← Chapters

ဆက်ဆီမဆန်တဲ့ အမျိုးသမီး CFO

Vol. 28 Ch. 412

ဆက်ဆီမဆန်တဲ့ အမျိုးသမီး CFO

Vol. 28 Ch. 412

"အီရန်ဘွိုင်းက ဆက်မလုပ်တော့ဘူးလေ... ငါက ဒေါက်တာကော ဖြစ်လို့မရဘူးလားကွ..."

"ဒါပေါ့.. ဘော့စ်..ရှင်က အရမ်း အံ့ဩဖို့ ကောင်းတာပဲ...ဒီလိုဖြစ်အောင် ပိုက်ဆံ ဘယ်လောင်တောင် ပေးလိုက်ရလဲ...."ဟော်ယွမ်ယွမ် လက်မထောင်ရင်း မေးမြန်းလိုက်၏။

"ပေးလိုက်ရတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ... ငါက ဒီနေရာကို ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ တက်လာခဲ့တာ အိုကေ...."

"ဒေါက်တာလင်းက ရှေ့ရက်တွေတုန်းက သွေးကြောတွေ ခွဲစိတ်တာတွေကို အဓိက ဦးဆောင်ခဲ့တာလေ...သူက ခုဆို ဆေးရုံမှာ နာမည်တော်တော်လေး ကြီးနေပြီ...."

ချောင်ရှင်း ရှင်းပြလိုက်၏။

"တကယ်...."ဟော်ယွမ်ယွမ် ထိုစကားကို လုံး၀ မယုံကြည်ချေ။ "ဒါဆို သူ့ကို ခွဲစိတ်ခိုင်းတဲ့ သူတွေရဲ့ ဂူပေါ်ကမြက်တွေဆို နှစ်မီတာလောက် ကျော်ရောပေါ့...."

"ကြည့်ရတာ နှစ်ကုန် ဘောနပ်စ် မလိုချင်တော့ဘူးနဲ့ တူတယ်...."

"ဘော့စ်က ကြင်နာတတ်ပြီးတော့ ပြိုင်စံရှားတဲ့ ဆေးပညာအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့သူလေ...တစ်နိုင်ငံလုံးမှာ ဘော့စ်ကို လိုက်မှီတဲ့သူဆိုတာ တစ်ယောက်မှကို မရှိသေးဘူး..."

ချောင်ရှင်း ဆွံ့အသွားခဲ့၏။

'ရှင့် လေသံ အပြောင်းအလဲကလည်း မြန်လိုက်တာ...'

ဒေါက်တာလင်းက ဘယ်လိုပုဂ္ဂိုလ်မျိုးပါလိမ့်နော်....

"မင်း ဒီဘာလာလုပ်တာ...."လင်းရီ မေးလိုက်၏။

"ကျွန်မ ရန်ချိန်ကနေ ပြန်လာတော့ ကိုယ်ပေါ်မှာ အနီရောင် အဖုလေးတွေ ပေါက်နေလို့..."ဟော်ယွမ်ယွမ် သူမ လက်မောင်းအင်္ကျီကို ပင့်လိုက်ပြီး လင်းရီကို ပြလိုက်၏။

"အင်း... မင်းအ၀တ်တွေကို ချွတ်လိုက်...."

"ဟင်... ဘာကို ချွတ်...."

ဟော်ယွမ်ယွမ် ကြက်သေသေသွားခဲ့ပြီး "ဘော့စ် ကျွန်မ ရှင်းအောင် ပြောထားမယ်နော်..ကျွန်မက အရည်အချင်းတွေကိုပဲ ရောင်းတာ.. ခန္ဓာကိုယ်ကိုတော့ မရောင်းဘူး... လာပြီး အခွင့်ကောင်းယူဖို့ မကြိုးစားနဲ့...."

