ဆောတီးပဲကွာ... ငါကျိန်ဆဲမိပြန်ပြီ...
Vol. 28 Ch. 416
"ကျွန်မလည်း ဒါက ဖြစ်နိုင်ခြေများတယ်လို့ ထင်တယ်...ဆိုတော့ တခြား ကုမ္ပဏီတွေကို ဟွာရှက တင်သွင်းလာတဲ့ အော်ဒါတွေကို တတ်နိုင်သမျှ လက်ခံထားခိုင်းလိုက်ရင် ကောင်းမယ်...စီးပွားရေးလုပ်တယ်ဆိုမှတော့ ပိုက်ဆံ မယူချင်လို့ ဘယ်ရမှာလဲ ဟုတ်တယ်မလား..."
"ကောင်းပြီ... ငါမင်းပြောတဲ့ အတိုင်း လုပ်လိုက်မယ်...ပြီးတော့ ငါမင်းအတွက် ရာထူး အသစ်တစ်ခု ပြင်ထားပေးတယ်... မင်းပြန်လာတဲ့ အချိန် လာယူလှည့်...."
"ခုလို ယုံကြည်ပေးတဲ့ အတွက် ကျေးဇူးပါ ဥက္ကဌရီ...."
"ခုချိန် ဟွာရှမှာ မှောင်နေလောက်ရောပေါ့... မနှောင့်ယှက်တော့ဘူး... ငါမနက်ဖြန် မင်းဆီက သတင်းကောင်းကို စောင့်မျှော်နေမယ်..."
"ဟုတ်ကဲ့ပါ...."
ဖုန်းချပြီးနောက် ကျောက်ဝေ ထရပ်လိုက်သည်။
"ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး.. U.S ကို ပြန်ဖို့ လေယာဉ် လက်မှတ်နှစ်ခု ဘွတ်ကင်လုပ်ထားလိုက်တော့...."
"နားလည်ပါပြီ ဒါရိုက်တာကျောက်...."မုန့်ဟိုင်ချင်း လေးစားစွာဖြင့် ပြောလိုက်သည်။
"အိုး ဒါနဲ့ ဒါရိုက်တာကျောက်... တစ်ခုကျန်နေသေးတယ်.... ကျွန်တော် တင်ပြဖို့ မေ့နေတာ... ဆေးဝါးအကဲဖြတ် ကျွမ်းကျင်သူတွေက ဆွေးနွေးညှိနှိုင်းနေတုန်း ကျွန်တော့်ဆီ ဖုန်းခေါ်လာခဲ့တာ အကြိမ်ပေါင်း မနည်းဘူး...သူတို့ သိချင်နေတာက သူတို့ရဲ့ အကျိုးအမြတ်တွေ လျော့ခံရမှာလားဆိုတာပါ..."
"သူတိူ့ရမယ့် ပိုက်ဆံတွေကို မလျော့ဘူးလို့ပြောလိုက်... ငါတို့ နောက်ကျရင်လည်း သူတို့ကို အသုံးချဖို့ လိုအပ်နေသေးတယ်...ဆိုတော့ ကပ်စေးနည်းမနေနဲ့..."
"နားလည်ပါပြီ ခင်ဗျ..."
ကျောက်ဝေ ခေါင်းငြိမ့်လိုက်ပြီး "နင်လည်း ပြန်ပြီး အနားယူတော့လေ... လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ထားဖို့လည်း မမေ့နဲ့..."
"ကောင်းပါပြီဗျ..."
နှုတ်ဆက်ပြီးနောက် မုန့်ဟိုင်ချင်း ထွက်သွားခဲ့သည်။
ကျောက်ဝေကတော့ သူမ၏ တဘက်ရှည်ကို ချွတ်ကာ အနားယူရန် ပြင်ဆင်လေသည်။
သိူ့သော်လည်း ထိုအခိုက်အတန့်တွင် သူမ၏ ဖုန်းသံမှာ တစ်ဖန် ပြန်မြည်လာခဲ့၏။
"ဒါရိုက်တာကျောက်... အနားယူနေပြီလားဗျ...."
ခေါ်ဆိုလာသူကတော့ တခြားသူမဟုတ်ပဲ ဖန်ချီနန်သာ။
"အနားယူမလို့ပဲ...ဒါရိုက်တာဖန်က ဘာကိစ္စရှိလို့...."
"အရေးကြီးတာတော့ မဟုတ်ပါဘူး..."ဖန်ချီနန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျွန်တော် လှေတစ်စင်း ဘွတ်ကင်လုပ်ထားပြီးတော့ ဥက္ကဌကျောက်ကို ကျန်းကျင်းဆီ ညစာစားဖို့ ဖိတ်ခေါ်ချင်လို့ပါ... ကျွန်တော့်မှာ အဲ့ဒီဂုဏ်ကျက်သရေကို ပိုင်ဆိုင်ခွင့်ရှိမလား မသိဘူး..."
