ဖုန်းဟွမ်နှင့် ကျန်းပိယုတို့ ပြိုင်ဆိုင်ခြင်း နောက်ဆုံးအပိုင်း
Vol. 59 Ch. 822
မဟုတ်သေးဘူး ဒါက အဓိပ္ပာယ်တော့ရှိတယ်…
ဖုန်းဟွမ်က ယင်ယန်မျက်ဝန်းဖြင့် အမှန်တရားကို မြင်သည့်အတွက် တွေးလိုက်မိသည်။
ဒီဟာက သူမအနေနဲ့ လောကသစ်ပင်ကို အတုခိုးပြီးဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ သူမမှာ အဲဒီစွမ်းအား ရှိတယ်ဆိုပေမဲ့ တကယ့်အစစ်အမှန်တော့ မဟုတ်ဘူး…
ဖုန်းဟွမ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ လောကသစ်ပင်နှင့် ဗောဓိသစ်ပင်တို့က ကမ္ဘာတွင် အလိုချင်ကြဆုံး သစ်သားဓာတ်အရင်းအမြစ်များ ဖြစ်၏။ ထို့ကြောင့် သူသာ ရရှိပါက သူ့အတွက် အကျိုးကျေးဇူးမြောက်များစွာ ရှိလိမ့်မည်။
ဒါပေမဲ့ စောင့်ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံ ရှိနေသေးတယ်…
သူ့အနေဖြင့် ထိုသစ်ပင်သည် နဂိုကတည်းက အင်မော်တယ်မျိုးစိတ်တစ်ခု ဖြစ်နေသည့်အတွက် သူ့အကြွင်းမဲ့အဆုံးသတ်ခြင်း နည်းစနစ်သည် အလုပ်မလုပ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထို့နောက် သစ်ကိုင်းက ကျန်းပိယု၏ ထိန်းချုပ်မှုအောက်တွင် ဖုန်းဟွမ်ဆီ လာရောက်ရိုက်ခတ်၏။ လောကသစ်ကိုင်း တစ်ခုချင်းစီ၊ ပန်းပွင့်နှင့် သစ်သီးတို့က ကမ္ဘာ သို့မဟုတ် ဒိုင်မေးရှင်းတစ်ခုစီ ပါဝင်ကြသည်။ ထို့ကြောင့် ထိုတိုက်ကွက်က ဖုန်းဟွမ်အား ကမ္ဘာထောင်ချီဖြင့် ရိုက်နှက်နေသလိုမျိုး ဖြစ်နေသည်။
ဝုန်း
သူ့ဝန်းကျင်တွင် အနက်ရောင်နှင့် အဖြူရောင် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ထိုဗုဒ္ဓက ကမ္ဘာသိန်းချီ အလေးချိန်ရှိသည့် ထိုတိုက်ကွက်ကို တားဆီးပေးထား၏။
နှမြောစရာကောင်းလှသည်က တုန်ခါလှိုင်းသည် ဖုန်းဟွမ်၏ အတွင်းအင်္ဂါများကို ပျက်စီးသွားစေသည်။ သို့သော်လည်း ထိုအပျက်အစီးက အသေးအဖွဲသာဖြစ်ပြီး သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်နိုင်စွမ်းဖြင့် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
“ကမ္ဘာသိန်းချီက မလုံလောက်သေးဘူးလား။ အဲဒါဆိုလည်း သန်းချီပြီး စမ်းကြည့်လိုက်ပေါ့” ကျန်းပိယုက နှာခေါင်းရှုံ့ကာ ပြောလိုက်ရင်း ဆက်လက် တိုက်ခိုက်လိုက်သည်။
ဖုန်းဟွမ်၏ ဗုဒ္ဓက လက်ကိုမြှောက်ကာ ယင်ယန်ပုံကားချပ်တစ်ခု ထုတ်လွှတ်လာသည်။
