← Chapters

ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၆)

Vol. 59 Ch. 820

ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၆)

Vol. 59 Ch. 820

ကျန်းပိယုက သူမဝိညာဉ်ထဲ ရောက်လာသည့် အထိတ်တလန့်ဖြစ်မှုကို ခံစားမိလိုက်သည်။ သူမအနေဖြင့် ကောင်းကင်တာအိုသည် သူမ၏ အပြုအမူများကို ရှာဖွေတွေ့ရှိသွားကာ အပြစ်ပေးဖို့ ရွေးချယ်လိုက်သည်ဟု ယုံကြည်နေ၏။ ဤသို့သော အခြေအနေမျိုးက အဆိုးရွားဆုံးရလဒ်တစ်ခု ဖြစ်ပြီး ခေတ်ကာလများစွာ ကြောက်ရွံ့နေခဲ့ရသည့် အရာတစ်ခု ဖြစ်ပေသည်။

စိတ်ငြိမ်ငြိမ်ထား…

သူမက တွေးလိုက်မိသည်။ သူမက စိတ်ထဲမှ အကြောက်တရားကို ဖိနှိပ်ထားလိုက်၏။

ဒီခန္ဓာကိုယ်က ငါ့မှတ်ဉာဏ်ထဲ ကိုယ်ပွားတွေ ရှိထားတဲ့ အတွေ့အကြုံတစ်ခုပဲ။ ပြန်လည်ဝင်စားခြင်း နာရီနဲ့ဆိုရင် ငါနဲ့ ကိုယ်ပွားကြားက ကံဆက်နွယ်မှုကို ကောင်းကင်တာအိုဆီက ဖုံးကွယ်ထားနိုင်တယ်…

ငါ့ကို ရှာဖွေတွေ့ရှိသွားတယ်ဆိုရင်တောင် နောက်ထပ် ကိုယ်ပွားတစ်ခု ဆုံးရှုံးသွားရုံပဲ…

နှလုံးသားငါးခုဧကရာဇ်က ဟွင်သွမ်းရတနာဖြစ်သည့် ပြန်လည်ဝင်စားခြင်း နာရီကို အပြည့်အဝ ထိန်းချုပ်ထားလေသည်။ ဤအရာဖြင့် သူမသည် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲများစွာကို ပါဝင်ဆင်နွှဲခဲ့ပြီး သူမ၏ ကျင့်ကြံရေးကို မဟာတာအိုအရင်းအမြစ် ၄၅ ရာခိုင်နှုန်းအထိ ရောက်အောင် မြှင့်တင်နိုင်ခဲ့သည်။

ဤဖြစ်စဉ်က ဒိုင်မေးရှင်းအမြင့်ရှိ အကောင်းဆုံး ပါရမီရှင်နှင့် ယှဉ်လိုက်လျှင်ပင် အတော်လေး မြန်ဆန်လှသည်။ သူမက တစ်နေရာတွင် နှစ်သန်းထောင်ချီကြာ စည်းပိတ်နေနေရသော်လည်း ဒိုင်မေးရှင်းအမြင့်တွင် အန္တရာယ်ကို တွေ့ကြုံခံစားရသည်ထက် ပို၍ ကောင်းပေသည်။

ကျန်းပိယုက စိတ်ငြိမ်ငြိမ်ထားပြီးသည့်နောက်တွင် ဖုန်းဟွမ်၏ တိုက်ကွက်ကို သုံးသပ်လိုက်၏။ ကျယ်ပြန့်လှသည့် ဗဟုသုတနှင့် အတွေ့အကြုံများဖြင့် ထိုတိုက်ကွက်၏ အဓိကကို သိလိုက်သည်။

ကံတန်ပြန်သက်ရောက်မှု…

သူက ငါ့ဆီမှာ ကောင်းကင်တာအိုနဲ့ ဆက်နွယ်မှုရှိပြီး တော့ ကံကြွေးအမြောက်အများ တင်နေတယ်ဆိုတာကို သတိထားမိသွားတာပဲ။ အဲဒါကြောင့် သူက ကောင်းကင်တာအိုဆီကနေ ကံတန်ပြန်သက်ရောက်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ နည်းစနစ်ကို အသုံးပြုခဲ့တာ…