"ကျွန်မ အားတော့နာပါတယ်ရှင်.. ရှင့်ကို စိတ်ပျက်စေရတော့မယ်... မနက်ဖြန်ကျရင် ဒုတိယအကြိမ် ဆွေးနွေးညှိနှိုင်းပွဲရှိတယ်ဆိုတော့ ကျွန်မ စောစော အနားယူမှ ဖြစ်မှာမို့လို့ပါ...."
"ဥက္ကဌကျောက်က ယဉ်ကျေးလွန်းနေပါပြီ... "ဖန်ချီနန် ပြောလိုက်ပြီး "ဥက္ကဌကျောက်က အနားယူချင်နေပြီ ဆိုမှတော့ ကျွန်တော် ဖုန်းထဲကနေပဲ လှမ်းမေးလိုက်တော့မယ်...."
“ မေးလေ…. “
“ အဓိက ဆေးဝါးကုမ္ပဏီကြီးခြောက်ခုက ဆေး 25 မျိုးရဲ့ ဈေးနှုန်းတွေကို တိုးမြင့်တော့မယ်လို့ သတင်းကြားမိလို့ အဲ့တာ အမှန်ပဲလားဗျ…”
“ ဒါရိုက်တာဖန်… ရှင် ဒီမေးခွန်းကို လူမှားမေးနေပြီထင်တယ်…” ကျောက်ဝေ ပြောလိုက်ပြီး “ ဖန်မိသားစုက ကျိုးဟိုင်မှာ ဆယ်စုနှစ်တစ်ခုလောက်အထိမိသားစုကြီး အဖြစ် ရပ်တည်နေတာလေ… ကျွန်မလို အမေရိကားက သာမန်ထိပ်ပိုင်း အရာရှိ တစ်ယောက်က ဒီလိုသတင်းမျိုးကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ…”
“ ကျူပ်လည်း ဒီကိစ္စက တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရလို့ပါ…. ဘာပဲပြောပြော ဒါကြီးက တအားတိုက်ဆိုင်လွန်းတယ်လေ….”
“ကျွန်မ တကယ်ကြီး မသိလို့ပါ… စိတ်မရှိပါနဲ့ရှင်….”
“ဒါရိုက်တာကျောက်က ဒီမေးခွန်းကို မဖြေနိုင်ဘူးဆိုမှတော့ ကျုပ်တခြားတစ်ခု မေးလို့ရမလား…” ဖန်ချီနန် ပြောလိုက်ပြီး “ မနက်ဖြန် ညှိနှိုင်းဆွေးနွေးမှုမှာ Pfizer က ဆေးရဲ့ ဈေးအပြောင်းအလဲကို ပြုလုပ်ဖို့ ရည်ရွယ်ချက်ရှိလား…”
“ ပထမတစ်ခေါက် ဆွေးနွေးညှိနှိုင်းမှုမှာတုန်းက 289 ယွမ်က ကျွန်မတို့ရဲ့ နောက်ဆုံးစည်းပါလို့ ပြောထားပြီးသားလေ…. 9.99 ယွမ်တွေ လာမပြောနဲ့… ကျွန်မတို့ဘက်က တစ်ပြားတောင် မလျော့ပေးနိုင်ဘူး…”
“ အဲ့လိုဆို စိတ်ချသွားပါပြီ… ကောင်းကောင်းအနားယူပါ ဥက္ကဌကျောက်… ကျွန်တော်တို့ မနက်ဖြန်မှတွေ့ကြတာပေါ့…”
……..
နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ ကျင်းယွဲ့ခရိုင်သို့ မောင်းနှင်လာခဲ့ပြီး ဖန်ရှင်းကော်နှင့်အတူ ဟွာရှန့်ဆေးရုံသို့ ရောက်လာခဲ့လေသည်။
ဆယ်မိနစ်ကျော်ကြာ စောင့်ဆိုင်းပြီးနောက် ကျောက်တုန်းမေ ရောက်လို့လာခဲ့၏။ သူမ လင်းရီကို အညိုရောင် စက္ကူထုပ်ဖြင့် ပတ်ထားသည့် ဆေးပုလင်းကို လင်းရီထံ ကမ်းပေးလိုက်ပြီး “ ရီလေး …. ဆေးက ဒီမှာ…. ငါနင့်ကို အကြိမ်ပေါင်းများစွာ သတိပေးပြီးသွားပြီနော်… ငါ့ကို ခက်ခဲအောင်တော့ မလုပ်နဲ့…”
“ စိတ်ချပါဗျ…. ကျွန်တော်ဘာလုပ်နေလဲဆိုတာ သိပါတယ်….”
