ဘီယမ်ပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်တွေ
Vol. 28 Ch. 414
"ဒီလိုလုပ်တာက သူတိူ့ကို ဘာအကျိုးသက်ရောက်မှု ရှိစေမှာ..."လျန်ရူရွှယ် မေးလိုက်သည်။
"ဘာရှိရမှာ...ငါတို့က ဒီဆေးတစ်သုတ်ကို အရေးတကြီး လိုအပ်နေတဲ့သူတွေလေ.. သူတိူ့မှ မဟုတ်တာ..."
"ဒါပေမယ့် စာချုပ်မှာတော့ အချိန်အကန့်တော့ ထည့်ထားရမယ်.. ဒါမှ ရောက်ရမယ့် အချိန်ကို ကျော်သွားတာနဲ့ စာချုပ်ချိုးဖောက်တယ်လို့ ယူဆလို့ရမှာ ..."
"အဲ့တာလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး...."လျန်ရူရွှယ် သူမ ဆံပင်ကို နောက်သိူ့ သပ်လိုက်ပြီး "တကယ်လို့ တရားခွင်ထဲရောက်မယ်ဆိုရင် ဒါတွေက အကြွေးတွေ ယူထားတာလေ.... သူတိူ့ကို ငွေကြေးဆုံးရှုံးမှု ရှိအောင် လုံး၀လုပ်လို့ရမှာ မဟုတ်ဘူး..."
"မလောနဲ့ဦးလေ... ခုကမှ မင်းရဲ့ အရည်အချင်း အစစ်တွေကို ထုတ်ပြရမယ့် အချိန်ပဲ... "လင်းရီ ပြောလိုက်ပြီး "မင်း စဉ်းစားကြည့်ကြည့်... သူတိူ့ရဲ့ ဆေးဝါးတွေက တစ်ခုခု ပြဿနာရှိနေလို့ ငါတို့က ပစ္စည်းတွေကို ထိန်းသိမ်းထားတယ်ဆိုပြီး အကြောင်းပြချင် ပေးလိုက်မယ်ဆိုရင်.... ဘယ်လိုပြောရမလဲ...ဒါ သူတိူ့အတွက် သတင်းဆိုးကြီးပဲမလား...."
"ဒုတိယ အနေနဲ့ သူတိူ့ဘက်က ပစ္စည်းတွေကိုအချိန်မှီ မပို့နိုင်ဘူး...သူတိူ့ဘက်က ငွေကြေး မဆုံးရှုံးဘူး ဆိုရင်တောင်မှ ငါတို့ဘက်က ကျိုးကြောင်းဆီလျော်ပြီးသားလေ....ဒါက ဘာပြောချင်တာလဲဆိုတော့ သူတိူ့အတွက် ပိုပြီးဆိုးတဲ့ သတင်းကြီး မဟုတ်ဘူးလား..."
"တတိယ အနေနဲ့ ငါတို့ သူတိူ့ရဲ့ ကုန်ပစ္စည်းတွေကို ထိန်းသိမ်းပြီးတော့ စစ်ဆေးတယ်... ဒါက ဘာကို ကိုယ်စားပြုလဲ...ငါတို့ရဲ့ တည်မြဲတဲ့ လုပ်ပိုင်ခွင့်ကို ကိုယ်စားပြုနေတာပဲ မဟုတ်ဘူးလား. "
"သူတို့က ကမ္ဘာ့ထိပ်တန်း ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီကြီးတွေ ဖြစ်နေတယ်ဆိုရင်တောင်မှ ဟွာရှလိုမျိုး အင်အားကြီးနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် ဘယ်သူ့ရဲ့ စကားက ပိုပြီး အရေးပါမယ်လို့ ထင်လဲ....စကားတွေ အများကြီး ပြောဖို့ မလိုလောက်တော့ဘူးထင်တယ်...."
"မင်းသာ အဲ့ဒီ သတင်းတွေ လွင့်လိုက်မယ်ဆိုရင် သူတို့ရဲ့ စတော့ တန်ဖိုးတွေ တစ်၀က်လောက် ထိုးကျသွားမယ်ဆိုတာ ငါ အာမခံရဲတယ်...အဲ့လိုဆို အနောက်ဥရောပနဲ့ အမေရိကရဲ့ ငွေကြေးစီးပွားရေးကို လှုပ်ခါသွားစေပြီးထိတ်လန့်သွားစေလိမ့်မယ်.."
