အစ်ကိုကြီးရဲ့ IQ နဲ့ သူ့ကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး
Vol. 28 Ch. 415
“ ကျွန်မတို့ နိုင်ငံခြားဆာဗာကို တစ်ခါမှ မသုံးဖူးတော့ နည်းပညာ ဌာနနဲ့ စကားပြောကြည့်ရဦးမယ်…”
“ မင်းတို့ နိုင်ငံခြားဆာဗာကို တစ်ခါမှ မသုံးဖူးဘူးပေါ့… မင်းတို့က မရင့်ကျက်သေးတဲ့ ကောင်တွေပဲကွ….”
လင်းရီ ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး “ မင်းရဲ့ ကွန်ပျူတာကို ပေး…”
“ နင်ဘာလုပ်မလို့လဲ…”
“ အင်တာနက်ပေါ်မှာ ဖြန့်ဖို့ နိုင်ငံခြားဆာဗာ လိပ်စာတွေ ဖန်တီးပေးမလို့လေ…. အဲ့လိုလုပ်မှ အရင်းအမြစ် ဘယ်ကလာလဲဆိုတာ သူတို့မသိမှာပေါ့ဟ….”
ချောင်ကျင်းချိုး အံ့အားသင့်စွာဖြင့် အေးခဲသွားခဲ့၏။
“ နင်က Hack တတ်တယ်ပေါ့…”
လင်းရီ ချောင်ကျင်းချိုးကို ငတုံးတစ်ယောက်အလား ကြည့်လိုက်ပြီး “ ဒီတိုင်း နိုင်ငံခြားဆာဗာအတွက် လိပ်စာအတု လုပ်ရုံလေးတင်ပဲလေ… ခက်လို့လား…. လွယ်လွယ်လေးနဲ့ လုပ်လို့ရတယ် မဟုတ်ဘူးလား…”
“ မဟုတ်ပါဘူး… ကျွန်မက ဒီတိုင်း ရှင့်လိုလူမျိုးက Hacking လုပ်တတ်လိမ့်မယ်လို့ ထင်မှတ်မထားလို့ပါ…”
“ ငါက ဒီတိုင်း တီးမိခေါက်မိရုံလေးတင်ပဲ… ဟိုလိုအကြမ်းစားကြီးတော့ မဟုတ်ဘူး… ပြီးတော့ ငါက နောက်ထပ် နယ်ပယ်တော်တော်များများမှာလည်း စကေးရှိသေးတယ် … ဆိုတော့ ရေးကြီးခွင်ကျယ် လုပ်မနေနဲ့….”
လင်းရီ ချောင်ကျင်းချိုး၏ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏ ကွန်ပျူတာကို အသုံးပြုကာ စတင်အလုပ်လုပ်တော့၏။
“အဲ့ဒါဆို ရှင်ဘာတွေ သိသေးလဲဆိုတာ မေးလို့ရမလား ဥက္ကဌလင်း….”
ချောင်ကျင်းချိုး မေးမြန်းလိုက်၏။
“ ငါ လူနာတွေကို ဆေးကုသပေးနိုင်တယ်လို့ ပြောမယ်ဆိုရင် မင်းယုံမှာလား…. မင်းကြည့်ရတာ အထိုင်များပြီး ညနောက်ကျမှ အိပ်တဲ့ပုံပဲ…. ပြီးတော့ မင်းရဲ့ နှလုံးကလည်း ပြဿနာနည်းနည်းရှိနေတယ်…. ငါ့ရဲ့ ဆေးအတွေ့အကြုံတွေအရဆိုရင် မကြာခင် အန်တီလာနိုင်ခြေများတယ်… ကူကြည့်ပေးရဦးမလား….”
“ ဒီဟာသက လုံးဝ မရယ်ရဘူးနော်…”
ဖက်…
လင်းရီ သူ၏ ကတ်ပြားကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး “ ငါက ဟွာရှန်းဆေးရုံက နှလုံးအထူးကုပဲ…. အကြောင်းရှိလို့ ဆေးရုံ ရောက်ဖြစ်ခဲ့မယ်ဆိုရင် ငါ့ကို လာရှာလှည့်…”
လင်းရီ၏ တံဆိပ်ကို မြင်တော့ ချောင်ကျင်းချိုး မပျော်မရွှင် ဖြစ်သွားခဲ့သည်။
“ နင်က တကယ်ကြီး ဟွာရှန်းဆေးရုံက ဆရာဝန်ပေါ့…”
“ ငါ့ တံဆိပ်က အတုဖြစ်နိုင်ပါ့မလား… သေချာလည်းကြည့်ကြည့်လိုက်ဦး…”
ချောင်ကျင်းချိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ဒီလူက တကယ်ပဲ ဘယ်သူလဲ…
လင်းယွမ်အုပ်စုက နောက်ကွယ်က သူဌေးကြီးလား…
Sci-tech အီလက်ထရောနစ် စက်ရုံ ဒါရိုက်တာလား…
ဘယ်လို Hacking လုပ်ရမလဲဆိုတာ သိတဲ့ အိုင်တီပညာရှင်တစ်ယောက်လား….
