ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)
Vol. 59 Ch. 817
ကျန်းပိယုက သူမတပ်ဖွဲ့ကို နောက်ဆုတ်ဖို့အမိန့်ပေးလိုက်သည်။ တိုက်ပွဲက သူမ၏ အားနည်းချက်တစ်ခုကို ထုတ်ဖော်ပြသလာ၏။ သူမက သူမ၏ တပ်ဖွဲ့ကို ကောင်းကောင်း လေ့ကျင့်မပေးခဲ့ပေ။ အမှန်တော့ သူမက သူတို့ကို အာရုံမစိုက်ပေ။
ရှင်းလင်းရေးအပြီးတွင် သူမက နှလုံးသားငါးခုဧကရာဇ်၏ မှတ်ဉာဏ်ကို ပြန်လည်နိုးထစေရင်း အချိန်အများစုကို ကုန်ဆုံးခဲ့ကာ သူမ၏ အပြောင်းအလဲများကို ဓာတ်ငါးပါး မျှခြေနန်းဆောင်မှ ဝှက်ထားဖို့ ကြိုးစားခဲ့ရသည်။
ထို့ကြောင့် သူမက တပ်ဖွဲ့ကို ကောင်းကောင်းလေ့ကျင့်ပေးဖို့ အချိန်မရှိခဲ့ပေ။ ထို့အပြင် သူမက ထိုအမြှောက်စာ တပ်သားများသည် တိုက်ပွဲတွင် တကယ့်ရည်ရွယ်ချက်ကို ထမ်းဆောင်နိုင်လိမ့်မည်ဟု မထင်ပေ။
ထိုတပ်ဖွဲ့၏ တန်ဖိုးကို လျှော့တွက်ခြင်းဖြင့် သူမသည် သူတို့၏ တကယ့်တန်ဖိုးကို ထုတ်ယူဖို့ ကျရှုံးခဲ့သလို လီကျွင်း သို့မဟုတ် တိကျားယင်တို့လိုမျိုး ပြိုင်ဘက်ကင်း စစ်သူကြီးမျိုး ပြုစုပျိုးထောင်ဖို့လည်း ကျရှုံးခဲ့သည်။
အခုတော့ နောင်တရနေလို့ နောက်ကျသွားပြီ…
ကျန်းပိယုက အကျိုးဆက်ကို တွေးလိုက်မိ၏။ ဝမ်ဝေ့တို့လိုလူမျိုးနှင့် ရင်ဆိုင်သည့်အခါ သူမက သူတို့၏ ကောင်းကောင်းလေ့ကျင့်ထားသော တပ်ဖွဲ့အပါအဝင် ကောင်းကင်ရွေးချယ်ခံအများစုနှင့် ယှဉ်နိုင်သည့် စစ်သူကြီးများကို ကျော်ဖြတ်ဖို့ရာ ခက်ခဲလိမ့်မည်။
သူမက နောက်ခြေလှမ်းကို တွက်ဆနေစဉ် ဖုန်းဟွမ်က ကြိုတင်ပြင်ဆင်ထားပြီးပြီ ဖြစ်၏။ သူက သူ့တပ်ဖွဲ့များကို ပူးပေါင်းကာ ထူးကဲသည့် အစီအရင် တစ်ခုဖြစ်သည့် ရွှေရောင်ဗုဒ္ဓအစီအရင်ကို ဖန်တီးလိုက်သည်။
ဖုန်းဟွမ်ကို ဗဟိုပြုကာ မှော်စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး သူက ပျောက်ကွယ်သွားလေ၏။ ထို့နောက် သူက ဧရာမ ရွှေရောင်ဗုဒ္ဓအသွင် ပြောင်းလဲသွားကာ တစ်ဖက်လူကို လွှမ်းမိုးထားသည်။
နောင်တလက်ဝါးချက်
ဖုန်းဟွမ်၏ ဗုဒ္ဓအသွင်က ဧရာမလက်ဝါးချက်ကို ကျန်းပိယုဆီ ထုတ်လွှတ်လာ၏။
ကျန်းပိယုက သူမ၏ စိတ်ခံစားချက်များသည် ထိန်းချုပ်မှု ကင်းလွတ်သွားကြောင်း ခံစားမိလိုက်သည်။ သူမက သူမသည် တပ်ဖွဲ့များကို ကောင်းကောင်းလေ့ကျင့်မပေးခဲ့သည့်အတွက် မည်မျှတုံးအကြောင်း အသံများစွာက ပြောဆိုနေသည်။ သို့သော်လည်း ထိုအသံများက အပေါ်ယံမျှသာ ဖြစ်၏။ သိပ်မကြာခင် ကျန်းပိယုက သူမ၏ အတွေးများကို မထိန်းချုပ်နိုင်ကြောင်း တွေးလိုက်ရသည်။ နောင်တမျိုးစုံက သူမ၏ ဝိညာဉ်အတွင်း ဝင်ရောက်လာကာ ထုံထိုင်းသွားစေ၏။