လျန်ရူရွှယ် အံ့ားသင့်သွားခဲ့သည်။ လင်းရီ ကစားနေတာက သိပ်မကြီးလွန်းဘူးလားဟ....
သို့သော်လည်း လျန်ရူရွှယ် မသိသေးသည်မှာတော့ ယခုမှ အစပြုရုံသာ ရှိသေးသည်ဆိုသာပင်။
"ဥရောပနဲ့ အမေရိကရဲ့ အခြေအနေက ဟွာရှနဲ့ကွဲပြားတယ်.. အမေရိကကိုပဲ ဥပမာထားကြည့်လိုက်..သူတိူ့ရဲ့ နှစ်စဉ် ရင်းနှီးမြုပ်နှံသူတစ်ယောက်ချင်းဆီက ရတဲ့ ငွေပမာဏက ဒေါ်လာ ခုနစ်သောင်းရှိတယ်ဆိုပါစို့...ဒါပေမယ့် တစ်ယောက်ချင်းဆီက ရတဲ့ အတိုးနှုန်းက ဒေါ်လာ တစ်သိန်းတစ်သောင်းလောက်ရှိတယ်...ငါတို့ရဲ့ ရှေးစကားတွေ အတိုင်းဆိုရင် အသက်ရှင်ဖို့ ငွေချေးပါ ဆိုတဲ့ စကားအတိုင်းပေါ့... "
"တကယ်လို့ ငါတို့သာ ဒီလို လုပ်လိုက်မယ်ဆိုရင် သူတိူ့ရဲ့ စတော့တန်ဖိုးတွေ အကြီးအကျယ် ကျဆင်းသွားမယ်... အဓိက ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီ ခြောက်ခုကတော့ ငါတို့ သူတို့ရဲ့ ဆေးဝါးတွေကို မ၀ယ်ယူတော့ဘူးဆိုရင် စက်ရုံတွေကို သေချာပေါက် ထုတ်လုပ်မှု လျော့နည်းဖို့ တွန်းအားပေးရတော့မှာ...ဒါက ဘာအဓိပ္ပာယ်လဲဆိုရင် သူတိူ့ရဲ့ အလုပ်သမားတော်တော်များများကို ထုတ်ပယ်လိုက်ရပြီး အလုပ်လက်မဲ့ ဖြစ်သွားစေနိုင်တယ်... ဒီရဲ့ ကိစ္စက ဘယ်လိုမျိုး ကသောင်းကနင်းတွေ ဖြစ်သွားစေမယ်လို့ မင်းထင်လဲ....ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာမယ်ဆိုတာ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး....ဒီတော့ လိပ်ပြာလေမုန်တိုင်းလို ဖြစ်လာပြီး နောက်ဆုံး ကမ္ဘာ့စီးပွားရေးကို လှုပ်ခါသွားမယ့် သတင်းတစ်ပုဒ်ဖြစ်သွားစေလိမ့်မယ်..."
"ပြီးတော့ ဒီမှာ အရေးအကြီးဆုံး အချက်တစ်ချက် ကျန်သေးတယ်.. ဒီနှစ်က ရွေးကောက်ပွဲနှစ်....အဘိုးကြီး ချွမ်းက ကိစ္စတွေကို ယောက်ယပ်ခပ်စေချင်မယ်လို့ ထင်လား... ဒါမှမဟုတ် တတ်နိုင်သမျှ မြန်မြန် တည်ငြိမ်စေချင်မယ်လို့ ထင်လား.... "
"ဒီလိုမျိုး ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် ကိစ္စတွေက ငါတို့ လက်ထဲမှာပဲ ရှိတယ်မဟုတ်ဘူးလား..."
လျန်ရူရွှယ် လင်းရီကို စူးစိုက်ကြည့်နေမိသည်။ သူမ သာမန် စဉ်းစားနေသည့် ကိစ္စမှာ လင်းရီ ထောက်ပြလိုက်သည့် အခါမှ ကွင်းဆက်ကို မည်မျှပင် ပြောင်းလဲနိုင်ကြောင်း သတိပြုမိသွားတော့၏။
ထို့ပြင် ထိုကိစ္စ အားလုံးမှာလည်း ဖြစ်နိုင်ချေ ရှိသည်ဟု ယူဆရ၏။
"ငါ နင် ခုလေးတင် ပြောသွားတဲ့ အရာအားလုံးကို သဘောတူတယ်... သူတိူ့ ဒီ အတွက် ကြီးကြီးမားမား ပေးဆပ်ရမှာတွေ ရှိတယ်... ဒါပေမယ့် ငါတို့ဘက်ကလည်း ပေးဆပ်ရမှာပဲလေ..."