ကျန်းပိယုက သက်ပြင်းချလိုက်သည်။ သူမက ခေတ်ကာလများစွာ တစ်လျှောက်တွင် ကမ္ဘာအသိုက်အဝန်းများစွာ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲများစွာတွင် ဝင်ရောက်ဆင်နွှဲခဲ့ဖူးသည်။

သို့သော်လည်း သူမက ဤသို့ ပြိုင်ဘက်ကင်း ပါရမီရှင်များဖြင့် ပြည့်နှက်နေသည့် မျိုးဆက်ကို မမြင်ဖူးခဲ့ပေ။

ရှင်းလင်းရေးအပြီးတွင် သူမ၏ကိုယ်ပွားက မှတ်ဉာဏ်အားလုံး နိုးထလာခဲ့ပြီး ယခင် ကျန်းပိယုအား နှလုံးသားငါးခု၏ ကိုယ်ပွားအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့ကြောင့် သူမက ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံများအကြောင်း သင်ယူခဲ့ရ၏။

ထို့ကြောင့် ဤမျိုးဆက်သည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိခဲ့ရသည်။ သေမျိုးနှင့် မသေမျိုး အတားအဆီးကို အလွယ်တကူ ချိုးဖောက်နိုင်သည့်လူများစွာ ရှိပြီး ရှားပါးလှသည့် တုယီနယ်ပယ်အဆင့်က ကောင်းကင်ရွေးချယ်ခံအဖြစ် သတ်မှတ်ခံရဖို့ အနိမ့်ဆုံးအနေအထားတစ်ခု ဖြစ်လာခဲ့သည်။

ခေတ်ကာတစ်ခုလုံးတွင်ပင် ပေါ်ထွက်မလာခဲ့သည့် နဝမအဆုံးစွန်အုတ်မြစ်သည်လည်း လူတစ်ယောက်ထက် ပို၍ ရှိနေလေသည်။

နှလုံးသားငါးခုဧကရာဇ်က သူမ ကိုယ်ပွားများသည် ဤသို့စည်ပင်ကြွယ်ဝသည့် မျိုးဆက်အတွင်း ပေါ်ထွက်လာသည်ကို အမြဲလိုလို သဘောကျခဲ့၏။ သူမ၏ မှတ်ဉာဏ်များဖြင့် ကိုယ်ပွားများသည် ပွင့်ချပ်၇လွှာ အဆင့်ထိ ရောက်ရှိနိုင်သည်။

သို့သော်လည်း သူမမျိုးဆက်ရှိ လူအားလုံးက ကြက်များလို အားနည်းနေကြလျှင် ထိုစွမ်းအားကို ပြသနိုင်မည် မဟုတ်ပေ။ မဟုတ်ပါက ကောင်းကင်တာအိုသည် မူမမှန်မှုကို ချက်ချင်းသတိထားမိသွားကာ သူမ၏ ကိုယ်ပွားများကို ဖျက်ဆီးပစ်လိမ့်မည်။

ထို့ကြောင့် သူမ၏ အအောင်မြင်ဆုံး ကိုယ်ပွားများက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကိုသာ အသုံးပြုကြပြီး မျိုးဆက်တချို့၌သာ ထာဝရအရှင်စွမ်းအားကို အသုံးပြုကြသည်။

ယခုမျိုးဆက်က သူမအနေဖြင့် ပွင့်ချပ် ၇လွှာ စွမ်းအားအသုံးပြုသည်မှာ တတိယအကြိမ်မြောက် ဖြစ်၏။ သူမက ပထမအကြိမ်တုန်းကလိုမျိုး အနိုင်ရရှိလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သူမသာ သတိထားပြီး ဒုတိယအကြိမ်လိုမျိုး လုပ်ကြံမခံရသရွေ့ အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၏။

ကံဆိုးစွာဖြင့် ဤမျိုးဆက်က ကြောက်စရာကောင်းလွန်းလှပြီး မကောင်းဆိုးဝါးများသာ ရှိနေလေသည်။ ပြောရလျှင် မကောင်းဆိုးဝါးများကပင် ပြန်ကြောက်ရသည့် မကောင်းဆိုးဝါးများ ရှိနေလေ၏။

