← Chapters

တုန်လှုပ်မှု

Vol. 59 Ch. 824

တုန်လှုပ်မှု

Vol. 59 Ch. 824

“ကျစ် သူတို့က ဘယ်လိုလုပ်ဒီမှာ ရောက်လာတာလဲ” ကပ်ပါးက အမူအရာ ပျက်ယွင်းလျက် ပြောလိုက်သည်။ အားလုံးက အံ့အားသင့်နေသည့်အတွက် မည်သူကမှ သူ့မေးခွန်းကို ပြန်မဖြေကြပေ။

“လက်နက်က သူတို့ရဲ့ အာရုံခံစားမှုကို နှိုးဆွလိုက်တာများလား” ယွီကျူးက မေးလိုက်သည်။

“လက်နက်က ဧကရာဇ်အဆင့် လက်နက်ဆိုတော့ အကျိုးအကြောင်းကို ဖယ်ရှားနိုင်တဲ့ စွမ်းအားပါဝင်နေတယ်။ သူတို့ရဲ့ စွမ်းအားက ဒါနဲ့ နီးကပ်မနေသရွေ့ အန္တရာယ်ကို ခံစားမိမှာ မဟုတ်ဘူး” ရေးဆွဲသူ က ရှင်းပြလိုက်သည်။

အားလုံးက မဖြစ်နိုင်သည့်အတွက် ထိုဖြစ်နိုင်ချေကို ဖယ်ထုတ်ခဲ့ကြသည်။

“ဝမ်ဝေ့ရဲ့ အလိုလိုသိစိတ်များလား။ စုဆောင်းထားတဲ့ သတင်းအချက်အလက်အရတော့ သူ့ရဲ့ အလိုလိုသိစိတ်က ကျင့်ကြံရေး မစတင်ကတည်းက အတော်လေး ထူးခြားနေခဲ့တာလို့ ပြောတယ်” ထုံရို့ပင်းက ဝင်ပြောလိုက်သည် “

“ငါ ပြောတဲ့အတိုင်း လက်နက်တွေကြားမှာ စွမ်းအားကွာခြားမှုကြောင့် သူ့အလိုလိုသိစိတ်ကလည်း အသုံးဝင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့အလိုလိုသိစိတ် ဖြစ်နေမယ်ဆိုရင် တိထျန်းကရော ဘာလို့ ပေါ်ထွက်လာတာလဲ”

“သူတို့ရဲ့ ဧကရာဇ်အသုံးအဆောင် ပစ္စည်းတွေကြောင့်များလား” ယွီကျူးက မေးလိုက်သည်။ သူတို့က အဖြေရဖို့ ရေးဆွဲသူကိုသာ ကြည့်လိုက်ပြီး ပြန်မဖြေကြပေ။

“သူတို့က သက်ဆိုင်ရာ အင်အားစုတွေရဲ့ ခေါင်းဆောင်အနေနဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆက်နွယ်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေက ဂမ္ဘီရ၊ တွက်ချက်မှုတို့လိုမျိုး မဆက်နွယ်နေသရွေ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး”

ထိုအဖြေက တစ်စိတ်တစ်ပိုင်းမှန်းသာ သိသည့်အတွက် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ထိုအရာသည် အမှန်ဟုတ်လား မဟုတ်လား စစ်ဆေးဖို့ နည်းလမ်း မရှိပေ။

“အခု ဒါတွေ စဉ်းစားနေရမဲ့အချိန် မဟုတ်ဘူး” ကပ်ပါးက ပြောလိုက်သည်။

“အဓိကပြဿနာက သူတို့ရဲ့ တိုက်ကွက်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ”

“ဒါက အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်” ယွီကျူးက ပြောလိုက်သည်။

“ငါတို့တွေ သူတို့ကို လိုက်ရှာနေစရာ မလိုတော့ဘူး။ သူတို့က ငါတို့တံခါးရှေ့ ရောက်လာပြီ”