လျန်ရူရွှယ် သူမ ထိုင်နေသည့် ပုံစံကို တစ်မျိုးပြောင်းလိုက်ပြီး "သူတိူ့ အားလုံးက စီးပွားရေးသမားတွေ ... အကျိုးအမြတ်အတွက်ပဲ ဂရုစိုက်တာ...သူတို့ဘက်က တစ်နှစ်လောက် အထိ တောင့်ခံနိုင်ရင် တောင့်ခံနိုင်လိမ့်မယ်.. ဒါပေမယ့် ငါတို့ရဲ့ သာမန်ပြည်သူတွေကတော့ တောင့်မခံနိုင်ဘူး... အချိန်အကြာကြီး နွှဲရမယ့် စစ်ပွဲကို တိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...."
လင်းရီ လျန်ရူရွှယ်ကို မီးတို့ ဟုန်းဟုန်းတောက်နေသည့် အကြည့်ဖြင့် ကြည့်၍ "ဒါဆို မင်းငါ့ကို ယုံကြည်ဖို့ ဆန္ဒရှိလား....ငါ့မှာ ဒီရဲ့ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှိတယ်.. ဒါပေမယ့် ခုလောလောဆယ်တော့ ပြဿနာတစ်ချို့ ရှိနေသေးလို့ မင်းကို တိကျတဲ့ အဖြေတစ်ခုတော့ မပေးနိုင်သေးဘူး...ငါ့ကို အချိန်တစ်ညပေး ... ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးမယ်...."
"ငါနင့်ကို ယုံတယ်...."
"အဲ့တာဆို ငါ့ကို အဲ့ဒီ ဆေးဝါးကုမ္ပဏီ ခြောက်ခုရဲ့ နာမည်ရယ်... သူတို့ ဈေးနှုန်းမြင့်မားဖို့ စီစဉ်နေတဲ့ ဆေးအမည်တွေ.. ပါ၀င်ပစ္စည်းတွေ.. အကျိုးသက်ရောက်မှုတွေ...အားလုံးကို တစ်စုတစ်စည်းတည်း လိုချင်တယ်.. ငါ့ဆီ ပို့ပေးလိုက်..."
"ပြဿနာ မရှိဘူး... ငါခုပဲ တစ်ယောက်ယောက်ကို စီစဉ်ထားခိုင်းလိုက်မယ်...."
"ကောင်းပြီလေ... အဲ့တာဆို ခု ဆွေးနွေးတာကို ဒီမှာတင် ရပ်ကြတာပေါ့....."
နှစ်ယောက်သား မတ်တပ်ရပ်လိုက်ပြီး စတားဘက်ခ်ထဲမှ အတူထွက်လာခဲ့ကြ၏။ လျန်ရူရွှယ်၏ Audi ရှေ့တွင် ရပ်ရင်း လင်းရီက "ငါပြောထားတာကို အရင်လုပ်ပေး... မြန်လေ ကောင်းလေပဲ..."
သူမ တံခါးကို ဖွင့်လိုက်ပြီး လင်းရီကို ကြည့်ကာ "ဘီလီယမ်ချီတဲ့ ပြည်သူတွေရဲ့ အသက်က ရှင့်အပေါ် မူတည်နေတာနော်... မကျရှုံးစေနဲ့..."
လင်းရီ လျန်ရူရွှယ်၏ ပခုံးကို ပုတ်လိုက်ပြီး "မပူနဲ့...ငါက ဒီလိုကိစ္စတွေကိုတော့ ဟာသ မလုပ်တတ်ဘူး..."
