အဲ့ဒီနေရာက သွေးတွေထွက်လာတယ်
Vol. 28 Ch. 411
"ဒေါက်တာလီ... ဘယ်ဒါရိုက်တာက အစ်ကိုရီကို တွေ့ချင်နေတာလဲဟင်...."ချောင်ရှင်း မေးမြန်းလိုက်၏။
"စီမံခန့်ခွဲ့ရေးတာ၀န်ခံ ဒါရိုက်တာ ကျောက်..."
"နေ့လည်တုန်းက ဖြစ်သွားတဲ့ ကိစ္စကြောင့်လား..."
လီချူးဟန် ဘာကိုမျှ မဖုံးကွယ်ထားပဲ ခေါင်းညိမ့်လိုက်သည်။
"ဟမ့်... တွေ့ချင်နေမှတော့ သွားတွေ့ပေးရတာပေါ့..."
"အစ်ကိုရီ... အစ်ကို့ရဲ့ ဒေါသတွေကို လျှော့ရမယ်နော်...."ချောင်ရှင်း သတိပေးလိုက်၏။
"မပူနဲ့... ငါဘာလုပ်နေလဲဆိုတာ ငါသိပါတယ်..."
"နင်က ဒီလို ကိစ္စတွေနဲ့ ပတ်သက်လာရင် အရမ်း သွေးဆူလွယ်လွန်းတယ်.... "လီချူးဟန်မှ လမ်းတွင် ပြော၏။
"အဲ့တာကလည်း ငါးယွမ်နဲ့ ဖြေရှင်းလို့ရတဲ့ ရောဂါလေးကို မတန်တဆ ပမာဏနဲ့ ယွမ်နှစ်ထောင်ကြီးများတောင် တောင်းလို့လေ...၀ယ်ခိုင်းလိုက်တဲ့ ဆေးတစ်၀က်လောက်က ဘာမှ လည်း မဆိုင်ဘူး.. ဒီဘိူးတော် ကော်မရှင်ခတွေ အများကြီး ရချင်တိုင်းနဲ့ တမင်လုပ်နေတာ..."
"အဲ့ဒီ ပြဿနာကတော့ ဟိုး ပဝေဏသီ ခေတ်ကတည်းကနေပဲ... ကြာလာတော့ အမြစ်တွယ်လာတဲ့ သစ်ပင်ကြီးလိုပဲ.. ငါတို့လှုပ်ခါလို့ မရတော့ဘူး... အမြစ်တွေက အတွင်းထဲထိ လိုက်ကပ်တွယ်နေပြီ...."
လီချူးဟန် ယခုလို ကိစ္စများကို သိနေသည်မှာ အသေအချာပင်။
သို့သော်လည်း စွမ်းပကား ကင်းမဲ့မှုကြောင့် သူမ ပြောင်းလဲရန် မစွမ်းသာခဲ့ချေ။
သူမကိုယ်တိုင်သာ ထိုသို့ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရုံသာ တတ်နိုင်၏။ သိူ့သော်လည်း မတော်လောဘ ကြီးသူတို့ကိုတော့ သူမလည်း မဖြောင်းဖြနိုင်ချေ။
"ဒီအကြောင်းတွေ ပြောမနေနဲ့တော့... ကျောက်ကျန်းဝေက ကျွန်တော့်ကို ဘာလို့ ရှာနေလဲဆိုတာ တစ်ချက် သွားကြည့်ကြည့်ရအောင်...."
နှစ်ယောက်သား ဓာတ်လှေကားစီး၍ ကျောက်ကျန်းဝေ၏ ရုံးခန်းထဲသို့ ရောက်ရှိလာခဲ့သည်။
"ဒါရိုက်တာကျောက်.. ကျုပ်ကို ရှာနေတယ်ဆိုလို့..."
နှစ်ယောက် ၀င်လာတာကိုမြင်တော့ ကျောက်ကျန်းဝေ လက်လုပ်စ စာရွက်စာတမ်းများကို ချထားပြီး သူ၏ စာကြည့်မျက်မှန်ကို ချွတ်လိုက်၏။
"လင်းရီ ... မင်း ဆေးရုံကို ရောက်တာ မကြာသေးဘူးဆိုပေမယ့် သွေးဆူလွယ်ပြီး ကမူးကရူးနိူင်တာကို ငါသိနေတယ်...ဒါပေမယ့် မင်းလုပ်လိုက်တာကြီးက စည်းကျော်သွားပြီ...မင်းရဲ့လုပ်ရပ်က ဆေးရုံရဲ့ ပုံရိပ်ကို ဘယ်လောက်တောင် ထိခိုက်သွားစေလဲဆိုတာကို နားလည်ရဲ့လားကွ...."