“ရေးဆွဲသူ … မင်းရော ဘယ်လိုထင်လဲ” ကပ်ပါးက မေးလိုက်သည်။

“လက်နက်အတွက် တိုက်ခိုက်မှု နောက်ထပ်အနည်းငယ် ထုတ်သုံးနိုင်ဖို့အတွက် စွမ်းအားများများ စုစည်းထားဖို့ လိုတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက ငါတို့လိုအပ်မှုအတွက်တော့ လုံလောက်ပါတယ်”

“အဲဒါဆို နည်းဗျူဟာကရော” ထုံရို့ပင်းက မေးလိုက်သည်။

“ဘာလို့နည်းဗျူဟာ လိုဦးမှာလဲ။ သူတို့ကို ဒီလှံနဲ့ သတ်လိုက်ရုံပဲ” ယွီကျူးက ရှင်းလင်းရေးအတွင်း သူ ခံစားခဲ့ရသည့် အရှက်ကွဲမှုကို အမှတ်ရကာ ပြောလိုက်သည်။ သူက ဝမ်ဝေ့ သေဆုံးမှုကို ကိုယ်တိုင်မြင်တွေ့ရဖို့ မစောင့်နိုင်တော့ပေ။

“လှံက အားဖြည့်ရမဲ့အချိန် လိုတယ်” ရေးဆွဲသူက ရှင်းပြလိုက်သည်။

“ငါတို့တွေ ဒီအရာရဲ့ စွမ်းအားတချို့ကို အစီအရင်ထဲ ထည့်ပြီးတော့ အပြောင်းအလဲတချို့ဖြစ်လာတာကို ကာကွယ်ရမယ်။ သူတို့တွေကို မတိုက်ခိုက်ခင် ပိတ်လှောင်ထားဖို့ ကြိုးစားကြည့်ရမယ်” ရေးဆွဲသူက ကပ်ပါးကို ရုတ်ချည်း ကြည့်လိုက်သည်။

“ဒီလိုအခြေအနေမျိုးမှာ ထုံရို့ပင်းရဲ့ တန်ဖိုးက သိသာလာတာပဲ”

ကပ်ပါးက မျက်မှောင်ကြုတ်ကာ မကျေနပ်မှုကို ဖုံးကွယ်မထားပေ။

“ငါ ဘယ်နှစ်ကြိမ်တောင် တောင်းပန်နေရဦးမှာလဲ”

“အခု အချင်းချင်း တိုက်ခိုက်နေရမဲ့အချိန် မဟုတ်ဘူး” ယွီကျူးက လက်ရှိအခြေအနေကို ဝင်ရောက်သတိပေးလိုက်သည်။

ရေးဆွဲသူက သူ့အနားမှ လူကို ကြည့်ကာ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။

“ယန်ကောဝေ … မင်းက ဒီဆုံမှတ်ကို တာဝန်ယူလိုက်”

ထို့နောက် သူက နောက်ထပ် တစ်နေရာကို လက်ညှိုးထိုးပြကာ

“ပင်းအာ … မင်းက ဒီအစီအရင်ရဲ့ ဆုံမှတ်နေရာကို ထိန်းချုပ်လိုက်။ မင်းက ဖိအားအောက် ရောက်နေမှာဆိုတော့ သတိထားဦး”

“ပြဿနာ မရှိဘူး” ထုံရို့ပင်းက သူမ၏ နေရာကို ယူလိုက်သည်။ ရေးဆွဲသူက လူတစ်ယောက်ချင်းစီအတွက် နေရာချမှတ်ပေးနေ၏။

ထို့နောက် အဖွဲ့က စောင့်ဆိုင်းနေလိုက်ကြသည်။

……………………………………………………..

