မင်း
Vol. 59 Ch. 825
ကမ္ဘာကြီးက ဆူညံပွက်လောရိုက်နေလေသည်။
တိုက်ပွဲကို ကြည့်ခွင့်ပြုထားသည့် အစီအရင်က တိုက်ပွဲထဲမှ အရှိန်အဝါနှင့် စည်းမျဉ်းအတက်အကျများကိုပင် ကြည့်ရှုသူများအား ခံစားခွင့်ပြုထားသည်။ ကောင်းကင်တာအို၏ ရည်ရွယ်ချက်က တိုက်ပွဲကို တွေ့ကြုံခံစားကာ ထိုအရာမှ သင်ယူနိုင်ဖို့ ဖြစ်၏။ ထိုနည်းလမ်းက ကျင့်ကြံရေးလူမှုအဖွဲ့အစည်း တစ်ခုလုံးတွက် အကျိုးအမြတ်ရှိနိုင်မည့် နည်းလမ်းကောင်း တစ်ခု ဖြစ်ပေသည်။
ကောင်းကင်အလိုဆန္ဒ တိုက်ပွဲက မျိုးဆက်တစ်ခုအတွင်း ထိပ်သီးပါရမီရှင်များ၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်၏။ ထိုပါရမီရှင်များ သေခြင်းရှင်ခြင်း တိုက်ပွဲအတွင်း သူတို့၏ စွမ်းရည်များကို ပြသခြင်းမှ သင်ယူခြင်းထက် ပိုကောင်းသည့် အရာ ရှိမည်လား။
ထို့ကြောင့် တိထျန်းနှင့် ဝမ်ဝေ့တို့၏ အငွေ့အသက်ကို ခံစားမိပြီးသည့်နောက်တွင် ကမ္ဘာကြီးက ဆူညံပွက်လောရိုက်သွားလေသည်။ အိပ်စက်နေသည့် သို့မဟုတ် ကျင့်ကြံနေကြသည့် ဆန့်ကျင်ကျင့်ကြံသူများလည်း ထိုသတင်းကို ကြားသိပြီးသည့်နောက်တွင် နိုးထလှုပ်ရှားလာကြသည်။
သို့သော်လည်း ကမ္ဘာကြီးက အကဲဖြတ်မှုမတိုင်ခင် စောင့်ဆိုင်းရဦးမည် ဖြစ်၏။ အကြောင်းမှာ ထိုအမှန်တရားက သူတို့အတွက် လက်မခံနိုင်ဖွယ် ဖြစ်နေသည်။ သူတို့က ထိုအရာသည် အရှိန်အဝါမျှသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြ၏။
……………………………..
မြောက်ဘက်ပိုင်း
ရေးဆွဲသူက ကပ်ပါး၏ စကားများကို မတုံ့ပြန်နိုင်ပေ။ သူ့စိတ်က အဆုံးမဲ့လေဟာနယ်ထဲ ပျောက်ဆုံးနေလေ၏။ ကပ်ပါးက အကြိမ်ရေ အနည်းငယ် အော်ဟစ်လိုက်သော်လည်း တုံ့ပြန်မှု မရှိသည့်အတွက် သူ့ကို လှုပ်ယမ်းကာ နိုးထစေလိုက်သည်။
သို့သော် သူ့ ကြိုးပမ်းမှုက ကျရှုံးခဲ့လေ၏။
“ La Sic Nan Ma ” ကပ်ပါးက ရုတ်တရက် ရွတ်ဆိုလိုက်သည့်အခါ သူ့ပါးစပ်မှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး ရေးဆွဲသူကို လွှမ်းခြုံသွားလေ၏။ နောက်ဆုံးတွင် ရေးဆွဲသူ၏ မျက်ဝန်းက ပြန်ပြီး အသက်ဝင်လာသည်။
“ဗုဒ္ဓဘာသာရဲ့ စိတ်သန့်စင်ရေးဂါထာပဲ” ရေးဆွဲသူက အသိပြန်ဝင်လာကာ ပြောလိုက်သည်။
“ကျေးဇူးပါ”
“အခု အာရုံများနေရမဲ့အချိန် မဟုတ်ဘူး။ အစီအစဉ် ရှိလား”
ရေးဆွဲသူက အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် သူ့စိတ်ထဲ အလျင်အမြန် တွက်ချက်နေလေ၏။