သူမက ကောင်းကင်တာအိုကို လှည့်ဖျားပြီး ကမ္ဘာ့အသိုက်အဝန်းများ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲများအပေါ် ဝင်ရောက်စွက်ဖက်ရဲသည့် အပြုအမူကို နောင်တရနေသည်။ ထိုအပြုအမူမျိုးက သူမဆီ သေချာပေါက် တန်ပြန်သက်ရောက်လာလိမ့်မည်။
ဝဋ်ဆိုသည်မှာ ပြက်လုံးတစ်ခု မဟုတ်ပေ။
သူမက စောင့်ကြိုနေသည့် စိန်ခေါ်မှုများကြောင့် ဒိုင်မေးရှင်းအမြင့်ကို မတက်လှမ်းရဲသည့်ကိစ္စအပေါ် နောင်တရနေခဲ့၏။ သူမက ဒိုင်မေးရှင်းအနိမ့်တွင် သတိကြီးကြီးထားလျက် ကျင့်ကြံနေလျှင် အဆင်ပြေလိမ့်မည်ဟု ထင်ထားခဲ့သည်။ ကံဆိုးစွာဖြင့် သူမက ဒိုင်မေးရှင်းအမြင့်တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေမည့်အချက်ကို စိုးထိတ်ခဲ့မိ၏။
ထို့ကြောင့် သူမ၏ ရှောင်လွှဲမှုက တာအိုနှလုံးသားအပေါ်တွင် သက်ရောက်မှုတချို့ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် သူမက ကိုယ်ပွားတချို့အပေါ် ဆက်ဆံပုံကို နောင်တရလာမိသည်။ တချို့က အသိစိတ်ဝင်လာပြီး သူတို့၏ ကိုယ်ပိုင်အတွေးနှင့် အစီအစဉ်များ ရှိလာကြ၏။ သို့သော်လည်း သူမက တစ်ကိုယ်ကောင်းဆန်ဆန်ဖြင့် သူတို့ကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုနောင်တတရားအားလုံး ဝင်ရောက်လာစဉ် ကျန်းပိယု၏ ကမ္ဘာဦးစိတ်ဝိညာဉ်က စတင်ပြိုလဲလာသည်။
မဟုတ်ဘူး။ ငါ ဒီနောင်တတရားနဲ့ လွှမ်းမိုးခံရလို့ မဖြစ်ဘူး…
သူမက ထိုနည်းစနစ်က သူမကို အဆုံးမသတ်ခင် နောက်ဆုံးအခိုက်အတန့်လေးတွင် တွေးလိုက်မိသည်။ ထို့ကြောင့် သူမက မီးတောက်တာအိုဖြင့် သူမ၏ စိတ်ကို သန့်စင်ကာ ဗလာရှင်းလင်းနေသည့် အနေအထားသို့ ဝင်ရောက်သွားပြီး စိတ်ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။
ဆက်တိုက်ဆိုသလို မြေစွမ်းအား ပါဝင်နေသည့် အဝါရောင်ဒိုင်းကာက သူမ၏ ခေါင်းအထက် ပေါ်ထွက်လာကာ ဖုန်းဟွမ်၏ လက်ဝါးချက်ကို တားဆီးထား၏။
တကယ်ကို ကြောက်ဖို့ကောင်းတဲ့ နည်းစနစ်တစ်ခုပဲ…
ကျန်းပိယုက သုံးသပ်လိုက်သည်။ သူမက ဝိညာဉ်နှင့်စိတ်အပေါ် နက်နက်နဲနဲ နားလည်ထားသည့် မဟာဧကရာဇ်တစ်ပါး ဖြစ်၏။ သို့သော်လည်း သူမက ထိုလက်ဝါးချက်ဆီမှ သက်ရောက်ခံခဲ့ရသည်။ သူမ၏ စွမ်းအားနိမ့်ကျသွားမှုဖြင့်ပင် ထိုကျရှုံးမှုအတွက် အကြောင်းအရင်းကို ရှင်းမပြနိုင်ပေ။
