← Chapters

အန္တရာယ် ခံစားမှု

Vol. 59 Ch. 823

အန္တရာယ် ခံစားမှု

Vol. 59 Ch. 823

ဖုန်းဟွမ်က သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများစွာကို မျိုချလိုက်ပြီး ကုစားရေးနည်းလမ်းများစွာကို အသုံးပြုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့သွင်ပြင်က စာရွက်ဖြူတစ်ရွက်ထက်ပင် ပို၍ ဖြူဖျော့နေလေ၏။

အင်အားအနည်းငယ် ပြန်ရှိလာပြီးသည့်နောက်တွင် ဖမ်းဆီထားသည့် ကျန်းပိယုကို အာရုံစိုက်လိုက်သည်။ သို့သော်လည်း သူမကို မိနစ်ပိုင်းကြာလေ့လာပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။

သူမက ဓာတ်ငါးပါးမျှခြေနန်းဆောင်ရဲ့ ချီကံကောင်းမှုနဲ့ ဆက်နွယ်မှု မရှိတော့ဘူးပဲ…

ဤအချိန်တိုအတွင်း သူက အခြေအနေကို နားလည်သွားသည်။ တိုက်ပွဲအတွင်း ကျန်းပိယု၏ အပြုအမူက နန်းဆောင်၏ ခေါင်းဆောင်များကို သတိပေးသလို ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့က ဂိုဏ်း၏ အမွေဆက်ခံသူဖြစ်သည့် သူမ၏ အဆင့်အတန်းကို ဖယ်ရှားပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ငါ့ရဲ့အားစိုက်ထုတ်မှုတွေ အကုန်လုံး အလကား ဖြစ်တော့မှာလား…

ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ သူက တိုက်ပွဲကွင်းပြင်တွင် ကြာကြာမနေနိုင်ကြောင်း သိထားပြီး ထိုအချက်ကို လက်ခံထားသည်။ သို့သော်လည်း သူက အနည်းငယ်ဆိုလျှင်ပင် အကျိုးအမြတ်ကို လိုချင်သေး၏။

သို့သော် ယခုတွင် သူ့အစီအစဉ်က ကျရှုံးသွားဟန်ပေါ်သည်။

မဟုတ်သေးဘူး…

ဖုန်းဟွမ်က တစ်စုံတစ်ခုကို တွေးမိသွားလေသည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ရွှေရောင်မီးအိမ်တစ်ခုကို ထုတ်ယူလိုက်၏။ မီးအိမ်က ငှက်မွှေးငါးခုနှင့် စည်းတံဆိပ်ကို စည်းပိတ်လိုက်ပြီး ဧကရာဇ်အသုံးအဆောင် စွမ်းအားကို ထုတ်လွှတ်လာသည်။

သူက တုံ့ဆိုင်းခြင်းမရှိ သိမ်းဆည်းလိုက်သည်။ လူများစွာက တခြားအင်အားစု၏ ဧကရာဇ်အသုံးအဆောင်များကို အလွယ်တကူ ယူနိုင်ကြမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့၏ ချီကံကောင်းမှုနှင့် ဆက်စပ်နေ၍ ဖြစ်သည်။ ထိုကံကောင်းမှု ဆက်နွယ်နေသည့် အသုံးအဆောင်ပစ္စည်းများက အသုံးပြု၍ မရနိုင်ပေ။ ထို့အပြင် ဧကရာဇ်မျိုးနွယ်များက သူတို့၏ ပစ္စည်းများကို ဆုံးရှုံးသွားလျှင် ဂရုစိုက်မည် မဟုတ်သော်လည်း ကံကောင်းမှုဆက်နွယ်နေသည့် အသုံးအဆောင်ပစ္စည်းများအတွက်မူ တာအိုစစ်ပွဲကိုပင် စတင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

သို့သော်လည်း ဖုန်းဟွမ်က ဂရုမစိုက်ပေ။ သူ့ဗုဒ္ဓဂိုဏ်းက ကောင်းမွန်စွာ ဝှက်ထားပြီး ဓာတ်ငါးပါးမျှခြေနန်းဆောင်က သိရှိမည် မဟုတ်ပေ။ ဒုတိယအနေဖြင့် သူက ထိုပစ္စည်းများဖြင့် ကျန်းပိယု၏ လုပ်ဆောင်ချက်ကို အစားထိုးနိုင်ပြီး နန်းတော်မှ ထိန်းချုပ်ထားသည့် တာအိုဘာသာ၏ ချီကံကောင်းမှုကို ရယူနိုင်သည်။

