← Chapters

ဆေးရုံက မပြဠာန်းထားတဲ့ စည်းမျဉ်းတွေ

Vol. 28 Ch. 410

ဆေးရုံက မပြဠာန်းထားတဲ့ စည်းမျဉ်းတွေ

Vol. 28 Ch. 410

ဝမ်ချွေ့ပင်းကဲ့သို့ပင်။ ကျီချင်းရန်လည်း ဖုန်းချပြီးနောက် အိပ်မပျော်တော့ချေ။

စစ်တပ်မှ လင်းရီအကြောင်းကို အဘယ်ကြောင့် စုံစမ်းနေလဲဆိုတာကို သူမ စဉ်းစား၍မရနိုင် ဖြစ်နေလေသည်။

မဟုတ်မှလွဲရော လင်းယွမ်က big data နဲ့ cloud computing ကို ထိန်းချူပ်နိုင်သွားတာကို သတိပြုမိသွားလို့များလား…

ဒါပေမယ့် ဒီလောက်‌လေးနဲ့တော့ သူတို့ရဲ့ ရေဒါထဲကို ဝင်သွားရလောက်တဲ့အထိတော့ မဖြစ်သင့်ဘူးလေ…

ဤသို့ဖြင့် နံနက် သုံးနာရီထိုးသည့် အချိန်တွင်တော့ သူမ မနေနိုင်တော့ပဲ ထိုအတွေးနှင့်အိပ်ပျော်သွားခဲ့လေသည်။

…….

နောက်နှစ်ရက် အထိကတော့ လင်းရီ၏နေ့စဉ်ဘဝမှာ သာမန်ရိုးကျပင်။

တစ်နေကုန် ဆေးရုံ၌သာ လူနာကြည့်ရင်း အလုပ်ရှုပ်နေလေသည်။ လင်းယွမ်အုပ်စုဘက်တွင်တော့ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့မှ DiDi ကို လင်းယွမ်အုပ်စု လက်အောက်ခံအဖြစ် လွှဲပြောင်းသည့် လုပ်ထုံးလုပ်နည်း များကို ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်၏။

ကျန်ရှိသည်ကတော့ ရုံးချုပ်ကို ပြန်လည်နေရာချထားရန်ပင်။

အဆိုပါ ကိစ္စတို့မှာ ရှုပ်ထွေးပြီး နည်းစနစ်ကျရန် လိုအပ်သောကြောင့် လင်းရီကတော့ စိတ်ရှုပ်မခံပဲ သူ၏ လက်အောက်ငယ်သားများနှင့်သာ လွှတ်ထားလိုက်၏။ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ ကိုင်တွယ်နေသရွေ့ ပြဿနာမရှိမည်မှာ အသေအချာပင်။

လီတိုဂရပ်ဖီ ဖန်တီးနေသည့် အပိုင်းတွင်တော့ ပြေပလောက်သည့် အောင်မြင်မှူတို့ မရရှိသေးချေ။ အချိန်တစ်ချို့ကြာသည်အထိ တန့်နေဦးမည်ဖြစ်ပြီး ၎င်းကိုလည်း လင်းရီ သဘောပေါက်ထားပြီး ဖြစ်သောကြောင့် အလျှင်မလိုချေ။ အချိန်တိုအတွင်း ပြီးမြောက်အောင်မြင်နေမည် ဆိုပါက ယင်းနည်းပညာမှာ ကမ္ဘာ့အဆင့်မြင့်ဆုံး နည်းပညာထဲမှ တစ်ခုဟု ဆိုစမှတ်ပြုရန် ထိုက်တန်လိမ့်မည် မဟုတ်ချေ။

အထက်ပါ အကြောင်းအရာများအပြင် လင်းရီကို ဂနာမငြိမ်ဖြစ်သွားစေသည့် သတင်းအပိုင်းအစ တစ်ခုလည်း ရှိသေး၏။ ယင်းကတော့ အားမာန်အပြည့်နှင့် တက်ကြွစွာ ထုတ်လုပ်နေသည့် ကုမ္ပဏီကြောင့် သုံး ဘီလီယမ်အော်ဒါ၏ သုံးပုံနှစ်ပုံမှာ ပြီးမြောက်သွားပြီ ဟူသည့် သတင်းပင်။ အော်ဒါကို အလုံးစုံပြီးမြောက်စေရန် နောက်ထပ် တစ်လခန့်လောက်တော့ အချိန်ယူရလောက်၏။

