နင်က မကောင်းတဲ့ကောင်ဆိုပေမယ့် နဂါးကိုယ်ရောင်ဝါနဲ့ တောက်ပနေမယ့် လူစားမျိုးပဲ
Vol. 28 Ch. 417
"ဆေးအသစ်ကို တီထွင်လိုက်ပြီတဲ့လား...."
၎င်းက်ုကြားတော့ လျန်ရူရွှယ်အပါအ၀င် ရောက်ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားကြ၏။
'သူ ဘယ်အချိန်တုန်းက ဆေးအသစ်ကို တီထွင်လိုက်တာလဲတဲ့....'
'ငါကကော ဘာလို့ ဒီအကြောင်းတွေကို မသိရတာလဲ....'
ထိုအချိန်တွင် ဆွေးနွေးပွဲ ခန်းမထဲရှိ လူတိုင်း၏ အကြည့်တို့မှာ စက္ကူအညိုရောင်အိတ်လေးပေါ်တွင် စုပြုံနေကြလေသည်။
တစ်ချိန်တည်းတွင် သူတိူ့အားလုံး မကောင်းသည့် ခံစားချက်တို့ ရရှိလိုက်ကြ၏။
ယခုလို အခြေအနေမျိုးတွင်တော့ မည်သူကမျှ လိမ်ညာလိမ့်မည် မဟုတ်ဆချ။
ကျောက်ဝေ အိတ်ကို စိုးရိမ်ထိတ်လန့်မှု ကြီးစွာဖြင့် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ဆူဆူညံညံ အသံများ ထွက်ပေါ်လာပြီး ခုံသမာဓိ လူကြီးများ အားလုံးမှာ သူမထံသို့ ဝိုင်းအုံလာကြလေသည်။
စာထဲရှိ အကြောင်းအရာများကို ဖတ်ရှုပြီးသည့်သူတိုင်း၏ စိတ်မှာ ဗလာကျင်းသွားကြသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ယူဖတ်ကြရင်း လူတိုင်း၏ စိတ်မှာ ဟာလာဟင်းလင်းဖြစ်သွားကြတော့၏။
ယခု စာထဲတွင် ရေးသားထားသည့် အချက်အလက်တို့က Pfizer ၏ ibuprofen နီးတူ အကျိုးအာနိသင် ရှိလေသည်။
ထို့ပြင် ဘေးထွက်ဆိုးကျိုးနည်းသောကြောင့် ပို၍ ကောင်းသည်ဟုပင် ဆိုရပေဦးမည်။
နောက်တစ်နည်းဖြင့် ဆိုရသော် ဟွာရှန့်တိုင်းရင်းဆေးမှာ ibuprofen နေရာတွင် ပြီးပြည့်စုံစွာ အစားထိုး၍ ရလေသည်။
" အဖေ... ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ...."ဖန်ချီနန် နောက်တွင် သေမတတ် ဖြူဆုတ်နေရင်း မေးလိုက်၏။
အကယ်၍ ယခုလို ဖြစ်သွားမည် ဆိုပါက ဖန်မိသားစု၏ ဆုံးရှုံးမှုမှာ တိုင်းတာ၍ ရလိမ့်မည် မဟုတ်ချေ။
"သိပ်လည်း မစိုးရိမ်သေးနဲ့ဦး.. ဒါရိုက်တာကျောက်က ရိုးရှင်းတဲ့ အမျိုးသမီး မဟုတ်ဘူး... ဒီကိစ္စကို သူ ဘယ်လို ကိုင်တွယ်မလဲဆိုတာ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့...."
လက်ထဲတွင် စာရွက်ကိုကိုင်ထားရင်း ကျောက်၀န်၏ စိတ်မှာ တုန်လှုပ်ခြောက်ခြားနေလေသည်။ ရုတ်ခြည်း အခြေအနေပြောင်းလဲမှုက သူမကို ကူကယ်ရာ ကင်းမဲ့သွားစေခဲ့၏။
ထိုကဲ့သို့သော စိတ်ခံစားချက်မျိုးကို သူမ ဘယ်တုန်းကမှ မခံစားခဲ့ဖူးချေ။
"ဒါရိုက်တာကျောက်.. ကျွန်တော်တို့ ခု ဘယ်လိုလုပ်ကြမလဲ...."