လင်းရီ အညိုရောင်စက္ကူထုပ်ကို ဖွင့်လိုက်ပြီး မှတ်တမ်းကို တစ်ချက် ဖတ်ကြည့်လိုက်သည်။ သူမျှော်လင့်ထားသည်နှင့် လုံးဝ အံကိုက်ပင်။
ယခုမှ သူအမှန်တကယ် စိတ်ချနိုင်တော့လေသည်။
“ ဒါပေမယ့် ငါတို့အထဲမှာ ဆွေးနွေးကြည့်ရသလောက်ကတော့ ဒီရဲ့ ဆေးက ဟွာရှန့်ဆေးနယ်ပယ်အတွက် အရမ်းကောင်းမွန်တဲ့ အလားအလာတွေ ရှိတယ်…. ဒါကြောင့်မို့ ငါတို့ဒီထက်ပိုပြီး လေ့လာစမ်းသပ်ပြီးတော့ ရောဂါတွေကို စမ်းသပ်ကုသကြည့်မလို့…. အဲ့တာနင့်ရဲ့ အမြင်ကကော…”
“ ပြဿနာမရှိပါဘူး…. ကျွန်တော် နောက်ကျရင် တီချယ့်ကို ခွင့်ပြုစာရေးပေးလိုက်မယ်လေ…. ကျန်တဲ့ လုပ်ထုံးလုပ်စဉ်တွေကိုတော့ တီချယ်တို့ဘာသာ ကြည့်ကြပ်လုပ်လိုက်တော့… ကျွန်တော့်ကို မေးနေစရာ မလိုဘူး….”
“ တကယ်..” ကျောက်တုန်းမေ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပြီး “ ဒါပေမယ့် မပူနဲ့.. နင်သာ ဆေးစမ်းသပ်ခွင့်ပေးမယ်ဆိုရင် ငါတို့လည်း ဘာအကျိုးအမြတ်ကိုမှ မယူတော့ဘူး….”
“ တီချယ်ကျောက်က ကြင်နာလွန်းနေပါပြီ….ကျွန်တော်ကတော့ ဒီရဲ့မှတ်တမ်းရှိနေသရွေ့ ဘာကိုမှ ဂရုမစိုက်ဘူး….”
လင်းရီပြောရင်း သူ၏ နာရီကို ကြည့်ကာ “ တီချယ်ကျောက် ကျွန်တော် အစည်းအဝေးတစ်ခု တက်စရာရှိလို့ နောက်မှ စကားဆက်ပြောကြရအောင်… တကယ်လို့ မေးစရာရှိသေးတယ်ဆိုရင်…… နောက်မှ တွေ့ကြတာပေါ့…..”
“ အိုကေ အိုကေ … အဲ့ဒါဆို အတည်ဖြစ်ပြီနော်….”
လင်းရီ အရေးတကြီး သွားစရာရှိမှန်း နားလည်သောကြောင့် ကျောက်တုန်းမေ စကားအများကြီး မပြောခဲ့ပေ။
“ ရီလေး မင်းအရေးတကြီး သွားစရာရှိတယ်ဆိုရင် ငါ့ကို ပြန်လိုက်ပို့မနေနဲ့တော့…. “ ဖန့်ရှင်းကော်ပြောလိုက်ပြီး “ ငါတက္ကစီစီးပြီး ပြန်လိုက်မယ်…”
သို့သော်လည်း လင်းရီ ဖန့်ရှင်းကော်ကို လိုက်ပို့ဖြစ်အောင် ပို့ပေးခဲ့ပြီးမှ ဆွေးနွေးညှိနှိုင်းမှု ကျင်းပသည့်နေရာသို့ မောင်းထွက်လာခဲ့လေသည်။
သူရောက်လာသည့် အချိန်တွင်တော့ လျန်ရူရွှယ်မှ လင်းရီကို စောင့်ဆိုင်းနေပြီး ဖြစ်၏။
“ နင် အဆင်သင့်ပဲလား…..”
လင်းရီ ဘာတွေ လုပ်နေလဲဆိုတာ သူမ နားမလည်သော်လည်း မနေ့ည တစ်ညလုံး အေးဆေးနေလိမ့်မည် မဟုတ်မှာတော့ သေချာလေသည်။
"သွားစို့... ကျုပ် မိန်းကလေးလျန်ကို အံ့ဖွယ်ဖြစ်ရပ်တွေ ဆောင်ကြဉ်းလာခဲ့ပေးမယ်..."
"ဆောင်ကြဉ်းပေးမှာတော့ ဟုတ်ပါပြီ... ဒါနဲ့ ဘာဆိုင်လို့ ငါ့ခါးကို လာဖက်နေရတာ..."