နောက်ဆုံးတွင် သူက မျှော်လင့်ချက်နှလုံးသားကို အသုံးပြု၍ ထာဝရဧကရာဇ် ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူက နန်းဆောင်ကို မကြောက်ပဲ သူတို့ဧကရာဇ်တာအိုစစ်ပွဲ စဖို့ရာပင် မျှော်လင့်နေသေး၏။

စစ်ပွဲက အင်အားစုများသည် မြင့်တက်ပြီး သူတို့ကိုယ်သူတို့ တည်ထောင်ဖို့ရာအတွက် အမြန်ဆန်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပေသည်။ အကယ်၍ လိုအပ်လာပါက သူသည် ထိုအရာကို အသုံးပြု၍ ဗုဒ္ဓဘာသာ ပြန်လည်ရောက်ရှိလာမည့်အကြောင်းကို ကြေညာနိုင်သည်။

သူက ပဲ့ထိန်းလျက် ဗုဒ္ဓဘာသာသည် ထိုက်ယီနက်နဲမုခ်နှင့် ဓာတ်ငါးပါးမျှခြေနန်းဆောင်တို့ကို အလွယ်တကူ တက်နင်းသွားပြီး သာလွန်မှုကို ဖော်ထုတ်နိုင်လိမ့်မည်။

ထိုအစီအစဉ်က မရေရာမှုနှစ်ခုအတွက် ခြွင်းချက် ဖြစ်နေကြောင်း သိလေ၏။ ပထမတစ်ခုက ဒိုင်မေးရှင်းအမြင့်ရှိ တာအိုဘာသာအင်အားစုမှ တုံ့ပြန်မှု ဖြစ်ပြီး ဤမျိုးဆက်အတွင်း တာအိုသက်သေပြသည့်သူကို ဝင်ရောက်စွက်ဖက်မှု ဖြစ်သည်။

အဲဒါအပြင် ကျန်းပိယုရဲ့ တကယ့်ဇစ်မြစ်က တန်ဖိုး ရှိနိုင်တယ်။ သူက လျှို့ဝှက်ချက်အများကြီးကို သိနေတော့ သူမဆီကနေ သင်ယူနိုင်လောက်တယ်…

သူက သူမကို အာရုံစိုက်လိုက်ပြီး စည်းပိတ်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဖုန်းဟွမ် အချိန်မီမတုံ့ပြန်နိုင်ခင် အာကာပြင်မုခ်ဝ တစ်ခု ပေါ်ထွက်လာပြီး ကျန်းပိယု၏ ခန္ဓာကိုယ်ကို ဝါးမျိုသွား၏။

ပျောက်သွားပြီလား။ သူတို့ လှုပ်ရှားလိုက်တာလား…

သူက ထိုဖြစ်နိုင်ချေကို ငြင်းဆန်လိုက်၏။ သူက သူတို့၏ စွမ်းအားကို မခံစားမိပေ။ ထို့အပြင် သူ့မျက်ဝန်းက ကျန်းပိယု၏ အသိစိတ်ပင်လယ်အတွင်း ကိန်းအောင်းနေသည့် မူမမှန်မှုကို ခံစားမိခဲ့၏။ နှမြောစရာကောင်းလှသည်က သူသည် ပုန်ကန်ဖို့ အင်အား မရှိတော့ကြောင်း ထင်ခဲ့မိကာ သတိလက်လွတ်ထားပြီး အာရုံမစိုက်ခဲ့မိပေ။

အခု ငါစဉ်းစားကြည့်တော့မှ သူမက အကြောက်တရားနဲ့ ဟာကွက်တွေကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့အချိန်တိုင်း ပြဿနာရှိနေတဲ့ပုံပဲ…

ယခုတိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်ကာ ယခင်ပြဿနာများကို သတိပြုမိလာသည်။ သူက ထိုပြဿနာကို စဉ်းစားဖို့ အချိန်မရှိပေ။ ဖုန်းဟွမ်က နှစ်ယောက်ထဲမှ အကြည့်တစ်ခုသည် စိတ်မရှည်တော့ကြောင်း ခံစားမိလိုက်၏။

