← Chapters

သမိုင်းမှ ချန်ရစ်ခဲ့သည့် အကြွင်းအကျန်များ

Vol. 28 Ch. 406

သမိုင်းမှ ချန်ရစ်ခဲ့သည့် အကြွင်းအကျန်များ

Vol. 28 Ch. 406

"အမ်...တရုတ် တိုင်းရင်းဆေး...."

ကျီချင်းရန် မေးလိုက်ပြီး "နင်က အနောက်တိုင်းဆရာ၀န် မဟုတ်ဘူးလား...ဘာလို့ တိုင်းရင်းဆေးအကြောင်း လာမေးနေတာ...."

"ငါ အတည်ပြုဖို့ လိုအပ်တဲ့ တ-ရုတ်တိုင်းရင်းဆေးနဲ့ ပတ်သက်ပြီးတော့ မေးစရာလေးတစ်ချို့ ရှိနေလို့လေ...."

"ဒါပေမယ့် ရန်တက္ကသိုလ်ရဲ့ ဆေးပညာဌာနမှာ ဟွာရှန့်ရိုးရာတိုင်းရင်းဆေးကို အထူးပြုလေ့လာတာတော့ မရှိဘူး...တကယ်လို့ နင် အဲ့ဒီအကြောင်း သိချင်နေတယ်ဆိုရင်တော့ ရန်တက္ကသိုလ်ရဲ့ ဆေးပညာဌာနက နင့်ကို မကူညီနိုင်မှာ စိုးတာပဲ..."

"TN- တ-ရုတ် တိုင်းရင်းဆေးကို ဖတ်လို့ အဆင်ပြေအောင် ဟွာရှန့် တိုင်းရင်းဆေးလို့ ပြောင်းသုံးပါ့မယ်(⁠ ⁠╹⁠▽⁠╹⁠ ⁠)"

"မင်းပဲ ခုနက ငါပြောသမျှ အကုန် အဆင်ပြေစေရမယ်ဆို....ခု ဘယ်လိုဖြစ်တာ...မင်းငါ့ကို လျှောက်ပြောနေတာလား....."

"ငါ အတည်ပြောနေတယ်ဆိုတာ ရင်ဘက်ကြီးနဲ့ အာမခံ‌ပေးလို့ရတယ်..."ကျီချင်းရန် နှာခေါင်းရှုံ့လျက် ပြန်လည်ချေပလိုက်ပြီး "ပြီးတော့ ရန်တက္ကသိုလ်ရဲ့ ဆေးဝါးဌာနက ဟွာရှန့်တိုင်းရင်းဆေးကိုအထူးပြု မလေ့လာဘူးဆိုရင်တောင်မှ နင့်ကို မကူညီပေးနိုင်ဘူးလို့ ပြောတာ မဟုတ်ဘူးလေ.... "

" ဒါဆို အဲ့ဒီ နယ်ပယ်ဘက်ခြမ်းမှာ မင်းရဲ့ အဆက်အသွယ်တွေ ရှိတယ်ပေါ့နော်....."

" သေချာပေါက် ရှိတာပေါ့..."ကျီချင်းရန် ပြောလိုက်ပြီး "ငါနင့်ကို တီချယ်ကျန်းရဲ့ အိမ်ဆီ ထမင်းစားခေါ်သွားတုန်းက နင်မှတ်မိသေးလား...."

"ဒါပေါ့ မှတ်မိတယ်လေ... အဲ့တုန်းက ၀က်နံရိုးတွေက တော်တော်လေး အရသာရှိတယ်..."

"တီချယ်ကျန်းရဲ့ အမျိုးသား တီချယ်ဖန့်က ပရော်ဖက်ဆာလည်းဟုတ်တယ်...နောက်ပြီးတော့ ဆေးဝါး ဘွဲ့လွန် ဌာနရဲ့ ဒါရိုက်တာလည်း ဟုတ်သေးတယ်...သူ့ရဲ့အဆက်အသွယ်တွေနဲ့ဆိုရင် ဒီရဲ့ နယ်ပယ်ထဲမှာ တီးမိခေါက်မိတဲ့သူ တစ်ချို့တော့ ရှိမှာပဲလေ...."