ဗုဒ္ဓဘာသာ အစောပိုင်းဖန်ဆင်းမှုကာလတုန်းက သူတို့တွေက စိတ်နဲ့ ဝိညာဉ်ကို အဓိကထားကျင့်ကြံပြီးတော့ ခန္ဓာကိုယ်က ဉာဏ်အလင်းပွင့်လမ်းစဉ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ယုံကြည်ခဲ့ကြတယ်လို့ ကြားဖူးတယ်။ နောက်ပိုင်းမှသာ သူတို့က ဒီအမြင်ကို ပြန်ပြီးတော့ ပြင်ဆင်ခဲ့ကြတာ။ ဒါပေမဲ့ ဘယ်လိုပဲအပြောင်းအလဲလုပ်လုပ် ဗုဒ္ဓဘာသာဂိုဏ်းဆိုတာက ဝိညာဉ်နဲ့ စိတ်နည်းစနစ်တွေကြောင့် ကျော်ကြားတယ်…
ကျန်းပိယုက တုံ့ဆိုင်းခြင်း မရှိဘဲ သူမ၏ ကမ္ဘာဦးစိတ်ဝိညာဉ်တွင် အလွှာငါးလွှာဖြင့် ကာကွယ်ထားလိုက်သည်။ ထို့နောက် သူမက သန့်စင်နှလုံးသား၏ စွမ်းရည်ကို ငှားယူကာ သူမ၏ စိတ်အား အနှောင့်အယှက် ကင်းအောင် လုပ်ဆောင်ခဲ့၏။
မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ…
ကျန်းပိယုက တွေးလိုက်မိသည်။
ငါ့စိတ်က ပြစ်ချက်နည်းနည်းရှိနေပေမဲ့ သေချာဖုံးကွယ်ထားခဲ့တာပဲ…
နှမြောစရာကောင်းလှသည်က သူမသည် ပြစ်ချက်၏ အရင်းအမြစ်ကို ရှာဖွေဖို့ အချိန် မရှိပေ။ ဖုန်းဟွမ်၏ ယင်ယန်မျက်ဝန်းက အရာအားလုံး၏ ပြစ်ချက်အားလုံးကို မြင်နိုင်လေ၏။ ထို့ကြောင့် သူက သူမ စိတ်ထဲမှ ပြစ်ချက်ကို ချက်ချင်း သတိထားမိသွားသည်။
စိတ်ကို လွတ်မြောက်စေခြင်း
ဗုဒ္ဓဘာသာက အကြောက်တရားကဲ့သို့သော အဆိုးမြင်ခံစားချက်များမှ လွတ်မြောက်ခြင်းအပေါ် ယုံကြည်ထားကြသည်။ ထိုစိတ်ခံစားချက်များက မိုးမြေ၏ အခြေခံနားလည်နိုင်စွမ်း ကင်းလွတ်နေမှု သို့မဟုတ် လောကီရေးရာများနှင့် ဝေးကွာနေသည့်ရလဒ်သာ ဖြစ်ပေသည်။
ကျန်းပိယု သို့မဟုတ် နှလုံးသားငါးခုဧကရာဇ်၏ အကြောက်တရားက စွမ်းအား၊ အာဏာနှင့် အားနည်းချက်အတွက် သူမ၏ အလိုဆန္ဒမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဒုတိယလက်ဝါးချက်က ထိုအကြောက်တရားမှ သူများကို လွတ်မြောက်စေခြင်း ဖြစ်၏။
ထို့ကြောင့် ဖုန်းဟွမ်၏ ဒုတိယလက်ဝါးချက်က ကောင်းကင်မှ ကျဆင်းလာစဉ် ကျန်းပိယုက ထပ်မံ ငေးမောမိသွားသည်။ သူမက ကောင်းကင်အလိုဆန္ဒကို ရယူပြီး မဟာတာအိုအရင်းအမြစ်၏ နားလည်နိုင်စွမ်းကို တိုးမြင့်မည့် ရည်မှန်းချက်အားလုံးကို စွန့်ပယ်လိုစိတ်ပေါက်လာလေသည်။
