← Chapters

လှည့်ကွက်သာ ပိရိနေလို့ကတော့ သူတို့ ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး...

Vol. 28 Ch. 413

လှည့်ကွက်သာ ပိရိနေလို့ကတော့ သူတို့ ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး...

Vol. 28 Ch. 413

"စုပေါင်းပြီး ဈေးနှုန်းတိုးမြင့်မယ်...."

၎င်းကိုကြားတော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။

"ဒီသတင်းက တရား၀င် အတည်ပြုပြီးသွားပြီ..."လျန်ရူရွှယ် ပြောလိုက်ပြီး

"ငါခု ဆေးရုံကို လာတဲ့လမ်းမှာ... အနီးနားက စတားဘက်ခ်ကို ဆယ်မိနစ်အတွင်း အရောက်လာခဲ့မယ်... အဲ့မှာ တွေ့ကြတာပေါ့..."

"ကောင်းပြီ..."

ဖုန်းချပြီးနောက် လင်းရီ သူ၏ ဆရာ၀န်ကုတ်ကို လဲလှယ်ကာ လျန်ရူရွှယ်နှင့် တွေ့ဆုံရန် ထွက်လာခဲ့လိုက်၏။

"အစ်ကိုရီ အပြင်သွားမလို့လား..."

"ဟုတ်တယ်... ငါပြန်လာရင် မင်းအတွက် ကော်ဖီ ၀ယ်လာခဲ့ပေးမယ်လေ..."

"ဟီးဟီး ဟုတ် အစ်ကိုရီ... ကျေးဇူးပဲနော်..."

လင်းရီ စတားဘက်ခ်သို့ ရောက်သည့်အချိန်တွင် လျန်ရူရွှယ်မှာ အထဲသို့ ရောက်နှင့်နေပြီး လူသိပ်မမြင်ရသည့် ထောင့်တစ်နေရာတွင် ထိုင်နေလေသည်။

ထိုသိူ့ ပြုလုပ်ရခြင်းမှာလည်း သူမနောက် တစ်ကောက်ကောက် လိုက်နေတတ်သည့် ပါပါရာဇီတို့ကြောင့်ပင်။ သို့သော်လည်း သူမ၏ သွင်ပြင်သဏ္ဌာန်မှာ လူတို့ သတိမထားမိစေရန် ခဲယဉ်းလှ၏။

V ပုံသဏ္ဌာန် လည်ရှိုက်အင်္ကျီကို ၀တ်ဆင်ထားပြီး ရွှေနှင်းဆီရောင် အမျိုးသမီး၀တ် လက်ပတ်နာရီ တစ်လုံးကို လက်ကောက်၀တ်တွင် ဆင်မြန်းထားကာ သူမ၏ ၀တ်စုံနှင့် လိုက်ဖက်ညီနေလေသည်။

"ဘာလို့ အဲ့လိုကြီး လာကြည့်နေတာ...."

လင်းရီ ရှေ့သို့ တိုးလာခဲ့ပြီး သူမ နှဖူးပြင်ပေါ်သို့ ကျနေသည့် ဆံစများကို နားနောက်သို့ ပြန်သပ်ပေးလိုက်ရင်း "တစ်ခုခု ဖြစ်နေတယ်ဆိုရင်တောင်မှ အေးဆေး ဖြေရှင်းဖို့ စဉ်းစားရမယ်လေ...ဘာလို့ ဒီလောက်တောင် လောနေရတာ... ဆံပင်တွေတောင်မှ ရှုပ်ပွကုန်ပြီ... "

"ခုက ဆံပင်ကို အာရုံစိုက်ရမယ့် ကိစ္စ မဟုတ်ဘူးနော်..."လျန်ရူရွှယ် ပြောလိုက်ပြီး "ငါနင့်ကို ယေဘုယျအခြေအနေတော့ ပြောပြပြီးသွားပြီ... နင်ဘယ်လိုထင်လဲ...."

"ဒီ ကိစ္စကြီးက မျှော်မှန်းထားတာထက်တောင် ကျော်လွန်နေပြီဆိုတော့... နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိရမယ်...."