လင်းရီ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်ဆွဲလိုက်သည်။ အားလုံးပြင်ဆင်ပြီးသည့်နောက်တွင်တော့ ရှိုးပွဲမှာ စတင်တော့မည်ဖြစ်၏။

ချောင်ရှင်းနှင့်အတူ နေ့လည်စာစားပြီးနောက် လင်းရီ အရေးပေါ်ဌာနသို့ ဦးတည်လာရင်း စနစ်၏ စာမျက်နှာကို ဆင့်ခေါ်လိုက်သည်။ မစ်ရှင်ပြီးမြောက်နှုန်းကို ကြည့်သည်တွင် (၉၈/၁၀၀) ဖြစ်နေပြီးဖြစ်၏။ နောက်ထပ် လူနာနှစ်ယောက်ကို ကုသပြီးသည်နှင့် လင်းရီ အတွေ့အကြုံမှတ် တစ်သိန်းကို ရရှိပေတော့မည်။

သူတွက်ချက်မှုတစ်ချို့ ပြုလုပ်လိုက်၏။ သန်ဘက်ခါဆိုလျှင်တော့ သူ၏ အလုပ်အသစ်မှာ အသက်သွင်း၍ ရတော့မည့် အခြေအနေတွင်ရှိ၏။ သို့သော်လည်း လင်းရီ ဆရာဝန် အလုပ်ကိုသာ ပြီးမြောက်အောင်ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

“ အမေ သွားမယ် ဆေးသွား၀ယ်မယ်…”

အရေးပေါ်ဌာန အဝင်ဝသို့ ရောက်သည့်အချိန်တွင် သက်လတ်ပိုင်းလူတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည့်အတွက် လင်းရီ အံ့အားသင့်သွားခဲ့၏။

ထို သက်လတ်ပိုင်းအမျိုးသား၏ ဘေးတွင် ဆံပင်တို့ ဖြူဆွတ်နေသည့် အမယ်အိုတစ်ဦး ရှိလေသည်။

“ မသွားဘူး…. ငါအိမ်ပဲ ပြန်ချင်တယ်….”

“ ဒေါက်တာက ဆေးစာရေးပေးလိုက်တယ်လေ… အဲ့တာကို ဆေးမဝယ်ဘဲနဲ့ အိမ်ပြန်ရမှာလား…. နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်လာရင် ဘယ်လိုလုပ်မှာလဲ….”

သက်လတ်ပိုင်း အမျိုးသား၏ ကျယ်လောင်စူးရှသည့် အသံကြောင့် ဖြတ်သွားဖြတ်လာတို့မှာ သတိထားမိသွားပြီး ဝိုင်းအုံကြည့်လာကြ‌တော့၏။

“ ဆေးလေး လေးငါးဘူးကို ယွမ် နှစ်ထောင်ပေးရမယ်ဆိုတော့… တော်ပြီ.. ငါ့မြေးလည်း ကျောင်းတက်ရဦးမှာ…. နင့်ပိုက်ဆံတွေကို ဆေးဖိုးလုပ်လိုက်မယ်ဆိုရင် ငါ့မြေးက ဘယ်ပိုက်ဆံနဲ့ ကျောင်းနေရတော့မှာလဲဟဲ့…”

အမယ်အိုကြီးမှာ တံခါးဝ၌ ရပ်နေရင်း ဆေးမဝယ်ဘူးဟု စိတ်ဒုံးဒုံး ချထားဟန်ပင်။

“ အမေ… သားတောင်းဆိုနေတာပါဗျာ… ဆေးသွားဝယ်ကြရအောင်… တကယ်လို့ နှစ်ထောင်ဆိုရင်တောင်မှ အမေ့ကျန်းမာရေးအတွက် သုံးမှ ဖြစ်မှာလေ….”သက်လတ်ပိုင်းလူ၏ လေသံမှာ ၀မ်းနည်းသံတို့ ရောပြွမ်းလာခဲ့သည်။