သစ်ကိုင်းက ထိုအရာကို ထိတွေ့သွားသည်နှင့် ပုံကားချပ်က တိုက်ကွက်၏ စွမ်းအားကို ပြန်လည်ထုတ်ပေးခဲ့သည်။
ဝုန်း
ကျန်းပိယု၏ ခန္ဓာကိုယ်က သွေးအိုင်အဖြစ် ပေါက်ကွဲထွက်သွား၏။ သို့သော်လည်း စက္ကန့်ပိုင်းမျှ ကြာပြီးသည့်နောက်တွင် သူမ၏ ခန္ဓာကိုယ်က ခြစ်ရာပင်မရှိ ပြန်လည်ပေါ်ထွက်လာသည်။
သူမက ဒီသစ်ပင်ရှိနေသရွေ့ မသေမျိုးဖြစ်နေမှာလား…
ဖုန်းဟွမ်က သုံးသပ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက သုံးသပ်ဖို့ အချိန်မပေးပေ။
ပင်ကိုနတ်ဆိုးနတ်ဘုရား ၃၈၀၀
လောကသစ်ပင်၏ ကမ္ဘာတချို့မှ ထူးထူးဆန်းဆန်း အငွေ့အသက်များစွာ ရုတ်ချည်းထွက်ပေါ်လာ၏။
ထို့နောက် ဖုန်းဟွမ်က တစ်နေရာမှ ပင်ကိုသက်ရှိများစွာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုသက်ရှိများထဲတွင် နဂါး၊ ဇာမဏီ၊ ချီလင်၊ ခွန်ပန်နှင့် တခြားအရာများလည်း ပါဝင်နေလေ၏။
ဓာတ်ငါးပါးသုံးပြီးတော့ ဖန်ဆင်းခြင်းနယ်ပယ်ကို ထိတွေ့ခဲ့တာပဲ…
ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ လောကသစ်ပင်က ကမ္ဘာများကို မွေးဖွားပေးနိုင်ပြီး ထိုကမ္ဘာများက သက်ရှိကို မွေးဖွားပေးနိုင်သည်။ မိုးမြေကြားအတွင်း မွေးဖွားလာသည့် အစောပိုင်းသက်ရှိများက ပင်ကိုနတ်ဆိုးနတ်ဘုရားများ ဖြစ်၏။
လောကသစ်ပင်က သက်ရှိကို မမွေးဖွားနိုင်ခင် မြင့်မားတဲ့အဆင့်အထိ ရောက်အောင် ကျင့်ကြံရမယ်…
ဒီလူက လောကသစ်ပင်ကို တကယ် ပိုင်ဆိုင်ထားတာမျိုး ဒါမှမဟုတ် အမှန်တကယ် မြင်တွေ့ခဲ့ဖူးတာပဲ ဖြစ်ရမယ်…
ဖုန်းဟွမ်က ဒဏ္ဍာရီများတွင်သာ တည်ရှိနေသည့် ကြောက်မက်ဖွယ်သက်ရှိများ သူ့ဆီ ပြေးဝင်လာသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူ့စိတ်သဘောထားက တစ်လျှောက်လုံး တည်ငြိမ်နေပြီး မျက်လုံးအသာမှိတ်ထားလိုက်သည်။
ဗုဒ္ဓက မျက်လုံးမှိတ်သွားသည့်အခါ ကမ္ဘာက အစစ်အမှန်မှ ပြောင်းလဲသွားခဲ့သည်။ သူက ယင်ယန်တာအိုကို အသုံးပြုကာ အစစ်အမှန် ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ထိန်းချုပ်ခဲ့ပြီး ထိုပင်ကိုနတ်ဆိုးနတ်ဘုရားများအား မတည်ရှိသည့် အခြေအနေ၊ သူ့စိတ်ကူးမှလွဲ၍ ဘာမှမဟုတ်သလို ပြောင်းလဲပစ်ခဲ့၏။ ထိုအရာက အမှန်တရားကို ပုံရိပ်ယောင် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ဖုန်းဟွမ်က ထိုပင်ကိုနတ်ဆိုး နတ်ဘုရားများအတွက်လည်း အတူတူလုပ်ဆောင်လိုက်၏။