"ရှေ့မှာ လှေကားထစ်ရှိတယ်လေ... ပြုတ်ကျမှာ စိုးရိမ်လို့ပါ..."
"မလိုပါဘူး.. ငါ့ခြေထောက်တွေက အကောင်းကြီး ရှိသေးတယ်... "
"အဲ့တာဆို ကျုပ်ကို ဖက်ထားပါလား.. ကျုပ်ခြေထောက်တွေက မကောင်းတော့လို့..."
"ဟွန့်... နင်က နှာဘူးကောင်ကြီးပဲ..."လျန်ရူရွှယ် လင်းရီကို ရယ်မောလိုက်ပြီး "ငါ အထဲရောက်တဲ့ အချိန်ကျရင် ဘာလုပ်ရမှာ... နင်နဲ့ စကားရှေ့နောက် ညီဖို့ကော လိုသေးလား.. ဒါမှမဟုတ် အိုက်တင်တွေ ထုတ်ရဦးမလား..."
"ဘာဆိုင်လို့.. ခုဟာက ဇာတ်ကားရိုက်မှာလဲမဟုတ်...."
လျန်ရူရွှယ်၏ စကားကို ကြားတော့ လင်းရီ ရယ်ချင်စိတ်ကို မျိုသိပ်ထားနေရပြီး "ဒီတိုင်း ပုံမှန်လေးပဲနေ... ကျန်တာကို ကျုပ်တာ၀န်ထားလိုက်..."
"ငါဘာမှ လုပ်ပေးဖို့ မလိုဘူးဆိုတာ သေချာပါတယ်နော်...."လျန်ရူရွှယ် မေးမြန်းလိုက်ပြီး "ဘာပြဿနာမှ မရှိဘူးဆိုတာလည်း ဟုတ်ပါတယ်နော်..."
"မပူနဲ့...ကျုပ်ရဲ့ စကေးတွေက ကောင်းပြီးသား... ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လိုချင်တာကို ဖြစ်အောင် ဆွေးနွေးပေးနိုင်တယ်...မိန်းကလေးလျန် စိတ်ကျေနပ်မှု အပြည့်နဲ့ ထွက်လာခဲ့ရမယ်လို့ ကျုပ်အာမခံတယ်ဗျာ..."
"အဲ့တာဆိုလည်း ပြီးရော..."
လျန်ရူရွှယ် သိချင်နေမိသည်။
လင်းရီက ဒီအခြေအနေမှာ ဘယ်လိုများ လက်တုံ့ပြန်မှာပါလိမ့်....
ဆွေးနွေးပွဲကျင်းပရာ ခန်းမထဲရှိ လေထုမှာတော့ အလွန်အမင်းသက်တောင့်သက်သာဖြစ်နေပြီး ခုံလူကြီးမင်းများမှာ ဟေးလားဝါးလားဖြင့် စကားဝိုင်းဖွဲ့နေကြ၏။ မည်သည့် ပြိုင်ဆိုင်ပြင်းထန်သိပ်သည်းကိုမျှ မြင်တွေ့မနေရချေ။
တစ်ခါတစ်ရံ သူတိူ့ ကျောက်ဝေနှင့် မုန့်ဟိုင်ချင်းနှင့်အတူ အမေရိကားရှိ အခွန်ရေးရာများကိုပင် ဆွေးနွေးလိုက်ကြသေး၏။ မသိပါက တစ်လှေတည်း စီးနေကြသည့် လူများ ဖြစ်နေသည့်အလားပင်။
ခန်းမထဲရှိ သက်တောင့်သက်သာ ဖြစ်နေသည့် လေထုအခြေအနေကို တစ်ချက်ကြည့်ရင်း ဖန်တုန်းဟွေ့ သူ့သား၏ နားထဲသို့ တီးတိုးဆိုလိုက်သည်။
"ငါ့အမြင်တော့ လွတ်လမ်းမရှိလောက်တော့ဘူး... Pfizer ကြောင့် အဓိက ကုမ္ပဏီကြီး ခြောက်ခုက ဈေးနှုန်းကို တိုးမြင့်မယ်ဆိုတာ သေချာသွားပြီ...."
"ကျောက်ဝေ ဈေးမြင့်ရဲ့တယ်ဆိုတာကလည်း သူမလက်ထဲမှာ ဒီရဲ့ကတ် ရှိနေလို့ပဲလေ..."ဖန်ချီနန် ပြောလိုက်ပြီး "ဒီလူတွေက တော်တော်လေးကို မောက်မာတာပဲ.. ဟွာရှကိုတောင်မှ အရေးတယူကြီး လုပ်မနေဘူး..."