“ငါတို့တွေ အားအကောင်းဆုံး တိုက်ကွက်ကို မသုံးခင် အစီအရင်ကို သုံးပြီးတော့ သူတို့ကို ပိတ်လှောင်ရမယ်။ ငါတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က သူတို့တွေကို တစ်ခါတည်းနဲ့ သတ်ပစ်ဖို့ပဲ” ရေးဆွဲသူက ပြောလိုက်သည်။
“ဒါက ဖြစ်နိုင်ရဲ့လား”
“ငါတို့တွေ အခွင့်အရေးတော့ ရနိုင်တယ်။ ဒါပေမဲ့ …”
“ဘာလဲ”
“မင်းရဲ့ ကပ်ပါးအမြုတေကို လိုတယ်”
ကပ်ပါးက ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။ သူ့နာမည်က ဂုဏ်ပုဒ်တစ်ခုသာ မကဘဲ သူ့ဇစ်မြစ်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပေသည်။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ လူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များတွင် ကပ်ပါးနေနိုင်သည့် ထူးကဲသော ပိုးမွှားမျိုးနွယ်မှ ဖြစ်ပေသည်။
သူက သူ့ကပ်ပါးများဖြင့် သူ့အင်အားထက် သိပ်မမြင့်သည့်သူများကို ထိန်းချုပ်နိုင်လေသည်။ သူ့ကပ်ပါးခန္ဓာကိုယ်က ကိုယ်ပွားများလိုမျိုး ဖြစ်၏။ တစ်ကောင် အသက်ရှင်နေသရွေ့ ကပ်ပါးများက မသေနိုင်ပေ။
ကပ်ပါးအမြုတေက ကပ်ပါးစွမ်းဆောင်ရည်၏ အနှစ်သာရဖြစ်သလို ရှင်သန်မှုလည်း ဖြစ်ပြီး သူလူသန်းပေါင်းများစွာကို ထိန်းချုပ်နိုင်သည့် အကြောင်းအရင်းလည်း ဖြစ်၏။ သူ့မျိုးနွယ်အတွက် ထိုအရာ၏ တန်ဖိုးကို ညွှန်းဆိုဖို့ စကားပင် မရှိပေ။
“ကောင်းပြီ” ကပ်ပါးက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ သူက အချိန်မရှိတော့ကြောင်း သိသည့်အတွက် ထိုတာဝန်ကို အောင်မြင်ခြင်းက ပို၍ အရေးကြီးနေသည်။ ထို့ကြောင့် သူက ပျားအုံနှင့်တူသည့် အနက်ရောင် အလုံးတစ်ခုကို အန်ထုတ်လာသည်။
ရေးဆွဲသူက ထိုအမြုတေကို ယူကာ အစီအရင်ကို အသုံးပြု၍ စုပ်ယူစေလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အမြုတေမှ စွမ်းအားအမြောက်အများ ထုတ်ဖော်လာ၏။ ထိုဖြစ်စဉ် စတင်ပြီးနောက် သိပ်မကြာခင် ထိုအမြုတေမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုစဉ် ဝမ်ဝေ့တို့ဘက်က သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သော်လည်း ချက်ချင်း မတိုက်ခိုက်သေးဘဲ ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။
ရက်စက်လိုက်တာ…