အနက်ရောင်မြူခိုးများ၏ အပြင်ဘက်

ဝမ်ဝေ့က ထိုမြူခိုးကို အသေအချာ လေ့လာကြည့်နေသည်။ ထိုအရာ၏ ရည်ရွယ်ချက်က အာရုံခံစားမှုနှင့် စောင့်ကြည့်နေသည့် မျက်ဝန်းများကို ဖုံးကွယ်ဖို့အတွက် ဖြစ်ကြောင်း သတိပြုမိသွားသည်။

ဒါက အစီအရင် တစ်ခု မဟုတ်ဘူးပဲ…

သူက မြူနောက်ကွယ်မှ အမှန်တရားကို သိရှိသွားလေသည်။

ဒါက ထူးဆန်းတဲ့သက်ရှိ တစ်မျိုးဖြစ်ပုံပဲ…

သူက ထိုသို့သက်ရှိမျိုး တစ်ခါမှ မကြားခဲ့ဖူးပေ။ ထို့ကြောင့် ဤမြူသည် တခြားကမ္ဘာ့အသိုက်အဝန်းမှ ဖြစ်နိုင်သလို ဒိုင်မေးရှင်းအမြင့်မှလည်း ဖြစ်နေနိုင်ကြောင်း ကောက်ချက်ချလိုက်၏။

ဒီနည်းလမ်းက ထူးဆန်းပြီးတော့ အမည်မသိရဘူးဆိုပေမဲ့ စွမ်းအားကတော့ အားနည်းလွန်းတယ်…

ဝမ်ဝေ့က ထိုအနက်ရောင်မြူခိုးကို စုပ်ယူဖို့ တွင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုစဉ် တိထျန်းက သူလှုပ်ရှားနေသည်ကို စောင့်ဆိုင်းနေလေ၏။

သူက ထိုသူသည် အဆင့် ၅ တာအိုဘိုးဘေးစွမ်းအား ထုတ်ပြလာသည်ကို သတိပြုလိုက်သည်။ ထို့ကြောင့် သူက ထိုသူ့အတိုင်း လိုက်လုပ်လိုက်၏။ သူက ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို ဖန်ဆင်းကာ အနက်ရောင် မြူခိုးများကို စုပ်ယူလိုက်သည်။ သူတို့၏ အားစိုက်ထုတ်မှုဖြင့် မြူခိုးများသည် ၅မိနစ်အတွင်း ပြန့်ကျဲသွားလေသည်။

မြူခိုးများပျောက်ကွယ်သွားသည့်အခါ နောက်ကွယ်တွင် ရှိသည့်အရာ ထွက်ပေါ်လာ၏။

ဝမ်ဝေ့က အစီအရင်အလယ်မှ လှံကို မြင်လိုက်ရသည်။ ထို့နောက် သူက အစီအရင်ကို ထိန်းချုပ်နေသည့်လူများကို မြင်လိုက်ရ၏။

“ထုံရို့ပင်းလား။ အင်း အံ့ဩစရာတော့ မရှိပါဘူး” သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

ကောင်းကင်ရွေးချယ်ခံများအနက် ဝမ်ဝေ့သည် သူမအား ခြိမ်းခြောက်နိုင်ဆုံးအဖြစ် သတ်မှတ်ထားလေသည်။ အကြောင်းအရင်းမှာ သူမက သူနှင့်တူပြီး အောင်မြင်ဖို့ရာအတွက် ဘာမဆို လုပ်နိုင်လေ၏။ ထို့အပြင် သူမ၏ ဆွဲဆောင်မှုဖြင့် လူအများနှင့် ရင်းနှီးလွယ်သလို ထိုသူများအား နယ်ရုပ်အဖြစ်လည်း အသုံးချဖို့ လွယ်ကူသည်။

ထုံရို့ပင်းက ဘာမှမပြောပေ။ ယခုအခိုက်အတန့်တွင် သူမ၏ အခြေအနေကို ကောင်းကောင်းသိနေ၏။ အကယ်၍ သူမသာ မှားယွင်းသည့် ရွေးချယ်မှု လုပ်ဆောင်မိသွားပါက ဆိုးဆိုးရွားရွား သေဆုံးသွားလိမ့်မည်။ သူမက အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူတို့တွင် အခွင့်အရေး ရှိနေပါက မည်သူကမှ သေလိုမည် မဟုတ်ပေ။