မုန့်ဟိုင်ချင်းမှာ စိုးရိမ်ထိတ်လန့်လွန်းနေပြီး မသိလိုက်စွာဖြင့် သူ၏ နဖူးတွင် ချွေးတို့ဖြင့် ရွှဲရွှဲစိုနေလေသည်။
"စိတ်အေးအေးထားစမ်းပါ... စာရွက်လေးတစ်ရွက်တည်းကိုများ ကျွန်မက မကိုင်တွယ်နိုင်ဘူးလို့ ရှင် ထင်နေတာလား..."
"မ မဟုတ်ပါဘူး....ကျွန်တော်ဆိုလိုတာက...."
ကျောက်၀န်မှာ ယခုသူမ၏ ရာထူးကို သာမညောင်ကျ အရည်အချင်းဖြင့် ရလာခြင်းမဟုတ်သည့်အတွက် လျင်မြန်စွာ တည်ငြိမ်သွားခဲ့ပြီး စာရွက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒါက ဓာတ်ခွဲခန်းက အချက်အလက်ပဲ ရှိသေးတယ်...ဘာမှ ဆေးပညာရှုထောင့်ကနေ သက်သေပြထားတာတွေလည်း မပါဘူး... ရှင်ထင်နေတာ ဒါလေးနဲ့ လူတိုင်းကို ကျေနပ်စေလိမ့်မယ်လို့ ထင်နေတာလား..."
"ဆေးစမ်းသပ်ချက်က ခု ပြုလုပ်နေတုန်းပဲ...ဒါပေမယ့် ဒုတိယအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးမှုက ဒီနေ့မို့လို့ လက်ထဲရှိတဲ့ ဓာတ်ခွဲခန်း ရလဒ်ကို ယူခဲ့လိုက်တာ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် အရေးကြီးဆုံး သတင်းအစိတ်အပိုင်းကိုလည်း လျစ်လျူမရှုနဲ့လိုက်ဦး...ဒီဆေးက ကျုပ်တို့ရဲ့ ဟွာရှန့်တိုင်းရင်းတေး...ဆေးပညာ အကျိုးအာနိသင်အရဆိုရင် အနောက်တိုင်းဆေးတွေထက် ပိုကောင်းတယ်...ဓာတ်ခွဲခန်းထဲမှာ အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီး ပရော်ဖက်ရှင်နယ်တွေက ထောက်ခံထားမှတော့ ဆေးပညာစမ်းသပ်မှု လုပ်ရင်တောင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးဆိုတာ ခင်များ နားလည်မှာပါ... ဒီတော့ ကျုပ်နဲ့ လာပြီး ငြင်းခုန်နေစရာ အကြောင်းမရှ်တော့ဘူး.. ဒီမှာရှိတဲ့ လူတိုင်းကလည်း ဒါကို နားလည်ထားပြီးသား...ခင်များ မထုတ်ပြောလူးဆိုရင်တောင်မှ သူတိူ့ နားလည်တယ်...."
"ပြီးတော့... ကျုပ်ဒီဆေးကို ပေးလိုက်ပြီ... ခင်များ ဓာတ်ခွဲခန်းကို ပြန်ယူသွားပြီးတော့ စစ်ဆေးကြည့်လို့်ရတယ်...ဆေးဝါးနဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိဘူးဆိုရင် ကျုပ်တို့ဈေးကိစ္စ ဆွေးနွေးရတာ ပိုပြီး အဆင်ပြေသွားတာပေါ့... "
"ငါ....."
အမည်မတပ်ထားသည့် ဆေးပုလင်းကို ကြည့်ရင်း ကျောက်ဝေ ပြောစရာစကားတို့ ပျောက်ဆုံးနေခဲ့ရသည်။
သူမ ရင်ဘက်ကြီးမှာ ဆယ်ပေါင်တူဖြင့် အထုရိုက်ခံနေရသကဲ့သို့ နှလုံးခုန်တိုင်း နာကျင်နေရပြီး အသက်ပင်ကောင်းစွာ မရှူနိုင်တော့ချေ။
သူမ မည်သို့ ပြန်လည် ချေပရမလဲဆိုတာကို စဉ်းစား၍မရ ဖြစ်နေလေသည်။
"စကားမစပ် ကျုပ်ပြောဖို့ ကျန်နေသေးတယ်..."လင်းရီ ပြောလိုက်ပြီး "တကယ်တော့ အစတုန်းက ကျုပ် ဒီဆေးထုတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိသေးဘူး... ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပြီးတော့ ခင်များတို့ Pfizer က အတော်လေး ဘ၀င်မြင့်တဲ့ကောင်တွေ ဆိုတာ ကျုပ် သတိထားမိသွားတယ်... ခင်များတို့ဆီက ဆေးဝယ်ချင်တယ်ဆိုရင် ခင်များတို့ ဖြစ်ချင်တဲ့ အတိုင်း နာခံရမယ်ဆိုတဲ့ အထာကြီးကို ကျုပ် ဘ၀င်မတွေ့ဘူး....ဒါကြောင့်မို့ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီးတော့ ဒီရဲ့ ဆေးကို တီထွင်လိုက်တာ... ပြီးတော့ ကျုပ်တို့ ဒီဆေးထွင်ဖို့ သုံးရက်တည်း အချိန်ယူခဲ့တာနော်...."