သူက ယင်ယန်တာအိုကို အသုံးပြုကာ အစစ်အမှန် ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ထိန်းချုပ်၍ ထိုပင်ကိုနတ်ဆိုးနတ်ဘုရားများအား သူတို့၏ အစစ်အမှန် မဟုတ်သည့် အနေအထားအဖြစ် ပြောင်းလဲပစ်လိုက်သည်။
သစ်ပင်က သက်ရောက်မှုမခံရဘူးပဲ…
သူက သူ့လက်ထဲတွင် ခရမ်းရောင် စက်ဝန်းပြားတစ်ခုကို ဖန်ဆင်းလိုက်ပြီး တွေးလိုက်မိသည်။
ဖျက်ဆီးရေးစက်ဝန်းပြား
ထိုစက်ဝန်းပြားက ၅မီတာရှိသည်အထိ အရွယ်အစား ကြီးမားလာခဲ့သည်။ ထို့နောက် အဖျက်စွမ်းအား အမြောက်အများဖြင့် သစ်ပင်ဆီ ဝင်ရောက်သွားခဲ့၏။
ကျန်းပိယုက သစ်ပင်ထံ ဘာမှဖြစ်ပျက်သွား၍ မရကြောင်း သိထားခဲ့သည့်အတွက် အလျင်အမြန် တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် သူမက ထိုအရာကို ထိန်းချုပ်ကာ ကမ္ဘာသန်းချီဖြင့် စက်ဝန်းပြားကို ရပ်တန့်ဖို့ လုပ်ဆောင်ခဲ့သည်။
သို့သော်လည်း ထိုဖြစ်စဉ်က အသုံးမဝင်ခဲ့ပေ။ စက်ဝန်းပြားဆီ ချဉ်းကပ်လာသည့် ကမ္ဘာတိုင်းက သစ်ပင်များ သေဆုံးသွားသလိုမျိုး ခြောက်ကပ်သွားကာ ကောင်းကင်က အနက်ရောင် ပြောင်းလဲသွားပြီး မီးတောင်များ ပေါက်ကွဲထွက်လာကာ ဆူနာမီက ကမ်းခြေတစ်လျှောက် ဝါးမျိုသွားရင်း မြေငလျင်များက မိုးမြေကို ဖျက်ဆီးပစ်လိုက်သည်။
ထိုဖြစ်စဉ်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး ထိုကမ္ဘာများက အဆုံးသတ်သည့်အနေအထားသို့ ရောက်ရှိသွားလေသည်။ ကံကောင်းစွာဖြင့် ထိုကမ္ဘာများက ဗလာနတ္ထိဖြစ်နေပြီး သက်ရှိမရှိပေ။ မဟုတ်ပါက သေဆုံးရမည့် လူအရေအတွက်သည် အမြောက်အများ ဖြစ်လိမ့်မည်။
ထိုကမ္ဘာများ ပျက်စီးသွားမှုသည် ကြုံရာကျပန်း မဟုတ်ပဲ ရည်ရွယ်ချက်တစ်ခု ရှိနေလေ၏။
ကျန်းပိယုက တစ်ဖက်လူသည် ယင်ယန်စည်းမျဉ်းမှတဆင့် ဖျက်စီးခြင်းစွမ်းအားကို အသုံးပြုနိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူမက စက်ဝန်းပြားရှိ မျှခြေကို နှောင့်ယှက်နိုင်သရွေ့ ထိုအရာကို ရပ်တန့်ပစ်နိုင်သည်။
ကမ္ဘာတစ်ခုချင်းစီ ပျက်သုဉ်းသွားမှုဖြင့် ခရမ်းရောင်စက်ဝန်းပြားက မတည်မငြိမ်ဖြစ်လာသည်။
ဖူး
ထိုစက်ဝန်းပြားက ပျောက်ပြယ်သွားသည့်အတွက် ကျန်းပိယုက သက်ပြင်းချလိုက်သည်။ ကံဆိုးစွာဖြင့် သူမက အခွင့်အရေး မရခဲ့ပေ။
