ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၅)
Vol. 59 Ch. 819
ဖုန်းဟွမ်က ကျန်းပိယု၏ သတ္တုဟာကွက်အကြောင်း စဉ်းစားနေသည်။ သို့သော်လည်း သူမက ငြိမ်ခံနေပြီး သူ့အား တိုက်ပွဲကို လွှမ်းမိုးခွင့်ပြုမည် မဟုတ်ပေ။
သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ရန်သူက သူမ၏ အစီအစဉ်ကို ထုတ်ဖော်ဖို့ ကြိုးစားနေစဉ် သူမကလည်း တိုက်ခိုက်ရေးအစီအစဉ်တစ်ခု ရှိနေသည်။
ဓာတ်ငါးပါးတာအိုမှ ဖန်တီးထားသည့် သူမ၏ ထူးကဲလှသော သတ္တုသည် မာကြောပြီး မဖျက်ဆီးနိုင်ရုံသာမက နောက်ထပ် ဂုဏ်သတ္တိတစ်မျိုးလည်း ရှိနေသေး၏။ စွမ်းအားကို စုပ်ယူပြီး သိုလှောင်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဖုန်းဟွမ်က အရိုးတစ်ချောင်းနောက်လိုက်နေသည့် ခွေးတစ်ကောင်လိုမျိုး အပြင်းအထန် တိုက်ခိုက်နေစဉ် သူမက သူ့တိုက်ကွက်မှ စွမ်းအားတချို့ကို သိုလှောင်ထားခဲ့သည်။
ဘန်း
ကျန်းပိယု၏ တိုက်ကွက်က သူ့အား ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည့်အတွက် ဖုန်းဟွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း ထိုအင်အားက သူ့တကယ် ရုပ်ပိုင်းဆိုင်ရာခွန်အားထက် နည်းပါးနေသည့်အတွက် များများစားစား စိုးရိမ်မှု မရှိပေ။
ဘုန်း ဘုန်း ဘုန်း
သူတို့၏ လက်သီးချက်များ ထိပ်တိုက်တွေ့ဆုံစဉ် ပတ်ဝန်းကျင်နေရာတစ်ခုလုံးကိုပင် တွန့်လိမ်သွားစေသည့် ပြင်းထန်သော တုန်ခါလှိုင်းများ ထွက်ပေါ်လာသည်။ သူတို့၏ တိုက်ကွက်က ယှဉ်နိုင်သော်လည်း ကျန်းပိယုက သူမ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို တိုးမြှင့်ဖို့ မြေဓာတ်စွမ်းအားကို အသုံးမပြုခင်အထိ ဖြစ်သည်။
သို့သော်လည်း သူမကို အံ့အားသင့်သွားစေသည်က သူမအနေဖြင့် ဖုန်းဟွမ်ကို ကျော်လွှားနိုင်ခြင်း မရှိပေ။
သူ့ဆီကနေ ခိုးယူထားတဲ့ စွမ်းအားက ကြာရှည်မခံဘူးပဲ။ သူ့နည်းဗျူဟာက ငါ့စွမ်းရည် မကုန်ခင်အထိ အချိန်ဆွဲထားဖို့ ဖြစ်လောက်တယ်။ ဒီလိုဆိုရင်တော့ ဒီနည်းစနစ်ကို သုံးကြည့်တာပေါ့…
ဖူး
ဖုန်းဟွမ်က တစ်ဖက်လူနှင့် တွေ့ဆုံပြီးသည့်နောက်တွင် ရုတ်တရက် သွေးအန်လိုက်ရသည်။
ဟမ် ဘာဖြစ်သွားတာလဲ…