ဒီနှစ်တွေအားလုံးမှာ အထီးကျန်တဲ့နေရာမှာ စည်းပိတ်ပြီးတော့ အစစ်အမှန် ကောင်းကင်တာအိုဆီကနေ ပုန်းအောင်းနေခဲ့ရတယ်။ ခေတ်ကာလများစွာ ဘယ်သူ့ကိုမှလည်းမတွေ့ရသလို ဘယ်သူနဲ့မှလည်း စကားမပြောခဲ့ရဘူး။ ကိုယ်ပွားတွေရဲ့ အတွေ့အကြုံနဲ့ မှတ်ဉာဏ်တွေကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီလိုအထီးကျန်မှုမျိုးမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို မသိတော့ဘူး။ သာမန်ဘဝမှာနေတာက ပိုပြီးတော့များ ကောင်းနေမလား…
ဒိုင်မေးရှင်းအမြင့်မှာ နေထိုင်ရတာက ကြောက်ဖို့ မကောင်းဘူးပဲ။ ဧကရာဇ်အများစုက တက်လှမ်းသွားပြီးတော့ ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်နိုင်ကြတယ်။ သူတို့တောင် လုပ်ဆောင်နိုင်မှတော့ ငါက ဘာလို့ မလုပ်ဆောင်နိုင်ရမှာလဲ။
ငါ မတွေ့ကြုံဖူးတဲ့အရာ တစ်ခုအတွက် ဘာလို့များ ကြောက်ရွံ့နေရမှာလဲ…
သူမက တွေးကြည့်လေလေ ထိုအစီအစဉ်က ကောင်းလေလေဖြစ်ကြောင်း တွေးမိလာသည်။ မည်သူကမှ သူတို့ဘဝတစ်လျှောက်လုံး အကြောက်တရားထဲ မနေလိုကြပေ။ ယခုသူမက နိုးထလာပြီဖြစ်ကာ အကြောက်တရားမှ လွတ်မြောက်သွားပြီ ဖြစ်၍ ပုခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။
ဘန်း
သူမ၏ အသိစိတ်ပင်လယ်က တုန်ခါလာကာ ကမ္ဘာဦးစိတ်ဝိညာဉ်မှ ပန်းတစ်ပွင့် စတင်ပွင့်လန်းလာသည်။ သူမ၏ စိတ်ဝိညာဉ် ပြိုလဲခါနီးအချိန်တွင် သူမ၏ ပိုင်နက်က အသက်ဝင်လာပြီး သစ်သားတာအိုက သူမ၏ ဝိညာဉ်ကို ကုစားပေးသည့်အတွက် ထိုဖြစ်စဉ်မှ နိုးထလာ၏။
ကျစ်…
ကျန်းပိယုက ကျိန်ဆဲလိုက်သည်။
ဝုန်း
သူမ၏ ခန္ဓာကိုယ်က မီတာထောင်ချီ အဝေးသို့ ပျံသန်းသွားလေ၏။ သူမက စိတ်ပိုင်းဆိုင်ရာတိုက်ကွက်မှ နိုးထလာသော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ဖုန်းဟွမ်၏ ရုပ်ပိုင်းဆိုင်ရာတိုက်ကွက်က သူမဆီ ရောက်ရှိလာ၏။ ကံကောင်းစွာဖြင့် သူမ၏ ခန္ဓာကိုယ်တွင် သတ္တုချပ်ဝတ် တစ်ခုပေါ်ထွက်လာပြီး ကာကွယ်ပေးထားသည်။
ကျန်းပိယုက သူမအောက်ထဲရှိ မီးပင်လယ်ထဲ ကျရောက်သွားသည်။ သို့သော်လည်း သူမက ပြန်ရပ်ပြီး နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ သူမက ပါးစပ်ဟကာ ပတ်ဝန်းကျင်မှ မီးဓာတ်ကို ဝါးမျိုပြီး ဒဏ်ရာများကို ကုစားလိုက်သည်။
လျှို့ဝှက်နည်းစနစ် အသင်္ချေဝိညာဉ်ပုံရိပ်
ကျန်းပိယု၏ အသိစိတ်ပင်လယ်အတွင်း ဝိညာဉ်ထောင်ချီ ပေါ်ထွက်လာ၏။ ထိုဝိညာဉ်များက ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် တူသော်လည်း သူတို့က တစ္ဆေပုံရိပ်နှင့် ပို၍ တူလေသည်။
ငါ သူ့စိတ်တိုက်ကွက်တွေအားလုံးကို ဒီဝိညာဉ်ပုံရိပ်ယောင်တွေဆီ ပို့ဆောင်လို့ရတယ်…