ထိုအချက်ကို သဘောပေါက်ပြီးသည့်နောက်တွင် နှလုံးသားငါးခုဧကရာဇ်က ရှုပ်ထွေးလာမိ၏။ ဤတိုက်ပွဲက အတုအယောင် ထာဝရဧကရာဇ် ကိုယ်ပွားကို မွေးထုတ်ပေးနိုင်ကြောင်း သိလေသည်။ နှလုံးသားငါးခုဧကရာဇ်က ဒုတိတန်းစား ဧကရာဇ်တစ်ယောက်မျှသာ ဖြစ်၏။ သူမက ကိုယ်ပွားများကို အသုံးပြုပြီး ထာဝရဧကရာဇ်တစ်ယောက် ဖြစ်မလာနိုင်ပေ။

ကောင်းကင်အလိုဆန္ဒနှင့် တာအိုကို သက်သေပြခြင်းက မဟာတာအို၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။ သူမ၏ ဟွင်သွမ်းရတနာက ထိုသူအောက်တွင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ သို့သော်လည်း မဟာတာအိုက သူမအား လုံ့လ၊ ကံကောင်းမှုနှင့် ဖန်တီးဉာဏ်တို့ကို ပေးအပ်ပြီး သူမ၏ တာအိုဆန္ဒကို ပုံသွင်းကာ အတုအယောင် ထာဝရဧကရာဇ် ဖြစ်လာခွင့်ပြုထားသည်။

ထို့ကြောင့် နှလုံးသားငါးခုဧကရာဇ်က နောက်ထပ် အတုအယောင် ထာဝရဧကရာဇ် ကိုယ်ပွားကို ပျိုးထောင်နိုင်ဖို့ မျှော်လင့်ထားမိ၏။ သူမက အကျိုးကျေးဇူး ရနိုင်လား သိချင်မိသည်။ သို့သော်လည်း ဤမျိုးဆက်၏ မူမမှန်မှုများကို စဉ်းစားပြီးသည့်နောက်တွင် မျှော်လင့်ချက် သိပ်မရှိကြောင်း ဆုံးဖြတ်လိုက်၏။

သူမက လက်မလျှော့သော်လည်း နောက်ဆုံးရလဒ်အတွက် မျှော်လင့်ချက် ဘာမှမရှိတော့ပေ။ နှလုံးသားငါးခု ဧကရာဇ်က ဤတိုက်ပွဲအတွက် ဆုံးရှုံးမှုကို ကာမိစေရန် တာအိုဘာသာ၏ ကံကောင်းမှုနောက်လိုက်ဖို့ ရွေးချယ်ခဲ့၏။

ကံမီးတောက်တိုင်လုံး

ကျန်းပိယုက မီးတောက်များဖြင့် ပြုလုပ်ထားသည့် တိုင်လုံးများကို ဖန်တီးလိုက်သည်။ ထိုအရာတွင် ကံစွမ်းအား ပါဝင်နေပြီး သူမက ကံကို ကံဖြင့် ပြန်လည်ရင်ဆိုင်ခဲ့သည်။

………………

ကျန်းပိယု၏ အသိစိတ်ပင်လယ်အတွင်း

သူတို့၏ ခေါင်းအထက် ကုဗတုံးတစ်ခု မြောလွင့်နေသည့်သူက ကျန်းပိယု၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ကြည့်နေသည်။ သူက နှလုံးသားငါးခု၏ ကိုယ်ပွားတစ်ခုဖြစ်ပြီး ပင်မခန္ဓာကိုယ်ကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ သူမက ဝမ်ဝေ့နှင့် အပေးအယူလုပ်ခဲ့သူ ဖြစ်၏။

ဒီလောက်နှစ်တွေအများကြီး ကြာပြီးတာတောင် သူမက နည်းနည်းလေးမှ မပြောင်းလဲသေးဘူးပဲ…

ကိုယ်ပွားက နှာခေါင်းရှုံ့ကာ တွေးလိုက်သည်။ သူမက ပင်မခန္ဓာကိုယ်သည် အမြဲတမ်း အကြောက်တရားဖြင့် နေထိုင်သည်ကို သဘောမကျပေ။ သူမက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ဆက်လက် စီစဉ်လိုက်၏။