သူ့စိတ်က စူပါကွမ်တန် ကွန်ပျူတာထက်ပင် မြန်ဆန်စွာ အလုပ်လုပ်နေလေ၏။ သို့သော်လည်း သူ့ရန်သူက သူ့ကို စဉ်းစားဖို့ အချိန်မပေးဘဲ ဆက်လက် တိုက်ခိုက်လာသည်။ စက္ကန့်ပိုင်းလေးအတွင်း ကျန်းပိယုက လက်သီးချက်သန်းချီ ထုတ်လွှတ်လာပြီး သူမတွင် လက်ထောင်ချီ ရှိနေသလိုမျိုး လေထဲတွင် လက်သီးအရိပ်များသာ ချန်ထားခဲ့သည်။
တိုက်ကွက်တစ်ခုချင်းစီတွင် ဖုန်းဟွမ်က သွေးအန်လာသည်။ သို့သော်လည်း ထူးဆန်းသည့် အပိုင်းက သူက မြင်သာသည့် အပြင်ပိုင်းဒဏ်ရာ မရှိပေ။ ဖုန်းဟွမ်က လက်ကို ကြက်ခြေခတ်ပုံစံဖြင့် ခုခံခဲ့၏။ ထို့နောက် သူက သူ့ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးကြည့်ခဲ့သည်။
ကျောက်ကပ်လား။ ငါက ဖျားနေတာလား…
ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူ့မျက်နှာအထက် နားမလည်သည့် အရိပ်အယောင်မျိုး ရှိနေလေ၏။ ကျန်းပိယု၏ တိုက်ကွက်ကို သူ့အတွင်းအင်္ဂါကို ဒဏ်ရာ ပေးနိုင်မည် မဟုတ်ပေ။ သူမ၏ တိုက်ကွက်က သူ့ခုခံမှုထက် နိမ့်ကျနေလေ၏။
သို့သော် သူ့ကျောက်ကပ်က ထိခိုက်သွားပြီး နှလုံးလည်း ထိခိုက်သွားကာ အရိုးခြင်ဆီအပေါ် သက်ရောက်မှုကြောင့် အရိုးကလည်း ကြွပ်ဆတ်လာခဲ့သည်။ ဖုန်းဟွမ်က သူ့ယင်ယန်မျက်ဝန်းကို အသက်သွင်းကာ မူမမှန်မှုကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။
“ခန္ဓာကိုယ်ရဲ့ ဓာတ်ငါးပါးမျှခြေကို ဖျက်ဆီးခံလိုက်ရတာပဲ။ ဒါက ဓာတ်ငါးပါးတာအိုနဲ့ ဆေးပညာတာအိုရဲ့ ပေါင်းစပ်မှုလား…”
ကျင့်ကြံသူများက သေမျိုးရောဂါများမှ သက်ရောက်မှု မခံရပေ။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဖျားနာဖို့ ဖြစ်နိုင်သော်လည်း ရှားပါးလှသည်။ သူတို့၏ အံ့ဖွယ်ပင်လယ်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် သူတို့က သေမျိုးရောဂါ ၉၉ ရာခိုင်နှုန်းလောက်အပေါ် ခုခံနိုင်စွမ်း ရှိလာခဲ့၏။ သဘာဝအလွန်အဆင့် ရောက်သည့်အခါ ကျင့်ကြံသူများက ထိုရောဂါများမှ ကင်းဝေးသွားလိမ့်မည်။
သူတို့က ဒဏ်ရာရနိုင်သော်လည်း ဖျားနာခြင်း မရှိတော့ပေ။ ထိုအရာက သေမျိုးရောဂါများကိုသာ ဖော်ညွှန်းခြင်း ဖြစ်၏။ တချို့က ကျင့်ကြံသူများက သတ်ဖြတ်ဖို့ရာ ရည်ရွယ်ချက်အတွက် ဖန်တီးထားသည့် ရောဂါများကမူ ကွဲပြားပေသည်။
ကျန်းပိယု၏ တိုက်ကွက်က ဆေးပညာတာအိုနှင့် အတွင်းအင်္ဂါနှင့် ဆက်နွယ်နေသည့် ဓာတ်ငါးပါးသီအိုရီကို အသုံးပြုထားသည်။ သူမက ဖုန်းဟွမ်၏ ခန္ဓာကိုယ်အတွင်းမှ မျှခြေကို ထိခိုက်စေခဲ့သည့်အတွက် ဖျားနာကာ ထိခိုက်သွားစေခြင်း ဖြစ်သည်။