"ဒါပေါ့.. ခင်များ ဒီဆေးရဲ့ အစွမ်းသတ္တိကို သံသယရှိနေတယ်ဆိုရင် ယူသွားပြီးတော့ ကျွမ်းကျင်သူတွေနဲ့ လေ့လာအဖြေရှာကြည့်လိုက်.... ကျုပ် လျှောက်ပြောနေတာ မဟုတ်ဘူးဆိုတာ ခင်များ နားလည်လာလိမ့်မယ်.... "
တိတ်ဆိတ်ငြိမ်သက်ခြင်း ...
ဆွေးနွေးသည့် ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ လျန်ရူရွှယ်ကတော့ ပျော်ရွှင်လွန်း၍ စိတ်လှုပ်ရှားနေခဲ့ပြီး သူမလက်ဖဝါးနုနုတွင် ချွေးနွေးနွေးတို့ စိုလာခဲ့လေသည်။
လင်းရီ၏ လှည့်ကွက် အလုပ်မဖြစ်မှာကို သူမ အမြဲတစေ စိတ်ပူနေခဲ့၏။ သို့သော်လည်း လင်းရီမှ ယခုလို တန်ပြန်တိုက်ကွက်ကို ထုတ်သုံးလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
"ဒုတိယအနေနဲ့ ကျုပ်တစ်ခု ထပ်ပြောချင်သေးတယ်......ခင်များတို့ Pfizer က အဓိကကုမ္ပဏီကြီးခြောက်ခုနဲ့ စုပေါင်းပြီးတော့ ဆေး၂၅မျိုးရဲ့ ဈေးနှုန်းတွေကို တိုးမြင့်ဖို့ ကြံစည်နေတာမလား...ဒီနေရာမှာ ကျုပ် ခင်များကို မြို့တော်၀န်လျန်ကိုယ်စား ဟွာရှန့်ဆေး အသိုင်းအဝိုင်းကို တိုးတက်စေတဲ့အတွက် ကျေးဇူးတင်ရမလားတောင် မသိတော့ဘူး...."
"နင် နင် ဘာပြောချင်နေတာလဲ...."ကျောက်ဝေ မေးမြန်းလိုက်၏။ သူမ၏ ကိုယ်မှာ တစ်ခုခုကို ချုပ်တည်းနေရသကဲ့သို့ တဆတ်ဆတ် တုန်ယင်နေလေသည်။
"ခင်များတို့ရဲ့ ibuprofen ကို အစားထိုးဖို့ တိုင်းရင်းဆေးနည်းလမ်းကို ရှာဖွေဖို့ ကျုပ်သုံးရက်တည်း အချိန်ပေးခဲ့ရတယ်... တကယ်လို့ ကျုပ်သာ လုပ်ချင်တယ်ဆိုရင် ဒီရဲ့ ဆေး၂၅ မျိုးကို အစားထိုးဖို့ အလယ်အလတ်အဆင့် ဆေးညွှန်းကို တစ်လအတွင်း ပြုလုပ်နိုင်တယ်..."
လင်းရီ ပခုံးတွန့်လိုက်ပြီး "ဒီတော့ ခင်များတို့ဘာသာ ခင်များတို့ ဈေးကို ၀တိံထိရောက်အောင်ပဲ မြင့်မြင့် ကျုပ်တို့ ဟွာရှက သောက်ဂရုကို မစိုက်တာလို့ ခင်များ ဘောစိကို ပြန်ပြောလိုက်.... "
ကျောက်ဝေ ကြက်သေသေသွားခဲ့သည်။ လင်းရီ၏ စကားကို ကြားလိုက်ရသူတိုင်း ကြက်သေသေသွားကြ၏။
ဒီလင်းရီက ခြိမ်းခြောက်နေတာလားဟ...