ဖုန်းဟွမ်က စိတ်ကဏ္ဍမှာ ဆရာတစ်ဆူဆိုတော့ သူမရဲ့ ပြစ်ချက်ရှိတဲ့ စိတ်အပေါ်မှာ အခွင့်ကောင်းယူနိုင်မှာပဲ။ လက်ရှိ သူ ပြထားတဲ့ စွမ်းအားနဲ့ဆိုရင် သူမအနိုင်ရရှိနိုင်ချေက တော်တော်လေးကို နည်းလွန်းတယ်။ သူမက အားကောင်းတဲ့ ဝှက်ဖဲတချို့ မရှိသရွေ့ပေါ့…

သူမ ပြန်လည်ဝင်စားပြီးသည့်နောက်တွင် ထိုသူနှင့် အကျိုးအကြောင်း ဆက်နွယ်မှုကို လျှော့ချစေရန် နှလုံးသားငါးခုဆီမှ မှတ်ဉာဏ်အများစုကို ဖျက်ဆီးပစ်လိုက်သည်။ ဆိုလိုသည်မှာ သူမက ပင်မခန္ဓာကိုယ်၏ ဝှက်ဖဲများနှင့် ပတ်သက်ပြီး မသိတော့ပေ။

ရှုံးနိမ့်ပြီးတဲ့နောက်မှာ သူမရဲ့ စွမ်းအားက အတော်လေးကို နိမ့်ကျနေလောက်ပြီ။ ငါက အဲဒီအခွင့်အရေးကို ယူပြီးတော့ ဒုတိယစရိုက်ခွဲကို သိမ်းပိုက်ပြီးတော့ သူမကို သန့်စင်နှလုံးသား အနေအထားရောက်အောင် ပြောင်းလဲပစ်ရမယ်…

သူမက ဤသို့ကျင့်ကြံရေး ပါရမီကို မဆုံးရှုံးလိုပေ။

တစ်ခုတည်းသောပြဿနာက ပင်မခန္ဓာကိုယ်ပဲ။ သူမက ငါတို့ရဲ့ ခြိမ်းခြောက်မှုကြောင့် ကိုယ်ပွားတွေကို တည်ရှိခွင့်ပေးမှာ မဟုတ်ဘူး…

နှလုံးသားငါးခုက သူမ၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့အတွက် ကိုယ်ပွားများကို စုပ်ယူနိုင်သလိုမျိုး သူတို့ကလည်း သူမကို စုပ်ယူကာ တစ်လှမ်းချင်းစီ မြင့်တက်သွားနိုင်သည်။

ဝမ်ဝေ့က သူ့စကားတည်ပြီးတော့ သူမကို ဖြေရှင်းပေးဖို့ပဲ မျှော်လင့်ရမှာပဲ…

သူမက သုံးသပ်လိုက်သည်။ သူမက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် အရေးကြီးဆုံးကိစ္စကို အာရုံစိုက်လိုက်၏။

ကမ္ဘာတစ်ခုလုံးက ဒီတိုက်ပွဲကို ကြည့်နေတာဆိုတော့ ပင်မခန္ဓာကိုယ်ရဲ့ အပြုအမူတွေက သူမရဲ့ ဇစ်မြစ်ကို ပေါက်ကြားသွားစေမှာပဲ…

ကိုယ်ပွားက ဓာတ်ငါးပါးမျှခြေ နန်းဆောင်သည် ပင်မခန္ဓာကိုယ်၏ မူမမှန်မှုကို သတိမထားမိပဲ နေလိမ့်မည်ဟု မထင်ပေ။ ယခုတွင် လူများစွာက တစ်စုံတစ်ခုကို ခန့်မှန်းမိပြီးသား ဖြစ်လိမ့်မည်။

တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အမွေဆက်ခံသူအနေနဲ့ ဇစ်မြစ်ကို ထိန်းသိမ်းထားချင်သေးတယ်…

ပင်မခန္ဓာကိုယ်က ထိုသို့အားကောင်းသည့် နောက်ခံမျိုးရှိခြင်း၏ အရေးသာချက်ကို တခြားသူများထက်ပို၍ နားလည်လေသည်။