“ ငါ့ အသက်ရှင်လာခဲ့တာ အနှစ်ခုနစ်ဆယ်ရှိပြီ…. နောက် ဘယ်နနှစ်မှလည်း နေလို့ရမှာ မဟုတ်တော့ဘူး….. ထားလိုက်စမ်းပါဟယ်… သေခါနီးအဘွားကြီး တစ်ယောက်အတွက် ပိုက်ဆံမကုန်ချင်စမ်းပါနဲ့… “ အမယ်အို၏ အသံမှာ ချိနဲ့သော်လည်း တောင်တန်းကြီးပမာ တည်မြဲသည့် စိတ်ဆုံးဖြတ်ချက်တို့ဖြင့် ပြောလိုက်၏။

“ နောက်ခါကျရင် အမေ့ကို ဆရာဝန်ဆီလည်း မခေါ်လာနဲ့တော့… ဘာဆေးမှ မဝယ်ရသေးတာတောင်မှ စစ်ဆေးခနဲ့တင် ယွမ်လေးငါးရာလောက်က ကုန်နေပြီ….. ဒီတိုင်း အကိုက်ခဲပျောက်ဆေးတွေပဲ ဝယ်ပေးတော့….”

"အမေ...."

သက်လတ်ပိုင်း လူကြီးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ယောက်ျားတို့၏ မျက်ရည်မှာ စမ်းချောင်းသဖွယ် စီးကျလာလေသည်။

"အမေ သား တောင်းဆိုနေတာပါ... ကျေးဇူးပြုပြီး သားနဲ့အတူ ဆေးလိုက်၀ယ်စမ်းပါဗျာ.... သားတို့ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ဆရာ၀န်ပြောတဲ့အတိုင်း လုပ်မှဖြစ်မှာလေ....."

“ မြန်မြန်ထ … ငါကတော့ ဆေးလိုက်ဝယ်မှာ မဟုတ်ဘူး….လူတွေ အများကြီး ကြည့်ကုန်ကြပြီ…. ဘာလဲ နင်က အဘွားကြီးစကားမို့ နားမထောင်ချင်တော့တာလား…. ငါနင့်ကို ရိုက်တော့မှာနော်…”

ဘုန်း ဘုန်း ဘုန်း

သက်လတ်ပိုင်း အမျိုးသားမှ မြေပြင်နှင့် ခေါင်းတိုက်ကာ ရိုသေဝပ်တွားလိုက်ပြီး

“ ကျေးဇူးပြုပြီး ….. တောင်းဆိုနေတာပါ....”

“နင်တောင်းဆိုလည်း အလကားပဲ …. “ အမယ်အိုကြီးမှ ခေါင်းမာစွာ ပြောလိုက်ပြီး “ ငါ့မြေးကျောင်းတက်ဖို့ ပိုက်ဆံလိုတယ်… သူကြီးလာရင် အိမ်ဝယ်ပြီး မိန်းမလည်း ယူရဦးမှာ…. ငါ့အပေါ် ပိုက်ဆံ မဖြုန်းချင်စမ်းနဲ့….”

“ အစ်ကိုရီ….”

နှလုံးသားနူးညံ့သည့် ချောင်ရှင်းမှာ ယခုလို မြင်ကွင်းကို မြင်ရသည့် အချိန်တွင်တော့ မျည်ရည်တို့ ဝဲတက်လာခဲ့သည်။

“ ငါတစ်ချက် သွားကြည့်လိုက်ဦးမယ်….”

သို့နှင့် လင်းရီ ထိုသားအမိနှစ်ယောက်ထံ လျှောက်သွားလိုက်၏။

“ ဘာတွေလဲ ဖြစ်နေတာ….”