"ငါ စစ်ဆေးပြီးသွားပြီ... ကုမ္ပဏီ ခြောက်ခုထဲ လေးခုက Pfizer ရဲ့ ရှယ်ယာရှင်တွေပဲ...ကျန်တဲ့ ကုမ္ပဏီနှစ်ခုကလည်း သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် ကွေ့ဝိုက်ပြီးပဲဖြစ်ဖြစ် လက်တွဲလုပ်နေကြတာ..."လျန်ရူရွှယ် ပြောလိုက်၏။

"အဲ့လိုဆိုရင် ဘာဖြစ်လဲ ဆိုတာ ရှင်းနေပြီပဲ မဟုတ်လား..."

"ဒါပေမယ့် အဲ့တာက အဓိက ပြဿနာ မဟုတ်သေးဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "သူတို့က အရမ်း ကလိမ်ကကျစ် ကျလွန်းတယ်...ဈေးမြင့်မယ့် ဆေးဝါးတွေ အကုန်လုံးက ဆေးရုံတွေ အတွက်ကော သာမန်ပြည်သူတွေ အတွက်ပါ အရေးကြီးတဲ့ ဆေးဝါးတွေချည်းပဲ...တကယ်လို့ ဈေးနှုန်းသာ တိုးမြင့်လိုက်မယ်ဆိုရင် အဆင့်ဆင့် ဖြတ်စားမှုတွေနဲ့ ငါတို့ ပြည်သူတွေလက်ထဲရောက်ရင်ကျတော့ ဈေးက မိုးထိုးနေတော့မှာ... အဲ့ခါကျ လူနေမှု ဘ၀တွေ ပိုပိုပြီး ခက်ခဲလာကုန်တော့မှာ... "

"အင်း...."လင်းရီ သက်ပြင်းချလိုက်ပြီး

"တကယ်လို့ သူတိူ့ လုပ်တာသာ အောင်မြင်သွားမယ်ဆိုရင် တခြား ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီတွေကပါ သူတိူ့ ခြေရာ လိုက်နင်းကြကုန်တော့မှာ.. အဲ့လိုဆိုရင် တခြားနယ်ပယ်တွေကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပြီးတော့ ဒုက္ခတွေ ရောက်ကုန်တော့မှာပဲ...."

အချိန်အကြာကြီး တိတ်ဆိတ် ငြိမ်သက်ပြီးနောက် လျန်ရူရွှယ် ခက်ခဲနေဟန်ဖြင့် "အတိအကျပဲ... နင့်မှာ အကြံဉာဏ်ကောင်းလေးတွေ မရှိဘူးလား..."

နောက်တစ်ကြိမ် ထပ်မံ၍ အကြာကြီး တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

"မင်း ငါ့ကို ယုံကြည်လား...."

"ယုံကြည်တယ်..."

"လုံး၀ဥဿုံ ယုံကြည်တယ်ပေါ့...."

လျန်ရူရွှယ် တုံ့ဆိုင်းနေခြင်း မရှိပဲ " ဟုတ်တယ်..."

သူမ ရိုးသားစွာ ဖြေဆိုလိုက်သည်။

သိူ့သော်လည်း လျန်ရူရွှယ် လင်းရီကို လုံး၀ဥဿုံ ယုံကြည်လားဆိုလျှင်တော့ မယုံကြည်ပါ။

အဘယ်ကြောင့်ဆိုသော် ယခုကိစ္စမှာ သူမတစ်ဦးတည်း၏ ကိစ္စမဟုတ်ပဲ ကျိုးဟိုင်ရှိ လူ ၂၂ သန်း၏ အရေးကိစ္စ ဖြစ်နေသောကြောင့်ပင်။ နိုင်ငံတစ်၀န်း ၁.၄ ဘီလီယမ်လောက် နီးပါးမှာ ယခုကိစ္စ၏ အကျိုးသက်ရောက်ခြင်းကို ခံစားရနိုင်သည်။

ယခုလို များပြားလှသည့် ပမာဏနှင့် ရှုပ်ထွေးသည့်အခြေအနေ‌တွင် လျန်ရူရွှယ် သဘာ၀အတိုင်း တုံ့ဆိုင်းနေမိမှာ အမှန်ပင်။

ယခုတော့ လင်းရီ တစ်ဦးတည်းကသာ ဤပြဿနာကို ဖြေရှင်းနိုင်ပြီး သူမ၏ ကယ်တင်ရှင် ဖြစ်ဖို့သာလျှင် များသည်။

"အဓိက ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီခြောက်ခုက တစ်ဖက်သတ်ဈေးကို ကြေညာလိုက်ပြီဆိုတော့ သူတိူ့ရဲ့ ကြေညာ‌ချက်က အထမြောက်သွားပြီလား...."

