။ သူမ၏ အစီအရင်က ပထမဦးစွာ အပူဆုံး ကြယ်တာရာထက်ပင် အဆသန်းထောင်ချီ ပူပြင်းသည့် မီးတောက်ကို ထုတ်လွှတ်လာသည်။ ထိုအပူချိန်က စိန်ကိုပင် အရည်ပျော်သွားနိုင်စေ၏။
သို့သော်လည်း ဗာဂျရာတပ်ဖွဲ့က ဆေးသုံးထားသည့် တပ်သားများအလား ဖြစ်နေလေသည်။ ထို့ကြောင့် ထိုတိုက်ကွက်သည် အသုံးမဝင်ပေ။
သို့သော်လည်း ကျန်းပိယု၏ နည်းဗျူဟာက ထိုမျှမရိုးရှင်းပေ။ မီးတောက်က တကယ့်တိုက်ကွက်အတွက် အယောင်ပြသာ ဖြစ်၏။
မီးဓာတ်က မြေဓာတ်နှင့် ပေါင်းစည်းသော်လည်း ကျောက်ရည်ပူများ ဖြစ်မလာခဲ့ပေ။ ပြောရလျှင် မီးတောင်ပြာဟု ခေါ်သည့် အဖြူရောင်အပိုင်းအစများကို ဖန်တီးလိုက်၏။
မီးတောင်ပြာက ပေါ်ထွက်လာပြီးသည့်နောက်တွင် အထိခိုက်များစွာ ဖြစ်လာစေသည်။ ထိုအရာက လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်ပြီး ဗာဂျရာတပ်ဖွဲ့မှ တပ်သားများကို အဆိပ်သင့်သွားစေသည်။ အကယ်၍ ဘုန်းတော်ကြီးများဆီမှ ကောင်းချီးနှင့် ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် လူများစွာ သေဆုံးသွားလိမ့်မည်။
ဖုန်းဟွမ်၏ တုံ့ပြန်မှုကမူ နောက်ထပ် တပ်ဖွဲ့တစ်ခုကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ထိုတပ်ဖွဲ့က ကွဲပြားပေသည်။ သူတို့က အနက်ရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး မျက်လုံးက ပတ္တမြားကဲ့သို့ နီရဲနေလေ၏။
သူတို့၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အငွေ့အသက်မျိုး ထွက်နေကာ အငြိုးတရား ပြည့်နှက်နေသည့် ဝိညာဉ်များမှ မကျေနပ်ချက်များလည်း ပါလာသည်။
မိစ္ဆာဘုန်းတော်ကြီးတပ်ဖွဲ့လား…
ကျန်းပိယုက သုံးသပ်လိုက်သည်။ သူတို့၏ ကံဝဋ်ကြွေးအပေါ် မူတည်၍ သူသည် မိစ္ဆာကျင့်ကြံသူများစွာကို ဖမ်းဆီးပြီး အတင်းအကြပ် ဘုန်းတော်ကြီးအဖြစ် ပြောင်းလဲခဲ့ခြင်းဖြ စ်ရမည်။
ထိုမိစ္ဆာဘုန်းတော်ကြီးများ ပေါ်ထွက်လာသည်နှင့် သူတို့က မီးတောင်ပြာ အဆိပ်များဆီ ပါးစပ်ဟထားလိုက်ကြသည်။ ထိုဖြစ်စဉ်က မြန်ဆန်လွန်းလှသည့်အတွက် ခုခံမှုမျိုး မရှိပေ။ ထိုဘုန်းတော်ကြီးများက အဆိပ်ကို အာဟာရပြည့်ဝနေသည့် အစားအစာများကဲ့သို့ သတ်မှတ်ထားကြသည်။
ထို့နောက် မိစ္ဆာဘုန်းတော်ကြီးများက ရန်သူ၏ ဓာတ်ငါးပါးတပ်ဖွဲ့နှင့် အစီအရင်ကို စတင် တိုက်ခိုက်လာကြသည်။ သူတို့၏ နည်းလမ်းက ရက်စက်ပြီး ကြောက်မက်ဖို့ ကောင်းကာ ရွံရှာဖွယ်အတိ ဖြစ်၏။ သူတို့က တစ်ဖက်လူကို စီးမြောပစ်ဖို့ သွေးမြစ်ကြောင်းကိုပင် ဆင့်ခေါ်ခဲ့ကြသည်။ သူတို့က သေလူများ၏ ဝိညာဉ်ကို ရုပ်သေးရုပ်များအဖြစ် ကြိုးကိုင်ကာ စိတ်အပေါ် သက်ရောက်မှုရှိအောင် လုပ်ဆောင်ခဲ့ကြသည်။ အများစုက အဆိပ်တာအိုနှင့် ပိုးမွှားတာအိုတို့၏ ဆရာသခင်များ ဖြစ်ကြသည်။