ဖုန်းဟွမ်က သစ်ပင်ရှေ့ရုတ်ချည်းပေါ်ထွက်လာပြီး ထိတွေ့လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အသက်ဓာတ်ပြည့်ဝနေသည့် မြင့်မားလှသော သစ်ပင်ကြီးက အမြစ်မှ သေခြင်းတရား လွှမ်းခြုံသွားသလိုမျိုး ခြောက်သွေ့သွားလေသည်။
လောကသစ်ပင်က မိုးမြေမှ ထိပ်တန်းမျိုးစိတ်တစ်ခု ဖြစ်ပြီး အလွယ်တကူ ဖျက်စီးမရနိုင်ပေ။ သို့သော်လည်း ဖုန်းဟွမ်က ယင်ယန်ကို အသုံးပြုကာ မရဏစည်းမျဉ်းကို ထိန်းချုပ်ပြီး အကြွင်းမဲ့အဆုံးသတ်ခြင်း နည်းစနစ်ကိုပါ ထည့်ပေါင်းလိုက်သည့်အတွက် သစ်ပင်က သူ့သက်တမ်း ရောက်ရှိသွားသလိုမျိုး ညှိုးနွမ်းခြောက်ကပ်သွားခြင်း ဖြစ်သည်။
ကျစ်…
ကျန်းပိယုက ကျိန်ဆဲလိုက်၏။ သူမက သူမ၏ သစ်သားဓာတ်နှင့် မြေဓာတ်တာအိုမှ အသက်ဓာတ်စွမ်းအားကို ထိုးသွင်းရင်း သစ်ပင်၏ သေဆုံးမှုကို ကယ်တင်ဖို့ ကြိုးစားနေလေသည်။ သစ်ပင်က ပုံရိပ်ယောင်မျှ ဖြစ်သော်လည်း သူမ၏ နည်းစနစ်က တကယ့် အစစ်အမှန်နှင့်တူအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ ထိုအရာ ဖျက်ဆီးခံလိုက်ရလျှင် သူမက ပြန်လည်မဖန်တီးနိုင်ပဲ ကယ်တင်ဖို့ ဤနည်းလမ်းကို အသုံးပြုရမည်။
ကံဆိုးစွာဖြင့် ဖုန်းဟွမ်က အသက်ရှူဖို့ အချိန်မပေးခဲ့ပေ။ သူက စိတ်ဝေဒနာဟု ခေါ်ဆိုသည့် ခန္ဓာကိုယ်အံ့ဖွယ် စွမ်းရည်တစ်ခုကို အသုံးပြုလိုက်သည်။ သူက သူ့နာကျင်မှု၊ ဝေဒနာနှင့် ဝမ်းနည်းမှုများကို တစ်ဖက်လူ၏ စိတ်နှင့် စိတ်ဝိညာဉ်ဆီ ပို့ဆောင်လိုက်သည်။
ဘုန်းတော်ကြီးက တစ်ဖက်လူသည် သူ ခံစားခဲ့ရသည့် နာကျင်မှုနှင့်တူအောင် ခံစားရဖို့ သေချာအောင် လုပ်ဆောင်ထားခဲ့သည်။ ထို့ကြောင့် ထိုနည်းစနစ်က ဘယ်သူက နာကျင်မှု တောင့်ခံနိုင်လဲ ပြိုင်ဆိုင်ဖို့ စိတ်ဆန္ဒတိုက်ပွဲတစ်ခု ဖြစ်၏။
ကျန်းပိယု၏ အော်ဟစ်သံကြောင့် အနိုင်ရရှိသူ ပေါ်ထွက်လာခဲ့သည်။ ကျန်းပိယု၏ စိတ်ဆန္ဒက အားမနည်းပဲ နှလုံးသားငါးခုဧကရာဇ်က နေထိုင်ခဲ့သည့် နှစ်များတစ်လျှောက် လေ့ကျင့်ပေးခဲ့သည်။ သို့သော်လည်း သက်တမ်းကြာကြာနေထိုင်ခဲ့ခြင်းက ဝေဒနာ ခံစားခဲ့ရသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သို့သော် ဖုန်းဟွမ်က သူ့ဂိုဏ်းနှင့် သူ ဂရုစိုက်ရသည့်လူများ သေဆုံးမှုကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီးသည့်နောက်တွင် သူ့တစ်ဘဝလုံး နာကျင်မှုဖြင့် ဖြတ်သန်းလာရပြီး တာဝန်ဟူသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ခဲ့ရသည်။