အံ့ဩဖို့ကောင်းတဲ့ နည်းစနစ်တစ်ခုပဲ…
သူမက ခန္ဓာကိုယ်လေ့ကျင့်သူတွေနဲ့ ရင်ဆိုင်ဖို့ ဖန်တီးခဲ့တာ ဖြစ်လောက်တယ်…
သူက တွေးလိုက်မိပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဓာတ်ငါးပါးကို ပြန်လည်မျှတအောင်လုပ်ပြီး ရောဂါကို ကုစားလိုက်သည်။
သို့သော်လည်း ကျန်းပိယု၏ ဓာတ်ငါးပါးအပေါ် နားလည်နိုင်စွမ်းက သူ့ထက် ကျော်လွန်နေလေ၏။ ထို့ကြောင့် ထိုဖြစ်စဉ်က သူမ တိုက်ခိုက်လာသည်နှင့် ထပ်မံ ဖြစ်ပွားလာခဲ့သည်။
ဖုန်းဟွမ်က သူ့ခန္ဓာကိုယ်သည် မျှခြေညီလိုက်၊ မညီလိုက်ဖြစ်နေသည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုနည်းလမ်းသည် ခန္ဓာကိုယ်လေ့ကျင့်ဖို့အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်း တွေးခဲ့၏။ သို့သော်လည်း ကျင့်ကြံဖို့ရာအတွက် အချိန် မဟုတ်ပေ။
သူက အခြေအနေကို ဖြေရှင်းဖို့ အမြန်အဆန် စဉ်းစားလိုက်သည်။ အလွယ်ဆုံးနည်းလမ်းက ကျန်းပိယု၏ တိုက်ကွက်ကို ရှာဖို့ လှုပ်ရှားပြီး ယင်ယန် အသုံးပြုကာ မျှခြေကို ထိန်းညှိခြင်း ဖြစ်သည်။ သို့သော်လည်း သူက ကွဲပြားသည့် နည်းလမ်းကို ရွေးချယ်ခဲ့၏။
သူ ကျန်းပိယု၏ ချပ်ဝတ်အပေါ် ယခင်သုံးသပ်ချက်အရ အစီအစဉ်နှစ်ခု ရှိလေသည်။ ပထမတစ်ခုက ကျန်းပိယု၏ ချပ်ဝတ်သည် ရုပ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်မှုများကို ခုခံဖို့ စီမံထားသည့်အတွက် ဝိညာဉ်တိုက်ကွက်ကို အသုံးပြုဖို့ ဖြစ်၏။
သို့သော်လည်း ဖုန်းဟွမ်က ထိုနည်းလမ်းသည် ဗုဒ္ဓအစာကျွေးခြင်း နည်းစနစ်လောက် သက်ရောက်မှု ရှိမည်မဟုတ်မှန်း သိလေလည်။
ကျန်းပိယုက ချပ်ဝတ်၏ သက်ရောက်မှုကို သိထားသည့်အတွက် ဝိညာဉ်ကို ကာကွယ်ထားမည့် နည်းလမ်းမျိုး ရှိလိမ့်မည်။ ထို့ကြောင့် ဘုန်းတော်ကြီးက ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့၏။ ထိုနည်းလမ်းက ချပ်ဝတ်ကို ဖြေရှင်းရုံသာမက သူ့လက်ရှိအခြေအနေနှင့်လည်း အခွင့်ကောင်းယူနိုင်သည်။
ဗုဒ္ဓအစာကျွေးခြင်း
ဘန်း
ကျန်းပိယုက သူ့ကို လက်သီးဖြင့် ထိုးချလိုက်၏။ သို့သော် သူမကသာ သွေးအန်လိုက်ရသည်။ ထို့အပြင် သူမက ပိုမိုတိုက်ခိုက်လေလေ သူမက ဒဏ်ရာပိုရရှိလာလေလေ ဖြစ်၏။
“ဗုဒ္ဓအစာကျွေးခြင်း” ကျန်းပိယုက ရေရွတ်လိုက်သည်။
“ဟမ် မင်းက ဒါတောင် သိတယ်လား” ဖုန်းဟွမ်က ထိုသူ၏ ဇစ်မြစ်နှင့် ပတ်သက်ပြီး စတင် စဉ်းစားမိလာသည်။