"ထိခိုက်တယ်...."လင်းရီ ပြောလိုက်ပြီး "ဘာတွေ ထိခိုက်သွားလို့... ကျုပ်က လူနာရဲ့ ဆေးစာကို ကြည့်ပြီး ဆေးအသစ်လေးတွေ ပြောပြပေးလိုက်ရုံလေးတင်ကို ဘယ်လိုလုပ်ပြီး ဆေးရုံရဲ့ ဂုဏ်သတင်းကို ထိခိုက်သွားစေတာ.. ကျုပ်လွန်ကျူးတာ ဘာတစ်ခုမှလည်း မလုပ်ခဲ့ဘူး...."
ကျောက်ကျန်းဝေ မျက်မှောင်ကြုတ်သွားခဲ့သည်။ လင်းရီ၏ အဖြေက သူကြားချင်နေသည့် အဖြေမဟုတ်ချေ။
"ငါတို့အားလုံးက ဆရာ၀န်တွေဆိုတော့ မင်းကို တစ်ခုပြောပြမယ်...."
"ဆေးရုံတိုင်း ဆေးရုံတိုင်းက ဒီလိုပဲ လုပ်စားနေကြတာကွ...ပြောမပြထားပေမယ့် အချင်းချင်း နားလည်မှုပဲ... မင်းက အမှန်တွေ ဖော်ထုတ်လိုက်မှတော့ လူတိုင်းရဲ့ ထမင်းအိုးကို ရိုက်ခွဲလိုက်တာနဲ့ အတူတူပဲပေါ့ကွ....မင်းနားလည်လား..."
"ဟမ့်... ကျုပ်လုပ်နေတာက ဆရာ၀န်အလုပ်လားဆိုတာတောင်မှ သံသယ ရှိလာပြီ... "လင်းရီ မခန့်မလေးစား ပြုံးလိုက်ပြီး "သူတိူ့ကို ဘယ်သူကမှလည်း ဓားထောက်ပြီး ဆရာ၀န် လုပ်ပါလို့ ပြောမထားဘူး....အဲ့တာကို သူတိူ့က သူများ ချွေးနဲစာကို ညစ်စားနေကြတယ်လား...မေးပါရစေ ခင်များတို့ ညအိပ်ပျော်နိုင်ကြရဲ့လား..."
"ခင်များ နောက်ကျောက နံရံမှာ ကပ်ထားတဲ့ ဆိုင်းဘုတ်ကိုလည်း ပြန်ကြည့်လိုက်ဦး... အသက်တွေကို ကယ်တင်ပြီး ဒဏ်ရာတွေကို ကုသပေးမယ်......ခင်များ ကုသပေးမှာက ဓနရှင်တွေကိုလည်း ဒါမှမဟုတ် လူနာတွေကိုလား... ဆရာ၀န်ဆိုတာ ကျောသားရင်သား မခွဲခြားရဘူးကွ....."
"တော်လောက်ပြီ ဒေါက်တာလင်း.. မင်းဆက်မပြောနဲ့တော့... မင်းပြန်ပြီးတော့ ဒီကိစ္စကို ထုချေလွှာ ရေးမယ်လို့ မျှော်လင့်တယ်...မင်း နောက်တစ်ကြိမ် ထပ်မလုပ်တော့ပါဘူးလို့ ကတိခံနေသရွေ့ ငါဒီကိစ္စကို မဖြစ်ခဲ့ဘူးလို့ သဘောထားပေးမယ်...."
"ငါ့-ီးကိုပဲ လာရေးလိုက်လေ..."လင်းရီ ကျိန်ဆဲပြီးနောက် ထွက်ခွာသွားလိုက်၏။ ကျောက်ကျန်းဝေ ကြက်သေသေသွားခဲ့သည်။
"ဒါရိုက်တာလီ... ခင်များ အာမခံပေးနေတဲ့ ဒေါက်တာလင်းက တော်တော်လွန်နေပြီနော်..."