လျန်ရူရွှယ် ခေါင်းညိမ့်ပြီး ထွက်ခွာသွားတော့၏။
လမ်းတွင်တော့ သူမ လင်းရီ၏ စကားလုံးများကို ပြန်လာ် နားယောင်ရင်း အဖက်ဖက်မှ သုံးသပ်ကြည့်နေလေသည်။
ယခု သူမတွင် တခြားပြေးစရာမြေ မရှိပေ။ သူမ မှီခို၍ ရသည့် တစ်ဦးတည်းသောလူမှာလည်း လင်းရီ တစ်ယောက်တည်းသာ။
နောက်ဆုံးထွက်လာမည့် ရလဒ်နှင့် စပ်လျဉ်း၍ကတော့ သူမတွင်လည်း အကြံဉာဏ် မရှိပေ။
မိုးမျှော်တိုက်ကြီးတစ်ခုလုံး မီးစွဲသည့် အဖြစ်နှင့် ဆင်တူလေသည်။ သင်က ခေါ်မိုးထိပ်ဆုံးတွင် ရပ်နေပြီး တစ်စုံတစ်ယောက်မှ သင့်ကို အောက်သို့ ခုန်ချခိုင်းပြီး သူတို့ ဖမ်းပေးမည် ပြောသည်။ သို့သော်လည်း သင်ငုံ့ကြည့်လိုက်သည်အခါ မည်သူ့ကိုမျှ မမြင်ရပါ။ ထိုအခြေအနေတွင် သင် ခုန်ချလိမ့်မည်လော။
ယခု လျန်ရူရွှယ် ရင်ဆိုင်နေရသည့် ပြဿနာမှာလည်း ထိုကဲ့သို့ပင်။
သူမတွင် အခြားနည်းလမ်း မရှိတော့ချေ။
ထို့ကြောင့် သူမ မျက်စိစုံမှိတ်၍ ခုန်ချဖို့သာ တတ်နိုင်လေသည်။
.....
ဆေးရုံသို့ ပြန်ရောက်သည့်အချိန်တွင် လင်းရီအရေးပေါ်ဌာနသို့ ပြန်မသွားပဲ ထိုအစား သူ၏ ကားဆီသို့ ပြန်လာခဲ့ပြီး ဘာဆက်လုပ်ရမည်ကို စတင် အစီအစဉ် ရေးဆွဲလေသည်။
ပထမဦးဆုံး လင်းရီ ကျောက်တုန်းမေကို ဖုန်းဆက်ပြီး ဆေးဝါးအခြေအနေအကြောင်း မေးမြန်းလိုက်၏။
အားလုံး အဆင်ပြေနေသည်ကို ကြားသိရတော့ လင်းရီ ချက်ချင်း ၀မ်းသာသွားခဲ့သည်။
'မနက်ဖြန် မနက်ဆိုရင် ဆေးနဲ့ ဆေးမှတ်တမ်းက ငါ့လက်ထဲမှာ အသင့်ဖြစ်နေလောက်ပြီ....'
သို့သော်လည်း ဖုန်းထဲတွင်တော့ ကျောက်တုန်းမေမှ လင်းရီကို သူမ ပြုလုပ်ထားသည့် ဆေးအား မည်သူ့ကိုမျှ ပေးမသုံးရန် ထပ်ခါတလဲလဲ မှာကြားသွားခဲ့သည်။
လင်းရီ သူမစိုးရိမ်နေသည်ကို နားလည်ပေသည်။ ထို့ကြောင့် သူသဘောတူလိုက်၏။ စည်းမျဉ်းက စည်းမျဉ်းပင်။
သူ့ အစီအစဥ်၏ အဓိကကျသည့် ခြေလှမ်းကို အတည်ပြုပြီးနောက် လင်းရီ စိတ်သက်သာရာ ရသွားခဲ့သည်။
နောက်ထပ် ခြေလှမ်းကတော့ ယခု ပြဿနာ၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို သေချာကိုင်တွယ်ဖြေရှင်းရန်ပင်။
မကြာမီ ဆေး ၂၅ မျိုး၏ အချက်အလက်အားလုံးတို့မှာ လင်းရီဖုန်းထဲသိူ့ ရောက်ရှိလာခဲ့၏။
လင်းရီ ဖုန်းကို ဖွင့်လိုက်ပြီး ချောင်ကျင်းချိုးထံ ခေါ်ဆိုလိုက်သည်။
"ဥက္ကဌလင်းက ကျွန်မကို ဖုန်းခေါ်လာတယ်ဆိုတော့ ထူးထူးဆန်းဆန်းပါလား..."
လင်းရီ ဖုန်းခေါ်လာမှန်း သိတော့ ချောင်ကျင်းချိုး၏ လေသံမှာ ဆက်ဆီဆန်ခြင်း မရှိတော့ပဲ ပို၍ အေးစက်သွားခဲ့၏။
"ဒါရိုက်တာချောင်က အခု ရုံးခန်းမှာလား.. မဟုတ်ဘူးဆိုရင် ချက်ချင်းပြန်သွားလိုက်.. ကျုပ် ခင်များ အကူအညီကို လိုအပ်နေတယ်..."