ထိုစဉ် ကျန်းပိယုကမူ ဂရုမစိုက်ပေ။ သူမက ကောင်းကင်အလိုဆန္ဒကမ္ဘာ ရာချီတွင် ပါဝင်ဆင်နွှဲခဲ့ဖူးပြီး ရှေးဟောင်းဧကရာဇ် ခေတ်ကာလကတည်းက ရှင်သန်ခဲ့သူ ဖြစ်၏။ နှလုံးသားငါးခုဧကရာဇ်က အသင်္ချေအင်ပါယာကမ္ဘာမှ မဟုတ်သော်လည်း သူမ၏ ကိုယ်ပွားများက ခေတ်ကာလအားလုံးနှင့် လျှို့ဝှက်ချက်အားလုံးကို တွေ့ကြုံခံစားဖူးလေသည်။ ထို့ကြောင့် သူမက ထိုနည်းစနစ်နှင့် ဇစ်မြစ်အကြောင်း သိထားလေ၏။
တစ်ခါက ကရုဏာတရားကို ကျင့်သုံးသည့် သေမျိုးဘုန်းတော်ကြီးတစ်ပါး ရှိခဲ့ဖူးသည်။ သူက ကျင့်ကြံဖို့ရာအတွက် ပါရမီ မရှိသော်လည်း ဓမ္မကို နားလည်ဖို့ နှစ်များစွာ ကုန်ဆုံးခဲ့ပြီး ကရုဏာတရားကို လေ့ကျင့်ခဲ့သည်။
တစ်ရက်တွင် သူက သဲကန္တာရအတွင်း လမ်းပျောက်နေစဉ် အစားအစာနှင့် ရေမရှိဘဲ ရက်များစွာ ကုန်ဆုံးခဲ့ရသည်။ ထို့နောက် သူက သူနှင့် အခြေအနေတူလုနီးပါး လင်းယုန်တစ်ကောင်ကို တွေ့ခဲ့ရ၏။ သူက သနားကြင်နာမှုဖြင့် လင်းယုန်အား သူ့အသားကို ကျွေးကာ နှစ်ဦးထဲမှတစ်ဦး အသက်ရှင်သန်ဖို့ မျှော်လင့်ခဲ့သည်။
သူ့အပြုအမူက သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့၏။ အကြောင်းမှာ လင်းယုန်က ကျန်ရှိနေသည့် စွမ်းအားကို အသုံးပြုကာ အဝေးသို့ ပြန်သွားပြီး အကူအညီကို တောင်းခံလာခဲ့သည်။ ထို့နောက် လင်းယုန်က ဘုန်းတော်ကြီး၏ အပေါင်းအပါ ဖြစ်လာခဲ့သည်။ သူ့ဘဝ၏ နောက်ပိုင်းတွင် ဗုဒ္ဓဂိုဏ်းတစ်ခုက ဘုန်းတော်ကြီးသည် သူတော်ကောင်းတရားနှင့် ကုသိုလ်အမြောက်အများ ရှိသည့်သူမှန်း တွေ့ရှိသွားပြီးသည့်နောက်တွင် သူ့ကံကြမ္မာကို ပြောင်းလဲကာ ကျင့်ကြံဖို့ရာအတွက် ခွင့်ပြုပေးခဲ့သည်။
ဘုန်းတော်ကြီးက တာအိုကို သက်သေပြကာ ကရုဏာနှလုံးသား ဧကရာဇ်ဟု လူသိများသည့် ပထမတန်းစား ဧကရာဇ် ဖြစ်လာခဲ့သည်။ ထို့နည်းစနစ်က လင်းယုန်သည် ဘုန်းတော်ကြီး၏ ကာကွယ်သူ လေးယောက်ထဲမှ တစ်ယောက် ဖြစ်လာပြီးသည့်နောက် ဖန်ဆင်းခဲ့ခြင်း ဖြစ်၏။ ထိုနည်းစနစ်ဖြင့် လင်းယုန်သည် ဘုန်းကြီး၏ နာကျင်မှု၊ ဝေဒနာနှင့် ဒဏ်ရာများကို ယူဆောင်သွားပြီး ထိခိုက်မှုများမှ ကာကွယ်ပေးလိမ့်မည်။
နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ထိုနည်းစနစ်ကို ပြောင်းလဲကာ ဒဏ်ရာများကို ပြိုင်ဘက်ဆီ လွှဲပြောင်းပေးဖို့ လုပ်ဆောင်ခဲ့၏။
ဖူး