သူက တည်တည်ငြိမ်ငြိမ် တွေးလိုက်မိသည်။ သူက ရေးဆွဲသူသည် လူထရီလီယံပေါင်းများစွာ၏ ဝိညာဉ်၊ စွမ်းအားနှင့် သွေးတို့ပါဝင်နေသည့် အရာကို မြင်နိုင်လေသည်။ ထိုအမြုတေမှ သေဆုံးသွားသည့် လူအရေအတွက်က အသင်္ချေအင်ပါယာကမ္ဘာနှင့်ပင် ယှဉ်နိုင်လေ၏။
သူ့အကြည့်က ပြောင်းလဲသွားပြီး ထိုသူများ၏ ကံကြမ္မာနှင့် ဇစ်မြစ်ကို မြင်လိုက်ရသည်။ ကပ်ပါးက ဒိုင်မေးရှင်းအမြင့်တွင် သူ့ကိုယ်ပိုင်နယ်မြေ ရှိထားပြီး အရွယ်အစားက အသင်္ချေအင်ပါယာကမ္ဘာထက် ကြီးမားနေလေ၏။
သူက ထိုပိုင်နက်အတွင်းရှိ အဆောက်အဦးတိုင်းတွင် ကပ်ပါးတစ်ကောင်စီ နေရာချထားပြီး အမြုတေမှတဆင့်ထိန်းချုပ်နေခဲ့သည်။ သို့သော် ယခုတွင် ထိုလူများက ထိုအစီအရင်အတွက် စတေးခံအဖြစ် အသုံးပြုခံလိုက်ရသည်။
လှုပ်ရှားကြစို့
ဝမ်ဝေ့က ပြောလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ ရိုးရှင်းသည့် မီးဓာတ်အခြေခံတိုက်ကွက်ကို အသုံးပြုလာသည်။ သို့သော်လည်း ထိုတိုက်ကွက်က မည်မျှပင် သာမန်ဖြစ်စေကာမူ အရေးမကြီးပေ။ ထိုအရာ၏ အဖျက်စွမ်းအားက တတိယတန်းစား စွမ်းအားကို ဖော်ညွှန်းနိုင်သည့် ကြောက်မက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။
တိထျန်းကလည်း ဝမ်ဝေ့၏ မီးတောက်မန္တန်ကို အားဖြည့်ပေးဖို့ လေဓာတ်အခြေခံ စွမ်းအားကို အသုံးပြုလာခဲ့သည်။
ဝုန်း
နေရာတစ်ဝိုက် အက်ကွဲသံများ ပေါ်ထွက်လာပြီး အစီအရင်ပေါ်တွင် အက်ကြောင်းများ ပေါ်ထွက်လာသည်။ သူတို့အတွက် ကံကောင်းသွားသည်က အက်ကြောင်းများသည် သေးငယ်နေသည့်အတွက် စက္ကန့်ပိုင်းအတွင်း ပြန်လည်ကောင်းမွန်သွားသည်။
သူတို့ကို ပိတ်လှောင်တာကို မေ့ထားလိုက်တော့။ အမြုတေရဲ့ စွမ်းအားကို သုံးပြီးတော့ လှံရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်မယ်…
ရေးဆွဲသူက အမူအရာ ပျက်ယွင်းလျက် ပြောလိုက်သည်။
အဲဒါက အလုပ်ဖြစ်ပါ့မလား
သူတို့ရဲ့ အင်အားပြသမှုက မဟာတာအိုအရင်းအမြစ်ရဲ့ ၆ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ အမြုတေနဲ့ဆိုရင် လှံက ၇ ရာခိုင်နှုန်းကနေ ၈ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်တယ်…
တကယ်လို့ သူတို့ထွက်ပြေးသွားရင်ရော
ကပ်ပါးက မေးလိုက်သည်။
ယွီကျူးက ဝိညာဉ်နောက်ယောင်ခံ အမှတ်အသားလုပ်ပြီးတော့ ရှောင်ရှားနိုင်အောင် လုပ်နိုင်တယ်…