လင်းရီ ထွက်ခွာသွားပြီးနောက် ကျောက်ကျိန်းရန် သူ၏ ဒေါသကို မည်သူ့အပေါ်၌ ပုံချရမှန်း မသိတော့ကြောင့် လီချူးဟန်ထံ ဦးလှည့်လာခဲ့သည်။
"ကျွန်မလည်း ဒေါက်တာလင်းက မှားတယ်လို့ မထင်ဘူး... ဒီတော့ ရှင် ထုခြေလွှာရေးခိုင်းတာကထူးဆန်းတယ်လို့ ထင်တယ်..."
အေးစက်စွာ ပြောပြီးနောက် လီချူးဟန်လည်း တံခါးဖွင့်ပြီး ထွက်ခွာသွားခဲ့၏။
ကြီးမြတ်သော တရားမျှတမှုအတွက် ရင်ဆိုင်ရချိန်တွင် လီချူးဟန် ကျောက်ကျန်းဝေကို လုံး၀ ဂရုမစိုက်ချေ။
"မင်း...."
ကျောက်ကျန်းဝေ ဒေါသကြောင့် အသားတို့ တုန်ယင်လာခဲ့ပြီး "မင်းတို့ ဒီနေ့ ငါ့အကြောင်း သိစေရမယ်ကွ..."
......
လင်းရီ ပြန်ရောက်လာသည်ကို မြင်တော့ ချောင်ရှင်း လင်းရီ ထံ အပြေးအလွှား ရောက်လာခဲ့ပြီး "အစ်ကိုရီ ဘယ်လိုရှိလဲ..ဒါရိုက်တာကျောက်က အစ်ကို့ကို ခက်ခဲအောင် လုပ်သေးလား..."
"လုပ်တာပေါ့..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ငါ နားကြားပျင်းကပ်လို့ သူ့ရုံးခန်းထဲကနေ ထွက်လာခဲ့လိုက်တယ်...."
"အစ်ကိုရီ ဒေါသထွက်နေချိန်မှာ ဆုံးဖြတ်ချင်တွေကို မချရဘူးနော်..."ချောင်ရှင်း ပြောလိုက်ပြီး "ညီမတို့ ဒီအလုပ်ရဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ... တကယ်လို့ အလုပ်ဖြုတ်ခံရမယ်ဆိုရင် နှမြောစရာကြီးတွေ ဖြစ်ကုန်မှာပေါ့..."
"ကိစ္စမရှိဘူး... အဲ့ဘိုးတော် ငါ့ကို ဘယ်လိုပညာ ပြမလဲ ဆိုတာ စောင့်ကြည့်ကြသေးတာပေါ့..."
လင်းရီ ထီမထင်စွာ ပြောလိုက်ပြီး "ရှင်းရှင်း မင်း လူနာကြည့်စရာ ရှိတာကို ဆက်ကြည့်လေ...."
"ဟုတ်ကဲ့ပါ..."ချောင်ရှင်း ၀မ်းနည်းစွာ ပြောလိုက်၏။
သူတို့ စကားပြောနေကြစဉ် အရေးပေါ်ခန်းတံခါးမှာ ပွင့်ဟလာခဲ့သည်။ မျက်ကွင်းတို့ချောင်ကျ၍ အစာအိမ်ကို ဖိနှိပ်ပြီး ဆံပင်အရှည်နှင့် အမျိုးသမီးတစ်ဦး အထဲသို့ ၀င်လာခဲ့လေသည်။
သူမမှာ အသက်နှစ်ဆယ် အရွယ်ခန့်လောက်သာရှိပြီး တက္ကသိုလ်ကျောင်းသူလေး ဖြစ်သည့်နှယ်ပင်။
အဆိုပါမိန်းကလေး ၀င်လာသည်က်ုမြင်တော့ ချောင်ရှင်း၏ မျက်နှာအမူရာမှာ တည်တံ့သွားခဲ့ပြီး " စကန် စစ်ဆေးပြီးသွားပြီလား..."
"ဟုတ် ပြီးသွားပါပြီ..." မိန်းကလေးမှာ လင်းရီကို မြင်တော့ စိုးရိမ်ကြီးစွာဖြင့် စိတ်လှုပ်ရှားနေလေသည်။
လင်းရီကတော့ အထွေအထူး စဉ်းစားမနေချေ။ ချောင်ရှင်း၏ လက်ထောက် တစ်ယောက်အနေဖြင့် ဆေးမှတ်တမ်း ကူရေးပေးရန် ဟန်ပြင်လိုက်၏။
"စကန်ဖတ်ထားတာကိုပြ...."