"မအောင်မြင်သေးဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့် အထမြောက် မမြောက်က မနက်ဖြန် ထွက်လာမယ့် ‌ညှိုနှိုင်းဆွေးနွေးမှုရလဒ်အပေါ် မူတည်နေလိမ့်မယ်...သေချာဖို့တော့ များတယ်...."

"သူတိူ့က ဆေးဈေးနှုန်းတွေနဲ့ လာခြောက်မှတော့ ငါတို့ကလည်း အကြီးကြီး ပြန်ကစားပေးကြတာပေါ့...."လင်းရီ ပြောလိုက်ပြီး "သူတိူ့နဲ့ အဆက်အသွယ်တွေအားလုံး ဖြတ်တောက်ပစ်ဖို့ အမိန့်ပေးလိုက်..."

"မရဘူး..."လျန်ရူရွှယ်ပြောလိုက်ပြီး "ပြည်နယ်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ပြည်ပက ဆေးသွင်းကုန်တွေကို ထိန်းချုပ်ထားတာ...ပြည်တွင်း ရေးဌာနက ၀င်ရောက်စွက်ဖက်ဖို့ အခွင့်အရေးမရှိဘူး...."

"ဒါပေမယ့် ငါ့ရဲ့ ကျိုးဟိုင်ဘက်ကတော့ ဒီရဲ့ ဆေးဝါးတွေကို ဆက်မတင်သွင်းဖို့ အမိန့်ပေးလိုက်လို့ရတယ်... ဒါပေမယ့် အဲ့လိုလုပ်လိုက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်း ငါ့ကို စကားပြောဖို့ ဆင့်ခေါ်လာမှာ အသေအချာပဲ..."

"မင်း အထက်က သတင်းတွေကော ဘာကြားထားသေးလဲ...သူတိူ့ ဘာလုပ်ဖို့ ပြင်ဆင်နေကြလဲ...."

ကျိုးဟိုင်မှာ မည်မျှပင် ကြွယ်၀ပြီး စွမ်းအားကြီးနေစေကာမူ ဟွာရှ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသေး၏။ ထို့ကြောင့် အထက်မှ အမိန့်များကို နာခံရမည်မှာ သဘာ၀ပင်။

"ဒီဆေးဝါးတွေ အကုန်လုံးက အရေးကြီးတဲ့ သွင်းကုန်တွေချည်းပဲ...သက်ဆိုင်ရာ ဌာနရဲ့ သဘောထားတွေက မရှင်းလင်းသေးဘူး..သူတိူ့က အရမ်းဒေါသထွက်‌နေတယ် ဆိုရင်တောင်မှ နှုတ်ဆိတ်နေမယ့် အခြေအနေရှိတယ်... အထက်ပိုင်းတွေလည်း ဘာမှ မတတ်နိုင်ဘူး...."

လင်းရီ လျန်ရူရွှယ်ကို ကြည့်လျက် ပြောလိုက်သည်။

"မင်းဘက်က ဆေးသွင်းကုန်နဲ့ ထုတ်ကုန်တွေကိုထိန်းချုပ်လို့ မရဘူးဆိုပေမယ့် အကောက်အခွန်ပိုင်းဆိုင်ရာမှာတော့ မင်းရဲ့စကားတွေက အာဏာသက်ရောက်မှု ရှိတယ်မလား..."

"အဲ့အပိုင်းက ပြဿနာ မရှိဘူး..."

လင်းရီ၏ လူယုတ်မာ အပြုံးကြီးကို မြင်တွေ့လိုက်ရတော့ လျန်ရူရွှယ် အများကြီး စိတ်သက်သာရသလို ခံစားလိုက်ရသည်။

"နင့်မှာ ဘာအကြံဉာဏ်တွေ ရှိလို့လဲ..."

"တကယ်လို့ သူတိူ့က ဟွာရှမှာ ရှိုးလာပြချင်တယ် ဆိုမှတော့ ငါတို့ကလည်း ငါတို့ရဲ့ ဆိုရှယ်လစ်စွမ်းအားကို သိအောင် ပြသပေးရမှာပေါ့..."