ဝိညာဉ်မျိုးနွယ်က အရေအတွက် နည်းပါးသောကြောင့် သူတို့လူများအပေါ် အတော်လေး ကာကွယ်မှုပြင်းထန်သည်။ ဝိညာဉ်နောက်ယောင်ခံ အမှတ်အသားက သူတို့အဖွဲ့ဝင်တိုင်းကို သတ်လိုက်သည့် လူအပေါ်တွင် ပေါ်ထွက်လာမည်ဖြစ်ကာ စကြဝဠာအဆုံးထိ နောက်ယောင်ခံလိုက်ခံရလိမ့်မည်။
ဒါပေမဲ့ …
ယွီကျူက ငြင်းဆန်လိုက်သည်။
ငါတို့မှာ ဖြုန်းစရာ အချိန် မရှိဘူး…
စက္ကန့်ပိုင်းနှင့်အမျှ အစီအရင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာလေ၏။ ကပ်ပါးအမြုတေက စွမ်းအားထပ်မံ မပေးနိုင်တော့သည်နှင့် အစီအရင်က ကြာရှည်ခံမည် မဟုတ်ပေ။
ကောင်းပြီ
ယွီကျူးက ခေါင်းညိတ်လိုက်သည်။
အားလုံးနေရာယူထားကြ…
ရေးဆွဲသူက အစီအရင်ကို ထိန်းချုပ်ရင်း အော်ပြောလိုက်သည်။ သူက အမြုတေမှ စွမ်းအားအများစုကို အလယ်ဗဟိုချက်ရှိ လှံဆီ ပို့ဆောင်ပေးပြီး ထိုသူနှစ်ဦးထံ အားအကောင်းဆုံး တိုက်ကွက်ကို ပို့ဆောင်နိုင်ရန် ပြင်ဆင်နေ၏။
ဝုန်း
ကပ်ပါးနှင့် တခြားသူများက ယခုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကာ ထိုအရာ ဖြစ်နိုင်လိမ့်မည်ကို ထင်မထားမိသည့်အတွက် စိတ်က ဗလာကျင်းသွားလေသည်။
“မင်း” ကပ်ပါးက သူ့လက်ရှိ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ အော်ပြောလိုက်သည်။
“ယန်ကောဝေ … မင်း လုပ်ရဲတယ်လား” သူက အော်ပြောလိုက်၏။
“ကျုပ်က ဘာလို့ မလုပ်ရဲရမှာလဲ” ယန်မျိုးနွယ်၏ အမွေဆက်ခံသူက ပြန်ဖြေလေသည်။ သူက တိုက်ကွက်တစ်ခုဖြင့် ရေးဆွဲသူကို သုတ်သင်ပစ်လိုက်သည့်ကိစ္စအပေါ် နည်းနည်းလေးမှ ဂရုစိုက်ဟန်မပေါ်ပေ။
မင်းက ငါတို့ကို သစ္စာဖောက်ရဲတယ်လား
ယွီကျူးက အော်ပြောလိုက်သည်။
မင်း ဒီကိစ္စကနေ မလွတ်ပါဘူး။ မင်းရော မင်းအဖေရော
ယန်ကောဝေက သရော်လိုက်သည်။
“ကျုပ်အဖေက အမြဲတမ်း စွမ်းအားနဲ့ အသက်ရှင်ဖို့အတွက် ဘာမဆိုလုပ်တဲ့သူ။ ကျုပ်က ဒီအရာကို အရွံမုန်းဆုံးပဲ”
သူက ထိုသူနှစ်ဦးကို လှောင်ပြောင်ကာ ကြည့်လိုက်သည်။
“ခင်ဗျားတို့နဲ့ပေါင်းတာက သူပဲ။ ကျုပ် မဟုတ်ဘူး”
ဘန်း
အားကောင်းသည့် တိုက်ကွက်နှစ်ခုက သူ့အပေါ် ကျဆင်းလာသည်။ သို့သော်လည်း သက်တံဒိုင်းကာက ယန်ကောဝေကို ဝန်းရံထားပြီး ကာကွယ်ပေးထား၏။ သူက ထိုသူနှစ်ဦးကို လျစ်လျူရှုကာ ခေါင်းလှည့်ကြည့်လာသည်။
“ဒီလောက်ဆိုရင် သဘောတူညီချက်ကို ဖြည့်စည်းဖို့ လုံလောက်တယ်မလား”
“အင်း” ဝမ်ဝေ့က ပြန်ဖြေလေသည်။
“ကောင်းပြီ” ယန်ကောဝေက အပြုံးဖြင့် ပြောလိုက်သည်။