တစ်ယောက်ယောက်က ခန္ဓာကိုယ်ကို ပူးကပ်ဖို့ လုပ်ခဲ့ပေမဲ့ သန့်စင်နှလုံးသားစရိုက်ခွဲက အပြည့်အဝ မပျောက်ကွယ်သွားသေးပဲနဲ့ ခုခံသလိုမျိုး လုပ်လို့ရတယ်။ ဖုန်းဟွမ် လက်ထဲမှာ ရှုံးနိမ့်ပြီးတဲ့နောက်မှာ သူမက ဒီအခွင့်အရေးကို ယူပြီး ပြန်လည်ပေါ်ထွက်လာလို့ရတယ်…

သူမက ထိုချဉ်းကပ်မှု၏ ဖြစ်နိုင်ချေကို တွက်ချက်ကြည့်လိုက်သည်။

ဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ နန်းဆောင်က အရင်ကလောက် ငါ့ကို ယုံမှာ မဟုတ်ဘူး။ ငါ့ရဲ့စွမ်းအားက သေချာတဲ့ အနေအထားတစ်ခု ရောက်သွားတာမျိုး ဒါမှမဟုတ် သူတို့အတွက် အကျိုးအမြတ် ယူမလာနိုင်သရွေ့ပေါ့…

ကိုယ်ပွားက သူမ၏ စွမ်းအားသည် ထိုအဆင့်ကို ရောက်ရှိဖို့ရာ လွယ်ကူသည့် နည်းလမ်းတစ်ခုကို စဉ်းစားမိသွား၏။ ပင်မခန္ဓာကိုယ်ကို စုပ်ယူဖို့ ဖြစ်သည်။

ဒါပေမဲ့ ဒီလိုလုပ်လိုက်တာက ငါ့ရဲ့ ထာဝရဧကရာဇ် ဖြစ်လာဖို့ လမ်းစဉ်ကို ဖြတ်တောက်လိုက်သလို ဖြစ်သွားလိမ့်မယ်…

သူမက မျက်မှောင်ကြုတ်လိုက်၏။

အကောင်းဆုံးရလဒ်က ပင်မခန္ဓာကိုယ်ကို စည်းပိတ်ပြီးတော့ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ စုပ်ယူဖို့ပဲ။ ဒါပေမဲ့ အဲဒီနည်းလမ်းက ပြင်ပအကူအညီ လိုအပ်တယ်။ ဝမ်ဝေ့က ငါ့ကို ဒီလောက်ထိ ကူညီပါ့မလား…

သူမအနေနှင့် ဝမ်ဝေ့သည် သူ့ကံကြွေးကို ပြန်ဆပ်ဖို့ရာ သူမနှင့် ပင်မခန္ဓာကိုယ်ကြားမှ ကံဆက်နွယ်မှုကို ဖြတ်တောက်ပေးလိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သူမကို ထိုအဆင့်ထက်လွန်အောင် ကူညီခြင်းကမူ တန်ကြေး တစ်ခု လိုအပ်နေလိမ့်မည်။

သူမရဲ့ ဟွင်သွမ်းရတနာက မလုံလောက်သေးဘူး။ ငါတို့ရဲ့ အပေးအယူစကတည်းက အဲဒါက သူ့အပိုင် ဖြစ်ပြီးပြီလို့ သတ်မှတ်ပြီးသား…

သူမက အပေးအယူ လုပ်ကတည်းက ပေါ်တင်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ထိုအရာသည် သူ့အပိုင် ဖြစ်လိမ့်မည်ဟု သဘောတူခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် သူမက ငါးစာအနေနဲ့ မသုံးနိုင်ပေ။

ပြီးတော့ စွမ်းအား ပြဿနာလည်းရှိသေးတယ်။ တကယ်လို့ သူသာ စကားကို ပြန်ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ငါ တတ်နိုင်တဲ့အရာ ဘာမှမရှိဘူး…

ကိုယ်ပွားက ဝမ်ဝေ့သည် ထိုသို့လူမျိုး မဟုတ်ကြောင်း သိလေသည်။ ထို့ကြောင့် စာချုပ် သို့မဟုတ် ကျမ်းကျိန်ဆိုမှု မရှိဘဲ သူနှင့် အပေးအယူလုပ်ဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သူမက သူမ၏ အကဲဖြတ်မှုကို ယုံကြည်သည်။ ထို့ကြောင့် သူမက ဤနည်းလမ်းဖြင့် သူတို့၏ ဆက်ဆံရေးကို နက်ရှိုင်းစေကာ ယုံကြည်မှုတစ်ခုကို ဆောက်တည်ခဲ့သည်။