ကျန်းပိယုက မတိုက်ခိုက်တော့သော်လည်း နောက်ထပ် သွေးတစ်ပွက်အန်လိုက်ရသည်။ အကြောင်းအရင်းမှာ ဖုန်းဟွမ်က ဝေဒနာရောင်ဝါနှင့် ကိုယ်တိုင်ထိခိုက်အောင် လုပ်ခြင်းကို အသက်သွင်းခဲ့၍ ဖြစ်သည်။ ထိုနည်းစနစ်က ရောင်ဝါ၏ စွမ်းရည်ကို အသက်သွင်းထားရင်း တစ်ဖက်လူအပေါ် ထိခိုက်ခွင့်ရှိအောင် ခွင့်ပြုထားလေသည်။ ဒဏ်ရာများများ ခံစားရလေလေ သူ့အင်အားက တိုးပွားလာလိမ့်မည်။
ကျန်းပိယု၏ စိတ်ထဲ အလျင်အမြန် တွက်ချက်နေပြီး ထိုနည်းစနစ်အကြောင်း သိထားသည့် သတင်းအချက်အလက်များအကြောင်း သုံးသပ်ကာ ဖြေရှင်းနည်းကို စဉ်းစားနေလေ၏။
ထို့နောက် ဖုန်းဟွမ်ဆီ ပြေးဝင်သွားသည်။
ဖုန်းဟွမ်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသွား၍ သူမနှင့် ထိပ်တိုက် မတွေ့ဆုံခဲ့ပေ။ ထိုအစား သူက အကွာအဝေးတစ်ခုကို ထိန်းထားပြီး ဝေဒနာရောင်ဝါစက်ဝန်းမှ သူ့ကိုယ်သူ ထိခိုက်နာကျင်အောင် လုပ်ဆောင်ခဲ့၏။
ကျန်းပိယုက သစ်သားတာအိုကို ရည်ရွယ်ချက်နှစ်ခုအတွက် အသုံးပြုခဲ့သည်။ ကုသခြင်းနှင့် ချုပ်နှောင်ခြင်း ဖြစ်၏။ ဖုန်းဟွမ်၏ ကိုယ်တိုင်ထိခိုက်အောင် လုပ်သည့် တိုက်ခိုက်မှုများက ပွင့်ချပ် ၇ လွှာအဆင့်နှင့် ညီမျှလေသည်။ သူမက တူညီသည့် တိုက်ပွဲစွမ်းအား ရှိထားသော်လည်း သူမ၏ ခုခံနိုင်စွမ်းနှင့် ခန္ဓာကိုယ်က ခန္ဓာကိုယ်လေ့ကျင့်သူနှင့် ယှဉ်လိုက်လျှင် အားနည်းနေလေ၏။
ကံကောင်းစွာဖြင့် သစ်သားတာအိုက ကုသရေးတွင် အကောင်းဆုံးထဲမှ တစ်ခု ဖြစ်၏။
ထို့နောက် သူမက ပတ်ဝန်းကျင် နေရာတစ်ခုလုံးတွင် ပြည့်နှက်နေသည့် ဧရာမသစ်ပင်ကြီးကို ဆင့်ခေါ်လိုက်သည်။ ထိုသစ်ပင်က ရည်ရွယ်ချက်တစ်ခုသာ ရှိ၏။ ရန်သူကို ချုပ်နှောင်ကာ သူမအတွက် အချိန်ဆွဲထားဖို့ ဖြစ်သည်။
အကြွင်းမဲ့ထက်ရှဓား
ကျန်းပိယုက သတ္တုတာအိုကို စုစည်းကာ ထက်ရှမှုကို ကန့်သတ်ချက်ထက် ကျော်လွန်အောင် မြှင့်တင်ခဲ့သည်။ သူမက လက်ကို ဖြတ်လိုက်ကာ ပြိုင်ဘက်ကင်း လခြမ်းကွေးသဏ္ဌာန်ဓားချက်ကို ထုတ်ဖော်လိုက်သည်။
ထိုဓားတိုက်ကွက်က အားကောင်းလာပြီး ပြောင်မြောက်လွန်းလှသည့်အတွက် အစစ်အမှန်ဓားသမားများပင် ရှက်ရွံ့မှုဖြင့် မျက်နှာနီသွားလောက်သည်။ ထိုတိုက်ကွက်၏ ပစ်မှတ်က ဖုန်းဟွမ်နှင့် သူမကြား ဆက်နွယ်နေသည့် ကံကြိုးမျှင်ကို ဖြစ်၏။