“တွေ့ဆုံမှု လက်ဆောင်အနေနဲ့ ပေးရဦးမယ်”
သူက အစီအရင်ဆုံမှတ်ထဲက တစ်ခုကို ထိန်းချုပ်ထားသည့်အတွက် ယခု ခုဖျက်ဆီးပစ်လိုက်၍ အစီအရင်၏ မငြိမ်သက်မှုကို ဖြစ်ပေါ်လာစေသည်။
နောက်ဆုံးတော့ ယန်ကောဝေက သက်တံအသွင် ပြောင်းလဲကာ လေဟာနယ်ကို ချိုးဖောက်ပြီး ထွက်ခွာသွားသည်။ ကပ်ပါးနှင့် ယွီကျူးတို့က သူ့ကို တားဆီးဖို့ ကြိုးစားခဲ့သော်လည်း ဝမ်ဝေ့နှင့် တိထျန်းတို့ ရုတ်တရက် ဖန်ဆင်းထားသည့် အက်ကြောင်းက အစီအရင်အတွင်း ထွက်ပေါ်လာ၏။
“ကျစ်” ကပ်ပါးက ရေရွတ်လိုက်သည်။ ရေးဆွဲသူ ရုတ်တရက် သေဆုံးသွားပြီးသည့်နောက်တွင် သူက အစီအရင်၏ ဗဟိုချက်ကို ထိန်းချုပ်သူ ဖြစ်လာခဲ့၏။ ဤအခြေအနေတွင် သူက အစီအစဉ်ဆက်လုပ်ဖို့ အလျင်အမြန် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သိလေသည်။ မဟုတ်ပါက သူတို့၏ တာဝန်သည် ကျရှုံးသွားမည် ဖြစ်ကာ သူတို့၏ ကံကြမ္မာသည် သေဆုံးခြင်းထက်ပင် ပို၍ ဆိုးရွားသွားနိုင်သည်။
ကပ်ပါးက အစီအရင်ထဲ ပေါ်ထွက်လာသည့် သင်္ကေတအသစ်များကို ကြည့်ရင်း တုန်ယင်မှုကို ခံစားမိလိုက်သည်။ သူက မိတ်လိုက်စဉ်အတွင်း အဖော်မရှိသည့် ဝက်တစ်ကောင်ထက်ပင် အမူအရာ ပျက်ယွင်းနေလေ၏။
သူက ခေါင်းလှည့်ကာ ထုံရို့ပင်းကို သတ်ဖြတ်ငွေ့အပြည့်ဖြင့် ကြည့်လိုက်သည်။
ထိုသေးနုပ်လှသည့် အဆောင်ပြုလုပ်သူက သူ့ကို လျစ်လျူရှုထားပြီး ဤအစီအရင်၏ ဟာကွက်များကို ဖန်တီးပြီး အားနည်းအောင် လုပ်နေသည်။ ထုံရို့ပင်းက ယန်ကောဝေသည် ဝမ်ဝေ့၏ နယ်ရုပ် ဖြစ်လာသည်ကို မသိသလို ဂရုလည်းမစိုက်ပေ။
သူမစိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အရာက မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး ဤအခြေအနေတွင် အသက်ရှင်သန်ဖို့ရာ ဖြစ်၏။ ထို့ကြောင့် သူမက ပြီးမြောက်သွားသည်နှင့် သူမ၏ အင်မော်တယ်အဆင့် အဆောင်ဖြစ်သည့် လေဟာနယ်ဖြိုခွင်းခြင်းအဆောင်ကို အသက်သွင်းလိုက်သည်။
အလင်းတန်းက သူမကို လွှမ်းခြုံသွားပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ သို့သော်လည်း သူမက တစ်ယောက်ထဲ ပျောက်ကွယ်သွားခြင်း မဟုတ်ပဲ ယွီကျူးကိုပါ ဆွဲခေါ်သွားလေသည်။
ကပ်ပါးက ဒေါသနှင့် ရူးသွပ်မှုကို ခံစားမိလိုက်သည်။ သူက ဝမ်ဝေ့နှင့် တိထျန်းကို အမုန်းတရားအပြည့်ဖြင့် ကြည့်လိုက်၏။
“ယန်ကောဝေက ဘယ်တုန်းကတည်းက ငါတို့ကို သစ္စာဖောက်သွားတာလဲ”