"ပြောတော့ မင်းကိုယ်ပေါ်မှာ အနီဖုလေးတွေ ရှိနေတယ်ဆို... မင်း မချွတ်ပြရင် ငါက ဘယ်လို စမ်းသပ်ပေးရမှာ..."

"ဟွန့်... ဘော့စ်က ကျွန်မရဲ့ အလှတွေကို မြင်ချင်လို့မလား..."

"ဟားဟား....အတော်လေး ရယ်ရတဲ့ပြက်လုံးပါလား... ငါသောက်ရမ်း လေးစားမိပြီ..."လင်းရီ မှတ်ချက်ပြုပေးလိုက်ပြီး "ရှင်းရှင်း သူ့ကို အတွင်းကျကျ စစ်ဆေးပေးလိုက်..."

"ဟမ်.... အတွင်းကျကျ စစ်ဆေးတယ်ဆိုတာက ဘာကြီးလည်း..."

"‌အိုး.... ဒီတိုင်း အတွင်းခံပဲ ချန်ပြီး စစ်ဆေးတာလေ...."ချောင်ရှင်းမှ ရှင်းပြလိုက်၏။

"ကျွန်မက ဒီတိုင်း အလက်ဂျစ် ထတာကို ရှင်က အတွင်းကျကျ စစ်ဆေးချင်နေတယ်..."

"ငါ့ဘာငါ ဘယ်လိုစစ်စစ်ပေါ့ကွ...မင်းက ဒေါက်တာလား.. ငါက ဒေါက်တာလား...ကုမှာလား မကုဘူးလား ပြော...."

ဟော်ယွမ်ယွမ် သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျီချင်းရန်ထံ အသံမက်ဆေ့ခ်ျ လှမ်းပို့လိုက်၏။

"အစ်မကျီ...ညီမ ဆေးရုံမှာ ဆရာ၀န်လာပြတော့ ဘော့စ်နဲ့ လာတွေ့တယ်...သူက ခု ညီမလေးကို အတွင်းကျကျ စမ်းသပ်ချင်တယ်ဆိုပြီး ဘောင်းဘီတွေတောင် ချွတ်နေပြီ... ညီမကို ကူညီပါဦး...."ဟော်ယွမ်ယွမ် အသံငယ်ငယ်လေးဖြင့် ပြောလိုက်၏။ မသိပါက မတရား အကြမ်းဖက်ခံရတော့မည်အခြေအနေဟုတောင် အထင်မှားသွားနိုင်သည်။

"သေစမ်း...မင်းဘာတွေ လျှောက်ပြောနေတာလဲကွ...."

ခဏကြာသော် ကျီချင်းရန်မှ လင်းရီထံ ဗီဒီယိုကော ခေါ်ဆိုလာခဲ့၏။

"နင် ယွမ်ယွမ်ကို အတွင်းကျကျ စမ်းသပ်ချင်နေတယ်ဆို...."

ဟော်ယွမ်ယွမ်၏ မျက်နှာထက်တွင်တော့ အောင်နိုင်သူ အပြုံးကြီးကို ဆင်မြန်းထားပြီး " ဟဲဟဲ... ဘော့စ်... ရှင် အစ်မကျီကို ဖြေရှင်းချက်ကောင်းကောင်းလေး ပေးနိုင်ပါစေနော်..."

လင်းရီ ဘာမျှ မဆိုပေ။ သူ၏ အမူအရာမှာ တင်းမာခက်ထန်နေလေသည်။

"ယွမ်ယွမ်ရဲ့ အခြေ‌အနေက သိပ်မဟန်ဘူး.. ငါမင်းကို နောက်မှ ရှင်းပြမယ်...."

"ဟင်.....ဘာလဲဖြစ်လို့.. ယွမ်ယွမ်က ဘာလို့ အခြေအနေ မဟန်တာ....."