သူတို့က အောက်ခြေစည်းမျဉ်း မရှိဘဲ အနိုင်ရရှိဖို့ ဘာမဆိုလုပ်ကြသည်။ ထိုစဉ် သိက္ခာတော်ရ ဘုန်းတော်ကြီးတပ်ဖွဲ့ကမူ သူတို့ကို ထောက်ပံ့ပေးလေသည်။ သူတို့၏ ရွတ်ဖတ်သံများက ထိုမိစ္ဆာဘုန်းတော်ကြီးများကို ချက်ချင်းကုစားပေးပြီး သူတို့၏ စိတ်ကို ကာကွယ်မှုကဲ့သို့သော ကောင်းချီးများကို ပေးစွမ်းထားသည်။
ထိုမိစ္ဆာဘုန်းတော်ကြီးများ အသုံးပြုသည့် နည်းလမ်းများက အဆုံးမဲ့သတ်ဖြတ်ခြင်းသာ ဖြစ်၏။ သူတို့၏ စိတ်ကို ဆုံးရှုံးသွားစေခြင်းက တိုက်ပွဲစွမ်းအားမြင့်လာမည် ဖြစ်သော်လည်း ရန်သူနှင့် မဟာမိတ်ကြား ခွဲခြားနိုင်မည် မဟုတ်တော့ပေ။
သို့သော်လည်း သိက္ခာတော်ရ ဘုန်းတော်ကြီးများ၏ ရွတ်ဖတ်သံများက ထိုပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပြီး သူတို့အား အပြည့်အဝ ရူးသွပ်မသွားစေရန် ကာကွယ်ထားလေသည်။
ယင်နဲ့ယန်…
ကျန်းပိယုက တွေးလိုက်သည်။ သူမက ထိုမိစ္ဆာကျင့်ကြံသူများသည် ဘုန်းတော်ကြီးအဖြစ် ပြောင်းလဲသွားသည့် ကွဲပြားသည့် နည်းဗျူဟာကို တုံ့ပြန်လိုက်သည်။ သူမက ဖုန်းဟွမ်၏ တပ်ဖွဲ့သည် ယင်နှင့် ယန် ပြယုဂ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။ မိစ္ဆာဘုန်းတော်ကြီးများက ယင် ဖြစ်သည်။ အဆိပ်သည် သူတို့အပေါ် သက်ရောက်မှု မရှိဘဲ အာဟာရအဖြစ်ပင် အသုံးပြုနိုင်လေ၏။ ထို့နောက် သိက္ခာတော်ရ ဘုန်းတော်ကြီးများကမူ ယန် ပြယုဂ်ဖြစ်ပြီး သတ်ဖြတ်ခြင်းအစား အရန်စွမ်းရည်များအပေါ် အလေးထားထားသည်။
သူ့ပင်မတာအိုက ဘာလဲ။ ယင်နဲ့ယန်လား…
ဖုန်းဟွမ်က သူ့သစ္စာဖောက်မှုကို ထုတ်ဖော်ပြီးသည့်နောက်တွင် ခန့်မှန်းလို့ မရသည့် မူမမှန်မှုတစ်ခု ဖြစ်လာခဲ့သည်။ ပထမဦးစွာ လူများစွာက သူသည် သူ့ဘိုးဘေးအတိုင်း လိုက်ကာ အကြွင်းမဲ့စတင်ခြင်းကို တာအိုအဖြစ် ကျင့်ကြံသည်ဟု ယုံကြည်ခဲ့ကြသည်။
ယခင်ထိပ်တိုက်တွေ့ဆုံမှုနှင့် တိုက်ပွဲများအားလုံးက သူသည် ထိုတာအိုကို အဓိက အသုံးပြုခဲ့သည်။ သို့သော်လည်း သူသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီး တစ်ပါးဖြစ်ကြောင်း ထုတ်ဖော်ပြီးသည့်နောက်တွင် လူများစွာက သူသည် သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားဖို့အတွက် အစစ်အမှန်တာအိုကို ဖုံးကွယ်ထားသည်လားဟု စဉ်းစားမိလာကြသည်။
လွန်ခဲ့သည့် မျိုးဆက်နှစ်ခုတုန်းက ကောင်းကင်ရွေးချယ်ခံအားလုံးသည် နောက်ဆုံးအခိုက်အတန့်လေးမှ သူ့ပင်မတာအိုကို ထုတ်ဖော်ခဲ့သည့် နေမင်း၉စင်း ဧကရာဇ်ကြောင့် ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် မည်သူကမှ တူညီသည့်အမှားကို မကျူးလွန်လိုကြပေ။ ထို့ကြောင့် ကောင်းကင်ရွေးချယ်ခံအားလုံးက ဖုန်းဟွမ်၏ သစ္စာဖောက်မှုအကြောင်း သိပြီးသည့်နောက်တွင် သူ့အပေါ် သတိကြီးကြီးထားထားကြသည်။