တကယ်ကို နာကျင်လွန်းတယ်။ ငါ စွန့်စားပြီးတော့ ကောင်းကင်တာအိုကို အခွင့်အရေး မပေးချင်ပေမဲ့ အခုတော့ ရွေးချယ်စရာ မရှိတော့ဘူး…
ကျန်းပိယုက ခေါင်းယမ်းကာ တွေးလိုက်သည်။
သူမက အတွေ့အကြုံများမှတဆင့် နောက်ဆုံး တိုက်ပွဲတွင် ကောင်းကင်တာအို၏ အောက်ခြေစည်းမျဉ်းကို ချိုးဖောက်လိုက်သည်နှင့် ထိုသူသည် ဝင်ရောက်စွက်ဖက်ကာ သူမ၏ ကိုယ်ပွားကို သုတ်သင်ပစ်မည် ဖြစ်ကြောင်း သင်ယူထားခဲ့သည်။ သို့သော်လည်း ဤမျိုးဆက်က ထူးဆန်းလှသည့်အတွက် သူမ၏ အပြုအမူများ၏ အကျိုးဆက်ကို ခံစားချင်မှ ခံစားရလိမ့်မည်။
ဘန်း
ကျန်းပိယုက ပေါက်ကွဲထွက်သွားလေ၏။ ထို့နောက် သူမရှေ့တွင် ပစ္စည်းနှစ်ခု ပေါ်ထွက်လာသည်။ ကြယ်တာရာဟူသည့် စာလုံး ရှိထားသည့် စည်းတံဆိပ်နှစ်ခုနှင့် ငှက်မွှေးငါးခုကို ပေါင်းစပ်ထားသည့် ထူးထူးဆန်းဆန်း ပစ္စည်းတစ်ခု ဖြစ်သည်။
ဧကရာဇ်အသုံးအဆောင်လား…
ဖုန်းဟွမ်က ထိုပစ္စည်းများအကြောင်း စဉ်းစားလိုက်ရင်း တွေးလိုက်သည်။ သူက ထိုပစ္စည်းများသည် ပင်ကိုဓာတ်ငါးပါး ငှက်မွှေးနှင့် ကမ္ဘာဦးကြယ်တာရာ စည်းတံဆိပ်တို့ဖြစ်ပြီး ဓာတ်ငါးပါးမျှခြေနန်းဆောင်မှ ဧကရာဇ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ကြောင်း အမှတ်ရသွားသည်။
သို့သော်လည်း ဖုန်းဟွမ်က အန္တရာယ်ကို ခံစားမိလိုက်၍ များများစားစား တွေးတောနေဖို့ အချိန်မရှိပေ။
ပင်ကိုဓာတ်ငါးပါးငှက်မွှေးက အရောင် ၅ရောင် ထုတ်လွှတ်လိုက်သည်။ ထိုစဉ် စည်းတံဆိပ်က ကြယ်တာရာမြစ်တစ်စင်းကို ဖန်ဆင်းလိုက်၏။ ထို့နောက် ကြယ်တာရာမြစ်က မှောင်နေရာမှ အနီ၊ အပြာ၊အဝါ၊ အဖြူနှင့် အစိမ်းအစရှိသည့် အရောင်၅ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အသုံးအဆောင်ပစ္စည်း သဟဇာတဖြစ်မှုလား…
ဖုန်းဟွမ်က အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ ထိုနည်းလမ်းက ဧကရာဇ်အသုံးအဆောင် ပစ္စည်းတစ်ခုမက ရှိထားသည့် ဂိုဏ်းများ မကြာခဏ အသုံးပြုလေ့ရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုအရာကို လုပ်ဆောင်ဖို့အတွက် ဧကရာဇ်အစီအရင်တစ်ခု အမြဲတမ်း လိုအပ်ခဲ့သည်။