"အရင်းရှင်တွေ အတွက်ကတော့ ငွေကြေး၊ အာဏာနဲ့ အကျိုးအမြတ်နောက် လိုက်တာက ပုံမှန်ပဲလေ..."ဖန်တုန်းဟွေ့ပြောလိုက်ပြီး "ငါတို့လည်း ဆေးတစ်ဘူးကို 289 ယွမ်နဲ့ ရောင်းရမယ်ဆိုတုန်းက စိတ်မလှုပ်ရှားကြဘူးလား...ပိုက်ဆံ ဆိုတဲ့ အရာက ကိုယ့်လက်ထဲမှာ ပိုင်ဆိုင်ထားမှ ပိုက်ဆံလို့ခေါ်တာကွ.."
"ဘာပဲဖြစ်ဖြစ်ပါကွာ.. ဒါက ငါတို့အပေါ်အကျိုးသက်ရောက်မှုရှိလာမှာ မဟုတ်ဘူး...ပိုက်ဆံသာ ရနေသရွေ့တော့ ငါတို့ဘက်က အားလူံး အိုကေပဲ..."
"ဘာပဲဆိုဆို စီးပွားရေးဆိုတာ ဒီလိုပဲလေ... ဒါကြောင့်မို့ လူကောင်းသူကောင်းတွေကလည်း စီးပွားရေးလုပ်ရင် မမြတ်ကြတာ....."
"အဲ့လိုဆိုရင်တောင်မှ ကျွန်တော် သိချင်နေမိတုန်းပဲ... ဒီရဲ့ လျန်ရူရွှယ်ဆိုတဲ့ အမျိုးသမီးက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကိုပေါ့..."
"ဘယ်လို ကိုင်တွယ်ရမှာ... ဟွာရှက လူတွေကို ဒီဆေးတွေ တင်သွင်းတာ ရပ်ဆိုင်းခိုင်းလိုက်မှာလား...ပြည်သူတွေ အသက်မရှင်ချင်တော့ဘူး ဆိုတဲ့ အချိန်ကျမှ အဲ့လိုလုပ်ရင် လုပ်နိုင်လိမ့်မယ်...."
"ကျွတ် ကျွတ် ကျွတ်... Pfizer က တကယ့်ကို အရည်အချင်းတစ်ချို့တော့ ရှိတာပဲ... ဒီလို သန်မာတဲ့ အမျိုးသမီးကိုတောင်မှ သူတို့ရဲ့ ပိုက်ဆံရှေ့မှာ ဦးညွှတ်သွားအောင် လုပ်နိုင်တယ်...."ဖန်ချီနန် သက်ပြင်းချလျက် ပြောလိုက်သည်။
"အသေအချာပဲလေ... မဟုတ်ရင် ကမ္ဘာ့ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာမယ်လို့ မင်းထင်လား..."
ထိုအချိန်တွင် လူအုပ်ကြီးမှာ အပြင်မှ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ကြရပြီး စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြ၏။
လျန်ရူရွှယ် ရောက်ရှိလာချေပြီ။
လျန်ရူရွှယ်ကို မြင်တော့ လူတိုင်း မတ်တပ်ရပ်ပြီး ဦးညွှတ် အရိုအသေ ပေးလိုက်ကြ၏။
လင်းရီ သူမဘေး၌ ရပ်နေသည်ကို မြင်သော်လည်း မြေခွေးအိုကြီးတို့၏ အမူအရာမှာ တစ်စက်ကလေးမျှပင် ပြောင်းလဲသွားခြင်းမရှိပဲ ပြုံးကြည့်နေကြသေး၏။
"သုံးရက်တောင် ရှိသွားခဲ့ပြီ... ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ လူတိုင်း ဆုံးဖြတ်ချက် တစ်ခုတော့ ချပြီးပြီလို့ ထင်ပါရဲ့... ဒါကြောင့်မို့ ခုဆွေးနွေးပွဲကို စတင်မယ်....""
လျန်ရူရွှယ် စတင်ရန် အမိန့်ပေးလိုက်ပြီး ကျောက်ဝေကို ကြည့်ကာ "ရှင့်ဘက်က ဈေးနှုန်းကို ပြောလို့ရပြီ...."
"မြို့တော်၀န်လျန်.. ကျွန်မတို့ ကျွမ်းကျင်သူတွေရဲ့ ထပ်ခါတလဲလဲ လေ့လာဆန်းမှုတွေ ပြီးတဲ့နောက်မှာ ibuprofen 60 မီလီဂရမ် တစ်ဘူးကို 289 ယွမ်ဆိုတာ ပြောင်းလဲဖို့ အခန်းကဏ္ဍ မရှိပါဘူးရှင့်..."
" သဘောက ဈေး ထပ်မပြောင်းတော့ဘူးပေါ့..."