လင်းရီနှင့် ချောင်ရှင်းတို့ ရောက်လာသည်ကိုမြင်တော့ သက်လတ်ပိုင်းအမျိုးသားမှာ မျက်ရည်များကို ကမန်းကတမ်း သုတ်လိုက်ပြီး “ ဒီနေ့ အရုဏ်တက်လောက်တုန်းက ကျွန်တော့်အမေ နှလုံးအောင့်တယ်လို့ ပြောသံကြားလို့ ဆရာဝန် လာပြတာ…. ပြီးတော့ ဆရာဝန်ကလည်း စစ်ဆေးပြီး ဆေးစာ ရေးပေးလိုက်တယ်… ဒါပေမယ့် ဝယ်ရမယ့် ဆေးတွေက အရမ်းဈေးကြီးနေတာကို သိတော့ အမေက မဝယ်ဘူး ဇွတ်ငြင်းနေလို့ပါ….”

“နှလုံးစမ်းသပ်ပြီးသွားပြီလား…”

“ ဟုတ် ပြီးပါပြီ…” သက်လတ်ပိုင်း အမျိုးသားမှ ECG စကန်ရလဒ်ကို အိတ်ကပ်ထဲမှ ထုတ်ပြလိုက်ပြီး “ ဒီမှာပါ ဒေါက်တာ…”

“ အစ်ကိုရီ… ကြည့်ရတာတော့ ခုမှ စဖြစ်တာနဲ့တူတယ်….”

ချောင်ရှင်းပြောလိုက်၏။

လင်းရီ ခေါင်းညိမ့်လိုက်သည်။ ယခုမှ စဖြစ်သောကြောင့် အခြေအနေတို့မှာ မပြင်းထန်ချေ။ သေချာစွာ ကြပ်မတ်ကုသပါက သေချာပေါက် အမြစ်ဖြတ် ကုသနိုင်မည့် ရောဂါဖြစ်၏။

“ ဆရာဝန်က ဆေးစာကို ဘယ်လိုရေးပေးလိုက်တာ…”

“ ရေးထားတာတော့ အများကြီးပဲ…. ကျွန်တော်လည်း ဘာတစ်လုံးမှ မဖတ်တတ်ဘူး…. ဆရာဝန်ပြောတာတော့ အပေါက်ဝနားလေးက ထျန်းဇီ ဆေးဆိုင်မှာ ဆေးစာရွက်ပြပြီး ဝယ်ဖို့ပြောလိုက်တာပဲ….ဒီမှာပါဗျ”

လင်းရီ ဆေးစာကို တစ်ချက်ယူကြည့်လိုက်ပြီး သက်လတ်ပိုင်း အမျိုးသားထံ ပြန်ပေးလိုက်သည်။

“ဘယ်စောက်သုံးမကျတဲ့‌ကောင်က ခင်များကို ဒီဆေးတွေ ဝယ်ဖို့ ပြောလိုက်တာ….”

‘ ဟမ် ‘

'စောက်သုံးမကျတဲ့ကောင်' ဟု ပြောသံကြားတော့ ပတ်ဝန်းကျင်ရှိ လူတိုင်း ကြက်သေသေသွားကြသည်။

ဒီရဲ့ ဒေါက်တာလေးက ဘယ်သူလဲဟ…

ဒေါက်တာတွေက ဒီလိုလည်း ဆဲတတ်တာပဲလား….

‘ သေချာပေါက် နောက်ခံကောင်းတဲ့သူ ဖြစ်ရမယ်…’

“ ဒေါက်တာချောင် ရေးပေးလိုက်တာပါ… ကျွန်တော့်အထင်တော့ သူက ဒေါက်တာလေးတို့ ဆေးရုံ ဒါရိုက်တာ ထင်တာပဲ…”

“ချောင်ကျားဝမ်လား….”

“ ဟုတ် ဟုတ်ပါတယ်… အဲ့ဒီသူပဲ…” သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်ပြီး “ကျွန်တော် အွန်လိုင်းပေါ်မှာ မေးကြည့်တာတော့ သူက နှလုံးအထူးကု ဖြစ်ပြီးတော့ လူတော်တော်များများကလည်း သူ့ဆီပြဖို့ လမ်းညွှန်ထားလို့ ဆေးပြလိုက်တာ…”

“ ဒီခွေးမသားကတော့…..”