"အဲ့ဒါဆို ငါ့ကို သူနဲ့ ဆက်သွယ်ပေးလေကွာ... မြန်လေ ကောင်းလေပဲ..."

"အင်း....." ကျီချင်းရန် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးနောက် ဆက်လက်၍ "ဒီကိစ္စကျတော့ ဖုန်းနဲ့ ပြောရင် သိပ်အဆင်မပြေလောက်ဘူး....ငါလည်း နေ့လည်ပိုင်းအားတာနဲ့ တီချယ်ကျန်းဆီ သွားပြီးတော့ သေချာစုံစမ်းကြည့်ကြမယ်လေ......ဖုန်းနဲ့ဆို သေချာရှင်းပြလို့မရတဲ့ ပြဿနာတွေလည်း ရှိချင်ရှိမှာဆိုတော့ တီချယ်ဖန့်နဲ့ ကိုယ်‌တိုင်တွေ့ပြီး ပြော‌တာက အကောင်းဆုံးပဲ..."

"ကောင်းပြီလေ... မင်းပြောတဲ့ အတိုင်းပေါ့...."

"အဲ့တာဆို ခုပဲ ထွက်ခဲ့လိုက်တော့ ...တီချယ်ကျန်းဆီ သွားကြမယ်...."

"အိုကေ....."

မိနစ်လေးဆယ်ကြာပြီးနောက် နှစ်ယောက်သား ကျင်းယွဲ့စံအိမ်သိူ့ ရောက်ရှိလာခဲ့၏။

ကျီချင်းရန်ကတော့ အနက်ရောင် ဂျင်းတစ်စုံနှင့် တွဲလျက် အရောင်ဆင်တူသည့် ဘွတ်ဖိနပ်ကို ၀တ်ဆင်ထားသည်။

ကျီချင်းရန်မှာ ပိန်လျသည့် မိန်းကလေးမျိုးမဟုတ်ပေ။ သူမမှာ ပိန်သည်ဟု ထင်ရသော်လည်း သူမကိုယ်ပေါ်တွင် အသားများစွာရှိလေသည်။ ယင်းက လင်းရီ၏ လက်တွေ့ စမ်းသပ်မှုအပေါ် အခြေခံ၍ ကောက်ချက်ချထားခြင်းဖြစ်၏။

လင်းရီ ယခင်ကတော့ ပိန်လျသည့် မိန်းကလေးတို့ကို နှစ်သက်ခဲ့၏။သို့သော် သူအဘယ်ကြောင့် နှစ်သက်ခဲ့မှန်းလဲ ယခုစဉ်းစားကြည့်သည့်အခါ တွင်တော့ သူကိုယ်တိုင်လည်း မသိတော့ချေ။

လင်းရီ ကြည့်နေသည်ကို မြင်တော့ ကျီချင်းရန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ‌‌ကိုယ်ကို တစ်ပတ်လှည့်ပြလိုက်၏။

"ဘယ်လိုလဲ.. ငါရဲ့ ၀တ်စုံအသစ်နဲ့ ဘွတ်ဖိနပ်က မလှဘူးလား...."

"ကိုယ့်ကိုယ်ကို ကြံဖန် မြှောက်မနေနဲ့....အပေါ်တက်ကြစို့.. ကိစ္စက အရေးကြီးတယ်...."လင်းရီ ကျီချင်းရန်၏ လက်ကို တွဲလျက် ပြောလိုက်သည်။

"ဟွန့် ဘ၀င်က လာကိုင်နေသေး...."