"မှန်ပါတယ်..."
ဆွေးနွေးပွဲ ခန်းမထဲရှိလူတိုင်း အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ် ငြိမ်သက်နေကြ၏။ အပေါ်ယံတွင် တည်ငြိမ်နေကြသော်လည်း ရင်ထဲတွင်တော့ ရှိုးပွဲကောင်းတစ်ခုကို ကြည့်နေရသကဲ့သို့ အားရကျေနပ်နေကြလေသည်။
Pfizer ဘက်မှာက နည်းပညာနဲ့ အရင်းရှင်စီးပွားရေးသမားတွေ ရှိတယ်... မင်းတို့က ဘယ်လိုများ ညှိနှိုင်းကြဦးမှာ...
အကယ်၍ Pfizer ဘက်မှ ဈေးနှုန်းထပ်မမြင့်လျှင်ပင် ကံကောင်းနေပြီဖြစ်၏။သူတိူ့က အဘယ်ကြောင့် ဈေးထပ်လျှော့ရမည်နည်း။
"ခင်များတို့က သောက်ပိန်းတွေလား...."
ဟမ်...
ရုတ်တရက် ထွက်ပေါ်လာသည့် လေသံတစ်သံက ငြိမ်သက်နေသည့် လူအုပ်ကြီးကို ကျွတ်စီညံသွားစေသည်။
ဒီကောင်က ဘာခားဟ .. မြို့တော်၀န်လျန်ကတောင် ဘာမှ မပြောရသေးတာကို ဘာတွေ ၀င်လျှာရှည်နေတာ...
ပြီးတော့ ပေါက်တတ်ကရတွေလည်း ပြောနေသေးတယ်...
"ကျေးဇူးပြုပြီး စကားကို အဆင့်အတန်းရှိရှိ ပြောပါ မစ္စတာလင်း...."ကျောက်ဝေ အေးစက်သည့်မျက်နှာထားဖြင့် စကားဆိုလိုက်ပြီး "ဒါက ဆွေးဆွေးပွဲကျင်းပတဲ့နေရာ.. ဂုဏ်သရေရှိတဲ့ လူကြီးလူကောင်းတွေ အကုန် ရောက်နေကြတယ်...ရှင် စကားကို လက်လွတ်စပယ် ပြောလို့ရတဲ့ နေရာမဟုတ်ဘူး... "
ပထမ ညှိနှိုင်းဆွေးနွေးစဉ်အခါက လင်းရီ ရူးမိုက်သည့် အရာတို့ကို ပြုခဲ့လေသည်။ သို့သော်လည်း ကျောက်ဝေ သည်းခံခဲ့၏။
ယခုတစ်ခေါက် ညှိနှိုင်းမှုတွင်လည်း ထိုသိူ့ အလားတူ ပြုမူလာသည့်အခါတွင်တော့ ကျောက်ဝေ ဆက်လက် သည်းမခံနိုင်တော့ချေ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူမတို့ဘက်မှ အသာစီးရနေသောကြောင့် ရှေ့တွင် လျန်ရူရွှယ် ရှိနေသည်ကိုတောင်မှ အလေးမထားတော့ပဲ သူမ၏ ခံစားချက်တို့ကို ပြောင်ကျကျ ထုတ်ဖော်ပြောဆိုလိုက်သည်။
"အိုး စိတ်မရှိပါနဲ့.. ကျုပ်ပြောတာ နည်းနည်းလေး ရိုင်းသလိုဖြစ်သွားတယ်..."
လင်းရီမှ သူမှားကြောင်း ၀န်ခံနေသည့် အတွက် ကျောက်ဝေလည်း ဘာမျှ မပြောတော့ချေ။
သို့သော်လည်း သူမရင်ထဲတွင် လင်းရီကို စက်ဆုပ်အထင်မြင်သေးမှုတို့ ဖြစ်ပေါ်လာခဲ့၏။ ကျားက သူ့ရဲ့ ခွန်အားကို မပြပဲ ကြောင်တစ်ကောင်လို လာပြုမူနေတယ်...ဟွန့်
"ရှင် နောက်တစ်ခါ နှုတ်ထိန်းမယ်လို့ မျှော်လင့်ပါတယ်...."
"ဟုတ်ပါပြီ ဟုတ်ပါပြီ.. ကျုပ် နောက်တစ်ခါကျရင် သတိထားလိုက်ပါ့မယ်... "လင်းရီ အပြုံးလေးဖြင့် ဆိုလိုက်သည်။
"ဒါပေမယ့် ဆေးဝါးရဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ကျုပ်စကား အနည်းငယ်လောက် ပြောချင်တယ်...."