ဒါမှမဟုတ် အသက်တွေကို ကယ်တင်နေတဲ့ ဆရာဝန်လား……
ဘယ်အထောက်အထားက အမှန်ဖြစ်ပြီးတော့ ဘယ်ဟာက အတုလဲ….
နှစ်နာရီခန့် ကြာသော် လင်းရီ ပုံရိပ်ယောင်ဆာဗာတစ်ခုကို တည်ဆောက်လို့ ပြီးစီးသွားခဲ့၏။
ထို့နောက် ချောင်ကျင်းချိုးနှင့်အတူ ‘ရေစစ်တပ်’ ငှားယမ်းခြင်းကိစ္စကို ဆွေးနွေးလေသည်။
“ သတင်းအချက်အလက်တွေကို အမျိုးသားအသုံးပြုသူတွေ များတဲ့ ဖိုရမ်တွေမှာ လိုက်ဖြန့်ရင် အကောင်းဆုံးပဲ…အဲ့တာဆို ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်…..”
အမျိုးသားတို့မှာ အမျိုးသမီးတို့ထက် တိုင်းရေးပြည်ရေးကိစ္စကို စိတ်ဝင်တစား ရှိကြသောကြောင့် လင်းရီ အမျိုးသားများကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူ့တွင်သာ အချိန်လုံလောက်ပါက မည့်သည့်အသုံးပြုသူကိုမဆို ပစ်မှတ်ထားချင်ပါသော်လည်း အချိန်မှာ ရှားပါးလွန်း၏။ ထို့ကြောင့် သူ မြန်မြန်နှင့် ထိရောက်မည့်လမ်းကိုသာ ရွေးချယ်လိုက်လေသည်။
ချောင်ကျင်းချိုး လေးနက်စွာ ခေါင်းညိမ့်လိုက်ပြီး “ နားလည်ပြီ…. ကျွန်မ နောက်ကျရင် မားကတ်တင်းဌာနနဲ့ ဆွေးနွေးပြီးတော့ ပိုပြီး ထိရောက်မှု ရှိအောင် တာဝန်ယူပေးမယ်…”
“ ဆွေးနွေးဖို့ လိုသေးတာလားဟ…” လင်းရီ ချောင်ကျင်းချိုးကို အထင်သေးစွာ ကြည့်လိုက်ပြီး “ ငါမင်းကို web portal တစ်ချို့ပေးမယ်…. အဲ့ဒီ ဝက်ဘ်ဆိုဒ်တွေကိုပဲ အာရုံစိုက်ထား…”
“ အွန်း ပြောလေ… ငါချရေးထားလိုက်မယ်…”
“LU111, SS222 , SP333 , XX444…..”
လင်းရီ တစ်ပြိုင်နက်တည်း အခုနှစ်ဆယ်ကျော်သည့် ဝက်ဘ်ဆိုဒ်များကို ရွတ်ပြသွားခဲ့ပြီး ချောင်ကျင်းချိုးကတော့ မျက်လုံးအသာ လှန်လိုက်သည်။
“ ရှင် တကယ်ကြီး ထရိုးအာမီကို ဒီရဲ့ ဝက်ဘ်ဆိုဒ်တွေပေါ်မှာ ဖြန့်ကျက်စေချင်တာ သေချာပြီလား…..”