လင်းရီမှ အရေးကြီးကိစ္စဟု ပြောနေသည့်အတွက် ကျီချင်းရန်လည်း အချိန်ဆက်ဖြုန်းမနေတော့ချေ။

"သောက်ပိုတွေ လုပ်မနေနဲ့... ညကျရင် မင်းအတွက် အရသာရှိတာတွေ ချက်ပေးမယ်..ဟုတ်ပြီလား...."

"ဟွန့်.. ဒီလိုမှပေါ့..."

ကျီချင်းရန် ပြုံးလိုက်ပြီး ကားထဲမှာ လက်ဆောင်ပုံးနှစ်ခုကို ထုတ်လိုက်၏။ "နင်က လက်ဆောင်ထုပ်တွေကို သယ်ခဲ့... ဆရာမအိမ်ကို လက်ဗလာနဲ့ လာတယ်ဆိုရင် ဘယ်ကောင်းမှာ...."

"မဆိုးဘူး...တကယ်မဆိုးဘူး...ချင်းရန်က အရမ်းစဉ်းစားတတ်တာပဲ...ဒီကနေ့ည နောက်ထပ်ဟင်းတစ်ခွက် ပိုချက်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ...."

"နင်ပြောတာနော်... နောက်မှစကားကို ပြန်ရုတ်မသိမ်းနဲ့....."

"သွားစို့...."

ပြောပြီးနောက် နှစ်ယောက်သား ဓာတ်လှေကားထဲသို့ ၀င်ကာ တီချယ်ကျန်း၏ အိမ်သို့ ရောက်ရှိလာခဲ့၏။

"ဟယ်တော်...တီချယ့်ဆီလာရင် လက်ဆောင်တွေ မယူလာပါနဲ့လို့ ပြောထားရဲ့သားနဲ့ကို ဘာလို့ ယူလာပြန်ရတာတုန်း..."လင်းရီတို့ အခန်းတံခါး ပွင့်လာပြီးနောက် တီချယ်ကျန်း၏ ပူညံသံနှင့် အရင်ဆုံး နှုတ်ဆက်ခံလိုက်ရသည်။

"တီချယ် ဒါတွေက သမီး၀ယ်ခဲ့တာ မဟုတ်ဘူး...လင်းရီ ၀ယ်ခဲ့တာ..."

"နင် ကောင်စုတ်လေးကတော့... နောက်တစ်ခါလာလည်ရင် ဘာမယူမလာနဲ့ ကြားလား...."

လက်ဆောင်ယူလာခဲ့သူမှာ လင်းရီဖြစ်ကြောင်း ကြားသိပြီးနောက် ကျန်းရှုမင် ဘာမျှ ဆက်မပြောချေ။ မဟုတ်ပါက သူမ ချင်းရန်ကို အချိန်အတော်ကြာသည်အထိ ပွစိပွစိ လုပ်နေပေလိမ့်မည်။

"တံခါး၀မှာပဲ ရပ်မနေနဲ့လေ.. အထဲ၀င်ခဲ့ကြ..."ဖန့်ရှင်းကော် ညှပ်ဖိနပ် နှစ်ရံကို သူနှင့် အတူ ယူလာခဲ့လိုက်၏။

"ကောင်းပါပြီဗျ..."

နှစ်ယောက်သား ဖိနပ်ပြောင်းစီးလိုက်ကြပြီး အိမ်ထဲသို့ ၀င်၍ ဆိုဖာပေါ်တွင်ထိုင်ကာ နိစ္စဓူ၀များကို စကားဝိုင်းဖွဲ့နေခဲ့ကြ၏။

ကျန်းရှုမင်က ပြောသည်။ "ရီလေးတို့ စီးပွားရေးအခြေအနေကော ဘယ်လိုရှိလဲ.. တီချယ်တော့ ခုတလော လင်းယွမ်အုပ်စုရဲ့ သတင်းကို အချိန်တိုင်း နားစွင့်နေတာ...တချို့ ပြဿနာများလောက်မယ့် ရင်းနှီးမြုပ်နှံမှုတွေ ရှိတယ်ဆိုရင်တောင် ယွမ်ယွမ်ကို သေချာလေး ကိုင်တွယ်ပေးဖို့ ဆရာမ မှာထားပြီးသား...."