ထို့ကြောင့် သူက တိုက်ပွဲမှ ထွက်ခွာဖို့ တုံ့ဆိုင်းမနေပေ။

တခြားတစ်နေရာတွင်

ကျန်းပိယု၏ ခန္ဓာကိုယ်ဟောင်းက တောအုပ်အတွင်း ပေါ်ထွက်လာ၏။

“အခု ငါ အပြည့်အဝ ထိန်းချုပ်ပြီးသွားပြီ” သူမက ရေရွတ်လိုက်သည်။ သူမက မျက်လုံးကို မှိတ်လိုက်ပြီး အသိစိတ်ပင်လယ်ကို ဝင်ကြည့်လိုက်၏။

ထိုနေရာတွင် ဒုတိယမြောက် ကမ္ဘာဦးစိတ်ဝိညာဉ်တစ်ခု ရှိနေသော်လည်း အခြေအနေ ဆိုးဝါးနေလေ၏။ ထို့အပြင် ထိုအရာ၏ လှုပ်ရှားမှုကို ကန့်သတ်ထားဖို့ စည်းတံဆိပ်များစွာ ရှိနေသည်။

ငါ့ရဲ့ဒဏ်ရာတွေကို ကုစားပြီး ပင်မခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို ဖြေရှင်းဖို့ အချိန်တစ်ခုတော့ လိုလိမ့်မယ်…

ကျန်းပိယု၏ အဓိကရည်ရွယ်ချက်က သန့်စင်စိတ်နှလုံးသား စရိုက်ဆီ ပြန်သွားဖို့ ဖြစ်၏။

အရင်ဆုံး ဒဏ်ရာတွေ ကုတာပေါ့…

သို့သော်လည်း သူမက အားပြင်းသည့် အကြည့်နှစ်ခုကို ခံစားမိသည့်အတွက် မလှုပ်ရှားလိုက်ပေ။ တစ်ခုက သတိပေးချက် ပါဝင်နေပြီး ကျန်တစ်ခုက ဝှက်ထားသည့် သတ်ဖြတ်ငွေ့မျိုး ကိန်းအောင်းနေသည်။

“ကျွန်မ နှုတ်ထွက်ပြီ” ကျန်းပိယုက အလျင်အမြန် ပြောလိုက်ပြီး အသက်ရှင်ဖို့ရာအတွက် သူမ လုပ်ဖို့ လိုအပ်နေသည့် အရာကို ကောင်းကောင်းနားလည်လေ၏။ သူမက ထိုစကားများကို ပြောလိုက်သည်နှင့် အကြည့်များက ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

သူမက ချက်ချင်းထွက်မသွားသေးပဲ ဒဏ်ရာများကို ကုစားလိုသည်။ ထို့အပြင် သူမက ထိုမကောင်းဆိုးဝါး နှစ်ကောင်ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုကို မျက်မြင်ကိုယ်တွေ့မြင်လို၏။

……………………………………………

အရှေ့ဘက်ပိုင်း

“ကိစ္စတွေက အကောင်းဘက်ကနေ ဖြစ်နေတာပဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

“အခု ကျုပ်အကူအညီ မလိုတော့တဲ့ပုံပဲ” ဝူမင်က ပြောလိုက်၏။

“အဲလိုလည်း မဟုတ်ပါဘူး”

ဝူမင်က ထိုသူသည် အားနာနေကြောင်း သိလိုက်သည်။ တိုက်ပွဲတွင် သူ့ကဏ္ဍက အဟန့်အတား ဖြစ်လာလိမ့်မည်။ ဤတိုက်ပွဲအနေအထားတွင် ဝမ်ဝေ့က သူ့ကို မဟာမိတ်အဖြစ်ပင် ယုံမည် မဟုတ်ပေ။

ထို့ကြောင့် ယခုလုပ်ဆောင်ရမည့် အကောင်းဆုံးအပြုအမူက နားလည်မှု လွဲမှားခြင်းကို တားဆီးဖို့ ထွက်သွားရန် ဖြစ်သည်။

“ကျုပ်တို့ သဘောတူညီချက်က အကျုံးဝင်သေးတယ်မလား” ဝူမင်က မေးလိုက်သည်။

“ဒါပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်ပြီး “တိုက်ပွဲပြီးသွားရင် အသေးစိတ်ဆွေးနွေးကြတာပေါ့”

“ကျုပ် ကြားချင်တာကလည်း အဲလိုပါပဲ”