လင်းရီ၏ စကားလုံးတို့မှာ စိတ်ကူးယဉ်ဆန်လွန်းလှကြောင်း လူတိုင်း အသိပင်။ သို့သော်လည်း စားပွဲပေါ်ရှိ ဆေးပုလင်းနှင့် ဓာတ်ခွဲခန်း ရလဒ်တို့က ၎င်းတို့ကို လှောင်ပြောင်နေကြလေသည် ။
လင်းရီ၏ စကားလုံးများမှာ ယခုအတိုင်းအတာသို့ ရောက်ရှိလာခဲ့သောကြောင့် မည်သူကမျှ ဆေး၏ စစ်မှန်မှုကို သံသယမ၀င်တော့ချေ။
ထို့ကြောင့် ယခု Pfizer ရင်ဆိုင်နေရသည့် ပြဿနာမှာ ဟွာရှမှ ibuprofen ကို မလိုအပ်တော့ခြင်းပင်။
Pfizer မှာ ဟွာရှရှိ ၎င်းတို့၏ ဈေးကွက်ရှယ်ယာများကို ဆုံးရှုံးနိုင်ချေများလေသည်။ ဆုံးရှုံးမှုပမာဏမှာလည်း ခန့်မှန်းမရအောင် ကြီးမားပေလိမ့်မည်။
"အိုကေ ဒီနေ့တော့ ဒီလောက်ပဲ.. နှုတ်ဆက်ပါတယ်...."
ထိုသို့ပြောပြီးနောက် လင်းရီ လျန်ရူရွှယ်နှင့်အတူ ခန်းမထဲမှ မိမိုက်စွာ ထွက်လာခဲ့၏။
"မစ္စတာလင်း.. မြို့တော်၀န်လျန်... ဖြည်းဖြည်းသွားပါ..."
"ခင်များတို့ အေးဆေးဆုံးဖြတ်ပါ... တကယ်လို့ အချိန်ရှိတယ်ဆိုရင် ပြန်ပြီးတော့ အခြေအနေကိုတင်ပြလိုက်ဦး...ဒီမှာ အချိန်လာဖြုန်းမနေနဲ့.....စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်..."
လင်းရီနှင့် လျန်ရူရွှယ်တို့ ထွက်လာခဲ့ကြပြီး ကားသို့ရောက်သည့် အချိန်တွင် လျန်ရူရွှယ်မှ အသက်ပြင်းပြင်းရှိုက်ရင်း သူမရင်ဘက်ကို လက်ဖြင့် ဖိထားလေသည်။
မြင်ခဲ့ရသည့် အဖြစ်အပျက်တို့မှာ သူမအတွက် အိပ်မက်အလား စိတ်ကူးယဉ် ဆန်လွန်းလှ၏။
"လင်းရီ နင်တကယ်ကြီး ဆေးကို ထုတ်လုပ်လိုက်တာလား... နင်သူတိူ့ကို အရူးကွက်နင်းဖို့ ဖန်တီးထားတဲ့ ပစ္စည်းတော့ မဟုတ်ပါဘူးနော်...."
"ဘယ်လိုလုပ်ပြီး အတုဖြစ်ရမှာတုန်းဟ... Pfizer ရဲ့ အရည်အချင်းတွေနဲ့သာဆိုရင် ငါတို့ လိမ်လို့ကတော့ မကြာဘူး ရိပ်မိသွားမှာပဲ.. ဒါကြောင့်မို့ စစ်မှန်တဲ့ စွမ်းရည်ကိုပဲ မှီခိုရမှာ... "
"ဒါပေမယ့် အဲ့ဒီဆေးက.........တကယ်ကြီး ibuprofen ကို အစားထိုးလို့ ရမှာလား..."
"အမှန်ပဲ.. ဖြစ်နိုင်မယ်ဆိုရင် အဲ့ဆေးကို တတ်နိုင်သမျှ မြန်မြန်ထုတ်လုပ်ခွင့်ရအောင် မိန်းကလေးလျန်ကဘက်ကလည်း မီးစိမ်းပြပေးရင် ပိုကောင်းမယ်..."
"ဒါပေမယ့် ဆေးမှာ အပြစ်အနာအဆာမရှိဘူးလို့ ပြောရင်တော့ လိမ်ရာကျနေလိမ့်မယ်... Pfizer ရဲ့ ibuprofenနဲ့ ယှဉ်မယ်ဆိုရင် ဒီဆေးရဲ့ အကြီးမားဆုံး အားနည်းချက်က အစွမ်းပြဖို့ အချိန်ကြာမြင့်တာပဲ... Ibuprofenက နာရီ၀က်တည်းနဲ့ အစွမ်းပြတယ်ဆိုရင် ဒီရဲ့ဆေးက အကျိူးသက်ရောက်မှုရှိဖို့ လေးငါးနာရီလောက် စောင့်ရတယ်... ဒါကလည်း အနောက်တိုင်းဆေးတွေရဲ့ အားသာချက်တွေပဲလေ.. နှစ်ခုက နှိုင်းယှဉ်လို့မှ မရတာ...."