"ယွမ်ယွမ်ရဲ့ ရောဂါ အခြေအနေက အရမ်းဆိုးရွားနေပြီ... "လင်းရီ စားပွဲအောက်ရှိ တွေ့ရာ CT စကန်ကို ဆွဲယူလိုက်ပြီး ၀မ်းဗိုက်အောက်ပိုင်းကို ထောက်ပြလိုက်၏။

"သူ့၀မ်းဗိုက်ရဲ့ အောက်ဘက်ခြမ်းနားမှာ ငါးစင်တီမီတာလောက်ရှိတဲ့ အသားပိုတစ်ခု တွေ့ထားတယ်...သေချာ‌အောင်လို့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်တာမလေးကို အတွင်းကျကျ စစ်ဆေးခိုင်းပြီးတော့မှ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရဦးမှာ..."လင်းရီ၏ အမူအရာမှာ ထင်မှတ်မထားလောက်အောင် လေးနက် တည်ကြည်နေပြီး မျက်လုံး အကြည့်တို့မှာ ပို၍ပင် စူးရှနေလေသည်။

သူ၏ သရုပ်ဆောင်မှုကို သူပင် ပြန်အံ့ဩသွားရ၏။

"ချင်းရန် မင်းလည်း မိန်းကလေးဆိုတော့ ဒီရဲ့ နေရာမှာ အသားပိုရှိတာက ဘယ်လောက်တောင် စိုးရိမ်ရတဲ့ အခြေအနေလည်းဆိုတာ မင်းနားလည်မှာပါ..... ‌တကယ်လို့ ဖြစ်ကတတ်ဆန်း လုပ်လိုက်မယ်ဆိုရင်......"

"ရီ... ဘာလည်း ဖြစ်မှာ... နင်ငါ့ကို အဲ့လိုကြီး မခြောက်စမ်းနဲ့...."

"ငါတို့ ယွမ်ယွမ်ရဲ့ အသက်ကိုကယ်ဖို့ အားလူံး ဖယ်ထုတ်လိုက်ရလိမ့်မယ်... အဲ့လိုသာ ဖြစ်ခဲ့လို့မယ်ဆိုရင် အနာဂတ်ကျ အိမ်ထောင်ပြုပြီး မိသားစုတစ်ခု တည်ထောင်ဖို့ဆိုတာ မစဉ်းစားနဲ့တော့...."

"ဘယ်လိုလုပ်ဖြစ်နိုင်မှာ... ယွမ်ယွမ်က မိန်းမကောင်းလေးလေ... သူ့ကျမှ ဘာလို့ ဒီလိုတွေ လာဖြစ်ရတာလဲ...."ကျီချင်းရန် ထိတ်လန့်သွားခဲ့ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေကာ "နင်တို့ အခု ဟွာရှန်းဆေးရုံမှာမလား... ငါခု လာခဲ့မယ်...."

(TN- အဲ့ဒီ အသားပို/အသားစ လေးကနေ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေရှိသလိုပါ...)

သာမန်လူတို့အတွက် ဆေးပညာကို နားမလည်သောကြောင့် ဒေါက်တာပြောသမျှကို ယုံကြည်မိမည်မှာ အမှန်ပင်။ ဆေးနယ်ပယ်ရှိ လူတို့သာ လင်းရီ ပြောသည်များကို နားလည်နိုင်‌ပေလိမ့်မည်။ ထို့ကြောင့် လင်းရီ ဘာမျှမဆိုင်သည့် CT စကန်နှင့် ရှင်းပြလိုက်သည်ကိုပင် ကျီချင်းရန်မှ အရူးလုပ်ခံလိုက်ရခြင်းဖြစ်၏။

"အဲ့လောက်ကြီး စိုးရိမ်မနေနဲ့... ငါတစ်ယောက်လုံး ရှိနေတာပဲကို .. သေချာဂရုစိုက်ပေးလိုက်မယ်... အားလုံးပြီးသွားရင် မင်းကို တစ်ချက် အကြောင်းပြန်ပေးမယ်... ငါ့ရဲ့ သတင်းကို စောင့်နေလိုက်..."