"ဒီမှာပါ..."
ဆံပင်အရှည်နှင့် မိန်းကလေး၏ စကန်ကို ယူပြီးနောက် ချောင်ရှင်း တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်တစ်ချက် ကြုတ်သွားခဲ့သည်။ သူမ ဘာမှားနေလဲဆိုတာ ရှာလို့ မတွေ့ချေ။
ချောင်ရှင်း အချိန်အကြာကြီး စိုက်ကြည့်နေသည်ကို မြင်တော့ လင်းရီလည်း တစ်ချက်ကြည့်လိုက်၏။
"စကန်က မမှားဘူး..."
"ဒါပေမယ့် ဒီလူနာမိန်းကလေးရဲ့ အခြေအနေကိုက ထူးဆန်းနေတာ... ဘာမှားနေမှန်းလည်း မပြောတတ်ဘူး..."
၎င်းကို ကြားတော့ ဆံပင်အရှည်နှင့် မိန်းကလေးမှာ ရှော့ခ်ရသွားခဲ့ပြီး မျက်ရည်များ ဝိုင်းလာခဲ့၏။
"ဒေါက်တာ... ကျွန်မမှာ ရှားပါးတဲ့ ရောဂါတွေ ဖြစ်နေတာတော့ မဟုတ်ဘူးမလားဟင်... အဲ့လိုကြီး မခြောက်ပါနဲ့...."
"မပူနဲ့... ငါ ဒေါက်တာလင်းကို ကြည့်ခိုင်းလိုက်မယ်...."
လင်းရီ ဆံပင်အရှည်နှင့် မိန်းကလေးကို ကြည့်လိုက်သည်။
"မင်းရဲ့ အခြေအနေကို အရင်ဆုံး ပြောကြည့်ရအောင်... အသက်ဘယ်လောက်လဲ.. ဘယ်လိုခံစားနေရလဲ..."
"အသက်က ဒီနှစ်ဆို နှစ်ဆယ့်တစ်နှစ်ပါ...ကျွန်မ မနေ့တုန်းက ကောင်လေးနဲ့ စပိုက်စီဟော့ပေါ့သွားစားတော့ သိပ်မစပ်ဘူးထင်လို့ စားပွဲထိုးကို ငရုတ်သီးတွေ ထပ်ထည့်ခိုင်းလိုက်တာ...ပြီးတော့ coke အအေး တစ်ဘူးတောင် သောက်လိုက်သေးတယ်... မနက်ရောက်တော့ ဗိုက်တွေ နာလာခဲ့တာမှ လမ်းတောင် မလျှောက်နိုင်တော့ပဲ.. ပြီးတော့...."
" ပြီးတော့ ဘာလဲ..."မိန်းကလေးမှ တုံ့ဆိုင်းနေသည်ကို မြင်တော့ လင်းရီ မေးလိုက်၏။
"ပြီးတော့ အီးဟီးဟီး... ဟို... ဟိုနေရာက သွေးတွေ ထွက်နေတယ်....."
"မင်းက စပိုက်စီဟော့ပေါ့ စားတယ်.. coke သောက်တယ်.. ပြီးတော့ သွေးတွေ ထွက်လာတယ်....."
"ဟုတ်...."
"အင်း...."လင်းရီ တခဏမျှ စဉ်းစားလိုက်ပြီး "စကန်စစ်ဆေးချက်အရတော့ ဘာပြဿနာ မှမရှိဘူး...ငါ့ရဲ့ ဆေးအတွေ့အကြုံတွေ အရဆိုရင် မိန်းကလေးက အန်တီလာနေတာ ဖြစ်ရမယ်..."
"ဟမ်... အန်တီလာတယ်...."
"ရက်တွက်ကြည့်လိုက်ဦးလေ...."
"အမ်..."မိန်းကလေးမှာ ကြက်သေသေသွားခဲ့ပြီး "ဟုတ်တယ်ကော်... ဒီနေ့လောက်ပဲ...."