သူက ငါ့စိတ်ထဲက ပြစ်ချက်ကို ပစ်မှတ်ထားနေတယ်ဆိုရင်တောင်…
ကျန်းပိယုက အသေးစား ဆုံးရှုံးမှုရှိသော်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။ သူမက မဟာဧကရာဇ်တစ်ပါးအနေနှင့် သူမ၏ မာနထိခိုက်သည့်အတွက် ဒေါသထွက်နေခြင်း မရှိပေ။ သူမ၏ ကိုယ်ပွားအများစုက အကြောင်းအရင်း တစ်ခု မဟုတ် တစ်ခုအတွက် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ဖူး၏။
သူမက ဤကိုယ်ပွားအပေါ် အလေးထားသည်မှာ ဤမျိုးဆက်က ထာဝရကြမ္မာအမြောက်အများ ရှိနေ၍ ဖြစ်သည်။ သူမ ရှုံးနိမ့်သွားလျှင်ပင် နှလုံးသားငါးခုဧကရာဇ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
ကရုဏာလက်ဝါး
ဖုန်းဟွမ်က တတိယအကြိမ် တိုက်ခိုက်လိုက်၏။ ဤတစ်ကြိမ် တိုက်ကွက်က ယခင်နှင့်အတူတူဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ တိုက်ကွက်တစ်ခုကို အားဖြည့်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ဤမန္တန်က ယခင်နှစ်ခုထက် ပိုမိုအားကောင်းလေ၏။
ထိုလက်ဝါးချက်က ရန်သူ၏ စိတ်ခံစားချက်အားလုံးကို ကရုဏာအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုတိုက်ကွက်နှင့် တွေ့ဆုံသည့်လူတိုင်းက မိုးမြေကြားတွင် အကြင်နာတတ်ဆုံး၊ ကိုယ်ကျိုးမငဲ့ဆုံး လူသားအဖြစ် ပြောင်းလဲသွားလိမ့်မည်။
သူတို့၏ စိတ်က အဆိုးမြင် ခံစားချက်များ ရှိမည်မဟုတ်တော့ပေ။ ပြောရလျှင် သူတို့က ပျော်ရွှင်မှု သို့မဟုတ် အောင်မြင်သည့် စိတ်ခံစားချက်မျိုး မရှိတော့ပဲ လောကကြီးထံ သနားကရုဏာ ပြသလိုသည့် လိုအင်ဆန္ဒသာ ရှိလိမ့်မည်။
ထိုလက်ဝါးချက် ကျဆင်းလာသည့်အခါ ကျန်းပိယုက သူမ၏ ဝိညာဉ်ပုံရိပ်များသည် စက္ကန့်ပိုင်းနှင့်အမျှ ရာချီကာ သေဆုံးနေသည်ကို သိရ၍ မျက်မှောင်ကြုတ်လိုက်သည်။
ကြောက်ဖို့ကောင်းတဲ့ နည်းစနစ်တစ်ခုပဲ။ အနောက်ပိုင်းသန့်စင်ကောင်းချီးကုန်းမြေက လှုံ့ဆော်ခဲ့တာလား…
ထိုကိုယ်ပွားမှ သူမသည် လူများအား ဗုဒ္ဓဘာသာကိုးကွယ်သူအဖြစ် အတင်းအကြပ် ပြောင်းလဲပစ်နိုင်သည့် တားမြစ်နယ်မြေထဲမှ တစ်ခုကို သိထားလေ၏။ ထိုအရာက သူတို့မဟာတာအိုအရင်းအမြစ်၏ သဘာဝကိုပင် အတင်းအကြပ်ပြောင်းလဲပေးနိုင်သည်။
ကံကောင်းတာက သူ့တိုက်ကွက်က အဲဒီအဆင့်ထိ မရောက်သေးဘူး…
သူမက အသက်ပြင်းပြင်းရှူကာ စတင်တိုက်ခိုက်လိုက်သည်။ သူမ၏ ခေါင်းအထက် စွမ်းအားကြီးလှံ တစ်ခုပေါ်ထွက်လာပြီး မီးတောက်များဖြင့် လွှမ်းခြုံထားလေ၏။