ဝမ်ဝေ့က ထုံရို့ပင်းကို အာရုံမစိုက်တော့ပဲ အစီအရင်အလယ်ရှိ လှံကို အာရုံစိုက်လိုက်သည်။ ဤသည်က သူ့အန္တရာယ်ခံစားမှု အရင်းအမြစ် ဖြစ်၏။

ဧကရာဇ်အသုံးအဆောင်လား။ ဒီလူတွေက ဒီလိုအရာမျိုးကို ဘယ်လိုလုပ် ဖန်ဆင်းနိုင်တာလဲ။ ကောင်းကင်တာအိုက ဒီလူတွေ ဒီလက်နက်သုံးဖို့ကို ဘာကြောင့် ခွင့်ပြုပေးထားတာလဲ…

သူက မေးခွန်းများစွာ ထွက်ပေါ်လာသည်။

ထိုသူလျှိုများက မြင့်မားသည့် ကျင့်ကြံရေး လူမှုအဖွဲ့အစည်းမှဖြစ်သည့်အတွက် ထို ဒိုင်မေးရှင်းအနိမ့်ရှိ လူများအတွက် မဖြစ်နိုင်သည့်အရာများက သူတို့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။

ကောင်းကင်တာအိုက သူတို့၏ စည်းမျဉ်းဖောက်ဖျက်သည့် အပြုအမူကို မတုံ့ပြန်သည့်အချက်ကမူ အဖြေက သိသာလှသည်။ ကောင်းကင်တာအိုက တိထျန်းနှင့် ဝမ်ဝေ့တို့၏ ဒဿမသာလွန်အုတ်မြစ်ကြောင့် စွမ်းအားအကန့်အသတ်ကို မြှင့်တင်ပေးခဲ့ခြင်း ဖြစ်သည်။

တခြားနည်းဖြင့် ပြောရလျှင် ကောင်းကင်တာအိုက အနိုင်ရရှိသူကို ငါတို့အင်အားစုသုံးခုထဲက ဖြစ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီးသွားပြီပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ တိုက်ပွဲမစတင်ကတည်းက အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသွား၍ မမျှတဟန်ပေါ်သော်လည်း ကောင်းကင်တာအို၏ အပြုအမူများက အမှန်ကန်ဆုံး ဖြစ်၏။

တိထျန်းနှင့် ဝမ်ဝေ့တို့က ဒဿမသာလွန်အုတ်မြစ်ကို အောင်မြင်သွားသည်နှင့် နောက်ဆုံးအနိုင်ရရှိသူက သူတို့ထဲမှတစ်ယောက် ဖြစ်လာလိမ့်မည်။ သူလျှိုများအတွက်မူ သူတို့၏ တည်ရှိမှုက တခြားကောင်းကင်ရွေးချယ်ခံများအတွက် မျှော်လင့်ချက် သယ်ဆောင်လာ၏။

ကောင်းကင်တာအိုက သူတို့ကို ဤလက်နက်ကို အသုံးပြုခွင့်ပြုခြင်းအားဖြင့် နောက်ထပ် အပြောင်းအလဲတချို့ကို ဖြစ်ပေါ်လာစေသည်။ အကယ်၍ ထိုအဖွဲ့သုံးဖွဲ့က တစ်ယောက်နှင့်တစ်ယောက် ဒဏ်ရာရပြီး အနိုင်ပိုင်းနိုင်ပါက တခြားသော ပြိုင်ပွဲဝင်များသည် အောင်မြင်ဖို့ရာအတွက် အခွင့်အရေး အနည်းငယ် ရလာကြလိမ့်မည်။

အရာအားလုံးက မျှခြေပဲ…

ဝမ်ဝေ့က ကောင်းကင်တာအို၏ တည်ရှိမှုသည် ထိုစကားလုံးများအပေါ်သာ မူတည်နေကြောင်း ကောက်ချက်ချလိုက်သည်။