"တီချယ်ကျန်းရဲ့ ဂရုစိုက်ပေးမှုအတွက် ကျေးဇူးပါဗျ...."လင်းရီ ပြူံလိုက်ပြီး "ကျွန်တော်အခု ဒီရောက်လာတာက တီချယ်ဖန့်ကို မေးစရာလေးတွေ ရှိနေလို့ပါ...."

"ငါ့ကို မေးစရာရှိတယ်...."

ရေနွေးကြမ်း ဖျော်နေသည့် ဖန့်ရှင့်ကော်၏ မျက်နှာထက်တွင် သဘာ၀မကျသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့ပြီး ထူးဆန်းစွာ စတင်ပြုမူလာလေသည်။

"ရီလေး...အဲ့ဒါကမင်း ရင်ဆိုင်နေတဲ့ ပြဿနာလား...."

"ဟုတ်တယ်...ကျွန်တော်ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခုပဲ..."

"အဲ့တာဆို ခဏစောင့်...."

ဖန့်ရှင်းကော်၏ အမူအရာမှာ လေးနက်‌လာခဲ့ပြီး ကော်ဖီစားပွဲအောက်ရှိ အံဆွဲထဲမှ သူ၏ စာကြည့်မျက်မှန်ကို ထိပ်ကာ နှာခေါင်းထိပ်တွင် တပ်လိုက်၏။

"မပူနဲ့... ဒီအဘိုးကြီးက ပင်စင်ယူပြီးသွားပြီ ဆိုရင်တောင်မှ ကိုယ့်ခေါင်းထဲမှာရှိတာကိုတော့ မမေ့သေးဘူး...ငါ့အခန်းထဲလာခဲ့...မင်းကို အရင်စစ်ဆေးပေးမယ်.....ကလေးတစ်ယောက်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ.... ဒီတော့ မကြန့်ကြာစေနဲ့...."

လင်းရီမှာ ရှုပ်ထွေးသည့်အမူအရာတို့ ဖြစ်ပေါ်လာခဲ့သည်။

ငါက ဟွာရှန့်တိုင်းရင်းဆေးနဲ့ ပတ်သက်တာ မေးချင်လို့လေကွာ....

ကလေးနဲ့ ဘာဆိုင်လို့တုန်းဟ....

"ဟုတ်တယ်...တီချယ်လည်း အတတ်နိုင်ဆုံး ရီလေးတို့ရဲ့ ပြဿနာကို ကူညီပေးမယ်...."

ကျန်းရှုမင် ကြင်နာစွာဖြင့် လင်းရီလက်ကို ဆုပ်ကိုင်လိုက်ပြီး "ရီလေး... သားက ချင်းရန်နဲ့ ကလေးယူဖို့ စီစဉ်နေတာမလား...တကယ်လို့ ပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်....တီချယ်ကလည်း သားရဲ့ အဘွားအရွယ်လောက်ဆိုတော့ ဘာမှ အားနာနေစရာမလိုဘူး ရှက်မနေနဲ့သိလား...."

"အာ....."

လင်းရီ တစ်ခုခု မှားယွင်းနေကြောင်း အာရုံရပြီး မကြာခင် တီချယ်ဖန့်တို့ လင်မယားမှာ ဘာ နားလည်မှုလွဲနေလဲဆိုတာကို သတိပြုမိသွား၏။

"တီချယ်ဖန့်က ပင်စင်မယူခင် ဘယ်ဌာနမှာ အလုပ်လုပ်ခဲ့တာ...."

"အမျိုးသားအင်္ဂါလေ့လာ ကုသရေးဌာနလေ...."