"ဒါပေမယ့် ကျုပ်တို့မှာလည်း ကျုပ်တို့ အားသာချက်နဲ့ ရှိပြီးသားပါဟ.. ဆေးက ပုံမှန်သောက်လို့ရမယ့်ဆေးဆိုတော့ လူနာတွေအတွက် အချိန်အကြာကြီး မှီဝဲဖို့ရာ လုံး၀ ပြဿနာမရှိ... ဟမ်... ဘာလို့ ကျုပ်ကို အဲ့လိုကြီး ကြည့်နေတာ... "
"ဘာမှ မဟုတ်ပါဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "နည်းနည်းလေး အံ့အားသင့်သွားလို့ပါ.. နင် ဒီဆေးကို တီထွင်ဖို့ ဘယ်လို အကြံဉာဏ်တွေ ရခဲ့တာ... "
"ဘယ်သိမှာ.. ကျုပ်က အရွေးချယ်ခံ တစ်ယောက်လည်း ဖြစ်နိုင်တာပဲလေ... တောထဲက သတ္တဝါတွေ အားလူံးရဲ့ အပေါ်စီးမှာရှိတဲ့ ခြင်္သေ့လိုပေါ့..."
"နင်က ခြင်္သေ့လိုမျိုး အရှိန်အဝါကြီးမားတယ်လို့ ဆိုလိုချင်တာလား..."
"မဟုတ်ဘူး.. ကျုပ်က ဘယ် အမကို မဆို မေထုန်ကူးလို့ရတဲ့ ခြင်္သေ့လေ...ဘယ်သူကမှလည်း ကျုပ်ကို မကောင်းတဲ့ကောင်ဆိုပြီးတော့ ခေါ်ရဲမှာ မဟုတ်ဘူး... "
"နင်က ငတုံးကြီးပဲ..."လျန်ရူရွှယ် ဆွံအသွားခဲ့ရ၏။
"ကောင်းပြီ.. ဒီနေ့တော့ ဒီလောက်ပဲ.. ငါ့ရဲ့ နောက်ထပ်ခြေလှမ်းအတွက် သတင်းကို စောင့်နေလိုက်..."လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ရှိုးပွဲက ခုမှစမှာ..."
"အွန်း..."လျန်ရူရွှယ် တောက်ပစွာ ပြုံးပြလျက် ခေါင်းညိမ့်လိုက်သည်။
ထို့နောက် တံခါးကို ဖွင့်ပြီး ကားထဲသို့ ၀င်လိုက်၏။ လင်းရီ ထွက်မသွားသေးပေ။ ထိုအစား ကားတံခါးကို ကိုင်လျက် "အရင်တုန်းက မင်းကို နှစ်နှစ်အတွင်း ရာထူးတိုးအောင် လုပ်ပေးမယ်လို့ ပြောထားတယ်နော်.. ခု နှစ်လဆိုရင်ကို လုံလောက်နေပြီ..."
ပြောပြီးနောက် လင်းရီ အိတ်ကပ်ထဲ လက်ထည့်ကာ ၀င့်ကြွားသည့် အမူအရာဖြင့် တစ်လုံးကလုံးကို မျက်ကွယ်ပြုထားကာ သူ၏ရှာရီထဲသို့ ၀င်ရောက်သွားလေသည်။
ကားနောက်ကြည့်မှန်ထဲမှ တစ်ဆင့် လျန်ရူရွှယ် လင်းရီ ထွက်သွားသည်ကိုစောင့်ကြည့်နေမိသည်။ သူမ၏ အကြည့်တို့က လင်းရီ နောက်ကျောကို ငေးမောရင်း အပြုံးတို့မှာ ပိုမိုပီပြင်လာလေသည်။
"နင်က မကောင်းတဲ့ကောင် ဖြစ်ရင် ဖြစ်လိမ့်မယ်... ဒါပေမယ့် နင်က ဧကရာဇ်လို နဂါးကိုယ်ရောင်ဝါနဲ့ တောက်ပနေမယ့် လူစားမျိုးပဲ…”