"အင်း အင်း ... နင် ယွမ်ယွမ်ကို သေသေချာချာလေး စစ်ဆေးပေးလိုက်နော်...ငါ ကျန်တဲ့သူတွေကို စိတ်မချဘူး.. နင်ကိုယ်တိုင်ပဲ လုပ်လိုက်...."

"မပူနဲ့... ငါကိုယ်တိုင် ကိုင်တွယ်ပေးလိုက်မယ်... ဘာမှ မဖြစ်စေရဘူး..."

သို့နှင့် လင်းရီ ဖုန်းပြန်ချလိုက်ပြီး သူ၏ အမူအရာမှာ လူံး၀သာမန် ပြန်ဖြစ်သွားခဲ့သည်။

ဘေး‌တွင်ထိုင်နေသည့် ချောင်ရှင်းမှာတော့ လူံး၀ အံ့အားသင့်နေလေသည်။

အဲ့ CT စကန်က မနေ့တုန်းက ပရိုစတိတ်စတုန်း(သုက်ရည်ဂလင်း) ပြဿနာ ရှိနေတဲ့ လူနာရဲ့ CT စကန်ကြီး မဟုတ်ဘူးလား.

ဘယ်လိုလုပ်ပြီး အစ်ကိုရီ လက်ထဲရောက်တော့မှ သားဖွားမီးယပ်နဲ့ဆိုင်တဲ့ အသားပို ဖြစ်လာတာလဲဟ...

မိန်းမတွေမှာ အဲ့ဒီ အင်္ဂါအစိတ်အပိုင်းလည်း မရှိဘူးလေ...

သူက လူတွေကို အရူးလုပ်တာ အရမ်းတော်တာပဲ ..

ဟော်ယွမ်ယွမ်ကို ကြည့်ရင်း လင်းရီ ပခုံးတွန့်လိုက်၏။ "မင်းလည်း ‌ကြားတယ်နော်...မင်းရဲ့ အစ်မကျီက ငါ့ကို သေချာလေး စမ်းသပ်ပေးလိုက်ပါတဲ့...ကဲ ဒီတော့ ခုပဲ စလိုက်ကြရအောင် မိန်းကလေးဟော်...."

"ဘော့စ်... ရှင် ဒီထက်ပိုပြီး ရိုးသားစမ်းပါ...."ဟော်ယွမ်ယွမ်ပြောလိုက်ပြီး " အစ်မကျီ ရှင်အရူးလုပ်တာကို ခံလိုက်ရမှန်း သိသွားမှာကို မကြောက်ဘူးလား...."

"သူက သူများတွေစကားကို ယုံမယ်လို့ ထင်လား... စိတ်ပူစရာမလိုဘူး..."

"ရှင်... ရှင်ကျွန်မကို တွန်းအား မပေးနဲ့နော်..ကျွန်မဒေါသထွက်လာရင် အားလုံး အဆုံးသတ်ကုန်မယ်...."ဟော်ယွမ်ယွမ် ပြောလိုက်၏။

"ဘာလဲ... ငါ့ကို အပြစ်ပေးချင်နေတာလား..."

"ဟုတ်တယ်... ရှင် ကျွန်မကို မဟုတ်တာတွေ လျှောက်လုပ်လို့ကတော့ Ciscoကို ရှင်က လှည့်စားနေပါတယ်ဆိုပြီး သွားပြောပစ်တော့မှာ... "

"ယုံလားတော့ မသိဘူး..ငါမင်းကို စိတ်ကလျဉ့်ကလျား ရောဂါ ဖြစ်နေပါတယ်ဆိုပြီး ရေးပေးလိုက်မယ်... လူတွေ မင်းကို ယုံကြည်ရဲသေးလားဆိုတာ စောင့်ကြည့်ကြတာပေါ့.... "

"ဘော့စ်.. ကျွန်မ မှားသွားပါတယ်... ကျေးဇူးပြုပြီး ကုသပေးပါနော်..."