ဖန့်ရှင်းကော် ဂုဏ်ယူစွာ ပြောဆိုလိုက်ပြီး "ငါမင်းကို ပြောပြလိုက်မယ်...အဲ့ဒီ ဘာသာရပ်နဲ့ ပတ်သက်လို့ကတော့ တစ်နိုင်ငံလုံးမှာ ငါ့ထက်တော်ပါတယ်ဆိုပြီး ကြွေးကြော်ရဲတဲ့သူ မရှိလောက်အောင်ကို ငါက ပြိုင်ဖက်ကင်းခဲ့တာကွ ...မင်းရဲ့ ရောဂါကို အမြစ်ပြတ်အောင် ကုသပေးဖို့ဆိုတာ လုံး၀ ပြဿနာမရှိဘူး...ငါတို့လည်း မြေးချီရမယ့် ကိစ္စကို ဘယ်နှောင့်နှေးစေလို့ ဖြစ်မှာ....."

"ဖူး......."ရေနွေးသောက်နေသည့် ကျီချင်းရန်မှ ရေနွေးသီးလုသီးခင် ဖြစ်သွားခဲ့၏။

ထို့နောက် မနေနိုင်တော့ပဲ ပါးစပ်အုပ်လျက် ခွက်ထိုးခွက်လန် ရယ်မောလေတော့သည်။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် အားတင်းပြုံးလိုက်ပြီး "တီချယ်ဖန့်ကတော့ အထင်လွဲနေပါပြီ...ကျွန်တော် မေးချင်နေတာက အဲ့တာ မဟုတ်ဘူးဗျ...."

"ဟေ... ဒါဆို ဘာလဲ... ချင်းရန်မှာ ပြဿနာရှိနေတာလား... ဒါလည်း ကိစ္စမရှိဘူ... ဒီအဘိုးကြီး သားဖွားမီးယပ်ဗေဒကို အတော်လေး နှံ့နှံ့စပ်စပ်ရှိတယ်.... "

ဖန့်ရှင်းကော် ပြဿနာမရှိဟန်ဖြင့် လက်ကို ဟန်ပါပါ ဝေ့ယမ်းပြီး ပြောလိုက်လေသည်။

"အဲ့တာက တကယ်ကြီး ကျွန်တော်တို့ အကြောင်း မဟုတ်ရပါဘူးဗျာ...."လင်းရီ ပြောလိုက်ပြီး ရယ်ရအခက် ငိုရအခက် ဖြစ်နေပြီး

"ကျွန်တော်မေးချင်တာက တီချယ်ဖန့်ဆီမှာ ဟွာရှန့်တိုင်းရင်းဆေးဆရာ၀န် အသိတစ်ချို့ ရှိလားလို့ပါ...... ကျွန်တော် ဟွာရှန့် တိုင်းရင်းဆေးအကြောင်း မေးချင်နေလို့...."

"ဪ ဒီကိစ်စလား...."

ဖန့်ရှင်းကော် သူ့မျက်မှန်ကို ပြန်ချွတ်လိုက်ပြီး "ငါ တစ်ယောက်တော့သိတယ်....သူလည်း ကျိုးဟိုင် ဟွာရှန့်တိုင်းရင်းဆေးရုံက လက်ထောက်ဒါရိုက်တာလေ...."

"ရှင်သိတဲ့ တိုင်းရင်းဆေးဆရာ၀န်တွေက အများကြီး မဟုတ်လား.. ဘာလို့ အဲ့ဒီမြေခွေးကိုမှ စကားလာထည့်ပြောနေတာ..."ကျန်းရှုမင် ပြောလိုက်၏။

"ဟင်....."