“ အိုး… မင်းခုတော့ ဒီကိစ္စကို သတိထားမိသွားပြီပေါ့…”
“ လူကြီးကားတွေ မဟုတ်လား …. အပေါ်ယံ တစ်ချက်ကြည့်လိုက်တာနဲ့တင် ဒီလောက်ထိ သိသာနေတာကိုပဲ…” ချောင်ကျင်းချိုး ပြောလိုက်ပြီး “ နင်တို့ ယောက်ျားလေးတွေက ဒါတွေကို သိုင်းကျမ်းစုကြီးလို့ ခေါ်တာကိုလည်း သိတယ်…”
“ မင်းရင်းရင်းနှီးနှီး ရှိထားတော့ ပိုကောင်းတာပေါ့…. ငါတို့ အမျိုးသားတွေကို ပစ်မှတ်ထားနေတုန်း အမျိုးသမီးတစ်ချို့ဆီပါ ရောက်သွားနိုင်တယ်…အဲ့လိုဆို ထရိုးရဲ့ လွှမ်းမိုးမှုက ပိုပြီး ကျယ်ပြန့်လာတော့မှာ….”
ချောင်ကျင်းချိုး သူမရင်ထဲတွင် ဝမ်းနည်းမှု လှိုင်းတစ်လုံး လှိမ့်တက်လာရင်း လေးလံစွာ သက်ပြင်းချလိုက်သည်။
သူမရဲ့ အစ်ကိုကြီးရဲ့ အိုင်ကျူနဲ့ ဒီလိုလူမျိုးကို ဘယ်လိုယှဉ်နိုင်မှာလဲတဲ့…
ထိုညတွင် လင်းရီ ချောင်ကျင်းချိုးနှင့် ရုံးကိစ္စများကို ဆွေးနွေးခဲ့ပြီး ညရှစ်နာရီကျော်သည့်အခါမှသာ အပြီးသတ်နိုင်ခဲ့၏။
သို့သော်လည်း လင်းရီ ရေးသားသည့် content များက ချောင်ကျင်းချိုးကို ရင်တစ်ချက် ထိတ်သွားစေခဲ့သည်။ လင်းရီမှ ပုံရိပ်ယောင်ဆာဗာကို အသုံးပြုချင်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ယခုကဲ့သို့ သတင်းမျိုးမှာ အတော်လေးကို ထိရှလွယ်သည့် သတင်းမျိုးဖြစ်၏။ ဆိုးရွားပါက ကမ္ဘာကြီးကိုပါ လှုပ်ခါသွားစေနိုင်သည်။
သူတကယ်ပဲ ဘာတွေများ လုပ်တော့မလို့ပါလိမ့်…
…….
ကျိုးဟိုင် ကျန်းနန်စမ်းချောင်း ဟိုတယ်။
မုန့်ဟိုင်ချန်း ကျောက်ဝန်၏ အခန်းထဲသို့ ရေးကြီးသုတ်ပျာဖြင့် ဝင်ရောက်လာခဲ့၏။
ဒင်းတောင် ဒင်းတောင် ဒင်းတောင်…
“ ခဏစောင့်…”
တံခါးခေါက်သံကြားတော့ ရေချိုးခန်းထဲ၌ ရေများပြေးလွှားနေသည့် အသံမှာ ရပ်တန့်သွားခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျောက်ဝေ သူမ ကိုယ်ကို တဘက်ရှည်ဖြင့်ပတ်လျက် ရေချိုးခန်းထဲမှ ထွက်လာပြီး မုန့်ဟိုင်ချန်းကို တံခါးဖွင့်လိုက်၏။
“ ဒါရိုက်တာကျောက်… ရုံးချုပ်က အတည်ပြုစာ ထွက်လာပြီ…. ပြီးတော့ ဟွာရှကလည်း သတင်းကို လက်ခံပြီးသွားပြီ… ဈေးတိုးမယ့်အချိန်ကျမှ ကျွန်တော်တို့သူတို့ကို အစီရင်ခံလိုက်ရုံပဲ….”
စီးကရက် တစ်လိပ်ကို သာမန်ကာလျှံကာ မီးညှိရင်း ကျောက်၀န်၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ ပို၍ ပီပြင်လာခဲ့၏။
"လျန်ရူရွှယ်က ကိုယ့်ကိုယ်ကို တော်လှပြီ မှတ်နေတာ..သူရဲ့ ကိုယ်ပိုင်ခွန်အားကို နားမလည်ပဲနဲ့များ ငါတို့နဲ့ လာရှုပ်ချင်နေတယ်လား.... Pfizerကိုသေးနုပ်တဲ့ အရာလို့ အောက်မေ့နေလား မသိဘူး......."