"‌အဆင့် A ဆေးရုံတွေ အကုန်လုံးကို ဒီရဲ့ ဆေးဝါး ၂၅ မျိုး အော်ဒါတင်တာကို တိုးမြင့်ဖို့ အမိန့်ပေးလိုက်...အော်ဒါပမာဏက ပိုပြီး ကြီးမားလေ ပိုကောင်းလေပဲ...တကယ်လို့ သူတိူ့ဘက်က ငွေကြေးမလုံလောက်ခဲ့ဘူးဆိုရင်တောင်မှ မင်းက ချေးငွေကို ခွင့်ပြုပေးလို့ရတယ်... ကုန်ကုန်ပြောမယ်ကွာ... များလေ ကောင်းလေပဲ..."

"နင်က ဈေးမတက်ခင် ပစ္စည်းတွေကို သိုလှောင်ထားပြီး နောင်ကျရင် အသုံးပြုဖို့ သိမ်းထားမလို့လား...."

လင်းရီ၏ နည်းလမ်းမှာ ယခု လောလောဆယ် ထိရောက်မှု အရှိဆုံး တုံ့ပြန်သည့် နည်းလမ်းဟု လျန်ရူရွှယ် ခံစားမိသည်။ ဟွာရှန့်တို့၏ နည်းလမ်းနှင့်လည်း ကိုက်ညီမှု ရှိလေသည်။

[TN- တ-ရုတ် လူမျိုးကိုကျ 'ဟွာရှန့်' လို့သုံးသွားပြီးတ-ရုတ်ကိုကျတော့ 'ဟွာရှ' လို့ အသုံးပြုသွားပါမယ်ခင်ဗျ (⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)]

သိူ့သော်လည်း မကြာမီ လျန်ရူရွှယ်၏ အမူအရာမှာ လေးနက် တည်ငြိမ်သွားပြန်သည်။

"ဒါပေမယ့် ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ နင်က ၀ယ်ချင်ရင်တောင် သူတိူ့က ရောင်းမှာတဲ့လား... ရောင်းခဲ့မယ်ဆိုရင်တောင်မှ အများကြီး ရောင်းပေးမှာ မဟုတ်လောက်ဘူး....သူတိူ့ဘက်က အရေးမစိုက်တာတောင် ဖြစ်နိုင်တယ်.. ဘာလို့ဆိုတော့ ငါတို့ရဲ့ ဟွာရှန့်နည်းလမ်းကို သူတိူ့ ရင်းနှီးပြီးသားလေ..."

"သူတိူ့က ငါတို့ရဲ့ နည်းလမ်းနဲ့ ရင်းနှီးပြီးသားဆိုမှတော့ ပြောင်းလဲလိုက်ကြတာပေါ့..."လင်းရီ ရယ်သွမ်းလိုက်ပြီး

"ငါတို့ဘက်က လှည့်ကွက်သာ ပီရိနေမယ်ဆိုရင် ငါတို့ နောက်ဘာဆက်လုပ်မလဲဆိုတာကို သူတိူ့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး‌လေ...."

ထိုအခိုက်အတန့်တွင်တောဘ လျန်ရူရွှယ် သူမ မျှော်လင့်ချက် ကင်းမဲ့သည့် အချိန်တိုင်း လင်းရီနှင့် စကားပြောခြင်းက သူမကို မျှော်လင့်ချက် အလင်းရောင်တို့ ဆောင်ကြဉ်းပေးနိုင်ကြောင်း ခံစားလိုက်ရသည်။

"အွန်း ဆက်ပြောပါဦး..."

"သူတို့ ထုတ်ကုန်တွေကို ဈေးမြင့်မယ်လို့ မင်းပြောထားတယ်မလား...ဒီရဲ့ ဥပဒေက အထမမြောက်သေးဘူးဆိုရင်တောင်မှ ငါတို့ အခု ၀ယ်ချင်နေတယ်ဆိုရင် သူတိူ့ ရောင်းမယ်လို့ထင်လား.... "

"သူတိူ့ ရောင်းပေးလောက်တယ်.. ဒါပေမယ့် တစ်ချိန်တည်းမှာ ဈေးတိုးပြီး ရောင်းပေးနိုင်ခြေကလည်း များတယ်...."

လင်းရီ ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "တိုးနိုင်ခြေများတာ မဟုတ်ဘူး... သေချာပေါက်ကို တိုးမှာ..."

" ဘာလို့ နင်က အရမ်းသေချာနေတာ...."