"ပြောလေ.. ကျွန်မတို့ နားထောင်နေတယ်..."ကျောက်ဝေ၏ မျက်နှာထက်တွင် မည်သည့် အမူအရာတို့မျှ ရှိမနေချေ။
"ခင်များတို့က သောက်ရူးတွေလား...289 ယွမ်ဆို ဆွေးနွေးစရာ မလိုဘူးလို့ ပြောထားခဲ့ပြီးပြီလေ.. အဲ့တာကို ခုဆွေးနွေးတော့ လခွမ်းမို့လို့ အဲ့ဒီဈေးကနေ စခေါ်ရလား သောက်ရူးတွေရ....."လင်းရီ အားပါးတရ ပြောဆိုလိုက်ပြီး "ခင်များတို့က လူလိုနားမလည်တာလား.. ဒါမှမဟုတ် ဟွာရှစကားကို နားမလည်တာလား.. ဒါမှမဟုတ် ဖားလောင်း(သုတ်) တွေကပဲ ခင်များတို့ဦးနှောက်ထဲ ၀င်သွားလို့လား...ဆောတီးပါဗျာ.. ကျုပ်ဆဲမိသွားပြန်ပြီ...နောက်တစ်ခေါက်ဆို သတိထားပါ့မယ်..."
လူတိုင်း အံ့အားသင့်သွားကြခဲ့သည်။ ငါလရှီးကို ဆောတီးပါလားကွ... မင်းက ဘုန်းကြီး ခေါင်းခေါက်ပြီး ဆောတီးလုပ်နေတယ်...
လျန်ရူရွှယ် လင်းရီကို တံတောင်ဖြင့် ညင်သာစွာ တွတ်လိုက်သည်။
'နင်စိတ်တိုနေရင်တောင်မှ သူများကို အဲ့လို မပြောရဘူးလေ...'
"မြို့တော်၀န်လျန် .. ကျွန်မတို့က ရိုးသားမှု အပြည့်နဲ့ လာခဲ့တာနော်...ဒီလူကြီးမင်းက ကျွန်မတို့နဲ့ သာမန်အတိုင်း ဆွေးနွေးညှိနှိုင်းပြီးတော့မှ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေကို မဆိုဖို့ သတိပေးစေချင်ပါတယ်..."
"အရင်ဆုံး... ကျွန်မ ရှင်တို့ရဲ့ ရိုးသားလေးနက်မှုကို ဘာလို့ မမြင်ရနေပါလိမ့်..."
"ဒုတိယအနေနဲ့ ကျွန်မ သူ့ကို ထိန်းထားမယ်...ပြီးတော့ ဆွေးနွေးပွဲကို ဆက်လုပ်ကြတာပေါ့....."
လူတိုင်း၏ မျက်မှာမှာ မည်းမှောင်သွားခဲ့ကြသည်။
' သူ့ကို ထိန်းမယ့်ရုပ်လည်း မဟုတ်ပဲနဲ့...'
"မြို့တော်၀န်လျန်.. ကျွန်မတို့ဘက်က အနိမ့်ဆုံးဈေးကို ပြောပြီးသွားပြီ.. ဒီထက်ပိုပြီး လျော့ပေးလို့မရတော့ဘူး...."
ထို့နောက် ကျောက်ဝေ ထပ်ပေါင်းပြောဆိုလိုက်၏။ "နောက်ထပ် ဈေးလျော့ဖို့ ဘယ်လိုအခန်းကဏ္ဍမှလည်း မရှိတော့ဘူး...."
လင်းရီ လျန်ရူရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး "သွားစို့.. ဒီဆွေးနွေးပွဲမှာ ဆက်နေစရာ အကြောင်း မရှိတော့ဘူး..."
လျန်ရူရွှယ် မျက်မှောင်ကြုတ်မိသွားသည်။ လင်းရီ ဘာလုပ်ချင်နေလဲဆိုတာကို သူမ နားမလည်ချေ။
သို့သော်လည်း သူမ နားထောင်ရုံသာ တတ်နိုင်လေသည်။
မည်သိူ့ပင်ဆိုစေကာမူ လင်းရီမှာ ယခုဆွေးနွေးပွဲ၏ ဦးဆောင်သူဖြစ်၏။
"မြို့တော်၀န်လျန်... ကျွန်တော်တို့ ဆက်မဆွေးနွေးကြတော့ဘူးလား...."၀မ်ရန်ရှင်း မတ်တပ်ထပြီး မေးမြန်းလိုက်၏။
"သူတိူ့ ဈေးထပ်မလျော့နိုင်တော့ဘူးဆိုရင် ဆွေးနွေးနေလည်း အပိုပဲလေ..."