ဝူမင်က တုံ့ဆိုင်းခြင်းမရှိ တိုက်ပွဲမှ ထွက်ခွာသွားခဲ့သည်။

ဒီကောင်လေးက ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ သိနေတာပဲ…

ဝမ်ဝေ့က တိုက်ပွဲနယ်မြေတစ်ခုလုံးကို လေ့လာရင်း တွေးလိုက်မိသည်။ ဤအခြေအနေတွင် ထိပ်သီးကောင်းကင်ရွေးချယ်ခံများက အကြောင်းအရင်း တစ်ခုမဟုတ် တစ်ခုကြောင့် သုတ်သင်ခံလိုက်ရပြီး ကံကောင်းသည့် လူ သို့မဟုတ် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားသည့် လူတချို့သာ ကျန်ရှိတော့သည်။

သူ့စစ်သူကြီးတွေက အသုံးမဝင်ဘူးဟု ထင်ရသော်လည်း ဝမ်ဝေ့သာ ကျန်ရှိနေသည့်သူများကို ရှင်းလင်းဖို့ အလျင်လိုပါက တိထျန်းထက် အရေးသာချက် ပေးနိုင်သည်။ သို့သော်လည်း ထိုသူက ထိုသို့မလုပ်ဆောင်ပေ။ သူက တိုက်ပွဲအတွက် အစီအစဉ် ရှိနေ၏။

“သစ္စာဖောက်” ဝမ်ဝေ့က ရေရွတ်ပြီးသည့်နောက်တွင် မြောက်ဖက်ပိုင်းကိုကြည့်လိုက်သည်။

“စိတ်ရှည်ရှည် ထားရအောင်”

သူက မျက်လုံးမှိတ်ကာ အခြေအနေကို ထိန်းညှိလိုက်၏။ သို့သော်လည်း သူက ၅စက္ကန့် ကြာမြင့်ပြီးသည့်နောက်တွင် မျက်လုံးပြန်ဖွင့်လာပြီး မြောက်ဖက်ကို စူးစူးစိုက်စိုက် ကြည့်လာ၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သစ္စာဖောက်များ တည်ရှိရာ မြောက်ဘက်ပိုင်းဆီ ကူးသန်းလာလိုက်သည်။

သူ့ရှေ့တွင် သူ့မြင်ကွင်းနှင့် တခြားအာရုံများကို ဖုံးကွယ်ထားသည့် အနက်ရောင်မြူခိုးတစ်ခု ရှိနေသည်။

ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အချိန် ကီလိုမီတာ ထောင်ချီအကွာတွင် တစ်စုံတစ်ယောက် ရှိနေလေ၏။

“မင်း ခံစားမိလား”

“ငါ ဘာလို့ ဒီရောက်နေတယ် ထင်လဲ” တိထျန်းက ပုံမှန်အေးစက်စက် အသံဖြင့် ပြန်ပြောလေသည်။

“ငါတို့တောင် အန္တရာယ်အငွေ့အသက် ခံစားရတယ်ဆိုတော့ သူတို့က ဘာတွေများ လုပ်နေတာလဲ” ဝမ်ဝေ့က မြူခိုးကို ကြည့်ရင်း မေးလိုက်သည်။ သို့သော်လည်း တိထျန်းက ဘာမှပြန်မပြောဘဲ ထိုမြူခိုးများကိုသာ အာရုံစိုက်ထားလေ၏။

“အတူတူ အလုပ်တွဲလုပ်ပြီး ရှင်းထုတ်မလား” တိထျန်းက အကြံပြုလာသည်။

“ငါတို့ရဲ့ တိုက်ပွဲမတိုင်ခင် တိုက်ပွဲကွင်းပြင်ကို အရင်ရှင်းရအောင်”

“စိတ်မဝင်စားဘူး”

“ဘာလို့လဲ”

“သူတို့ဆီမှာ ဝှက်ဖဲဘာပဲရှိရှိ တစ်ယောက်ယောက်အပေါ်တော့ အရင်စမ်းမှာပဲ။ မင်းကို အရင်ဆုံး ရွေးမယ်လို့ ထင်တယ်”

“အဲဒါက အမှန်ဖြစ်မယ်တော့ မထင်ဘူး”

“သူတို့အမြင်မှာ မင်းက ငါ့ထက်ပိုပြီး ခြိမ်းခြောက်မှုရှိတယ်ဆိုတော့ မင်းကို ပထမဆုံး တိုက်ခိုက်မှာ သေချာတယ်”