“ ဒေါက်တာလေး ဒီရဲ့ဆေးစာက တစ်ခုခု ပြဿနာရှိနေလို့လား…”

“ ပြဿနာ ရှိရုံတင်မကဘူးဟေ့…. ပြဿနာ အကြီးစားကိုဖြစ်နေတာ….”

လင်းရီ ပြောလိုက်ပြီး “ ဆေးပညာအရဆိုရင် ခင်များအမေရဲ့ ရောဂါက ရုတ်တရက် နှလုံးအောင့်တာလို့ ခေါ်တယ်… ဘာမှ ထွေထူးကြီး မဟုတ်ဘူး… ပင်ပမ်းတဲ့ အလုပ်တွေ မလုပ်နဲ့… အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ များများစားပေး… ပြီးတော့ ကောင်းကောင်းလေး အနားယူ...ဒီ‌ လောက်ဆိုရင် ရပြီ… တကယ်လို့ မသက်သာဘူးဆိုရင် နိုက်ထရိုဂလိုင်စရင်း(angina )တစ်ပုလင်းလောက် ဆောင်ထားလိုက်… ဒီရဲ့ သောက်ရေးမပါပဲ အပိုလျှောက်ဝယ်ခိုင်းထားတာတွေ ဝယ်စရာ မလိုဘူး…”

“ တကယ်…..”

“ ကျုပ်က ခင်များကို လိမ်လို့ ဘာရမှာ… သမာရိုးကျ ပြောရမယ်ဆိုရင် လုံလောက်တာထက်တောင် ပိုနေသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ မှတ်ထား… နောက်တစ်ခါ ဆရာဝန် လာပြမယ်ဆိုရင် ဒေါက်တာလီချူးဟန်နဲ့ ပြမယ်လို့ ပြောလိုက်…”

“ နားလည်ပါပြီ နားလည်ပါပြီ … ကျေးဇူးပါ ဒေါက်တာလေးရယ်…”

“ အမေ သွားစို့… ကျွန်တော်တို ဒီဆေးတွေ ဝယ်စရာမလိုတော့ဘူးတဲ့…. ဒေါက်တာလေးပြောတဲ့ ဆေးပဲ ဝယ်ကြမယ်…”

“ အဲ့ဒီဆေးက ဈေးကြီးလား…”

“ အဘွား.. နိုက်ထရိုဂလိုက်စရင်းက တစ်ပုလင်းမှ ငါးယွမ်လားပဲရှိတာ… လုံးဝ ဈေးမကြီးဘူး…..”

ချောင်ရှင်းမှ ပြောလိုက်၏။

“ ငါးယွမ်လား…” အမယ်အိုကြီးမှ ရေရွတ်လိုက်ပြီး “ အဲ့လောက်ဆိုရင်တော့ တစ်ပုလင်းလောက် ဝယ်လိုက်ပါမယ်လေ…”

မျှော်လင့်ချက်တို့ ပျောက်ဆုံးနေသည့် လူနာတစ်ယောက် အတွက်တော့ ဆရာဝန်၏ စကားတို့မှာ အင်ပါယာအမိန့်ပြန်တမ်းနှင့် တူညီလေသည်။

အဘယ်ကြောင့်ဆိုသော် ဘာကိုမျှ မသိတော့ပဲ မျက်ကန်းယုံကြည်လိုက်ခြင်းကြောင့်ပင်။

လင်းရီ၏ စကားတို့က သူတို့ကို မျှော်လင့်ချက်တို့ တစ်ဖန်ပြန်ရှင်သန်လာစေခဲ့သည်။

“ကျေးဇူးတင်လိုက်တာဗျာ.…”

သက်လတ်ပိုင်း အမျိုးသားမှ ထပ်ခါ ထပ်ခါ ဦးညွှတ်လိုက်ပြီး လင်းရီကို မည်သို့ ကျေးဇူးတင်ရမည်မှန်းမသိ ဖြစ်နေလေသည်။

“ ရပါတယ်…” လင်းရီ လက်ကို ဝှေ့ယမ်းလိုက်ပြီး “ နောက်တစ်ခါကျရင် ဒေါက်တာလီချူးဟန်နဲ့ ပြချင်တယ်လို့ တောင်းဆိုဖို့သာ မမေ့နဲ့….”