"ကျွန်တော်လည်း အဲ့အတိုင်းပဲ ထင်တယ်.. သူတိူ့ရဲ့ အပြုအမူတွေက နှမ်းစေ့ရချင်လို့ ဖရဲသီးကို လွင့်ပစ်သလိုမျိုးပဲ...တကယ်လို့ ကျွန်တော်တို့ရဲ့ ဈေးနှုန်းကိုသာ သဘောမတူဘူးဆိုရင် ဆုံးရှုံးမှုတွေက သူတိူ့ကို ဆီးလို့ ကြိုနေတော့မှာပဲလေ...."မုန့်ဟိုင်ချင်း ပြောလိုက်သည်။
"မနက်ဖြန်ဆိုရင် ဒုတိယအကြိမ်မြောက် ဆေးဝါးညှိနှိုင်းရေး စတင်တော့မယ်...ဟမ့်..သူတိူ့ ဘယ်လိုတွေ ဆွေစနွေးမလဲဆိုတာကို ကြည့်ကြသေးတာပေါ့...."
"အခု ဈေးနှုန်းတို့မြင့်မှုက ပထမအကြိမ် ညှိနှိုင်းမှု ကျဆုံးလို့ ဖြစ်တယ်ဆိုတာ သူတို့လည်း သဘောပေါက်ပြီးလောက်ပြီ...ကျွန်တော့် အထင် သူတိူ့ ဘာမှ ဆက်မပြောတော့ပဲ ဈေးနှုန်းကို တစ်ခါတည်း သဘောတူလောက်တယ်..."
"သေချာတာပေါ့..."ကျောက်ဝေ ယုံကြည်ချက်ရှိစွာ ပြောလိုက်ပြီ "လျန်ရူရွှယ်က အရူးမှမဟုတ်တာ...သူမလည်း ဒီကိစ္စကို ဘယ်လို ဆုံးဖြတ်ရမလဲဆိုတာ နားလည်ထားပြီးသား...တကယ်လို့ သူမ သဘောမတူဘူး ဆိုရင်တောင်မှ အထက်ကြီးပိုင်းတွေက သဘောတူဖို့ ဖိအားပေးလာမှာပဲလေ...အောင်မြင်မှုက ငါတို့လက်ထဲ ရောက်နေပြီသား... "
ဒူ ဒူ ဒူ.....
နှစ်ယောက်သား စကားပြောနေစဉ် ကျောက်ဝေ၏ ဖုန်းသံ မြည်လာခဲ့သည်။
စခရင်ပေါ်တွင် လော့ရီဟု ရေးထိုးထားလေသည်။
ဗွီဒီယိုကော ခေါ်ဆိုလာသည့် သူ၏ အမည်ကိုတွေ့တော့ ကျောက်ဝေ သူမလက်ထဲရှိ စီးကရက်ကို အလျင်အမြန် အောက်ချလိုက်ပြီး သူမ၏ ရေချိုးတဘက်ရှည်ကို ကျနအောင် ပြင်ကာ ဗွီဒီယိုကောကို လက်ခံလိုက်၏။
"ဥက္ကဌလော့ရီ... ကျွန်မကို ဘာညွှန်ကြားစရာများ ရှိလို့ပါလဲ..."
ဖုန်းတစ်ဖက်တွင်တော့ ခေါင်းတုံးနှင့် လူမည်းကြီးတစ်ဦးမှ မိနိ့မိန်ကြီး ထိုင်နေလေသည်။ သူ၏ အမူအရာမှာတော့ လွန်စွာ သွေးကြီးနေပုံပင်။
"ခုလေးတင် ဆေးဝါးကုမ္ပဏီကြီးခြောက်ခုက ငါ့ဆီ ဖုန်းခေါ်လာတယ်...သူတိူ့ ပြောလာခဲ့တာ ဟွာရှက ငါတို့ ဆေးဈေးနှုန်း တိုးမြင့်မယ့် ဆေး ၂၅ မျိုးကို ပမာဏ အကြီးစားကြီးနဲ့ ၀ယ်ယူချင်နေတယ်ဆိုပဲ...."
"ကျွန်မ ဒီလို အခြေအနေတွေကို မျှော်လင့်ပြီးသားပါ..."ကျောက်ဝေ ပြောလိုက်ပြီး "ဟွာရှက ဆေးတွေကို ဈေးမမြင့်ခင် ၀ယ်ပြီး လှောင်ထားချင်တယ်...ဒါက သူတိူ့ရဲ့ ပုံမှန်နည်းလမ်းပဲ...ဒီလိုဆိုရင် ဆေးတွေ ဈေးမြင့်သွားတဲ့ အချိန်ကျ ပိုက်ဆံချွေတာ နိုင်သွားမယ်လေ.....ဒီလိုမျိုး မဖြစ်လာစရာ အကြောင်းကိုမရှိတာ...."