ဆက်ဆီ မဆန်သည့် အမျိုးသမီး CFO လေးမှာ အလွန်အမင်း ကြောက်ရွံ့သွားခဲ့၏။

ပတ်၀န်းကျင်မှ သူမကို စိတ်မနှံ့သူကဲ့သို့ ဆက်ဆံလာမည်ကို သူမ တွေးကြည့်ရုံနှင့်တင် ကြက်သီးထလာခဲ့သည်။

"အပြင်ကနေ ၁၄ ယွမ်တန် အရေပြားလိမ်းဆေး တစ်ဘူးလောက်၀ယ်လိုက်... ဖြစ်တဲ့ နေရာမှာ လိမ်းလိုက်ရင် ရပြီ... "

"အမ် အဲ့တာလေးပဲလား... ၁၄ ယွမ်တည်းနဲ့ ပျောက်အောင် ကုလို့ ရတယ်ပေါ့နော်..."

"ဆောရီး ခုနက ငါမှားပြောတာ... တခြားသူဆိုရင် ၁၄ ယွမ်တည်းနဲ့ လောက်တယ်ဆိုပေမယ့် မင်းဆိုရင်ရင်တော့ ယွမ် ၁၄၀ လောက် ကုန်မှာ..."

"ဟင် ဘာလို့..."

"ဘာလို့လဲဆိုတော့ မင်း အိုးက သောက်ရမ်းကြီးနေလို့လေ... အဲ့တော့ ဆေးပိုကုန်မှာပေါ့ဟ...."

ဟော်ယွမ်ယွမ် အကြီးကြီး ပြုံးလိုက်ပြီး "ဘော့စ်... အဲ့တာဆို ကျွန်မက အစ်မကျီနဲ့ ယှဉ်လို့ ရတယ်ပေါ့နော်..."

"စိတ်ကူး ယဉ်နေလိုက်လေ.. မင်းအစ်မကျီက လုံးတင်းပြီး စွင့်ကားနေတာ.. မင်းက ဒီတိုင်း အဆီတွေ သပ်သပ်ပဲ..နှစ်ခုက တူသယောင်ရှိပေမယ့် လေးနက်မှုကြတော့ ကွာဟသွားပြီ..."

"ရှီး... ရှင်ကတော့ ဒီရဲ့ အလှလေးကို ဆုံးရှုံးရတော့မယ်...."ဟော်ယွမ်ယွမ် သူမ အိတ်ကို ယူ၍ ထသွားခဲ့ပြီး "ကျွန်မတို့ရဲ့ ရင်းနှီးမှုက ဒီမှာတင် အဆုံးသတ်ပြီ...."

အကယ်၍ သူမက ကြောက်တတ်သူတစ်ယောက် ဖြစ်နေစေကာမူ မိမိ၏ ဂုဏ်သိက္ခာကိုတော့အကျမခံနိုင်ပေ။

"ရှင်းရှင်း.. မင်းလူနာတွေကို ဆက်ကြည့်ထားလိုက်ဦးကွာ.. ငါအခန်းထဲမှာ ခဏလောက် သွားနားလိုက်ဦးမယ်..."

"အင်း..."

လင်းရီ ထွက်လာခဲ့သည့် ရည်ရွယ်ချက်မှာတော့ သူ၏ စိတ်ထဲတွင် စနစ်မှ မစ်ရှင်ပြီးမြောက်ကြောင်း အသိပေးစာ ၀င်လာခဲ့သောကြောင့်ပင်။

[ မစ်ရှင် ပြီးမြောက်သွားပါပြီ...]