"အရင်းရှင်ဝါဒရဲ့ လွှမ်းမိုးမှုအောက်မှာ အဲ့ကောင်တွေ အကုန်လုံးက ငွေကို ဘုရားလို ကိုးကွယ်တဲ့ကောင်တွေ ဖြစ်ကုန်ပြီ....ပြီးတော့ ဆေးဝါးဈေးနှုန်းတွေ မိုးလောက်ကြီး မြင့်လိုက်မယ်ဆိုရင်တောင်မှ ဟွာရှန့်တွေက ၀ယ်ဦးမယ်ဆိုတာ သူတိူ့ တွေးထားပြီးလောက်ပြီ..ပြီးတော့ ဟွာရှန့်လူမျိုးတွေက ဒီဆေးဝါးတွေအပေါ်မှာ အများကြီး မှီခိုနေရတယ်ဆိုတာ သူတို့ သိတယ်...ဒါကြောင့်မို့ ငါတို့ ဒီလို လှုပ်ရှားလာမှာကို သူတိူ့ဘက်က သံသယမရှိမှာ အမှန်ပဲ....."

"ပြီးတော့...အဲ့တာကိုတောင်မှ နင်က ၀ယ်ချင်နေသေးတယ်ပေါ့..."

"ဒါပေါ့... ၀ယ်နိုင်သလောက် များများ ၀ယ်ထားရမယ်..."

"အဲ့တာဆို သူတိူ့ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်သွားမှာ မဟုတ်ဘူးလား....."

"မင်းက လက်တစ်ကမ်းစာလောက်ပဲ မြင်နိုင်တာကိုး.... "

လင်းရီ ထိုသို့ ပြောလိုက်သည်ကို ကြားတော့ လျန်ရူရွှယ် ကြက်သေသေသွားခဲ့၏။

"နင်ဘာကို ဆိုလိုချင်နေတာ..."

"၀ယ်ပြီးသွားလို့ သူတိူ့ ကုန်တွေ အခွန်စစ်ဆေးတဲ့ နေရာရောက်ရင် အားလုံးကို နိုင်ငံဘဏ္ဍာဆိုပြီး သိမ်းပစ်လိုက်လေ... တစ်ဘူးလေးတောင် အလွတ်မပေးလိုက်နဲ့...."

လျန်ရူရွှယ် လင်းရီပြောသည်ကို အနည်းငယ် နားလည်သယောင်တော့ရှိ၏။

သို့သော်လည်း သူ၏ နည်းလမ်းက အနည်းငယ် လွန်ကဲသလို ခံစားနေရ၏။

"မင်းမှာ သက်ဆိုင်ရာ ဌာနတွေရဲ့ ဩဇာလွှမ်းမိုးသူတွေကို ထိန်းချုပ်လို့ မရဘူးဆိုရင်တောင် ဒီရဲ့ ကုန်ပစ္စည်းတွေကို အခွန်အဖြစ် သိမ်းဖို့ မင်းမှာ အာဏာရှိတယ်..ပြီးတော့ မင်းဘက်က စွန့်စားစရာလည်း မလိုဘူး.. ဒီလိုလုပ်လို့ ဘယ်သူကမှ မင်းကို ရေနွေးကြမ်းသောက်ဖို့ လာခေါ်မှာ မဟုတ်ဘူး..... "

"ပြီးတော့စဉ်းစားကြည့်ကြည့်... နိုင်ငံတစ်၀န်းမှာ ဆေးရုံတွေ အများကြီး ရှိတယ်... သူတို့လည်း ဒီရဲ့ ဆေးဝါးတွေကို ဈေးကြီးပေးပြီး ၀ယ်ရမှာပဲ... ဘာလို့ဆို မ၀ယ်လို့မှ မရတာ..ဒါပေမယ့် ကျိုးဟိုင်မှာက ကမ္ဘာ့အကြီးဆုံး ကုန်စည်ပို့ဆောင်ရေး သင်္ဘောဆိပ်ကြီးရှိတယ်...ပြီးတော့ ကမ္ဘာ့ကူးသန်းရောင်း၀ယ်ရေး နေရာဌာနတစ်ခုလည်း ဖြစ်တယ်... ဒီလိုလုပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ နိုင်ငံတစ်၀န်း ဆေးဖြန့်ဖြူးမှုကို ထိထိရောက်ရောက်နဲ့နဲ့ ဖြတ်တောက်နိုင်သွားမယ်...ပြီးတော့ ကျိုးဟိုင်မှာ သူတိူ့ ကုန်ပစ္စည်းရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို သိုလှောင်ထားနိုင်မယ်ဆိုတော့ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား.... .”

All Chapters