သို့သော် ယခုတွင် တစ်စုံတစ်ယောက်က ထိုအရာကို အစီအရင်ဖြင့် ဓာတ်ကူးတစ်ခုအဖြစ် အသုံးပြုနေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် အသုံးပြုနေသူက သေမျိုးတစ်ယောက်သာ ဖြစ်၏။
ဘန်း
ကြယ်တာရာမြစ်ကြောင်းမှ အရောင်၅ရောင် တောက်ပလာပြီး ဖုန်းဟွမ်ဆီ ဝင်ရောက်သွားလေ၏။ သူက ကမ္ဘာပေါ်တွင် တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ချက်ချင်းဆိုသလို အငွေ့ပျံသွားသည်။
“သူ သေသွားလောက်ပြီမလား” ကျန်းပိယုက ရေရွတ်လိုက်၏။ သူမက တစ်ဖက်လူ၏ အရိပ်အယောင်ကို အာရုံခံမိဖို့ နည်းလမ်းများစွာ အသုံးပြုခဲ့သည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်က စက္ကန့်ပိုင်လေးအတွင်း အသက်ကြီးရင့်လာခဲ့သည်။ သူမ၏ ဆံပင်က မီးခိုးရောင် ပြောင်းလဲသွားကာ အရေပြားက ရှုံ့တွလာပြီး အသက်ဓာတ်က နည်းပါးသွားသည်။
ငါက ဗုဒ္ဓဘာသာ ကံကောင်းမှုကိုရဖို့ သူ့ကို မဖမ်းနိုင်တာ နှမြောစရာပဲ။ ဒါပေမဲ့ အားကောင်းတဲ့ ရန်သူကို သုတ်သင်နိုင်လိုက်တော့ ကောင်းပါတယ်။ ဘာဖြစ်ဖြစ် ငါက တတ်နိုင်သမျှ မြန်မြန်ကုစားရမယ်…
သူမက သူမ၏ အသက်ဓာတ် ဖြည်းဖြည်းချင်း လွင့်ပြယ်နေသည်ကို ခံစားမိလိုက်သည်။
ကျန်းပိယုက ခြေတစ်လှမ်း ရွေ့လျားလိုက်သည့်အချိန် သူမ မျက်နှာအထက် အကြောက်တရားတစ်ခု ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်က ဓာတ်ငါးပါးနှင့် ယင်ယန်သဘောတရား မရှိတော့သည့် နေရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖရိုဖရဲဖြစ်သွားသည့်အတွက် သူမ၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေ။
ထို့နောက် ဖုန်းဟွမ်က အင်မတန် ဖြူဖျော့နေသည့် အသားအရည်ဖြင့် ပေါ်ထွက်လာ၏။
ဒီတိုက်ကွက်က အဆင့်တစ် တာအိုဘိုးဘေး စွမ်းအားအထိ ရှိတယ်…
ဖုန်းဟွမ်က တွေးလိုက်မိသည်။ အကယ်၍ သူသာ နောက်ဆုံးမိနစ်တွင် ယင်ယန်တာအိုကို အသုံးပြုပြီး မတည်ရှိခြင်း အနေအထားသို့ မဝင်ရောက်ခဲ့ပါက သေဆုံးသွားနိုင်သည်။
သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် သူက သေခြင်းတရားကို မကြောက်ပဲ ကြိုပင် ကြိုဆိုခဲ့သည်။ သို့သော်လည်း ဤအတွေ့အကြုံက သူ၏ အတွေးအခေါ် အမှန်များကို ပြသခဲ့၏။
အခု ငါက နောက်ဆုံးအနိုင်ရရှိတယ်ဆိုတာပဲ အရေးကြီးတယ်…