ကျောက်ဝေ၏ အမူအရာမှာ သိပ်မလှချေ။ လျန်ရူရွှယ်၏ ဆုံးဖြတ်ချက်က သူမမျှော်လင့်ထားသည်ကို ကျော်လွန်နေလေသည်။
အဓိက ကုမ္ပဏီကြီးခြောက်ခုပေါင်းပြီး ကြေညာလိုက်တဲ့ သတင်းက ဟွာရှကို ရောက်ပြီးပြီမဟုတ်လား.... ဒါမှမဟုတ် သူမကပဲ မသိသေးတာလား....
သူတိူ့ ဒီလိုပဲ ထွက်သွားကြတော့မှာတဲ့လား.... လျန်ရူရွှယ်က ဒီမနက် ဆေးသောက်ဖို့ မေ့မေခဲ့လို့များလားဟ....ဘာတွေ ဖြစ်နေကြတာလဲ....
လျန်ရူရွှယ် တကယ်ကြီး ထွက်ခွာသွားသည်ကို မြင်တော့ ကျောက်ဝေ မနေနိုင်ပဲ မတ်တပ်ရပ်၍ ပြောလိုက်သည်။ "မြို့တော်၀န်လျန်... Ibuprofen ရဲ့ ဈေးနှုန်းက အချိန်တစ်ခုလောက်ထိပဲ 289ယွမ်နဲ့ ရမှာနော်...ခု ကုန်ကြမ်းခတွေက ကမ္ဘာ့အနှံ့မှာ ဈေးတွေ တက်နေကြတာ... နောင်ကျရင် ဈေးဘယ်လောက်ဖြစ်သွားမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး...ဒါပေမယ့် တကယ်လို့ ဟွာရှက အနာဂတ်မှာ Ibuprofenလိုအပ်ရင် ကျွန်မတို့နဲ့ လာဆွေးနွေးလို့ရပါတယ်... ဒါပေမယ့် အဲ့အချိန်ကျ ဒီဈေးနှုန်းနဲ့တော့ ရမှာ မဟုတ်ဘူး..."
ကျောက်ဝေ၏ စကားလုံးများက ခြိမ်းခြောက်နေသည်မှာ လုံး၀ အသေအချာကြီးပင်။ ယခုနေရာသို့ ရောက်နေကြသည့် သူတိူင်း တုံးအကြသူ တစ်ဦးတစ်ယောက်မျှ မပါချေ။ ထို့ကြောင့် လူတိုင်းက သူမစကား၏ အတိမ်အနက်ကို သဘောပေါက်ကြ၏။
လင်းရီ လက်သန်းဖြင်း နားကလော်ရင်း ဂရုမစိုက်ဟန်ဖြင့် "တကယ်တမ်းကျတော့ ကျုပ်တို့ ဒီရောက်လာတယ်ဆိုတာ ခင်များတို့ကို အခွင့်အရေးပေးချင်လို့ပဲ...ဒါပေမယ့် အခွင့်အရေးကို တန်ဖိုးမထားချင်ဘူး ဆိုမှတော့ သောက်ရူးတွေ တာ့တာလို့ပဲ ပြောလိုက်တော့မယ် သိလား....တာ့တာ..."
"အခွင့်အရေးပေးတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ....ဒုတိယအကြိမ် ဆွေးနွေးပွဲဆိုတာက အခွင့်အရေးလား...."
"မဟုတ်လို့လား..."
လင်းရီ ပုလင်းတစ်လုံးနှင့် သူ့လက်ထဲရှိ စာရွက်ထည့်ထားသည့် အိတ်ကိုလည်း ပစ်ပေးလိုက်သည်။
"ဒါက ကျုပ်တို့ ဟွာရှက တီထွင်ထားတဲ့ ဟွာရှန့်တိုင်းရင်းဆေးပဲ.. သူ့ရဲ့ အကျိုးသက်ရောက်မှုက ibuprofen နဲ့ အတူတူရှိတယ်..."လင်းရီ ပြောလိုက်ပြီး "ခင်များကလည်း ဟွာရှကပါ...ဒီတော့ ဟွာရှန့်တိုင်းရင်းဆေးရဲ့ စွမ်းပကားကို နားလည်ပြီးလောက်ရောပေါ့...ဟွာရှန့်တိုင်းရင်းဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ခင်များတိူ့ အနောက်တိုင်း ဆေးတွေထက် ပိုနည်းတယ်...အိတ်ထဲမှာ ထည့်ထားတဲ့ စာရွက်စာတမ်းတွေထဲမှာ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတွေက အတည်ပြုထားတဲ့ လက်မှတ်တွေလည်း ရှိပြီးသား...ကျန်တာကတော့ ကျုပ်ဘာမှ မပြောတော့ဘူး.. ခင်များတို့ဘာသာ ခင်များတို့ ဖတ်ကြည့်လိုက်ကြတော့....”