ချောင်ရှင်းကတော့ ငိုရအခက် ရယ်ရခက် ဖြစ်နေလေသည်။ ခုခေတ် အရေးပေါ်လူနာတွေက ဒီလိုပဲ ရယ်စရာကောင်းနေပြီလားဟ....
"ကောင်းပြီ.. ဘာမှလည်း အထွေအထူး မဟုတ်ဘူးဆိုပြီးတော့ အိမ်ပြန်ပြီး ကိုယ့်ဘာကိုယ် လေးငါးရက်လောက် သုံးသပ်ကြည့်ကြည့်... ဒီကနေ့ မိန်းကလေးဖြစ်နေတဲ့ အခြေအနေတွေကနေ ပြောပြရမယ်ဆိုရင် နောင်ကျရင်လည်း မိန်းကလေးရဲ့ သီးသန့် ဧရိယာမှာ သွေးတွေ စီးကျလာနိုင်တဲ့ အလားအလာရှိတယ်...ပြီးတော့ ဒီရဲ့ အတွေ့အကြုံက မနက်ဖြန်ကစပြီး နောက်နှစ်ရက်လောက်အထိ သွေးပမာဏ ကျဆင်းမှု အများအပြားမှာ ဖြစ်နေလိမ့်မယ်... ဒါပေမယ့် အများကြီး ကျဆင်းပြီးသွားရင်တော့ အနည်ကျလာလိမ့်မယ်... တိကျတဲ့ ကြာချိန်ကို တွက်ချက်ကြည့်မယ်ဆိုရင် ငါးရက်ကနေ တစ်ပတ်အထိ ကြာနိုင်တယ်.....ဆိုတော့ နွေးနွေးထွေးထွေး နေဖို့ မမေ့နဲ့.. "
ချောင်ရှင်းနှင့် မိန်းကလေးတို့ နှစ်ဦးစလုံးမှာ ပြုံးမိသွားကြသည်။
လင်းရီက အရမ်း ရယ်ရတာပဲ...
"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်..."
ဆံပင်အရှည်နှင့် မိန်းကလေးထွက်ခွာသွားပြီးနောက် ချောင်ရှင်း ပြုံးလိုက်ပြီး "အစ်ကိုရီ... တစ်စုံတစ်ယောက်က အန်တီလာတာကို အဲ့လိုပုံစံကြီးနဲ့ပြောတာကို ညီမ ပထမဆုံးအကြိမ် ကြားဖူးတာပဲ...ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်လဲ..."
"ဒါက ဘာမှ မဟုတ်သေးဘူး... နောက်တစ်ယောက်..."လင်းရီ အော်လိုက်၏။
ယခု မစ်ရှင်မှာ (၉၉/၁၀၀)သို့ရောက်သွားပြီဖြစ်သောကြောင့် နောက်ထပ်လူနာတစ်ယောက်ကို ကုသပြီးသည်နှင့် မစ်ရှင်မှာ အောင်မြင်သွားချေတော့မည်။
ချလပ်..
အခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး အမျိုးသမီးတစ်ဦး ၀င်လာခဲ့၏။
"ငါ့ကို တုန်ကင်ပြ......."
"ဟင် ဘော့စ်..."
၀င်လာသည့်သူကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့ပြီး "ရုံးမှာတုန်းက အကောင်းကြီး မဟုတ်ဘူးလား... ဘာလို့ ဒီရောက်လာခဲ့တာ..."
ထိုသူကတော့ ဟော်ယွမ်ယွမ်မှလွဲ၍ အခြားသူမဟုတ်ချေ။
ချောင်ရှင်း အံ့အားသင့်သွားခဲ့၏။ အစ်ကိုရီက ဒီအမျိုးသမီးနဲ့ သိနေတာလား...
လင်းရီ ဆရာ၀တ်ကုတ်အဖြူနှင့် ထိုင်နေသည်ကို မြင်တော့ ဟော်ယွမ်ယွမ်၏ ကမ္ဘာကြီးအပေါ် အမြင်တို့ ပြိုလဲကျလုမတတ် ဖြစ်သွားခဲ့ပြီး
"ဘော့စ်လင်း...ရှင်ဒီမှာ ဆရာ၀န်လုပ်နေတယ်လို့တော့ ကျွန်မကို လာမပြောနဲ့နော်... ရှင်ပြောတော့ အီရန်ဘွိုင်း လုပ်နေတယ်ဆို…”