အစီအစဉ်က ဘယ်လိုလဲ…

တိထျန်းက အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။ သူက သူလျှိုများသည် ဧကရာဇ်အသုံးအဆောင် ပစ္စည်းဖန်တီးပြီး တိုက်ပွဲတွင် ခြိမ်းခြောက်သည်ကို အံ့အားသင့်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ သူ့တကယ့်ပြိုင်ဘက်က ဝမ်ဝေ့သာ ဖြစ်၏။ ထို့ကြောင့် သူက နောက်ကွယ်မှ အသေအချာ အနီးကပ် လေ့လာကြည့်နေသည်။ ဤနည်းဗျူဟာက သစ္စာဖောက်မှုကို လျှော့ချနိုင်သလို တစ်စုံတစ်ခု ဖြစ်ပွားသွားပါက အမြန်အဆန် တုံ့ပြန်နိုင်ချေလည်း ရှိလာစေသည်။

အခု ငါတို့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ရမဲ့အချိန်ပဲ…

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက တာအိုဘိုးဘေး စွမ်းအားသည် အစီအရင်ကို ဖြေရှင်းဖို့ မလုံလောက်ကြောင်း သိလေ၏။ ထို့ကြောင့် သူတို့က အားကုန်သုံးရမည်။

ငါတို့တွေ သူတို့ကို မြန်မြန်ဆန်ဆန် ဖြေရှင်းကြတာပေါ့။

အဲဒါဆို ဒီလှံရဲ့ ပိုင်ဆိုင်မှုကရော…

သူတို့ကို ဖြေရှင်းပြီးမှ ဆုံးဖြတ်ကြမယ်…

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

ကောင်းပြီ

ဝုန်း

သူတို့နှစ်ယောက်က အစီအရင်နောက်ကွယ်ရှိ လူ၅ယောက်ကို ဖိအားပေးနိုင်သည့် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထုတ်လွှတ်လာသည်။

ထို့နောက် အစီအရင်နောက်မှ လူများက ချက်ချင်းဆိုသလို ခန္ဓာကိုယ်၊ ဝိညာဉ်နှင့်စိတ်တို့က မလှုပ်ရှားနိုင်တော့သလို မတွေးတောနိုင်တော့ပဲ သူတို့၏ တာအိုများအထိ ဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။

“မဖြစ်နိုင်ဘူး” ယွီကျူက အော်ပြောလိုက်သည်။ သူ့မလိုလားမှုက သူ့အပေါ် ကျရောက်လာသည့် ဖိအားများကို အစားထိုးသွားသည်။ လှံ၏ အသိစိတ်က ကာကွယ်မှုတချို့ ထုတ်ပေးလာ၏။

“မဟုတ်ဘူး … မဟုတ်ဘူး” ရေးဆွဲသူက ရေရွတ်လိုက်သည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး” သူက နှစ်သန်းချီကြာ ကျင့်ကြံလာသော်လည်း စကားလုံးများ ပျောက်ဆုံးသွားသလိုမျိုး မဖြစ်နိုင်ကြောင်းသာ ရေရွတ်နေမိသည်။

လက်နက်က မဟာဧကရာဇ်နှင့် ယှဉ်နိုင်သည်မှာ ကိစ္စတစ်ခု ဖြစ်သော်လည်း သေမျိုးတစ်ယောက်အနေဖြင့် ထိုစွမ်းအားကို ရယူထားနိုင်ခြင်းက ကွဲပြားသည့်ကိစ္စတစ်ခု ဖြစ်ပေသည်။ ထိုသို့အရာမျိုးက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ သမိုင်းကြောင်းတစ်လျှောက်တွင်ပင် မဖြစ်ခဲ့ဖူးပေ။

သို့သော် ယခုတွင် သူက အောင်မြင်သွားသည့် လူနှစ်ယောက်ကို မြင်တွေ့နေရ၏။ သူ့စိတ်ထဲ ထိုအချက်ကို လက်မခံနိုင်ပေ။ ပြောရလျှင် သူက ထိုအမှန်တရားကို လက်ခံဖို့ ငြင်းဆန်နေမိ၏။