ကျန်းပိယု၏ ထိန်းချုပ်မှုအောက်တွင် ထိုအရာက လက်ဝါးချက်ဆီ ပျံသန်းသွားပြီး အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည်။
ထို့နောက် လှံတံက ဖုန်းဟွမ်၏ ရွှေရောင်ဗုဒ္ဓအသွင်ဆီ ဦးတည်သွားသည်။ သတ္တုကဲ့သို့ အရည်ပျော်မှတ် ရရှိပြီးသည့်နောက်တွင် မီးလျှံက ဗုဒ္ဓကို လောင်ကျွမ်းပစ်ခဲ့ပြီး အစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။
ဖုန်းဟွမ်၏ ခန္ဓာကိုယ် ပြန်လည်ပေါ်ထွက်လာပြီး သူမကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဒီနေရာက မီးတောက်စွမ်းအားတွေ ပြည့်နှက်နေပြီးတော့ မီးဓာတ်နည်းစနစ်တွေကို အားဖြည့်ပေးထားတာပဲ။ ဒီလိုပတ်ဝန်းကျင်မျိုးက ဓာတ်ငါးပါးတာအို ကျင့်ကြံတဲ့သူအတွက် အရေးသာချက် ရှိလွန်းတယ်…
ဖုန်းဟွမ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့တပ်ဖွဲ့ကို ဖယ်ရှားလိုက်ပြီး ဤတိုက်ပွဲကြောင့် ကပ်ဘေးဒဏ်ခံစားရခြင်းကို ကာကွယ်လိုက်သည်။ ထိုလူများက ဤကမ္ဘာ၏ ဗုဒ္ဓဘာသာအတွက် ပထမဦးဆုံးအင်အားစု ဖြစ်၏။
ချစ်ခြင်းမေတ္တာလက်ဝါး
ဘုန်းတော်ကြီးက နောက်ထပ် လက်ဝါးတစ်ခု ထပ်မံ ထုတ်လွှတ်လာသည်။ ထိုအရာက ကျန်အရာများနှင့် ယှဉ်လိုက်လျှင် အတော်လေး မြန်ဆန်လှ၏။
ကျန်းပိယုက အလျင်အမြန် တုံ့ပြန်ကာ ထိုအရာကို တားဆီးလိုက်သည်။
မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ။ ဒီတိုက်ကွက်မျိုးက ငါ့အတွက် အသုံးမဝင်ဘူးဆိုတာ သူ သိလိမ့်မယ်။ ဒီတိုက်ကွက်က အယောင်ပြတစ်ခုပဲ…
သူမ၏ စိတ်က အလျင်အမြန် လှုပ်ရှားနေသော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ထို့ကြောင့် သူမက နေရာတစ်ခုလုံးရှိ မီးတောက်များ ငြိမ်းသွားသည်ကိုသာ ကြည့်နေရ၏။ ကျန်းပိယုက တစ်ဖက်လူသည် ဤအာကာပြင်၏ စည်းမျဉ်းများကို အတင်းအကြပ် ပြောင်းလဲပစ်ပြီး ဤနေရာကို လွှမ်းမိုးနေသည့် မီးဓာတ်စည်းမျဉ်းကို ဖယ်ရှားပစ်ခဲ့သည်ကို အာရုံခံမိလိုက်သည်။
နေရာအရေးသာချက် ဆုံးရှုံးသွားတာလား…
ကိစ္စမရှိဘူး…
သူမက ထိုအတွေးမျိုးရှိသော်လည်း သိသာလှသည့် နည်းဗျူဟာကို အချိန်မှီ မတုံ့ပြန်နိုင်သည့်အတွက် စိတ်ခုနေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူမက ဤတိုက်ပွဲကို အနိုင်ရရှိဖို့အတွက် ပတ်ဝန်းကျင် အရေးသာချက်အပေါ် မှီခိုဖို့ ရည်ရွယ်ချက် မရှိပေ။
သူမက သူမကိုယ်တိုင်နှင့် တာအိုအပေါ် ယုံကြည်ချက် အပြည့်အဝ ရှိနေသည်။