[ဆုလဒ် : အတွေ့အကြုံမှန် ၁၅၀,၀၀၀၀]

[ အလုပ်ပြီးမြောက်နှုန်း : ၃၅ ရာခိုင်နှုန်း ]

[ ဆုလဒ် : မည်သည့် ကုမ္ပဏီ၏ ရှယ်ရာ ၂၀ ရာခိုင်နှုန်း ( ဈေးကွက် တန်ဖိုး ၂၀၀ ဘီလီယမ်အောက် ) ]

"ဖက်ခ် ဒါကြီးက စွန်းလန်းတာပဲကွ..."

"ကြိုက်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း....."

"စနစ်... သတိပြုရန် စာကွင်းထဲက စာလုံးတွေက ဈေးကွက်တန်ဖိုး ၂၀၀ ဘီလီယမ်အောက်က ကုမ္ပဏီ ရှယ်ရာတွေကို ပြောချင်တာမလား..."

[မှန်ပါတယ် စနစ်ရှင်...]

စနစ်၏ အဖြေမှာတော့ အမြဲလိုလို လိုရင်းတိုရှင်းဖြစ်နေပြီး လင်းရီလည်း ၎င်းကို နေသားကျနေချေပြီ။

သို့သော်လည်း ထိုကန့်သတ်မှုကြောင့် လင်းရီ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။

ဈေးကွက်ထဲရှိ အကောင်ကြီးကြီး ကုမ္ပဏီ တန်ဖိုး‌တို့မှာ ယွမ်ဘီလီယမ် ထောင်ပေါင်းများစွာ တန်ကြေးရှိလေသည်။

ထို့ကြောင့် သူ အလယ်အလတ် လုပ်ငန်းစုတို့၏ ရှယ်ယာကိုသာလျှင် ရရှိနိုင်လိမ့်မည်။

'၂၀ ရာခိုင်းနှုန်းဆိုတော့ အလွန်ဆုံးရှိလှ ၄၀ ဘီလီယမ်ပေါ့... '

"သေစမ်း.. ငါတော်တော်လေး ဆင်းရဲနေပါလားဟ...."

ကလင် ကလင် ကလင်

လင်းရီ ဖုန်းသံ မြည်လာခဲ့သည်။ လျန်ရူရွှယ်ထံမှပင်။

သူမ ခေါ်ဆိုလာရခြင်း၏ ရည်ရွယ်ချက်ကိုတော့ လင်းရီ ခန့်မှန်းထားပြီးဖြစ်၏။

မနက်ဖြန်ဆိုလျှင် ဒုတိယ အကြိမ်မြောက် ဆေးဝါးညှုနှိုင်း ဆွေးနွေးပွဲ စတင်ချေတော့မည်။ ထိုကိစ္စကြောင့် သူမ ဖုန်းဆက်လာခဲ့ခြင်း ဖြစ်လောက်၏။

"နင် အခု ဆေးရုံမှာလား..."

"အင်း..."လင်းရီ ပြောလိုက်ပြီး "ညှိနှိုင်းရေးအတွက် ဆိုရင်တော့ စိတ်မပူနဲ့... ငါ အေးဆေး ကိုင်တွယ်နိုင်တယ်..."

"အဲ့ကိစ္စကြောင့် ဖုန်းဆက်လိုက်တာ မဟုတ်ဘူး...."

လျန်ရူရွှယ်မှ စိတ်တို့ မွန်းကြပ်နေသည့် လေသံဖြင့်

"ငါခုလေးတင် နိုင်ငံတကာ အဓိက ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီကြီး ခြောက်ခုက စုပေါင်းပြီးတော့ ဟွာရှကို တင်သွင်းတဲ့ ဆေး ၂၅ မျိုးရဲ့ ဈေးနှုန်းကို တိုးတော့မယ်လို့ သတင်းရထားတယ်...ငွေလဲလှယ်နှုန်းတွေနဲ့ဆိုရင် ဈေးက ၄၈ ရာခိုင်းနှုန်းကနေ ၂၁၄ ‌ရာခိုင်နှုန်းအတွင်း တိုးဖို့ အလားအလာရှိတယ်.... “

All Chapters