"ဟက်... ဒီလောက်ထိ အဆက်အသွယ်တွေ ပေါကြွယ်၀နေတဲ့ ဥက္ကဌလင်းက ဘာလို့ ကျွန်မ အကူအညီကို လိုအပ်မှာ...."
"အဲ့လောက်ကြီးလည်း ထေ့ငေါ့နေစရာမလိုပါဘူး... ခင်များ လက်တွဲ မလုပ်ချင်တော့ဘူးဆိုရင်လည်း ပြောလိုက်... ကျုပ် ငွေတွေ အကုန် ပြန်ထုတ်လိုက်မယ်... ဟွာရှမှာ PR ကုမ္ပဏီက ခင်များ တစ်ခုတည်း ရှိတာမဟုတ်ဘူး... "
"နင် ဘယ်လိုတောင် ပြောဝံ့တာလဲ..."
"ကျုပ်မှာ ရန်ဖြစ်နေဖို့ အချိန်မရှိဘူး...ခင်များအတွက် လုပ်စရာ တစ်ခုရှိတယ်... လုပ်ချင်လား မလုပ်ချင်ဘူးလား...."
ဖုန်းထဲမှ ဖြစ်သော်လည်း လင်းရီ ချောင်ကျင်းချိုး၏ လုံး၀န်းဖောင်းကြွနေသည့် ရင်ဘက်ထုကြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသည့် လေသံကို ကြားနေရလေသည်။
"ကျွန်မခု ရုံးခန်းမှာ... လာတွေ့လှည့်..."
ထို့နောက် ဖုန်းချသွားခဲ့၏။ လင်းရီ တီးတိူးရေရွတ်လိုက်သည်။
"ငါ ဒီလောက် ပြောထားတာတောင်မှ သာမန် လေသံနဲ့ ပြောနိုင်တယ်ဆိုတော့ အရည်အချင်းတစ်ချို့ ရှိတယ်လို့ ပြောရမယ်..."
ထို့နောက် လင်းရီ သူ့ကားကို စက်နှိုးကာ အစီအစဉ်၏ နောက်ထပ် ခြေလှမ်းတစ်ခုအတွက် ချောင်ကျင်းချိုး၏ ဖုန်းလန် ယဉ်ကျေးမှု မီဒီယာသိူ့ ဦးတည်လိုက်လေသည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် လင်းရီ ချောင်ကျင်းချိုး၏ ရုံးခန်းထဲသို့ ရောက်လာခဲ့ပြီး သူမ၏ အမူအရာမှာတော့ မျှော်လင့်ထားသည့်အတိုင်း တင်းမာနေပြီး ရန်လိုသည့် အရိပ်အယောင်တို့တောင်မှဖြစ်ပေါ်နေလေသည်။
“ ဥက္ကဌလင်းက ဘာတွေများ အရေးကြီးနေလို့ လူကိုယ်တိုင် ရောက်လာခဲ့တာ…”
“ မင်းရဲ့ မေးလ်ထဲကို တစ်ချက်စစ်ကြည့်လိုက်ဦး … ငါ ဖိုင်တစ်ခု ပို့ထားတယ်… မင်းရဲ့ မီဒီယာစစ်တပ်ကို အသုံးပြုပြီးတော့ ငါရဲ့ စကားလုံးတွေကို ဖြန့်ပေးရမယ်…”
“ ဘယ်လို သတင်းတွေ ဖြန့်ပေးရမှာ…”
“ ဒါပေါ့ သတင်းအတုတွေပေါ့….” လင်းရီပြောလိုက်ပြီး “ ဒါပေမယ့် သတင်းတွေက နည်းနည်းလေး အထူးတလည်ဖြစ်တော့ ပြည်တွင်းဆာဗာတွေကို မသုံးနဲ့… မဟုတ်ရင် မင်းကို စွန့်စားခိုင်းမိသလို ဖြစ်သွားလိမ့်မယ်…”
ချောင်ကျင်းချိုး၏ အမူအရာမှာ အေးခဲသွားခဲ့သည်။ လင်းရီ ထိုကဲ့သို့ ပြောလာလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ချေ။
သူက နိုင်ငံခြားဆာဗာတွေ သုံးပြီးတော့ ဘာတွေ လျှောက်လုပ်ဦးမလို့လဲတဲ့…
မဟုတ်မှလွဲရော ပိုးဟပ်ဝက်ဆိုဒ်တွေ ဖွင့်မလို့များလား… အဲ့တာက သူ့ကို ပိုက်ဆံ ဘယ်လောက် ရစေမှာမို့လို့လဲ….