သို့သော်လည်း လူများက အလွယ်တကူ ပြောင်းလဲတတ်ကြသည်။ အထူးသဖြင့် စွမ်းအား ရရှိပြီးသည့်နောက်တွင် ဖြစ်၏။

ဝမ်ဝေ့ရဲ့ တာအိုနှလုံးသားနဲ့ သူက တာအိုကို သက်သေပြပြီးတဲ့နောက်မှာ များများစားစား ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဒါပေမဲ့ အနည်းအပါးတော့ ပြောင်းလဲသွားဦးမှာပဲ…

သူမက သူ့အပေါ် အပြည့်အဝ မှီခိုမထားနိုင်ကြောင်း ကောက်ချက်ချလိုက်သည်။

အဲဒါဆိုတော့ အကောင်းဆုံးအစီအစဉ်က တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာဖို့ပဲ။ အဲ့လိုဆိုရင် ပင်မခန္ဓာကိုယ်ကို လိုက်ရှာပြီး စုပ်ယူလို့ ရပြီ။

ဒီအစီအစဉ်က ရိုးရှင်းလှသော်လည်း ပြဿနာများစွာ ရှိနေလေ၏။ ပထမတစ်ခုက တာအိုကို သက်သေပြဖို့ ဖြစ်သည်။ ကိုယ်ပွားက သူမကိုယ်သူမ ကံကြွေးများကို ဆေးကြောဖို့ ခေတ်ကာလများစွာ စည်းပိတ်မထားလိုပေ။

ရှည်ကြာလှသည့် အချိန်က အပြောင်းအလဲများစွာ ဖြစ်လာဖို့အတွက် လုံလောက်၏။ အထူးသဖြင့် ပင်မခန္ဓာကိုယ်က သူ့တည်ရှိမှုကို အာရုံခံမိသွားနိုင်သည်။

အဲဒါဆိုတော့ တာအိုကို မြန်မြန်ဆန်ဆန် ဘယ်လိုသက်သေပြနိုင်မလဲ…

သူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။

အခု ငါစဉ်းစားမိတဲ့ တစ်ခုတည်းသော နည်းလမ်းက ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းဖို့ပဲ။ ဒါပေမဲ့ ငါ ဒီလိုလုပ်မယ်ဆိုရင် ပင်မခန္ဓာကိုယ်ကို ဘယ်လိုရနိုင်မှာတုန်း…

အထက်ဘုံတက်လှမ်းခြင်းက သူမလိုမျိုး သေမျိုးတစ်ယောက်ကို ခေါ်ဆောင်သွားဖို့အတွက် တာအိုဘိုးဘေးတစ်ယောက် လိုအပ်ပေသည်။ သူမက ဂိုဏ်းမှ လူများကို အပြည့်အဝ ယုံကြည်၍ မရပေ။ သူတို့အားလုံးက ဂိုဏ်း၏ ချီကံကောင်းမှုနှင့် ချုပ်နှောင်ခံထားရပြီး သူတို့ဘာသာ သူတို့ ထွက်မသွားနိုင်ကြပေ။

ထို့ကြောင့် သူမက တက်လှမ်းဖို့ရာ လိုလားသည့် လေလွင့်ကျင့်ကြံသူ တာအိုဘိုးဘေး၏ အကူအညီ ရဖို့ လိုအပ်နေသည်။

သေသေချာချာ စီစဉ်ပြီးတော့ တွက်ချက်ထားတယ်ဆိုရင် တစ်စုံတစ်ယောက်ကိုတော့ ရှာနိုင်မှာပါ။ ပြဿနာက ဒိုင်မေးရှင်းအနိမ့်မှာ ရှိနေတဲ့ ပင်မခန္ဓာကိုယ်ပဲ။ ငါတို့ရဲ့ ဆက်နွယ်မှုကို သုံးပြီးတော့ သူမကို သူက အတင်းအကြပ် တက်လှမ်းအောင် လုပ်လို့ရနိုင်မလား…

All Chapters