“ရှင်းလင်းရေးကတည်းက။ သူက ငါ့ကို အပေးအယူလုပ်ဖို့ လာပြီး ဆက်သွယ်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ဘာလို့လဲ”
“သူက ရှင်းမပြဘူးလား။ သူက သူ့အဖေမှ မဟုတ်တာ”
“အဲ့လိုလား” ကပ်ပါးက ရေရွတ်လိုက်ပြီး အားနည်းလာသည့် အမြုတေကို ကြည့်လိုက်၏။ သူက သူ့ဆီ ချဉ်းကပ်လာသည့် ကြောက်မက်ဖွယ် မီးတောက်များကို လျစ်လျူရှုထားပြီး သူ့ရှေ့တွင် ရှိနေသည့် ပစ္စည်းနှစ်ခုကိုသာ အာရုံစိုက်နေသည်။
ထို့နောက် သူ့မျက်ဝန်းအထက် ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
“သေလိုက်တော့” သူက အော်ပြောလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်ရှိနေသည့် အမြုတေနှင့် သူ့ကိုယ်ပိုင်အသက်ဓာတ်ကို စတေးကာ လှံ၏ စွမ်းအားအားလုံးကို အသက်သွင်းလိုက်သည်။
ဝုန်း
မိုးမြေတွင် ကြောက်မက်ဖွယ် အလင်းတန်းကြီး လွှမ်းခြုံသွားလေ၏။ ထို့နောက် နာနိုစက္ကန့်ပိုင်းလေးအတွင်း ကောင်းကင်အလိုဆန္ဒ တိုက်ပွဲကွင်းပြင်ရှိ ဒြပ်ထု၊ စွမ်းအားနှင့် စည်းမျဉ်း ၉၉ ရာခိုင်နှုန်းကျော်က သုတ်သင်ခံလိုက်ရသည်။
“ဒါ အောင်မြင်သွားတာလား” ကပ်ပါးက အကြည့်များ တောက်ပလာကာ မေးလိုက်၏။ သူက စတင်ခါစ သူ့တိုက်ပွဲသည် ပြိုကွဲသွားသည်ကို ဂရုမစိုက်ပေ။ သို့သော်လည်း သိပ်မကြာခင် သူ့မျက်ဝန်းက နုံးချိလာ၏။
အကယ်၍ သူသာ အောင်မြင်ပါက နောက်ဆုံးရပ်တည်သူ ဖြစ်မည်မှန်း သိလေသည်။ ထို့နောက် ကောင်းကင်တာအိုက သူ့ကိုသေဆုံးခွင့်ပြုမည် မဟုတ်သလို ကောင်းကင်အလိုဆန္ဒကို ချမပေးခင် သူ့ကို ကုသပေးလိမ့်မည်။
အဲဒါဆိုတော့ တာဝန်က ကျရှုံးသွားတာပဲ…
ကပ်ပါးက တွေးလိုက်မိသည်။
ဒါက ပိုပြီးတော့ ကောင်းမယ် ထင်ပါတယ်…
သိပ်မကြာခင် အကောင်းအတိုင်း ရှိနေသည့် ဝမ်ဝေ့က ယခင်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။ သို့သော်လည်း သူတစ်ယောက်ထဲသာ ဖြစ်၏။ သူက ထိုအကြောင်းကို မျှော်လင့်ထားပြီးသားဖြစ်ဟန်ပေါ်၏။
နောက်ဆုံးမိနစ်ပိုင်းတွင် သူက ထိုတိုက်ကွက်ကို တိုက်ရိုက် ရင်မဆိုင်ခဲ့ပေ။ သူက ချောင်ပိတ်ခံရသည့်သူများနှင့် ဘယ်အချိန်ရင်ဆိုင်ရမည်ကို ကောင်းကောင်းသိထားလေ၏။ ထို့ကြောင့် သူက ရှောင်ရှားဖို့ ရွေးချယ်ခဲ့ပြီး တိထျန်းကလည်း သူ့ခြေလှမ်းအတိုင်း လိုက်လုပ်ခဲ့သည်။
ယခုပြဿနာက ဖြေရှင်းသွားပြီးပြီဖြစ်ကာ သူတို့ကြားမှာ အဆုံးသတ်ဖို့ အချိန်ကျရောက်လာလေပြီ။