"ငါ သူတိူ့ကို မူရင်းဈေးအတိုင်း မရောင်းပဲနဲ့ တိုးမြင့်ပြီး ရောင်းပေးလိုက်ဖို့ ပြောလိုက်တယ်.. ဒါကိုတောင်မှ ဟွာရှဘက်က နှစ်ခါတောင် မစဉ်းစားပဲ တစ်ခါတည်း ၀ယ်ယူဖို့ ပြောလာခဲ့တယ်ဆိုတော့ မင်းဘယ်လိုထင်လဲ..."
"သာမန်ပါပဲ... ခုချိန် တက်နေတဲ့ ဈေးတွေက နောင်တစ်ချိန်တက်လာမယ့် ဈေးတွေနဲ့ ယှဉ်ရင်တော့ ခံသာသေးတယ်လေ.. ဒီတော့ သူတိူ့ သဘောတူတာ မဆန်းပါဘူး..."
လော့ရီ ပခုံးတွန့်လိုက်ပြီး "မင်းက ဟွာရှန့်လူမျိုး ဆိုပေမယ့် ငါ့စိတ်ထင် ဟွာရှန့်တွေဆီကနေ ငွေရဖို့ တအားလွယ်ကူနေသလိုပဲ...ငါတို့ဘက်က အကြံဉာဏ် နည်းနည်းလေးပဲ ထုတ်ရသေးတယ်...ဒါတောင် သူတိူ့က ပိုက်ဆံတွေကို တရိုတသေမဲ့ လာကမ်းပေးနေပြီ... ဒီတစ်ခေါက် သုံးလတစ်ကြိမ် စာရင်းချုပ် ရလဒ်ကတော့ကောင်းတော့မှာပဲ...."
"သေချာတာပေါ့... ဒါတွေ အားလုံးကို ကျွန်မ တွက်ချက်ပြီးသားပဲလေ..."
"အင်း.. ခုစီးပွားရေးကိစ္စ ဆက်သွားရအောင်... ဟွာရှရဲ့ စံတော်ချိန်အရဆိုရင် မနက်ဖြန် မင်းတို့ ဒုတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှာမလား... ဘယ်လိုလဲ.. အောင်မြင်ဖို့ ယုံကြည်ချက်ရှိရဲ့လား..."
"ရှိပါတယ်..."ကျောက်ဝေ ပြောလိုက်ပြိး "ဥက္ကဌ ဘာမှ စိတ်ပူစရာ မလိုဘူး... ၂၈၉ ယွမ် ဆိုတဲ့ ဈေးနှုန်းက လုံး၀ ပြောင်းလဲမှာ မဟုတ်ဘူး... ကျွန်မ အေးအေးဆေးဆေးနဲ့ အဲ့ဒိ ဈေးနှုန်းကို ရအောင် လုပ်နိုင်တယ်..."
"ဘာပြောလိုက်တယ်... ကုမ္ပဏီရဲ့ မူရင်းဈေးက ၁၆၇ ယွမ်လေ.. မင်းက ၂၈၉ ယွမ်နဲ့ ရောင်းမယဆိုတော့ လုံး၀ မယုံကြည်နိုင်စရာပဲ.. ...."
" ဘယ်သူကမှ ကျွန်မထက်ပိုပြီးတော့ ဟွာရှရဲ့ ဈေးကွက်ကို မသိဘူးလေ.. ဒီဈေးနှုနိးက ဘာမှ အံ့အားသင့်စရာ မရှိသေးဘူး......"
"ဟားဟား... အရမ်းကောင်းတယ်..."လော့ရီ ပြောလိုက်ပြီး " ဒါပေမယ့် ငါစဉ်းစားပြီးသွားပြီ...သူတို့က ၂၈၉ ယွမ်ဆိုတဲ့ ဈေးနှုန်းကို လက်ခံရင်တောင်မှ ကုမ္ပဏီခြောက်ခုကို ဈေးပြန်ချဖို့ မပြောတော့ဘူး.. ဘာလို့ဆိုတော့ ဟွာရှကနေ ငွေတွေက သောက်ရမ်းသိမ်းလို့ကောင်းတယ်လေကွာ....”