သူက ထိုလူများကို စုံစမ်းကြည့်ခဲ့ဖူးသည်။ လှည့်ဖျားရေးစစ်ဆေးမှုမှာ စုဆောင်းထားသော သတင်းအချက်အလက်များကို အသုံးပြု၍ ကိစ္စများစွာကို ကောက်ချက်ချနိုင်ခဲ့သည်။ သူတို့သုံးသပ်ချက်အပေါ် မူတည်၍ ထိုသူများသည် သူ့ထက်စာလျှင် ဝမ်ဝေ့ကို ပိုမိုအလေးထားသောကြောင့် ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်၏။

“မင်း ပြောတာ မှန်နိုင်ပါတယ်။ ဒါပေမဲ့ မင်းက သူတို့ခေါင်းဆောင်ကို လုပ်ကြံဖို့ ကျရှုံးခဲ့တယ်ဆိုတာ မေ့မထားနဲ့ဦး။ သူတို့က ရန်ငြိုးထားတယ်ဆိုရင် မင်းက ပထမဆုံးတိုက်ခိုက်ခံရမှာ” ဝမ်ဝေ့က ပြောလိုက်သည်။

တိထျန်းက အမှန် ဖြစ်ကြောင်းသိ၍ တိတ်ဆိတ်နေလေသည်။ သူက ထိုသူများရှိနေသည့် နည်းလမ်းများကို မကြောက်ပေ။ သို့သော်လည်း အန္တရာယ်ခံစားမှုက သူတို့တွင် သူ့ကို ဒဏ်ရာပေးနိုင်သည့် နည်းလမ်းရှိကြောင်း ညွှန်ပြနေလေ၏။

အကယ်၍ သူတို့က ဝမ်ဝေ့နှင့် တိုက်ပွဲမတိုင်ခင် အကောင်းဆုံးအခြေအနေ မဟုတ်လျှင် အနိုင်ရရှိနိုင်ချေ သိသိသာသာ လျော့ကျသွားလိမ့်မည်။

“ဆုံးဖြတ်ကြတာပေါ့။ ဒီလူတွေက ငါတို့ရဲ့ တည်ရှိမှုကို အာရုံခံမိပြီးသား ဖြစ်လောက်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အပြောင်းအလဲများက ပိုမိုဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူက ထိုလူများကို မည်သို့ရင်ဆိုင်ဖို့ မဆုံးဖြတ်ခင် တိထျန်း၏ အဖြေကို သိလိုသည်။

“ကောင်းပြီ” တိထျန်းက အတူတကွ အလုပ်တွဲလုပ်သည်မှာ လက်ရှိအခြေအနေအတွက် အကောင်းဆုံး ဖြစ်ကြောင်းသိ၍ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ယုံကြည်မှုပြဿနာကရော”

“ငါတို့တွေ မဟာတာအိုကျမ်းသစ္စာ လုပ်လို့ရတယ်”

“ငါ စကားလုံး ရွေးမယ်”

“ကောင်းပြီလေ” ဝမ်ဝေ့က ပြောလိုက်သည်။

ခဏကြာမြင့်ပြီးသည့်နောက်တွင် တိထျန်းက သူသည် အဘယ်ကြောင့် အလွယ်တကူ သဘောတူလဲဟု သံသယဖြစ်လာမိ၏။ သူက တာအိုနယ်ရှင်များနှင့် ရင်ဆိုင်ရသည့်အခါ သတိလက်လွတ်ဖြစ်၍ မရကြောင်း သိထားသည်။ သို့သော်လည်း ယခုအခါ ဆုံးဖြတ်ချက် မပြတ်မသား လုပ်နေရမည့်အချိန် မဟုတ်ကြောင်း သိလေ၏။

ထို့ကြောင့် သူက ကျမ်းသစ္စာ၏ စကားများကို သေချာရွေးချယ်ကာ ဝမ်ဝေ့ကို အရင်ကျိန်ဆိုခိုင်းခဲ့သည်။ ပြဿနာမရှိကြောင်း ဆုံးဖြတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကျမ်းသစ္စာကို ကျိန်ဆိုပြီး တိထျန်းက နောက်မှ လိုက်ကျိန်ဆိုခဲ့သည်။

ထို့နောက် သူတို့က အနက်ရောင် မြူခိုးကို အာရုံစိုက်ထားလိုက်ကြသည်။

“အစီအစဉ်ရှိထားလား” တိထျန်းက မေးလိုက်သည်။

“တဲ့တိုးနည်းလမ်းနဲ့ အားသုံးပြီးပဲ ဖြေရှင်းကြတာပေါ့”

“ကောင်းပြီ”

All Chapters