“ နား နားလည်ပါပြီဗျ… ထပ်ပြီး‌တော့ ကျေးဇူးတင်ပါတယ်…”

သက်လတ်ပိုင်း အမျိုးသားမှ သူ့အမေနှင့်အတူ ထွက်ခွာသွားပြီးနောက် များပြားလှသည့် လူအုပ်ကြီးမှာ လင်းရီထံသို့ ပြေးဝင်လာခဲ့လေသည်။

“ ဒေါက်တာ.. ကျွန်တော့်ဆေးစာလေးကိုလည်း ကြည့်ပေးပါဦး… ဆေးနှစ်ဘူးလေးတည်းကို ယွမ် ရှစ်ရာတဲ့….. ဒီလောက်ကြီးကျတော့လည်း ကျုပ်တို့မိသားစုက မတတ်နိုင်ဘူးဗျ….”

“ ဒေါက်တာ.. ကျွန်မရဲ့ ဆေးစာလေးကိုလည်း ကြည့်ပေးပါဦး… ရှင်းဟိုင်ဆေးကို ဘယ်မှာမှ ဝယ်မရလို့ ဘာသောက်ရင် ကောင်းမလဲ မသိဘူးနော်…”

“ဒေါက်တာ ကျုပ်ဆေးစာလေးကိုလည်း ကြည့်ပေးပါဦးဗျို့….”

“ မတွန်းနဲ့ဟျောင့်… ငါမင်းထက် ဒီအရင်ရောက်တာကွ…”

“ ကျွန်တော့်ကိုရောပဲ…”

“ အားလုံး ခဏ…” လင်းရီ လက်မြောက်ပြလိုက်ပြီး “ ဒီလောက်လူအများကြီးကျတော့ ကျွန်တော်လည်း မကိုင်တွယ်ပေးနိုင်ဘူး….”

“ တကယ်လို့ ခင်များတို့ရဲ့ ဆေးစာကို သံသယရှိနေတယ်ဆိုရင် နောက်ထပ် ယွမ်နည်းနည်းလောက် အကုန်အကျ ခံပြီးတော့ ဒေါက်တာလီနဲ့ ပြလိုက်ကြ….”

“ ကျေးဇူးပါ ဒေါက်တာလေးရယ်.... ကျေးဇူးကမ္ဘာပါပဲ….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ချောင်ရှင်းနှင့်အတူ ဒေါကန်စွာဖြင့် အရေးပေါ်ဌာနထဲသို့ ဝင်သွားခဲ့၏။

“ စိတ်လျှော့ပါဦး အစ်ကိုရီရယ်…..”

ချောင်ရှင်း ဖြောင်းဖြလိုက်ပြီး “ ဒါတွေအားလုံးက ဆေးရုံထဲမှာ မပြဠာန်းထားတဲ့ စည်းမျဉ်းတွေပဲလေ…ဆေးရုံတိုင်းက ဒီလိုချည်းပဲ … ဆေးရုံဝန်းထဲမှာ ရောင်းတဲ့ ဆေးဆိုင်တွေဆီကနေ ကော်မရှင်ခရတယ်… အစ်ကိုရီ ဒီလိုလုပ်တာကို ဆေးရုံက သိသွားရင် အစ်ကိုရီ ဒုက္ခရောက်နိုင်တယ်နော်….. ”

“ သိပ်သိတာပေါ့….” လင်းရီ ထိုင်ခုံကို လွင့်သွားအောင် ကန်ထုတ်လိုက်ပြီ’ “ အဲ့ဒီခွေးမသားတွေ အကြောင်းကို…”

လင်းရီ စိတ်အခြေအနေ မဟန်သည်ကို မြင်တော့ ချောင်ရှင်း သူမကိုယ့်ဘာကိုယ် လူနာကြည့်ရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း သူမ မထိုင်ရသေးခင် လီချူးဟန် ရောက်လာခဲ့ပြီး လင်းရီကို ကြည့်ကာ “ ငါနဲ့ ဒါရိုက်တာ ရုံးခန်းထဲကို လိုက်ခဲ့…”

All Chapters