လင်းရီနှင့် ကျီချင်းရန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အခြေအနေကို လေ့လာသုံးသပ်ကြည့်ရသလောက်တော့ တီချယ်ဖန့်၏ အတိတ်တွင် ဇယားအချို့ ရှိခဲ့ပုံပင်။

"မင်းကလည်းကွာ...ဒီလောက် နှစ်တွေကြာနေပြီကို ဒီကိစ္စ ဘာလို့ ခုထိမမေ့သေးတာလဲဟ...ပြီးတော့ ထပ်‌ပြောလိုက်ဦးမယ်...အဲ့ဒီနှစ်တွေတုန်းကသူမက ငါ့ကို အမြဲတမ်း လိုက်ပြီးတွယ်ကပ်နေတာ... ငါက ဂရုတောင် စိုက်တာ မဟုတ်ဘူး.... ."

"ဘာလဲဖြစ်တာ... ရှင်က ကျွန်မသူ့အကြောင်းပြောတာကို မကျေနပ်တာလား...."

"ငါက ဘာဆိုင်လို့ မကျေမနပ်ဖြစ်ရမှာ...."

ဖန့်ရှင်းကော် မာန်ပါပါရှင်းပြလိုက်ပြီး ကျူးပါးကျဲ့မှ သူ့ကိုယ်သူ မှန်ထဲ ပြန်ကြည့်ပြီး အထဲမှ ပုံရိပ်မှာ သူမဟုတ်သကဲ့သို့ ခံစားမျနေတော့၏။

"ဟွာရှန့်ဆေးဆရာ၀န်ရဲ့ အကြံဉာဏ်ကို နားထောင်ချင်နေတယ်ဆိုတော့ လင်းရီက အရမ်းအရေးကြီးနေလို့ဖြစ်မယ်...ငါ့ရဲ့ ဟွာရှန့်သူငယ်ချင်းက ရီလေးကို ကူညီနိုင်တာ‌ထက်တောင် ပိုနေဦးမယ်... တခြားလူဆိုရင် သေချာပေါက် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး.... "

ကျန်းရှုမင် ဖန့်ရှင်းကော်ကို မျက်စောင်းကြိမ်းလိုက်ပြီး "ရှင့်သဘောပဲ..."

ဖန့်ရှင်းကော်၏ အကြည့်တို့က လင်းရီထံ ရောက်သွားခဲ့ပြီး "မင်း ပြောကြည့်ကြည့်လေ... ကိစ္စက ကြီးမကြီး တစ်ချက်ကြည့်ဦးမယ်......"

"ကျွန်တော့်မှာ ဆေးညွှန်းရှိပါတယ်ဗျ .. ကျွန်တော်က ဒီရဲ့ ဆေးညွှန်းကို ဆေးအဖြစ် ပြောင်းလဲပြီးတော့မှ အကျိုးသက်ရောက်မှုတွေကို လေ့လာဆန်းစစ်ပြီးတော့ မှတ်တမ်းတစ်ခု ထုတ်ချင်လို့ပါ.... "

"အာ...မင်းက ဆေးဝါးသုတေသန လုပ်ချင်နေတာလား...."ဖန်ရှင်းကော် သူ့လက်များကို ဝေ့ယမ်းလိုက်ပြီး "မရဘူး... ဒါကကျတော့ ငါကူညီနိုင်တဲ့ကိစ္စမဟုတ်တော့ဘူး... အဲ့လိုလုပ်ဖို့ ဆိုရင် မင်းမှာ တရား၀င်လိုင်စင် ရှိမှရမှာ... မဟုတ်ရင် တရားမ၀င်ဘူး...."

"ဒီကိစ္စက တီချယ်ဖန့်ထင်သလောက်လည်း မလေးနက်ပါဘူးဗျ...ကျွန်တော်က ဆေးကို ဆောင်ထားမှာမှ မဟုတ်ပဲကို....ထုတ်လုပ်စမ်းသပ်ပြီးတာနဲ့ အများအရှေ့မှာ တစ်ခါတည်း ဖျက်ဆီးပစ်မှာ... ကျွန်တော်က မှတ်တမ်းပြုစုလို့ရရင် ကျေနပ်ပြီ....”

All Chapters