သူသာလျှင် ထိုသို့ အပြင်းအထန် တုံ့ပြန်နေခြင်း မဟုတ်ပေ။

ထုံရို့ပင်းကလည်း ကြောင်အမ်းအမ်း အမူအရာဖြင့် မလှုပ်မယှက် ဖြစ်နေလေသည်။ သူမ၏ စိတ်ထဲ အတွေးတစ်ခုသာ လွှမ်းမိုးထားလေ၏။

သူတို့က ဘာလို့အဲ့လောက်တောင် အားကောင်းနေရတာလဲ…

ယန်ကောဝေကလည်း တူညီသည့် တုံ့ပြန်မှုမျိုး မရှိသော်လည်း သူက မျက်လုံးမှိတ်လျက်ရှိသည့်အတွက် သိပ်မသိသာခဲ့ပေ။

ကပ်ပါးက သူ့တာအိုနှလုံးသားပြိုလဲလာသည်ကို ခံစားမိလိုက်သည်။ ကံကောင်းစွာဖြင့် သူက ဤတာဝန်အတွက် ရွေးချယ်ခံရသည့် အကြောင်းအရင်းတစ်ခု ရှိနေလေ၏။ ထို့ကြောင့် သူက လျှာကို ကိုက်ကာ နာကျင်မှုဖြင့် အာရုံလွှဲပြောင်းခဲ့သည်။

“သူတို့က ကြောက်စရာကောင်းတဲ့ ဆိုးကျိုးရှိတဲ့ လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးနေတာပဲဖြစ်ရမယ်” ကပ်ပါးက အဖွဲ့၏ စိတ်ကို ပြန်လည်စုစည်းရင်း ပြောလိုက်သည်။

“မင်း … မင်း ပြောတာမှန်လောက်တယ်” ယွီကျူးက ပြောလိုက်၏။ သို့သော်လည်း သူက ထိုစကားများသည် မှားနိုင်ကြောင်း သိလေ၏။ အကြောင်းမှာ ထိုသို့သော လျှို့ဝှက်နည်းစနစ်မျိုးက ဒိုင်မေးရှင်းအမြင့်တွင်ပင် မတည်ရှိခဲ့ဖူးပေ။ စံပြများပင် ထိုသို့သော နည်းစနစ်မျိုးကို မဖန်တီးနိုင်ပေ။

ထုံရို့ပင်းက ထိုစကားများကို မယုံကြည်ပေ။ သူမက မူလအဆောင်နှင့် ဆက်နွယ်မှု ရှိသည့်အတွက် တိထျန်းနှင့် ဝမ်ဝေ့တို့ဆီမှ တူညီသည့် အငွေ့အသက်မျိုးကို ခံစားမိလေ၏။

ငါ ဘာလုပ်သင့်လဲ…

သူမ၏ စိတ်ထဲ ကောင်းကောင်းတွေးခေါ်နိုင်ဖို့ရာအတွက် ဖရိုဖရဲ ဖြစ်လွန်းနေသည်။ ထို့ကြောင့် သူမက သန့်စင်စိတ်အဆောင်ကို အသက်သွင်းကာ အသိစိတ်ပင်လယ်အတွင်း အသုံးပြုလိုက်၏။

သို့သော်လည်း ထိုအဆောင်ဖြင့်ပင် သူမ၏ စိတ်က အပြည့်အဝ မတည်ငြိမ်သေးပေ။

“ငါတို့ အခု ဘာလုပ်သင့်တုန်း” ယွီကျူးက မေးလိုက်သည်။

“ရေးဆွဲသူ … ငါတို့ ဘာအစီအစဉ်ရှိလဲ” ကပ်ပါးက မျက်နှာဖြူဖျော့နေလျက် မေးလိုက်သည်။

All Chapters