သူမက ထိုကြိုးမျှင်ကို ဖြတ်တောက်လိုက်သည်နှင့် ဖုန်းဟွမ်က သူမကို ဒဏ်ရာပေးဖို့ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ ကံဆိုးစွာဖြင့် ကိစ္စများက သူမ ထင်ထားသလိုမျိုး ချောမွေ့မနေခဲ့ပေ။
ဉာဏ်အလင်းပွင့်ထားသည့် ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် ဖုန်းဟွမ်က ကံနှင့် အကျိုးအကြောင်းအပေါ် နက်နက်နဲနဲ နားလည်လေ၏။ သူ့အရန်တာအိုထဲမှတစ်ခုက ကံဖြစ်ပြီး တားမြစ်ခံစစ်ဆေးမှုကို ဖြတ်ကျော်ခြင်းမှ တားဆီးဖို့ မျှော်လင့်ချက်နှလုံးသားကို အသုံးပြုခဲ့သည်။ ကံကောင်းစွာဖြင့် သူက အရန်တာအိုဖြင့်သာ ကျင့်ကြံထားသည့်အတွက် တန်ကြေးကြီးကြီးမားမား ပေးဆပ်စရာ မလိုခဲ့ပေ။
ကျန်းပိယုက ထိုဆက်နွယ်မှုကို ဖြတ်တောက်လိုက်သည်နှင့် သူက ကံစည်းမျဉ်းကို အသုံးပြုကာ သူမ၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ထိခိုက်သွားစေသည့် တန်ပြန်သက်ရောက်မှုကို ထုတ်လွှတ်ခဲ့သည်။
ကျန်းပိယုက သူမ၏ ဝိညာဉ်တွင် ဒဏ်ရာကို ခံစားမိလိုက်သည့်အတွက် အမူအရာ ပြောင်းလဲသွားလေသည်။ သူမက တုယီနယ်ပယ်ကို ထိန်းချုပ်ကာ ဖုန်းဟွမ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး သူမ၏ သစ်သားတာအိုကို ကန့်သတ်ချက်ထိ ရောက်အောင် တိုးမြှင့်လိုက်သည်။
ဟမ် တန်ပြန်သက်ရောက်မှုက ထင်ထားတာထက်ပိုပြီးတော့ အားကောင်းနေတာပဲ…
ဖုန်းဟွမ်က မူမမှန်မှုကို သတိထားမိသွား၏။ သူ့မျက်ဝန်းက ပြောင်းလဲသွားကာ တစ်စုံတစ်ခုကို စစ်ဆေးကြည့်လိုက်သည်။
သူမဆီမှာ အဆိုးကံကြွေးတွေ မရှိပဲနဲ့ ဒီလိုကံတန်ပြန်သက်ရောက်မှုတို က်ကွက်တွေမှာ ဘာလို့ခုခံမှု နည်းနေရတာလဲ…
သူက ယင်ယန်စွမ်းအားကို အဆင့်မြှင့်ကာ မိုးမြေ၏ လျှို့ဝှက်ချက်များကို တွက်ချက်ကြည့်လိုက်သည်။
သူမက မိုးမြေအပေါ် ကံကြွေးအမြောက်အများ တင်နေတာလား။ ဒီလူက ဘယ်သူလဲ…
သူက သိချင်နေသော်လည်း ထိုအရာက အချိန်မကျသေးကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ဆက်လက်တိုက်ခိုက်လိုက်၏။
ကောင်းကင်ဘုံ အမျက်ဒေါသ
ဖုန်းဟွမ်က လက်ဝှေ့လိုက်သည့်အချိန် ကောင်းကင်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွား၏။ ဧရာမမျက်ဝန်းပုံရိပ်က ကောင်းကင်အထက် ထွက်ပေါ်လာကာ ကျန်းပိယုကို စိုက်ကြည့်နေသည်။
ကောင်းကင်တာအိုလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…
သူမက အကြောက်တရားဖြင့် တွေးလိုက်မိသည်။